Passport စာအုပ်အတုများဖြင့် ငွေကျပ်သိန်း(၁၀၀)ကျော် လိမ်လည်သွားသည့်ဖြစ်စဉ်၌ ပါဝင်သူတစ်ဦးကို ဖမ်းမိ
1149
သန့်ဇင် (NP News) - ဇူလိုင် ၁၈
ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ်အမြန်ထုတ်ပေးမည်ဆိုကာ Passport စာအုပ်အတုများဖြင့် ငွေကျပ်သိန်း(၁၀၀)ကျော် လိမ်လည်သွားသည့်ဖြစ် စဉ်၌ ပါဝင်သူတစ်ဦးကိုဖမ်းမိခဲ့ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးက ၎င်း၏ခင်ပွန်းဖြစ်သူနှင့် အမျိုးတော်စပ်သူ(၂)ဦးတို့အတွက် အွန်လိုင်းမှတဆင့် ရင်းနှီးသူနန်းဝင်းအောင်နှင့် ချိတ် ဆက်ကာ နိုင်ငံကူးလက်မှတ် အမြန်ရရှိရေးဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် နန်းဝင်းအောင်က တစ်ဦးလျှင် ငွေကျပ်သိန်း (၄၀)နှုန်းဖြင့် လူ(၃)ဦးစာ ငွေကျပ်သိန်း (၁၂၀)တောင်းခံ သော ကြောင့် ကနဦးအဖြစ်သိန်း(၁၀၀)ပေးခဲ့ရကြောင်း သိရသည်။
ထို့နောက် နန်းဝင်းအောင်က ချိတ်ဆက်ပေးသော ပြည့်ဖြိုးဟိန်းက နိုင်ငံကူးလက်မှတ်စာအုပ်များကို လာရောက်ပို့ဆောင်ချိန် မသင်္ကာခြင်းကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတာဝန်ရှိသူများထံတင်ပြရာ စာအုပ်အတုများဖြစ်နေကြောင်း ပေါ်ပေါက်သဖြင့် စာအုပ်လာပို့သူ ပြည့်ဖြိုးဟိန်းကို ဇူလိုင်လ ၁၂ရက်၊ ညနေ ၄နာရီအချိန်ခန့်က ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးဟိန်းကို ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းရာ passport စာအုပ်များသည် အမည်ပြောင်းလဲ၍ပြုလုပ်ထားကြောင်း ပေါ်ပေါက်ခဲ့ပြီး စာအုပ်ပြုလုပ်ပေးသူမှာ ရန်ကင်းမြို့နယ်နေ ဦးမောင်မြင့် နှင့် နန်းဝင်းအောင်တို့ ဖြစ်ကြောင်းထွက်ဆိုခဲ့ကာ ဖမ်းဆီးရမိသူ ပြည့်ဖြိုးဟိန်းကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။
ထို့ပြင်အမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ထပ်မံဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
Passport စာအုပ္အတုမ်ားျဖင့္ ေငြက်ပ္သိန္း(၁၀၀)ေက်ာ္ လိမ္လည္သြားသည့္ျဖစ္စဥ္၌ ပါဝင္သူတစ္ဦးကို ဖမ္းမိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၈
ရန္ကုန္ၿမိဳ႕တြင္ ႏိုင္ငံကူးလက္မွတ္အျမန္ထုတ္ေပးမည္ဆိုကာ Passport စာအုပ္အတုမ်ားျဖင့္ ေငြက်ပ္သိန္း(၁၀၀)ေက်ာ္ လိမ္လည္သြားသည့္ျဖစ္ စဥ္၌ ပါဝင္သူတစ္ဦးကိုဖမ္းမိခဲ့ေၾကာင္း ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ အမ်ိဳးသမီးတစ္ဦးက ၎၏ခင္ပြန္းျဖစ္သူႏွင့္ အမ်ိဳးေတာ္စပ္သူ(၂)ဦးတို႔အတြက္ အြန္လိုင္းမွတဆင့္ ရင္းႏွီးသူနန္းဝင္းေအာင္ႏွင့္ ခ်ိတ္ ဆက္ကာ ႏိုင္ငံကူးလက္မွတ္ အျမန္ရရွိေရးေဆာင္႐ြက္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ရန္အတြက္ နန္းဝင္းေအာင္က တစ္ဦးလွ်င္ ေငြက်ပ္သိန္း (၄၀)ႏႈန္းျဖင့္ လူ(၃)ဦးစာ ေငြက်ပ္သိန္း (၁၂၀)ေတာင္းခံ ေသာ ေၾကာင့္ ကနဦးအျဖစ္သိန္း(၁၀၀)ေပးခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ နန္းဝင္းေအာင္က ခ်ိတ္ဆက္ေပးေသာ ျပည့္ၿဖိဳးဟိန္းက ႏိုင္ငံကူးလက္မွတ္စာအုပ္မ်ားကို လာေရာက္ပို႔ေဆာင္ခ်ိန္ မသကၤာျခင္းေၾကာင့္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးတာဝန္ရွိသူမ်ားထံတင္ျပရာ စာအုပ္အတုမ်ားျဖစ္ေနေၾကာင္း ေပၚေပါက္သျဖင့္ စာအုပ္လာပို႔သူ ျပည့္ၿဖိဳးဟိန္းကို ဇူလိုင္လ ၁၂ရက္၊ ညေန ၄နာရီအခ်ိန္ခန႔္က ရန္ကင္းၿမိဳ႕နယ္၊ ရန္ကင္းစင္တာအနီးတြင္ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။
ျပည့္ၿဖိဳးဟိန္းကို ဖမ္းဆီးရမိၿပီးေနာက္ စစ္ေဆးေမးျမန္းရာ passport စာအုပ္မ်ားသည္ အမည္ေျပာင္းလဲ၍ျပဳလုပ္ထားေၾကာင္း ေပၚေပါက္ခဲ့ၿပီး စာအုပ္ျပဳလုပ္ေပးသူမွာ ရန္ကင္းၿမိဳ႕နယ္ေန ဦးေမာင္ျမင့္ ႏွင့္ နန္းဝင္းေအာင္တို႔ ျဖစ္ေၾကာင္းထြက္ဆိုခဲ့ကာ ဖမ္းဆီးရမိသူ ျပည့္ၿဖိဳးဟိန္းကို ဗဟန္းရဲစခန္းတြင္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သိရသည္။
ထို႔ျပင္အမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားကို ထပ္မံဖမ္းဆီးရမိေရး ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။