ကမ္ဘာလုံးဆိုင်ရာ IT ပြဿနာကြောင့် အမေရိကန်လေကြောင်းလိုင်းများ မြေပြင်ပြန်ဆင်းခဲ့ရ

 960

ရောင်နီ (NP News) - ဇူလိုင် ၂ဝ

ကမ္ဘာလုံးဆိုင်ရာ IT ပြသနာတခုဖြစ်ပေါ်နေခြင်းကြောင့် အမေရိကန်လေကြောင်းလိုင်း (AAL.O) အပါအဝင် အခြား အဓိက အမေရိကန်လေကြောင်းလိုင်းတွေဟာ သောကြာနေ့(ဇူလိုင် ၁၈ ရက်) နံနက်က မြေပြင်ပေါ် ပြန်လည်ဆင်းသက်ခဲ့ရပြီး လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

Microsoft၊ cloud ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်လက်မှတ်အတွက် ကြိုတင်စာရင်းသွင်းခြင်း၊ လက်မှတ်ဝင်ခြင်းဆိုင်ရာ စတဲ့ လုပ်ငန်း process တွေကိုလည်း error ဖြစ်ခဲ့တာကြောင့် လုပ်ငန်းလည်ပတ်မှုတွေကို ယာယီအားဖြင့် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီတီဘက်တီဂျစ်ကတော့ ပျံသန်းမှု ဖျက်သိမ်းခြင်းနဲ့ နှောင့်နှေးမှုပြဿနာတွေကို စောင့်ကြည့်နေပြီး ဒီအချိန်အတွင်း ခရီးသည်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားပေးနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လေကြောင်းလိုင်း ဝက်ဘ်ဆိုက်ဒ်တွေလည်း အသုံးပြုလို့ မရတော့ဘဲ Frontier လေကြောင်းလိုင်းဟာဆိုရင် ကြာသပတေးနေ့(ဇူလိုင် ၁၇ ရက်) က လေကြောင်းခရီးစဉ် ၁၄၇ ခု ဖျက်သိမ်းခဲ့ပြီး အခြား ၂၁၂ ခုကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဒေတာခြေရာခံ FlightAware အရ သိရပါတယ်။

Allegiant လေကြောင်းလိုင်းခရီးစဉ်တွေလည်း ၄၅% နှောင့်နှေးခဲ့ပြီး Sun Country လေကြောင်းလိုင်းဟာလည်း ပျံသန်းမှု ၂၃ ရာခိုင်နှုန်း နှောင့်နှေးစေခဲ့တယ်လို့ အချက်အလက်များအရ သိရပါတယ်။ Microsoft error ဟာ ကြာသပတေးနေ့ ညနေ ၆ နာရီခန့်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၎င်းကြောင့် အမေရိကန် Azure ဝန်ဆောင်မှုအများအပြား ပြဿနာတွေဖြစ်နေတယ်လို့သိရပါတယ်။

Microsoft ကလည်း Microsoft 365 အက်ပ်တွေနဲ့ ဝန်ဆောင်မှုအမျိုးမျိုးမှာ လတ်တလောဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး အဖြေရှာနေတယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
ကမာၻလုံးဆိုင္ရာ IT ျပႆနာေၾကာင့္ အေမရိကန္ေလေၾကာင္းလိုင္းမ်ား ေျမျပင္ျပန္ဆင္းခဲ့ရ
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ

ကမာၻလုံးဆိုင္ရာ IT ျပသနာတခုျဖစ္ေပၚေနျခင္းေၾကာင့္ အေမရိကန္ေလေၾကာင္းလိုင္း (AAL.O) အပါအဝင္ အျခား အဓိက အေမရိကန္ေလေၾကာင္းလိုင္းေတြဟာ ေသာၾကာေန႔(ဇူလိုင္ ၁၈ ရက္) နံနက္က ေျမျပင္ေပၚ ျပန္လည္ဆင္းသက္ခဲ့ရၿပီး ေလေၾကာင္းခရီးစဥ္ေတြကို ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

Microsoft၊ cloud ဝန္ေဆာင္မႈေတြ ျပတ္ေတာက္ခဲ့ျခင္းျဖစ္ၿပီး ေလယာဥ္လက္မွတ္အတြက္ ႀကိဳတင္စာရင္းသြင္းျခင္း၊ လက္မွတ္ဝင္ျခင္းဆိုင္ရာ စတဲ့ လုပ္ငန္း process ေတြကိုလည္း error ျဖစ္ခဲ့တာေၾကာင့္ လုပ္ငန္းလည္ပတ္မႈေတြကို ယာယီအားျဖင့္ ထိခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး ပီတီဘက္တီဂ်စ္ကေတာ့ ပ်ံသန္းမႈ ဖ်က္သိမ္းျခင္းနဲ႔ ေႏွာင့္ေႏွးမႈျပႆနာေတြကို ေစာင့္ၾကည့္ေနၿပီး ဒီအခ်ိန္အတြင္း ခရီးသည္ေတြရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ႀကိဳးစားေပးေနမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေလေၾကာင္းလိုင္း ဝက္ဘ္ဆိုက္ဒ္ေတြလည္း အသုံးျပဳလို႔ မရေတာ့ဘဲ Frontier ေလေၾကာင္းလိုင္းဟာဆိုရင္ ၾကာသပေတးေန႔(ဇူလိုင္ ၁၇ ရက္) က ေလေၾကာင္းခရီးစဥ္ ၁၄၇ ခု ဖ်က္သိမ္းခဲ့ၿပီး အျခား ၂၁၂ ခုကို ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔ ေဒတာေျခရာခံ FlightAware အရ သိရပါတယ္။

Allegiant ေလေၾကာင္းလိုင္းခရီးစဥ္ေတြလည္း ၄၅% ေႏွာင့္ေႏွးခဲ့ၿပီး Sun Country ေလေၾကာင္းလိုင္းဟာလည္း ပ်ံသန္းမႈ ၂၃ ရာခိုင္ႏႈန္း ေႏွာင့္ေႏွးေစခဲ့တယ္လို႔ အခ်က္အလက္မ်ားအရ သိရပါတယ္။ Microsoft error ဟာ ၾကာသပေတးေန႔ ညေန ၆ နာရီခန႔္ကတည္းက စတင္ခဲ့တာျဖစ္ၿပီး ၎ေၾကာင့္ အေမရိကန္ Azure ဝန္ေဆာင္မႈအမ်ားအျပား ျပႆနာေတြျဖစ္ေနတယ္လို႔သိရပါတယ္။

Microsoft ကလည္း Microsoft 365 အက္ပ္ေတြနဲ႔ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးမွာ လတ္တေလာျဖစ္ပြားေနတဲ့ ျပႆနာေတြနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆး အေျဖရွာေနတယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.