ကျန်းမာရေးပြဿနာရှိလာမယ်ဆိုရင် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြော

 1013

ဂျန်ဇက် (NP News) - ဇူလိုင် ၁၈

ဆရာဝန်အကြံပေးလာမယ်ဆိုရင် အမေရိကန်သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့်အစီအစဉ်တွေကို ဆိုင်းငံ့ သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၈၁ နှစ်အရွယ်ရှိ အမေရိကန်သမ္မတရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေအပေါ် အမေရိကန် နိုင်ငံရေးပါတီများကြား သံသယဖြစ်ပွားမှုမြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်သမ္မတက "ဆရာဝန်တွေ က ကျွန်တော်ကို ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲပြဿနာတွေ ရှိတယ်လို့ ပြောလာခဲ့မယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သင့်/မသင့်ကို ပြန်စဉ်းစားသွားမယ်" လို့ ပြောပါတယ်။

ဂျိုးဘိုင်ဒန်ဟာ မကြာသေးမီက ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ရာ စွမ်းဆောင် ရည်ပိုင်းကောင်းမွန်မှုမရှိဘူးလို့ ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ မကြာသေးမီက ပြုလုပ်ခဲ့ နေတိုးအဖွဲ့အစည်းအဝေးမှာလည်း နာမည်မှားယွင်းခေါ်ဆိုခြင်းတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံရဲ့သမ္မတသမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျိုးဘိုင်ဒန်ကို ၎င်းရဲ့ ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေနဲ့ ဒီမိုကရက်တစ်ပါတီကို ငွေကြေးကူညီထောက်ပံ့ပေးမှုတွေက ဝေဖန် ပြစ်တင်နေပြီး သမ္မတလောင်းစာရင်းကနေ ဖယ်ရှားဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း လူထုအစည်းအဝေးပွဲတွေမှာ ချော်လဲတာ၊ စကားမှားယွင်းခေါ်ဆိုတာတွေ မကြာခဏဖြစ်လေ့ရှိနေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေထပ်မံရင်ဆိုင်ခဲ့ရပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမယ့်အစီအစဉ်တွေကို ရွှေ့ဆိုင်း ထားရဖွယ်ရှိနေပါတယ်။

Zawgyi Version;
က်န္းမာေရးျပႆနာရွိလာမယ္ဆိုရင္ သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မွာ မဟုတ္ဘူးလို႔ ဂ်ိဳးဘိုင္ဒန္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၈

ဆရာဝန္အႀကံေပးလာမယ္ဆိုရင္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္မယ့္အစီအစဥ္ေတြကို ဆိုင္းငံ့ သြားမယ္လို႔ သမၼတဂ်ိဳးဘိုင္ဒန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အသက္ ၈၁ ႏွစ္အ႐ြယ္ရွိ အေမရိကန္သမၼတရဲ႕စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအေျခအေနေတြအေပၚ အေမရိကန္ ႏိုင္ငံေရးပါတီမ်ားၾကား သံသယျဖစ္ပြားမႈျမင့္တက္ေနေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတက "ဆရာဝန္ေတြ က ကြၽန္ေတာ္ကို က်န္းမာေရးနဲ႔ပတ္သက္ၿပီး အခက္အခဲျပႆနာေတြ ရွိတယ္လို႔ ေျပာလာခဲ့မယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ သင့္/မသင့္ကို ျပန္စဥ္းစားသြားမယ္" လို႔ ေျပာပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ မၾကာေသးမီက ၿပိဳင္ဘက္ျဖစ္သူ ေဒၚနယ္ထရမ့္နဲ႔ စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ရာ စြမ္းေဆာင္ ရည္ပိုင္းေကာင္းမြန္မႈမရွိဘူးလို႔ ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္ခဲ့ရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ မၾကာေသးမီက ျပဳလုပ္ခဲ့ ေနတိုးအဖြဲ႕အစည္းအေဝးမွာလည္း နာမည္မွားယြင္းေခၚဆိုျခင္းေတြ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕သမၼတသမိုင္းမွာ အသက္အႀကီးဆုံးသမၼတအျဖစ္ သတ္မွတ္ခံထားရတဲ့ ဂ်ိဳးဘိုင္ဒန္ကို ၎ရဲ႕ ပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီဝင္ေတြနဲ႔ ဒီမိုကရက္တစ္ပါတီကို ေငြေၾကးကူညီေထာက္ပံ့ေပးမႈေတြက ေဝဖန္ ျပစ္တင္ေနၿပီး သမၼတေလာင္းစာရင္းကေန ဖယ္ရွားဖို႔ ေတာင္းဆိုေနေၾကာင္း သိရပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း လူထုအစည္းအေဝးပြဲေတြမွာ ေခ်ာ္လဲတာ၊ စကားမွားယြင္းေခၚဆိုတာေတြ မၾကာခဏျဖစ္ေလ့ရွိေနေၾကာင္း သိရပါတယ္။ လက္ရွိအခ်ိန္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေတြထပ္မံရင္ဆိုင္ခဲ့ရၿပီး ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမယ့္အစီအစဥ္ေတြကို ေ႐ႊ႕ဆိုင္း ထားရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.