ကွယ်လွန်သူ နိုင်ငံကျော်အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်အား မနက်ဖြန်တွင် ရေဝေးသုဿန်၌ သင်္ဂြိုဟ်မည်

 8132

NP News - ဇူလိုင် ၁၈


နိုင်ငံကျော်အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်အား မနက်ဖြန်(ဇူလိုင်လ ၁၉ ရက်)တွင် ရေဝေးသုဿန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုတော် စိုင်းဆိုင်မောဝ်သည် ဇူလိုင်လ ၁၇ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်က အင်းစိန်မြို့နယ် "ကောင်း" အထူးကုဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။စိုင်းဆိုင်မောဝ်သည် ပြီးခဲ့သည့်ကာလများအတွင်း ကျန်းမာရေးအခြေအနေယိုယွင်းနေသည့်အတွက် ဆေးကုသမှုခံယူနေရသူဖြစ်ကာ ထိုင်းနိုင်ငံအထိပင် သွားရောက်ကာ ဆေးဝါးကုသမှုခံယူခဲ့ရဖူးသူဖြစ်သည်။

ကွယ်လွန်သူ စိုင်းဆိုင်မောဝ်အား မနက်ဖြန်(ဇူလိုင်လ ၁၉ ရက်)၊ ‌နေ့လယ် (၃)နာရီအချိန်တွင် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က ရုပ်အလောင်းကို သုဿန်အအေးခန်းသို့ ပို့ဆောင်ရာတွင် ကူညီပေးခဲ့ကြောင်းသိရသည်။

စိုင်းဆိုင်မောဝ်သီဆိုခဲ့သည့် ချယ်ရီသက်သေမောင့်မျက်ရည်၊ ရှမ်းပဲပုတ်လေးကျွန်တော်၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ တောင်ပြာတန်းကသိတယ်နှင့် စိုင်းချစ်ရတဲ့ရတနာ စသည့် သီချင်းပေါင်းများစွာသည် ယနေ့အထိ လူကြိုက်များထင်ရှားနေဆဲဖြစ်သည်။

zawgyi version
ကြယ္လြန္သူ ႏိုင္ငံေက်ာ္အဆိုေတာ္ ေတးသံရွင္ စိုင္းဆိုင္ေမာဝ္အား မနက္ျဖန္တြင္ ေရေဝးသုႆန္၌ သၿဂႋဳဟ္မည္

NP News - ဇူလိုင္ ၁၈

ႏိုင္ငံေက်ာ္အဆိုေတာ္ ေတးသံရွင္ စိုင္းဆိုင္ေမာဝ္အား မနက္ျဖန္(ဇူလိုင္လ ၁၉ ရက္)တြင္ ေရေဝးသုႆန္၌ သၿဂႋဳဟ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုေတာ္ စိုင္းဆိုင္ေမာဝ္သည္ ဇူလိုင္လ ၁၇ ရက္ ည ၇ နာရီ ၁၅ မိနစ္အခ်ိန္က အင္းစိန္ၿမိဳ႕နယ္ "ေကာင္း" အထူးကုေဆး႐ုံ၌ လူႀကီးေရာဂါျဖင့္ ကြယ္လြန္ခဲ့ျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ (၇၇) ႏွစ္ရွိၿပီျဖစ္သည္။စိုင္းဆိုင္ေမာဝ္သည္ ၿပီးခဲ့သည့္ကာလမ်ားအတြင္း က်န္းမာေရးအေျခအေနယိုယြင္းေနသည့္အတြက္ ေဆးကုသမႈခံယူေနရသူျဖစ္ကာ ထိုင္းႏိုင္ငံအထိပင္ သြားေရာက္ကာ ေဆးဝါးကုသမႈခံယူခဲ့ရဖူးသူျဖစ္သည္။

ကြယ္လြန္သူ စိုင္းဆိုင္ေမာဝ္အား မနက္ျဖန္(ဇူလိုင္လ ၁၉ ရက္)၊ ‌ေန႔လယ္ (၃)နာရီအခ်ိန္တြင္ ေရေဝးသုႆန္သို႔ ပို႔ေဆာင္သၿဂႋဳဟ္မည္ျဖစ္ကာ နာေရးကူညီမႈအသင္း(ရန္ကုန္)က ႐ုပ္အေလာင္းကို သုႆန္အေအးခန္းသို႔ ပို႔ေဆာင္ရာတြင္ ကူညီေပးခဲ့ေၾကာင္းသိရသည္။

စိုင္းဆိုင္ေမာဝ္သီဆိုခဲ့သည့္ ခ်ယ္ရီသက္ေသေမာင့္မ်က္ရည္၊ ရွမ္းပဲပုတ္ေလးကြၽန္ေတာ္၊ ေမာင္ေပးတဲ့အခ်စ္ျပန္ဆပ္ခဲ့ပါ၊ ေတာင္ျပာတန္းကသိတယ္ႏွင့္ စိုင္းခ်စ္ရတဲ့ရတနာ စသည့္ သီခ်င္းေပါင္းမ်ားစြာသည္ ယေန႔အထိ လူႀကိဳက္မ်ားထင္ရွားေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.