တောင်အမေရိကတောင်ပိုင်းမှာ နှစ်ပေါင်း နှစ်သောင်းကျော်ကတည်းက လူသားတွေ ရှိနေခဲ့ကြောင်း ယူဆချက် ထွက်လာ
280
ရောင်နီ (NP News) - ဇူလိုင် ၁၉
တောက်အမေရိကတောင်ပိုင်း၊ အာဂျင်တီးနားမှာ လူသားက သတ်ဖြတ်ထားတဲ့ အထောက်အထားနဲ့ တိရစ္ဆာန် ရုပ်ကြွင်းအရိုးတွေ တွေ့ရှိလာရခြင်းကြောင့် လွန်ခဲ့သောနှစ်ပေါင်း နှစ်သောင်းတစ်ထောင်ခန့်ကတည်းက တောင်အမေရိကတောင်ပိုင်းမှာ လူသားတွေ နေထိုင်ခဲ့ကြလိမ့်မယ်လို့ သုတေသီတွေက ကောက်ချက်ချခဲ့ပါတယ်။
အရိုးစုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀,၀၀၀ ကျော် ခန့်၊ ရေခဲခေတ်နှောင်းကာလက အမေရိကတိုက်မှာ နေထိုင်ကျတ်သားခဲ့တဲ့ glyptodonts လို့ခေါ်တဲ့ လိပ်တူ၊ သင်းခွေချပ်တူ အပင်စားနို့တိုက်သတ္တဝါကြီးတွေဖြစ်ပြီး အရိုးပေါ်မှာ တွေ့ရှိရတဲ့ ဖြတ်တောက်ထားတဲ့ အရာအမှတ်အသားကတော့ ကျောက်တုံးကိရိယာတစ်ခုခုကို အသုံးပြုပြီး သတ်ဖြတ်အမဲလိုက်ခံထားရပုံရတယ်လို့ သုတေသီတွေက ပြောပါတယ်။
ဒါဟာ လူသားရုပ်ကြွင်းတွေ တွေ့ရလေ့မရှိတဲ့ တောင်အမေရိကလို နေရာအတွက် အစောပိုင်းခေတ်ကလည်း လူသားတွေ ရှိခဲ့တယ်ဆိုတာပြသနေတဲ့သက်သေကောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ National University of La Plata မှ မနုဿဗေဒပညာရှင်နဲ့ လေ့လာမှုကို ဦးဆောင်သူ စာရေးဆရာ မာရီယာနိုဒဲလ်ပါပါ က "ဒီအမှတ်အသားတွေကို ဖန်တီးနိုင်တဲ့တစ်ဦးတည်းသောအရာက လူသားတွေပဲ" လို့ ဆိုပါတယ်။
အဆိုပါ Neosclerocalyptus ရုပ်ကြွင်းတွေကို မြို့တော် ဘရူနိုအေးရိစ် ဧရိယာရှိ မာလိုမြို့အနီး ရီကွန်ကွာစတာမြစ်ကမ်းနားမှာ ၂၀၁၅ ခုနှစ်က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၂၁၀၀၀ ခန့်ထိ ရှိတယ်လို့ ကျွမ်းကျင်သူ သုတေသီတွေက ခန့်မှန်းထားပါတယ်။
Zawgyi Version;