စဉ့်ကူးမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု နစကထုတ်ပြန်

 3815

စော (NP News) - ဇူလိုင် ၂၁

PDF အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စဉ့်ကူးမြို့အား ဇူလိုင်လ ၂၀ ရက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

PDF အကြမ်းဖက်သမားများက ယခုနှစ်၊ ဇူလိုင်လဆန်းပိုင်းမှစ၍ မန္တလေး တိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်းအားအလုံးအရင်းဖြင့်ဝင်ရောက်၍ စဉ့်ကူးမြို့ပတ်ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံ‌ရေးဆောင်ရွက်နေသော နေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် PDF အကြမ်းဖက်သမားများသည် မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင် ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့် ခွာသူဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့်တိုကို လုပ်ဆောင်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် စဉ်ကူးမြို့မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စဉ့်ကူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ၎င်းတို့၏ရပ်ရွာလုံခြုံရေးအတွက် မြို့၊ ရွာကာကွယ်ရေးအဖွဲ့များဖွဲ့စည်းခဲ့ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်ရန်အတွက် လိုအပ်သည့် မြို့၊ ရွာကာကွယ်ရေးအဖွဲ့များအပါအဝင် ပြင်ဆင်လေ့ ကျင့်ခြင်း နှင့် လိုအပ်သည့်စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့ကြောင်း နစကမှဆိုထားသည်။

ထိုသို့စုဖွဲ့ပြင်ဆင်ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် စဉ့်ကူးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ PDF အမည်ခံအကြမ်းဖက်သမားများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်ရန်အတွက် ဇူလိုင်လ ၁၉ ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျအဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့သဖြင့် စဉ့်ကူးမြို့အား ယမန်နေ့ (ဇူလိုင် လ ၂၀ ရက်)တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက စဉ့်ကူးမြို့သို့ရောက်ရှိနေချိန်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များကို အကာအကွယ်ရယူကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ့်ကူးမြို့နှင့်အနီးပတ်ဝန်း ကျင်တစ်ဝိုက်အား လိုအပ်သည့်လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
စဥ့္ကူးၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ဟု နစကထုတ္ျပန္
ေစာ (NP News) - ဇူလိုင္ ၂၁

PDF အၾကမ္းဖက္သမားမ်ား ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ စဥ့္ကူးၿမိဳ႕အား ဇူလိုင္လ ၂၀ ရက္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

PDF အၾကမ္းဖက္သမားမ်ားက ယခုႏွစ္၊ ဇူလိုင္လဆန္းပိုင္းမွစ၍ မႏၲေလး တိုင္း၊ စဥ့္ကူးၿမိဳ႕နယ္အတြင္းသို႔ အင္းအားအလုံးအရင္းျဖင့္ဝင္ေရာက္၍ စဥ့္ကူးၿမိဳ႕ပတ္ဝန္းက်င္ရွိ လုံၿခဳံေရးတပ္စခန္းမ်ားကို တိုက္ခိုက္ျခင္း၊ ၿမိဳ႕အတြင္းသို႔ဝင္ေရာက္ၿပီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းႏွင့္ လုံၿခဳံ‌ေရးေဆာင္႐ြက္ေနေသာ ေနရာမ်ားကို တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေနာက္ PDF အၾကမ္းဖက္သမားမ်ားသည္ ၿမိဳ႕ႏွင့္အနီးပတ္ဝန္းက်င္တြင္ ေဒသခံျပည္သူမ်ားအား ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ဆက္ေၾကးေကာက္ျခင္း၊ လူေနအိမ္မ်ားႏွင့္ အစိုးရ၏အုပ္ခ်ဳပ္မႈယႏၲရားမ်ားရပ္တန႔္ေစရန္ ဌာနဆိုင္ ရာအေဆာက္အအုံမ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ မိုင္းေထာင္ျခင္း၊ ေနရပ္စြန႔္ ခြာသူေဒသခံမ်ား၏ေနအိမ္မ်ားသို႔ ေဖာက္ထြင္းဝင္ေရာက္၍ ပစၥည္းမ်ားယူေဆာင္ျခင္း၊ ဖ်က္ဆီးျခင္း စသည့္တိုကို လုပ္ေဆာင္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

PDF အၾကမ္းဖက္သမားမ်ား၏ လုပ္ရပ္မ်ားေၾကာင့္ စဥ္ကူးၿမိဳ႕မွ ေဒသခံျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားသည္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနၾကရၿပီး စဥ့္ကူးၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ားမွ ေဒသခံျပည္သူမ်ားက ၎တို႔၏ရပ္႐ြာလုံၿခဳံေရးအတြက္ ၿမိဳ႕၊ ႐ြာကာကြယ္ေရးအဖြဲ႕မ်ားဖြဲ႕စည္းခဲ့ၿပီး တပ္မေတာ္အေနျဖင့္ အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရး ေဆာင္႐ြက္ရန္အတြက္ လိုအပ္သည့္ ၿမိဳ႕၊ ႐ြာကာကြယ္ေရးအဖြဲ႕မ်ားအပါအဝင္ ျပင္ဆင္ေလ့ က်င့္ျခင္း ႏွင့္ လိုအပ္သည့္စုဖြဲ႕မႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွဆိုထားသည္။

ထိုသို႔စုဖြဲ႕ျပင္ဆင္ၿပီးေနာက္ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ စဥ့္ကူးၿမိဳ႕အတြင္းႏွင့္ အနီးပတ္ဝန္းက်င္ရွိ PDF အမည္ခံအၾကမ္းဖက္သမားမ်ားအား အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရး ေဆာင္႐ြက္ရန္အတြက္ ဇူလိုင္လ ၁၉ ရက္တြင္ စဥ့္ကူးနယ္ေျမအတြင္းသို႔ ေရလမ္းေၾကာင္း၊ ကုန္းလမ္းေၾကာင္းတို႔မွ စနစ္တက်အဆင့္ဆင့္ေျခကုတ္ယူ၍ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူမ်ားရယူ ခ်ီတက္တိုက္ခိုက္ခဲ့သျဖင့္ စဥ့္ကူးၿမိဳ႕အား ယမန္ေန႔ (ဇူလိုင္ လ ၂၀ ရက္)တြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

PDF အၾကမ္းဖက္သမားမ်ားက စဥ့္ကူးၿမိဳ႕သို႔ေရာက္ရွိေနခ်ိန္အတြင္း ဘာသာေရးဆိုင္ရာအေဆာက္အအုံမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဌာနဆိုင္ရာအေဆာက္အအုံမ်ား၊ လူေနအိမ္မ်ားကို အကာအကြယ္ရယူကာ ပစ္ခတ္တိုက္ခိုက္ျခင္း၊ အမ်ားျပည္သူသြားလာအသုံးျပဳသည့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားေပၚ၌ မိုင္းေထာင္ျခင္းမ်ား၊ ေဒသခံျပည္သူမ်ားကို လူသားတံတိုင္းအျဖစ္ အကာအကြယ္ရယူ၍ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ စဥ့္ကူးၿမိဳ႕ႏွင့္အနီးပတ္ဝန္း က်င္တစ္ဝိုက္အား လိုအပ္သည့္လုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.