IT နည်းပညာကွန်ရက်ပြဿနာကြောင့် အမေရိကန် အပါအဝင် ကမ္ဘာတဝှမ်းရှိ လေကြောင်းလိုင်းများ နှင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်နေ

 1836

Pika (NP News) - ဇူလိုင် ၂ဝ

ကမ္ဘာကျော်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Microsoft systems နှင့် ဆက်နွယ်ဖွယ်ရှိနေသော IT နည်းပညာ ကွန်ရက်ပြဿနာကြောင့်ဇူလိုင် ၁၉ ရက်တွင် ကမ္ဘာတဝှမ်းရှိ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများ နှင့် လေကြောင်းလိုင်းများကို အခက်အခဲများစွာဖြစ်လာစေခဲ့ကြောင်း သိရသည်။

အဆိုပါ worldwide IT ပြဿနာကြောင့် သြစတြေးလျနိုင်ငံအခြေစိုက် အေဘီစီ ရုပ်သံလိုင်း အပါအဝင် ကမ္ဘာတဝှမ်းရှိ မီဒီယာလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ဘဏ်လုပ်ငန်းများ နှင့် အခြားစက်မှုလုပ်ငန်းများ ကိုလည်း သက်ရောက်မှုများစွာဖြစ်လာခဲ့ရကြောင်း သိရသည်။

အမေရိကန်လေကြောင်းလိုင်းအချို့မှ လေယာဉ်များ၏ ပျံသန်းမှုခရီးစဉ်များ နှောင့်နှေးခဲ့ရသလို အချို့လေယာဉ် များလည်း မြေပြင်ကို ပြန်လည်ဆင်းသက်ခြင်းများပြုလုပ်ခဲ့ရကြောင်း သိရသည်။ Global IT ပြဿနာသည် ဂျာမနီ နိုင်ငံဘာလင် လေဆိပ် အပါအဝင် ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြား၏ လေဆိပ်များ၊ စတော့အိတ်ချိန်းများ ဘဏ်များ နှင့် စက်မှုလုပ်ငန်းများကို သက်ရောက်မှုများဖြစ်ခဲ့သော်လည်း အဆိုပါပြဿနာနှင့်ပတ်သက်ပြီး ဖြစ်ပွားရသောအကြောင်းရင်းကို အတိအကျမသိသေးကြောင်း သိရသည်။

အမေရိကန်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သော Crowdstrike က ၎င်းတို့အနေဖြင့် ကမ္ဘာတဝှမ်းက စီးပွားရေးလုပ်ငန်းများကို ရိုက်ခတ်မှုဖြစ်စေခဲ့သော အဆိုပါ IT ပြဿနာနှင့်ပတ်သက်သော အမှားများကို တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ကမ္ဘာတဝှမ်းကို ရိုက်ခတ်မှုများဖြစ်စေသော IT ပြဿနာဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းကို အတိအကျမသိသေးသော်လည်း Microsoft ကုမ္ပဏီက ၎င်းတို့သည် mitigation action လုပ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုထားသည်။

ဗြိတိန်နိုင်ငံရှိ မီးရထားကုမ္ပဏီများက ကမ္ဘာတဝှမ်းတွင် ကျယ်ပြန့်စွာဖြစ်လာခဲ့သော IT ပြသာနာကြောင့် ခရီးစဉ် များ နှောင့်နှေးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသလို ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ်သော စကိုင်းနယူး သတင်းဌာနကလည်း broadcast live လွှင့်ခြင်းများ လုပ်ဆောင်လို့မရဘဲဖြစ်နေကြောင်း ဖော်ပြထားသည်။

အဆိုပါပြဿနာကြောင့် ဂျပန်၊ အိန္ဒိယနိုင်ငံတို့ရှိ လေဆိပ်များတွင်လည်း သက်ရောက်မှုများဖြစ်လာခဲ့ပြီး လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့ရကြောင်း ဖော်ပြထားသည်။
အမေရိကန်အခြေစိုက် American Airlines လေကြောင်းလိုင်း နှင့် United and Delta လေကြောင်းလိုင်းတို့သည် ကမ္ဘာတဝှမ်းရှိ လေကြောင်းခရီးစဉ်အားလုံးကို မြေပြင်သို့ ဆင်းသက်ရန် FAA အဖွဲ့ထံ တိုက်တွန်းတောင်းဆိုထား သည်။ FAA အဖွဲ့ကလည်း ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး အခက်အခဲပြဿနာဖြစ်ပွားနေခြင်းကို လေကြောင်း လိုင်းမှ လေယာဉ်မှူးများကို အသိပေးထားကြောင်း သိရသည်။

Zawgyi Version;
IT နည္းပညာကြန္ရက္ျပႆနာေၾကာင့္ အေမရိကန္ အပါအဝင္ ကမာၻတဝွမ္းရွိ ေလေၾကာင္းလိုင္းမ်ား ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား အခက္အခဲျဖစ္ေန
Pika (NP News) - ဇူလိုင္ ၂ဝ

ကမာၻေက်ာ္နည္းပညာကုမၸဏီတစ္ခုျဖစ္ေသာ Microsoft systems ႏွင့္ ဆက္ႏြယ္ဖြယ္ရွိေနေသာ IT နည္းပညာ ကြန္ရက္ျပႆနာေၾကာင့္ဇူလိုင္ ၁၉ ရက္တြင္ ကမာၻတဝွမ္းရွိ စီးပြားေရးလုပ္ငန္းမ်ား၊ မီဒီယာလုပ္ငန္းမ်ား ႏွင့္ ေလေၾကာင္းလိုင္းမ်ားကို အခက္အခဲမ်ားစြာျဖစ္လာေစခဲ့ေၾကာင္း သိရသည္။

အဆိုပါ worldwide IT ျပႆနာေၾကာင့္ ၾသစေၾတးလ်ႏိုင္ငံအေျခစိုက္ ေအဘီစီ ႐ုပ္သံလိုင္း အပါအဝင္ ကမာၻတဝွမ္းရွိ မီဒီယာလုပ္ငန္းမ်ား၊ ေလေၾကာင္းလိုင္းမ်ား၊ ဘဏ္လုပ္ငန္းမ်ား ႏွင့္ အျခားစက္မႈလုပ္ငန္းမ်ား ကိုလည္း သက္ေရာက္မႈမ်ားစြာျဖစ္လာခဲ့ရေၾကာင္း သိရသည္။

အေမရိကန္ေလေၾကာင္းလိုင္းအခ်ိဳ႕မွ ေလယာဥ္မ်ား၏ ပ်ံသန္းမႈခရီးစဥ္မ်ား ေႏွာင့္ေႏွးခဲ့ရသလို အခ်ိဳ႕ေလယာဥ္ မ်ားလည္း ေျမျပင္ကို ျပန္လည္ဆင္းသက္ျခင္းမ်ားျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။ Global IT ျပႆနာသည္ ဂ်ာမနီ ႏိုင္ငံဘာလင္ ေလဆိပ္ အပါအဝင္ ကမာၻတဝွမ္းရွိ ႏိုင္ငံအမ်ားအျပား၏ ေလဆိပ္မ်ား၊ စေတာ့အိတ္ခ်ိန္းမ်ား ဘဏ္မ်ား ႏွင့္ စက္မႈလုပ္ငန္းမ်ားကို သက္ေရာက္မႈမ်ားျဖစ္ခဲ့ေသာ္လည္း အဆိုပါျပႆနာႏွင့္ပတ္သက္ၿပီး ျဖစ္ပြားရေသာအေၾကာင္းရင္းကို အတိအက်မသိေသးေၾကာင္း သိရသည္။

အေမရိကန္ဆိုက္ဘာလုံၿခဳံေရးကုမၸဏီတစ္ခုျဖစ္ေသာ Crowdstrike က ၎တို႔အေနျဖင့္ ကမာၻတဝွမ္းက စီးပြားေရးလုပ္ငန္းမ်ားကို ႐ိုက္ခတ္မႈျဖစ္ေစခဲ့ေသာ အဆိုပါ IT ျပႆနာႏွင့္ပတ္သက္ေသာ အမွားမ်ားကို တာဝန္ယူေျဖရွင္းသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ကမာၻတဝွမ္းကို ႐ိုက္ခတ္မႈမ်ားျဖစ္ေစေသာ IT ျပႆနာျဖစ္ပြားရျခင္း အဓိကအေၾကာင္းအရင္းကို အတိအက်မသိေသးေသာ္လည္း Microsoft ကုမၸဏီက ၎တို႔သည္ mitigation action လုပ္ေဆာင္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေျပာဆိုထားသည္။

ၿဗိတိန္ႏိုင္ငံရွိ မီးရထားကုမၸဏီမ်ားက ကမာၻတဝွမ္းတြင္ က်ယ္ျပန႔္စြာျဖစ္လာခဲ့ေသာ IT ျပသာနာေၾကာင့္ ခရီးစဥ္ မ်ား ေႏွာင့္ေႏွးခဲ့ရေၾကာင္း သတင္းထုတ္ျပန္ထားသလို ကမာၻေက်ာ္သတင္းဌာနတစ္ခုျဖစ္ေသာ စကိုင္းနယူး သတင္းဌာနကလည္း broadcast live လႊင့္ျခင္းမ်ား လုပ္ေဆာင္လို႔မရဘဲျဖစ္ေနေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါျပႆနာေၾကာင့္ ဂ်ပန္၊ အိႏၵိယႏိုင္ငံတို႔ရွိ ေလဆိပ္မ်ားတြင္လည္း သက္ေရာက္မႈမ်ားျဖစ္လာခဲ့ၿပီး ေလေၾကာင္းခရီးစဥ္မ်ား ေႏွာင့္ေႏွးခဲ့ရေၾကာင္း ေဖာ္ျပထားသည္။
အေမရိကန္အေျခစိုက္ American Airlines ေလေၾကာင္းလိုင္း ႏွင့္ United and Delta ေလေၾကာင္းလိုင္းတို႔သည္ ကမာၻတဝွမ္းရွိ ေလေၾကာင္းခရီးစဥ္အားလုံးကို ေျမျပင္သို႔ ဆင္းသက္ရန္ FAA အဖြဲ႕ထံ တိုက္တြန္းေတာင္းဆိုထား သည္။ FAA အဖြဲ႕ကလည္း ဆက္သြယ္ေရးႏွင့္ပတ္သက္ၿပီး အခက္အခဲျပႆနာျဖစ္ပြားေနျခင္းကို ေလေၾကာင္း လိုင္းမွ ေလယာဥ္မႉးမ်ားကို အသိေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.