ရှေ့သို့ချီပါတီကို ဖျက်သိမ်းဖို့ သင့်မသင့်ဆိုတာကို သြဂုတ်အတွင်း အပြီး ဆုံးဖြတ်ဖွယ်ရှိနေ

 1028

ဂျန်ဇက် (NP News) - ဇူလိုင် ၁၈

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးဟာ ရွေးကောက်ပွဲမှာမဲအများဆုံးရရှိခဲ့တဲ့ ရှေ့သို့ချီပါတီကိုဖျက်သိမ်းဖို့ သင့်မသင့်ဆိုတဲ့အချက်ကို သြဂုတ်လ ၇ ရက်နေ့မှာ အပြီးသတ်ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

အဆိုပါ ပါတီဟာ ထိုင်းလွှတ်တော်အတွင်း အမတ်နေရာအများဆုံးရရှိထားတဲ့ပါတီဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း ထိုင်းဘုရင်စနစ်ကိုဝေဖန်ပြစ်တင်တယ်လို့ စွပ်စွဲခံရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပါတီကို ဖျက်သိမ်းဖို့ သင့်မသင့်ဆိုတဲ့အချက်ကို ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ ထိုင်း ရွေးကောက်ပွဲကော်မရှင်က ရှေ့သို့ချီပါတီကို ထိုင်းဘုရင်စနစ်ကိုစော်ကားမှုနဲ့ တရားစွဲဆိုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံခုံရုံးက ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက "တရားရုံးဟာ ဒီအမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့သက်သေတွေ ရရှိထားတယ်။ ဒါကြောင့် ဒီလအကုန်မှာ အမှုကို ဆုံးဖြတ်မယ်"လို့ ပြောပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထိုင်းရှေ့သို့ချီပါတီရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ရွေး ကောက်ပွဲမှာ ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်တာမျိုးမလုပ်ဖို့တားမြစ်ခဲ့ဖူးပါတယ်။

ရှေ့သို့ချီပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Chaithawat Tulathon က "ကျွန် တော်တို့ရဲ့ဆောင်ရွက်ချက်ဟာ အစိုးရစနစ်တွေကို ထိခိုက်နစ်နာအောင် ကြိုးပမ်းတာမျိုးမဟုတ်ဘူး"လို့ ပြောပါတယ်။

zawgyi version
ေရွ႕သို႔ခ်ီပါတီကို ဖ်က္သိမ္းဖို႔ သင့္မသင့္ဆိုတာကို ၾသဂုတ္အတြင္း အၿပီး ဆုံးျဖတ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၈

ထိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒ တရား႐ုံးဟာ ေ႐ြးေကာက္ပြဲမွာမဲအမ်ားဆုံးရရွိခဲ့တဲ့ ေရွ႕သို႔ခ်ီပါတီကိုဖ်က္သိမ္းဖို႔ သင့္မသင့္ဆိုတဲ့အခ်က္ကို ၾသဂုတ္လ ၇ ရက္ေန႔မွာ အၿပီးသတ္ဆုံးျဖတ္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

အဆိုပါ ပါတီဟာ ထိုင္းလႊတ္ေတာ္အတြင္း အမတ္ေနရာအမ်ားဆုံးရရွိထားတဲ့ပါတီျဖစ္ၿပီး ေ႐ြးေကာက္ပြဲကာလအတြင္း ထိုင္းဘုရင္စနစ္ကိုေဝဖန္ျပစ္တင္တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ပါတီကို ဖ်က္သိမ္းဖို႔ သင့္မသင့္ဆိုတဲ့အခ်က္ကို ဆုံးျဖတ္ေတာ့မွာျဖစ္ပါတယ္။ ထိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ေရွ႕သို႔ခ်ီပါတီကို ထိုင္းဘုရင္စနစ္ကိုေစာ္ကားမႈနဲ႔ တရားစြဲဆိုခဲ့ၿပီး ဖြဲ႕စည္းပုံအေျခခံခုံ႐ုံးက ဆုံးျဖတ္ေတာ့မွာျဖစ္ပါတယ္။

ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက "တရား႐ုံးဟာ ဒီအမႈနဲ႔ပတ္သက္ၿပီး လုံေလာက္တဲ့သက္ေသေတြ ရရွိထားတယ္။ ဒါေၾကာင့္ ဒီလအကုန္မွာ အမႈကို ဆုံးျဖတ္မယ္"လို႔ ေျပာပါတယ္။ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ထိုင္းေရွ႕သို႔ခ်ီပါတီရဲ႕ စည္းမ်ဥ္းခံဘုရင္စနစ္ကိုေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး စစ္ေဆးခဲ့ဖူးၿပီး အဲဒီအခ်ိန္တုန္းက ေ႐ြး ေကာက္ပြဲမွာ ထိုင္းဘုရင္စနစ္ကို ေဝဖန္တိုက္ခိုက္တာမ်ိဳးမလုပ္ဖို႔တားျမစ္ခဲ့ဖူးပါတယ္။

ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္တစ္ဦးျဖစ္သူ Chaithawat Tulathon က "ကြၽန္ ေတာ္တို႔ရဲ႕ေဆာင္႐ြက္ခ်က္ဟာ အစိုးရစနစ္ေတြကို ထိခိုက္နစ္နာေအာင္ ႀကိဳးပမ္းတာမ်ိဳးမဟုတ္ဘူး"လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.