"အကောင်ပလောင်"ကြောင့် ဆန်ကွဲစားနေရသော မိုးကုတ်ဒေသခံများ (သို့မဟုတ်) နှစ်ပေါင်း (၁၀ဝ)အတွင်း အဆိုးဆုံးကပ်ဆိုက်နေတဲ့ မိုးကုတ်မြို့

 3038

သုတကျော် (NP News) - ဇူလိုင် ၂၁

မြန်မာနိုင်ငံ၏ ချမ်းသာသောမြို့တစ်မြို့ ဖြစ်သည့် မိုးကုတ်မြို့တွင်နေထိုင်သောမြို့ခံများမှာ မိမိတို့အိမ်တွင်နေရင်းထိုင်ရင်းပင်TNLA ၏ဓားစာခံ ဘဝသို့ကျရောက်နေကြရကြောင်း အဆိုပါမြို့တွင် နေထိုင်သူ သတင်းရင်းမြစ်များက NP News ကိုပြောသည်။

၁၀၂၇ စစ်ဆင်ရေး၏အဆက်ဟုဆိုကာ ဇွန်လလယ်မှစ၍TNLA နှင့်ပူးပေါင်းအဖွဲ့က မိုး ကုတ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ မိုးကုတ်မြို့ အနောက်ခြမ်းဟုဆိုကြသည့် ကျပ်ပြင်ဘက်ကို ထိန်း ချုပ်နိုင်ခဲ့သော်လည်း မိုးကုတ်မြို့ဟုပြောနိုင်သည့် မိုးကုတ်အရှေ့ခြမ်းကိုမူ သဲသဲမဲမဲ တိုက်ခိုက်မှုပြုနေ ဆဲဖြစ်ပြီး တပ်မတော်ကလည်း အင်အားများဖြန့်ခွဲကာ မြို့မကျရေး ခုခံတိုက်ခိုက်နေသည်။

TNLA နှင့်ပူးပေါင်းတပ်အနေဖြင့် မိုးကုတ်မြို့အနောက်ဘက်ခြမ်းကို အလွယ်တကူ သိမ်း ပိုက်နိုင်ခဲ့ခြင်းသည် တပ်မတော်ဘက်ကလည်း လူ အင်အား၊ လက်နက်အင်အား များစွာမထားသော ကြောင့် သာလွန်အင်အားဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မိုးကုတ်မြို့ခံတစ်ဦးကသုံးသပ်သည်။

"အနောက်ပိုင်းစခန်းကို အလွယ်တကူပေး လိုက်တာက လက်နက်အင်အား လူအင်အား အများ ကြီးမထားဘူး။ မိုးကုတ်ကို တစ်ရွာပြီးတစ်ရွာသိမ်း တယ်၊ မြို့ပတ်ဝန်းကျင်သိမ်းတယ်။ ဘာမှမရလို့ ပလောင်(TNLA)က နေနေတာ။ ကျပ်ပြင်စခန်းကို သိမ်းတော့လည်း လက်နက်က ထင်သ လောက်မရ။ ကျပ်ပြင်က ဘဏ်ထဲမှာပိုက်ဆံကမရှိ။ ပလောင်က အခွံတွေပဲမိနေတာ။ ဂျင်းမိနေတာ"ဟု အဆိုပါ မြို့ခံက ရယ်သွမ်းသွေးရင်းဆိုသည်။

ပြီးခဲ့သည့်ကာလတွင်TNLA နှင့်ပူးပေါင်း အဖွဲ့က ပြည်ပြေးမီဒီယာများကတစ်ဆင့် သတင်း လွှင့်ရာတွင် တပ်မတော်က သိန်းပေါင်း (၂၀ဝဝဝ) ကျော်ကို ယူသွားသည်ဆိုသော်လည်း အဆိုပါအချက်မှာ မဖြစ်နိုင်ကြောင်း ၎င်းက အခိုင်အမာဆိုသည်။

" ပလောင်က ဘာလုပ်သလဲဆိုတော့ ဟို တစ်လောသတင်းလွှင့်တယ်။ စစ်တပ်က ဘဏ်တွေထဲက ပိုက် ဆံ သိန်းပေါင်းနှစ်သောင်းကျော်ကို ယူသွားတယ်ပေါ့ နော်။ ကျွန်တော်ပြောတာက စစ်တပ်က မတိုက်ခင် နှစ်ရက် သုံးရက်အလိုမှာ ဘဏ်ထဲကို သေနတ်တွေနဲ့ ဓားပြတိုက်သလို ယူသွားတယ်ဆိုတာလည်း မဖြစ်နိုင်ဘူးပေါ့နော်။ တိုက်ပွဲဖြစ်နေတုန်းမှာ ပိုက်ဆံသိန်း ပေါင်းနှစ်သောင်းကျော်ကို သွား မ နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့သိမ်းလိုက်တဲ့အချိန်မှာ ဘဏ်ထဲတော့ အလုံးအရင်းနဲ့ရှိမှာပဲဆိုပြီး သွားဖောက်ကြည့်တော့ ဟိုထဲမှာ သိန်း(၅၀)ပဲတွေ့တော့ အဲဒီသိန်း(၅၀)ပဲရ တဲ့အချိန်မှာ နင်သွားတာပေါ့။ နင်သွားတော့ သူများအပေါ် သဘာဝမကျဘဲထိုးချတာပေါ့}ဟု ၎င်းကဆို သည်။

မိုးကုတ်အနောက်ခြမ်းကို သာလွန်အင် အားဖြင့် တိုက်ခိုက်ထိန်းချုပ်ပြီးနောက် မိုးကုတ်မြို့ အရှေ့ခြမ်းကိုTNLA က အကဲစမ်းရာတွင်မူ ၎င်းတို့ထင်ထားသကဲ့သို့မဟုတ်ဘဲ တပ်မတော်၏ တိုက်ခိုက်မှုကို ကြုံရခြင်းဖြစ်သည်။ "ကျပ်ပြင်ကျတာနဲ့ အားတက်ပြီး မိုးကုတ်ကို အကဲစမ်းတော့ မိုးကုတ်ကပ် တာနဲ့တပ်က ထုတာ။ သူတို့ကပြန်ထုတော့ ပြည်သူထဲ ကျတာ။ ပြည်သူတွေကို ထွက်ခွင့်မပေးတော့ နဂို ကတည်းက ကြည့်မရတာမှာ ပလောင်ကို စိတ်နာသွား တာပေါ့"ဟု ၎င်းကရှင်းပြသည်။

လူသားတံတိုင်းသဖွယ်အသုံးချနေသည့် အနေအထားတွင် မြို့ခံများမှာ အိမ်အတွင်းလုံခြုံအောင်နေပြီး အသက်ရှင်သန်ရန်ကြိုးစားခြင်းကလွဲ၍ ရွေးချယ်စ ရာမရှိဖြစ်လာခဲ့သည်။TNLA က မြို့မှထွက်ခွာမည့် အဓိကလမ်းကြောင်းသုံးခုကိုပိတ်ထားသည့်အပြင် တောလမ်းမှဆိုင်ကယ်ဖြင့် သွားနိုင်သောလမ်းမှာလည်း လတ် တလောတွင် တိုက်ပွဲကြောင့်ထပ်ပိတ်သွားပြန် ရာ မိုးကုတ်မြို့ခံများအတွက် တံတိုင်းတစ်ခုအတွင်း နေရသကဲ့သို့ ပိုမိုဖြစ်လာနေသည်။ "အခုက တိုက်ပွဲဖြစ်ရင် မီးတွေအကုန်ပိတ်ပြီး အိမ်အောက်မှာ စုနေကြရတာ။ အပြင်ထွက်ဖို့ကလည်းမလွယ်ဘူး။TNLA ကလည်း ပိတ်ထားတယ်"ဟု မိုးကုတ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

တိုက်ပွဲကာလအတွင်း မိုးကုတ်မြို့တွင် အရပ်သားသေဆုံးမှုမှာမြင့်မားနေပြီး ဗုံးခိုကျင်းတူး ရန်အတွက်လည်း ခက်ခဲသောအခြေအနေကိုရင်ဆိုင် နေရခြင်းဖြစ်သည်။ "ဗုံးခိုကျင်းတူးဖို့ကလည်းရေထွက်တယ်။ အနက်ကြီးတူးမရဘူး။ အဲဒီတော့ အဆင်မပြေ ဘူး"ဟု ၎င်းကဆိုသည်။

TNLA က ပေးမထွက်ခြင်းဖြစ်ပြီး မြို့မှ ထွက်ခွာလိုပါက မှတ်ပုံတင်ပေးထားခဲ့ရသည့်အပြင် မြို့မှရှောင်တိမ်းသူများကိုလည်း အာဏာဖီဆန် သည် ဟုTNLA ဘက်ကသတ်မှတ်သည့်သဘောရှိ ကြောင်း မိုးကုတ်မြို့ခံတစ်ဦးကဆိုသည်။ လက်ရှိအ နေအထားတွင်TNLA ကလုပ်နေသည်မှာ ပြည်သူ များ၏အိမ်များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး တပ်မတော်ဘက်ကပြန်ပစ်ပါက ပြည်သူများ သေဆုံးရသည်ဟု ပြည်ပြေးမီဒီယာများမှတစ်ဆင့် သတင်းလွှင့်ခြင်း ဖြစ်သည်။

" မိုးကုတ်မြို့သူ မြို့သား (၈ဝ)ရာခိုင်နှုန်းနဲ့ (၉ဝ)ရာခိုင်နှုန်းလောက်ကို ဓားစာခံလုပ်ထားတယ်။TNLA က လူထုတွေကြားထဲကနေစိမ့်ဝင်ပြီးတော့ မှ တပ်ကိုသွားဝိုင်းတာ။ ဒါပေမဲ့ တပ်ကလည်း မိုးကုတ်တစ် မြို့လုံးမှာရှိတဲ့တောင်ကုန်းတွေမှာ ဖြန့်ထားတယ်။ ဗျူဟာကုန်းတစ်ကုန်းတည်း သွားဝိုင်းတော့ အလကားပဲ။ အဲဒီတော့ ပြည်သူကို ဓားစာခံလုပ်ထားတယ်။ အိမ်ကြိုအိမ်ကြားထဲတွေကနေ သွားထုမယ်။ ပြီးရင် တပ်ကပြန်ပစ်တဲ့အခါ ပြည်သူကသေမယ်။ ဓားစာခံ လုပ်ထားတယ်။ ဒါပဲ"ဟု အခြား မိုးကုတ်မြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် အဆိုပါအခြေအနေထက် ပိုမိုပြောပါက ဓားစာခံအပြင် အတူတူအသေခံရမည် မသွား နှင့်ဆိုသော သဘောလည်းသက်ရောက်ကြောင်း ၎င်းကဆိုသည်။ "မိုးကုတ်မြို့ထဲကနေ ပုံမှန်လမ်းကြောင်း ကထွက်တာနဲ့ မှတ်ပုံတင်တောင်းထားလိုက်တာ။ သဘောကတော့ မိုးကုတ်မြို့ထဲကနေ သေရင်လည်း ငါတို့နဲ့အတူသေ။ ဘယ်မှထွက်လို့မရဘူးဆိုတဲ့သဘောပဲ"ဟု ၎င်းကဆိုသည်။

ပြည်ပြေးမီဒီယာများတွင် ရေးသားနေ သောတပ်မတော်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ များသေဆုံးသည်ဆိုသောသတင်းများနှင့်ပတ်သက် ၍လည်း ၎င်းကငြင်းဆိုသည်။ "မိုးကုတ်မြို့ နေအိမ် တွေထဲမှာကျတဲ့လက်နက်တွေက ပလောင်က လှမ်းထုတဲ့ဟာတွေ။ ထုတာက ဗျူဟာကုန်းကိုလှမ်းထုတာ။ မမီမကန်းနဲ့မြို့ပေါ်ကျပြီး လူသေတာတွေ မီးလောင်တာတွေဖြစ်တာ။ စစ်တပ်က ပစ်တာမဟုတ်ဘူး။ ထိတာက စစ်တပ်ပတ်ဝန်းကျင်အခြေမှာထိတာ။ အရပ်သားအိမ်တွေကိုပစ်ချင်ရင် စစ်တပ်က လက်ပစ်ဗုံးနဲ့တောင် လှမ်းထုလို့ရတယ်။ လက်နက်ကြီးနဲ့ ပစ်စရာမလိုဘူး။ အိမ်တွေကို ထုချင်ရင်ပေါ့။ စစ်တပ် ကိုလှမ်းထုတဲ့ ရှော့တိုက်ဒုံးကကျတာ။ မိုးကုတ်သူ မိုးကုတ်သားတွေက အဖြစ်မှန်ကိုသိတယ်။ အဖြစ်မှန် ကိုသိတော့ မိုးကုတ်ကလူက ပလောင်ကို မကြည်ဖြူ ဘူး။ မိုးကုတ်က တကယ်တော့ အနီများတယ်။ NLD ထောက်ခံတဲ့မြို့ပဲ။ ဒါပေမဲ့ ပလောင်ထောက်ခံတဲ့ မြို့ တော့မဟုတ်ဘူး" ဟု ၎င်းကဆိုသည်။

မိုးကုတ်မြို့ခံများသည် မူလကပင်TNLA ကိုလက်မခံသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာချိန်တွင် ပိုမိုဆိုးရွားလာခဲ့ကြောင်း မြေပြင် အခြေအနေနှင့်ပတ်သက်၍ ၎င်းကရှင်းပြသည်။ "မိုးကုတ် မြို့သူမြို့သားတွေက ပလောင် ကို မနိုင်စေချင်ဘူး။ မိုးကုတ်မြို့သူမြို့သားတွေရဲ့ ဆန္ဒကို သူတို့ကိုယ်တိုင်ပြောတာလေ။ ရှမ်းတွေရော၊ ဗမာတွေရော၊ ဂေါ်ရခါးတွေရော၊ လီဆူးတွေရော အဲဒီ လူတွေအားလုံးသည် မိုးကုတ်မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေတာ။ အဲဒီလူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံသည် ပလောင်ကိုလုံးဝမကြိုက်ဘူး။ ဒါကြောင့် မို့လို့ ပလောင် (TNLA) ကို အကောင်ပလောင်လို့ခေါ် တယ်။ အကောင်ဆိုတာ တိရစ္ဆာန်၊ ပလောင်ဆိုတာက ပလောင်လူမျိုးကိုပြောတာ။ မိုးကုတ်မြို့ကို တပ်က တောင့်ခံထားတဲ့အချိန်၊ ပိတ်ခံထားတဲ့အချိန်မှာ တပ်ကိုနိုင်ပါစေလို့ မိုးကုတ်ကလူတွေက ဆုတောင်းနေ တာ"ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်ကြာမြင့်လာသည်နှင့် အမျှ မိုးကုတ်မြို့တွင် စားနပ်ရိက္ခာရှားပါးမှုတိုးလာ ကာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရသည့်ကြားကTNLA ကလည်း ကျောက် တွင်းတူးလိုပါက တစ်တွင်းလျှင် အနည်းဆုံးသိန်း (၁၀ဝ)ပေးရမည်ဟု ဆက်ကြေးကောက်နေပြန်သေးကြောင်း ၎င်းကရှင်းပြသည်။ "ကျောက်တွင်းတူးမှာလား တစ်တွင်းကို သိန်း(၁၀ဝ)ပေး၊ (၂၀ဝ)ပေးဆိုပြီး ဆက်ကြေး ကောက်ပြီးတော့ တူးခိုင်းနေတာ။ တူးခိုင်းတဲ့အခါ မိုးကုတ်မြို့ထဲ တစ်ဂါလန်တစ်သိန်းဖြစ်နေပြီ။ ဆန် တစ်အိတ် နှစ်သိန်းဝယ်မရဘူး။ အခုကျွန်တော် ပြောတာသည် တပ်ဘက်ကလိုက်ပြောတာမဟုတ်ဘူး။ ဘယ်ဘက်မှမဟုတ်ဘူး။ တကယ်ဖြစ်နေတာ တွေကို ပြောပြတာ"ဟု ၎င်းကဆိုသည်။

လက်ရှိအနေအထားအရ မိုးကုတ်မြို့သား များ၏အခြေအနေမှာ ဆန်ကွဲကိုပင်စားနေရသည့် အနေအထားဟု ၎င်းကဆိုသည်။ "မိုးကုတ်ကလူတွေက ဆန်ကွဲစားနေရတယ်။ ဆန်မစားနိုင်တော့ဘူး။ မိုးမိတ်က တင်ပို့တဲ့ဆန်က ရောက်တာနဲ့ပျောက်သွားတာ။ ဒါပေမဲ့ အဲဒီကားတွေကလည်း အခုဝင်မရတော့ဘူး။ မိုးကုတ်မြို့မှာက လူ (၉ဝဝဝဝ) လောက်ရှိ တယ်}ဟု ၎င်းကဆိုသည်။ မိုးကုတ်မြို့သည် ရတနာထွက်သောကြောင့် မြန်မာ နိုင်ငံ ၏မြို့များအနက် အဆီအနှစ်ရှိ သောမြို့တစ်မြို့ဖြစ်ကာ ငွေရလွယ်သောမြို့တစ်မြို့ဖြစ်သည်။ သို့သော်သမိုင်းကြောင်းအရ ရှမ်း သို့မဟုတ် ဗမာကအုပ်ချုပ်သည်ကို မြို့ခံများက လိုလားသော်လည်း အခြားမဆိုင်သည့်နေရာမှ လာရောက် အုပ်ချုပ်ခြင်းကိုမူ မြို့ခံများ လက်မခံနိုင်ပေ။

'သူလုပ်တဲ့ပုံစံက စာနာစိတ် စေတနာထားတာမရှိဘူး။ နောက်အရေးကြီးဆုံးတစ်ချက်က ဘာ ကြေညာလိုက်လဲဆိုတော့ နမ့်ဆန်ခရိုင်၊ မိုးကုတ်မြို့ နယ်တဲ့။ တော်တော်ရိုင်းတဲ့သမိုင်းပဲ။ အရင်တုန်းက ရွှေဘိုခရိုင်ထဲပါတယ်။ နောက်တော့ ပြင်ဦးလွင်ခရိုင် ထဲပါတယ်။ အခု နစကလက် ထက်မှာကျတော့ သပိတ်ကျင်းခရိုင်ထဲပါတယ်။ အခုက နမ့်ဆန်ခရိုင် မိုးကုတ်မြို့နယ်လုပ်တာ။ တော်တော်တော့ မတန်မရာပဲ။ ကျွန်တော်ပြောနေတာတွေက တပ်ကလည်း အတိမ်အနက်ကိုသိဖို့လိုတယ်'ဟု ၎င်းကရှင်းပြသည်။

တပ်မတော်က ယခုတိုက်ပွဲမဖြစ်ပွားမီအ ချိန်ကပင် လက်နက်အင်အား၊ လူအင်အား ဖြည့်ထား သည်ကို ကြားသိရသောကြောင့် မိုးကုတ်မြို့ကို အလုံးစုံထိန်းချုပ်ရေးအတွက်TNLA ၏ အိပ်မက်မှာ မလွယ်ကြောင်း ၎င်းကဆိုသည်။ သို့သော် စစ်ကြောင့် ပြည်သူများပိတ်မိနေခြင်းမှာလည်း သေဘေးနှင့် နီး လွန်းလှပေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုး ကုတ်မြို့ခံများကပ်ဆိုက်ခြင်းဟု ၎င်းကဆိုသည်။ "မိုးကုတ်ကလူတွေက နှစ်ပေါင်း (၁၀ဝ)အတွင်းမှာ ကပ်ဆိုက်တာပဲ။ ကပ်ဆိုက်အောင်လုပ်တဲ့ တရားခံက ပလောင်ပဲ"ဟု ၎င်းက တိတိကျကျပြောသည်။

zawgyi version
"အေကာင္ပေလာင္"ေၾကာင့္ ဆန္ကြဲစားေနရေသာ မိုးကုတ္ေဒသခံမ်ား (သို႔မဟုတ္) ႏွစ္ေပါင္း (၁၀ဝ)အတြင္း အဆိုးဆုံးကပ္ဆိုက္ေနတဲ့ မိုးကုတ္ၿမိဳ႕
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၁

ျမန္မာႏိုင္ငံ၏ ခ်မ္းသာေသာၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည့္ မိုးကုတ္ၿမိဳ႕တြင္ေနထိုင္ေသာၿမိဳ႕ခံမ်ားမွာ မိမိတို႔အိမ္တြင္ေနရင္းထိုင္ရင္းပင္TNLA ၏ဓားစာခံ ဘဝသို႔က်ေရာက္ေနၾကရေၾကာင္း အဆိုပါၿမိဳ႕တြင္ ေနထိုင္သူ သတင္းရင္းျမစ္မ်ားက NP News ကိုေျပာသည္။

၁၀၂၇ စစ္ဆင္ေရး၏အဆက္ဟုဆိုကာ ဇြန္လလယ္မွစ၍TNLA ႏွင့္ပူးေပါင္းအဖြဲ႕က မိုး ကုတ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္ေနရာ မိုးကုတ္ၿမိဳ႕ အေနာက္ျခမ္းဟုဆိုၾကသည့္ က်ပ္ျပင္ဘက္ကို ထိန္း ခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း မိုးကုတ္ၿမိဳ႕ဟုေျပာႏိုင္သည့္ မိုးကုတ္အေရွ႕ျခမ္းကိုမူ သဲသဲမဲမဲ တိုက္ခိုက္မႈျပဳေန ဆဲျဖစ္ၿပီး တပ္မေတာ္ကလည္း အင္အားမ်ားျဖန႔္ခြဲကာ ၿမိဳ႕မက်ေရး ခုခံတိုက္ခိုက္ေနသည္။

TNLA ႏွင့္ပူးေပါင္းတပ္အေနျဖင့္ မိုးကုတ္ၿမိဳ႕အေနာက္ဘက္ျခမ္းကို အလြယ္တကူ သိမ္း ပိုက္ႏိုင္ခဲ့ျခင္းသည္ တပ္မေတာ္ဘက္ကလည္း လူ အင္အား၊ လက္နက္အင္အား မ်ားစြာမထားေသာ ေၾကာင့္ သာလြန္အင္အားျဖင့္ တိုက္ခိုက္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း မိုးကုတ္ၿမိဳ႕ခံတစ္ဦးကသုံးသပ္သည္။

"အေနာက္ပိုင္းစခန္းကို အလြယ္တကူေပး လိုက္တာက လက္နက္အင္အား လူအင္အား အမ်ား ႀကီးမထားဘူး။ မိုးကုတ္ကို တစ္႐ြာၿပီးတစ္႐ြာသိမ္း တယ္၊ ၿမိဳ႕ပတ္ဝန္းက်င္သိမ္းတယ္။ ဘာမွမရလို႔ ပေလာင္(TNLA)က ေနေနတာ။ က်ပ္ျပင္စခန္းကို သိမ္းေတာ့လည္း လက္နက္က ထင္သ ေလာက္မရ။ က်ပ္ျပင္က ဘဏ္ထဲမွာပိုက္ဆံကမရွိ။ ပေလာင္က အခြံေတြပဲမိေနတာ။ ဂ်င္းမိေနတာ"ဟု အဆိုပါ ၿမိဳ႕ခံက ရယ္သြမ္းေသြးရင္းဆိုသည္။

ၿပီးခဲ့သည့္ကာလတြင္TNLA ႏွင့္ပူးေပါင္း အဖြဲ႕က ျပည္ေျပးမီဒီယာမ်ားကတစ္ဆင့္ သတင္း လႊင့္ရာတြင္ တပ္မေတာ္က သိန္းေပါင္း (၂၀ဝဝဝ) ေက်ာ္ကို ယူသြားသည္ဆိုေသာ္လည္း အဆိုပါအခ်က္မွာ မျဖစ္ႏိုင္ေၾကာင္း ၎က အခိုင္အမာဆိုသည္။

" ပေလာင္က ဘာလုပ္သလဲဆိုေတာ့ ဟို တစ္ေလာသတင္းလႊင့္တယ္။ စစ္တပ္က ဘဏ္ေတြထဲက ပိုက္ ဆံ သိန္းေပါင္းႏွစ္ေသာင္းေက်ာ္ကို ယူသြားတယ္ေပါ့ ေနာ္။ ကြၽန္ေတာ္ေျပာတာက စစ္တပ္က မတိုက္ခင္ ႏွစ္ရက္ သုံးရက္အလိုမွာ ဘဏ္ထဲကို ေသနတ္ေတြနဲ႔ ဓားျပတိုက္သလို ယူသြားတယ္ဆိုတာလည္း မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ တိုက္ပြဲျဖစ္ေနတုန္းမွာ ပိုက္ဆံသိန္း ေပါင္းႏွစ္ေသာင္းေက်ာ္ကို သြား မ ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ သူတို႔သိမ္းလိုက္တဲ့အခ်ိန္မွာ ဘဏ္ထဲေတာ့ အလုံးအရင္းနဲ႔ရွိမွာပဲဆိုၿပီး သြားေဖာက္ၾကည့္ေတာ့ ဟိုထဲမွာ သိန္း(၅၀)ပဲေတြ႕ေတာ့ အဲဒီသိန္း(၅၀)ပဲရ တဲ့အခ်ိန္မွာ နင္သြားတာေပါ့။ နင္သြားေတာ့ သူမ်ားအေပၚ သဘာဝမက်ဘဲထိုးခ်တာေပါ့}ဟု ၎ကဆို သည္။

မိုးကုတ္အေနာက္ျခမ္းကို သာလြန္အင္ အားျဖင့္ တိုက္ခိုက္ထိန္းခ်ဳပ္ၿပီးေနာက္ မိုးကုတ္ၿမိဳ႕ အေရွ႕ျခမ္းကိုTNLA က အကဲစမ္းရာတြင္မူ ၎တို႔ထင္ထားသကဲ့သို႔မဟုတ္ဘဲ တပ္မေတာ္၏ တိုက္ခိုက္မႈကို ႀကဳံရျခင္းျဖစ္သည္။ "က်ပ္ျပင္က်တာနဲ႔ အားတက္ၿပီး မိုးကုတ္ကို အကဲစမ္းေတာ့ မိုးကုတ္ကပ္ တာနဲ႔တပ္က ထုတာ။ သူတို႔ကျပန္ထုေတာ့ ျပည္သူထဲ က်တာ။ ျပည္သူေတြကို ထြက္ခြင့္မေပးေတာ့ နဂို ကတည္းက ၾကည့္မရတာမွာ ပေလာင္ကို စိတ္နာသြား တာေပါ့"ဟု ၎ကရွင္းျပသည္။

လူသားတံတိုင္းသဖြယ္အသုံးခ်ေနသည့္ အေနအထားတြင္ ၿမိဳ႕ခံမ်ားမွာ အိမ္အတြင္းလုံၿခဳံေအာင္ေနၿပီး အသက္ရွင္သန္ရန္ႀကိဳးစားျခင္းကလြဲ၍ ေ႐ြးခ်ယ္စ ရာမရွိျဖစ္လာခဲ့သည္။TNLA က ၿမိဳ႕မွထြက္ခြာမည့္ အဓိကလမ္းေၾကာင္းသုံးခုကိုပိတ္ထားသည့္အျပင္ ေတာလမ္းမွဆိုင္ကယ္ျဖင့္ သြားႏိုင္ေသာလမ္းမွာလည္း လတ္ တေလာတြင္ တိုက္ပြဲေၾကာင့္ထပ္ပိတ္သြားျပန္ ရာ မိုးကုတ္ၿမိဳ႕ခံမ်ားအတြက္ တံတိုင္းတစ္ခုအတြင္း ေနရသကဲ့သို႔ ပိုမိုျဖစ္လာေနသည္။ "အခုက တိုက္ပြဲျဖစ္ရင္ မီးေတြအကုန္ပိတ္ၿပီး အိမ္ေအာက္မွာ စုေနၾကရတာ။ အျပင္ထြက္ဖို႔ကလည္းမလြယ္ဘူး။TNLA ကလည္း ပိတ္ထားတယ္"ဟု မိုးကုတ္ၿမိဳ႕ခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။

တိုက္ပြဲကာလအတြင္း မိုးကုတ္ၿမိဳ႕တြင္ အရပ္သားေသဆုံးမႈမွာျမင့္မားေနၿပီး ဗုံးခိုက်င္းတူး ရန္အတြက္လည္း ခက္ခဲေသာအေျခအေနကိုရင္ဆိုင္ ေနရျခင္းျဖစ္သည္။ "ဗုံးခိုက်င္းတူးဖို႔ကလည္းေရထြက္တယ္။ အနက္ႀကီးတူးမရဘူး။ အဲဒီေတာ့ အဆင္မေျပ ဘူး"ဟု ၎ကဆိုသည္။

TNLA က ေပးမထြက္ျခင္းျဖစ္ၿပီး ၿမိဳ႕မွ ထြက္ခြာလိုပါက မွတ္ပုံတင္ေပးထားခဲ့ရသည့္အျပင္ ၿမိဳ႕မွေရွာင္တိမ္းသူမ်ားကိုလည္း အာဏာဖီဆန္ သည္ ဟုTNLA ဘက္ကသတ္မွတ္သည့္သေဘာရွိ ေၾကာင္း မိုးကုတ္ၿမိဳ႕ခံတစ္ဦးကဆိုသည္။ လက္ရွိအ ေနအထားတြင္TNLA ကလုပ္ေနသည္မွာ ျပည္သူ မ်ား၏အိမ္မ်ားမွ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ျခင္းျဖစ္ၿပီး တပ္မေတာ္ဘက္ကျပန္ပစ္ပါက ျပည္သူမ်ား ေသဆုံးရသည္ဟု ျပည္ေျပးမီဒီယာမ်ားမွတစ္ဆင့္ သတင္းလႊင့္ျခင္း ျဖစ္သည္။

" မိုးကုတ္ၿမိဳ႕သူ ၿမိဳ႕သား (၈ဝ)ရာခိုင္ႏႈန္းနဲ႔ (၉ဝ)ရာခိုင္ႏႈန္းေလာက္ကို ဓားစာခံလုပ္ထားတယ္။TNLA က လူထုေတြၾကားထဲကေနစိမ့္ဝင္ၿပီးေတာ့ မွ တပ္ကိုသြားဝိုင္းတာ။ ဒါေပမဲ့ တပ္ကလည္း မိုးကုတ္တစ္ ၿမိဳ႕လုံးမွာရွိတဲ့ေတာင္ကုန္းေတြမွာ ျဖန႔္ထားတယ္။ ဗ်ဴဟာကုန္းတစ္ကုန္းတည္း သြားဝိုင္းေတာ့ အလကားပဲ။ အဲဒီေတာ့ ျပည္သူကို ဓားစာခံလုပ္ထားတယ္။ အိမ္ႀကိဳအိမ္ၾကားထဲေတြကေန သြားထုမယ္။ ၿပီးရင္ တပ္ကျပန္ပစ္တဲ့အခါ ျပည္သူကေသမယ္။ ဓားစာခံ လုပ္ထားတယ္။ ဒါပဲ"ဟု အျခား မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

ထို႔ျပင္ အဆိုပါအေျခအေနထက္ ပိုမိုေျပာပါက ဓားစာခံအျပင္ အတူတူအေသခံရမည္ မသြား ႏွင့္ဆိုေသာ သေဘာလည္းသက္ေရာက္ေၾကာင္း ၎ကဆိုသည္။ "မိုးကုတ္ၿမိဳ႕ထဲကေန ပုံမွန္လမ္းေၾကာင္း ကထြက္တာနဲ႔ မွတ္ပုံတင္ေတာင္းထားလိုက္တာ။ သေဘာကေတာ့ မိုးကုတ္ၿမိဳ႕ထဲကေန ေသရင္လည္း ငါတို႔နဲ႔အတူေသ။ ဘယ္မွထြက္လို႔မရဘူးဆိုတဲ့သေဘာပဲ"ဟု ၎ကဆိုသည္။

ျပည္ေျပးမီဒီယာမ်ားတြင္ ေရးသားေန ေသာတပ္မေတာ္က လက္နက္ႀကီးျဖင့္ပစ္၍ ျပည္သူ မ်ားေသဆုံးသည္ဆိုေသာသတင္းမ်ားႏွင့္ပတ္သက္ ၍လည္း ၎ကျငင္းဆိုသည္။ "မိုးကုတ္ၿမိဳ႕ ေနအိမ္ ေတြထဲမွာက်တဲ့လက္နက္ေတြက ပေလာင္က လွမ္းထုတဲ့ဟာေတြ။ ထုတာက ဗ်ဴဟာကုန္းကိုလွမ္းထုတာ။ မမီမကန္းနဲ႔ၿမိဳ႕ေပၚက်ၿပီး လူေသတာေတြ မီးေလာင္တာေတြျဖစ္တာ။ စစ္တပ္က ပစ္တာမဟုတ္ဘူး။ ထိတာက စစ္တပ္ပတ္ဝန္းက်င္အေျခမွာထိတာ။ အရပ္သားအိမ္ေတြကိုပစ္ခ်င္ရင္ စစ္တပ္က လက္ပစ္ဗုံးနဲ႔ေတာင္ လွမ္းထုလို႔ရတယ္။ လက္နက္ႀကီးနဲ႔ ပစ္စရာမလိုဘူး။ အိမ္ေတြကို ထုခ်င္ရင္ေပါ့။ စစ္တပ္ ကိုလွမ္းထုတဲ့ ေရွာ့တိုက္ဒုံးကက်တာ။ မိုးကုတ္သူ မိုးကုတ္သားေတြက အျဖစ္မွန္ကိုသိတယ္။ အျဖစ္မွန္ ကိုသိေတာ့ မိုးကုတ္ကလူက ပေလာင္ကို မၾကည္ျဖဴ ဘူး။ မိုးကုတ္က တကယ္ေတာ့ အနီမ်ားတယ္။ NLD ေထာက္ခံတဲ့ၿမိဳ႕ပဲ။ ဒါေပမဲ့ ပေလာင္ေထာက္ခံတဲ့ ၿမိဳ႕ ေတာ့မဟုတ္ဘူး" ဟု ၎ကဆိုသည္။

မိုးကုတ္ၿမိဳ႕ခံမ်ားသည္ မူလကပင္TNLA ကိုလက္မခံသည့္ၿမိဳ႕ျဖစ္ၿပီး ယခုကဲ့သို႔ တိုက္ပြဲမ်ား ျဖစ္ပြားလာခ်ိန္တြင္ ပိုမိုဆိုး႐ြားလာခဲ့ေၾကာင္း ေျမျပင္ အေျခအေနႏွင့္ပတ္သက္၍ ၎ကရွင္းျပသည္။ "မိုးကုတ္ ၿမိဳ႕သူၿမိဳ႕သားေတြက ပေလာင္ ကို မႏိုင္ေစခ်င္ဘူး။ မိုးကုတ္ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ဆႏၵကို သူတို႔ကိုယ္တိုင္ေျပာတာေလ။ ရွမ္းေတြေရာ၊ ဗမာေတြေရာ၊ ေဂၚရခါးေတြေရာ၊ လီဆူးေတြေရာ အဲဒီ လူေတြအားလုံးသည္ မိုးကုတ္မွာ ဘာသာေပါင္းစုံ၊ လူမ်ိဳးေပါင္းစုံေနတာ။ အဲဒီလူမ်ိဳးေပါင္းစုံ ဘာသာ ေပါင္းစုံသည္ ပေလာင္ကိုလုံးဝမႀကိဳက္ဘူး။ ဒါေၾကာင့္ မို႔လို႔ ပေလာင္ (TNLA) ကို အေကာင္ပေလာင္လို႔ေခၚ တယ္။ အေကာင္ဆိုတာ တိရစာၦန္၊ ပေလာင္ဆိုတာက ပေလာင္လူမ်ိဳးကိုေျပာတာ။ မိုးကုတ္ၿမိဳ႕ကို တပ္က ေတာင့္ခံထားတဲ့အခ်ိန္၊ ပိတ္ခံထားတဲ့အခ်ိန္မွာ တပ္ကိုႏိုင္ပါေစလို႔ မိုးကုတ္ကလူေတြက ဆုေတာင္းေန တာ"ဟု ၎ကဆိုသည္။

တိုက္ပြဲျဖစ္ပြားခ်ိန္ၾကာျမင့္လာသည္ႏွင့္ အမွ် မိုးကုတ္ၿမိဳ႕တြင္ စားနပ္ရိကၡာရွားပါးမႈတိုးလာ ကာ ကုန္ေဈးႏႈန္း အဆမတန္ႀကီးျမင့္မႈဒဏ္ကို ရင္ဆိုင္ေနရသည့္ၾကားကTNLA ကလည္း ေက်ာက္ တြင္းတူးလိုပါက တစ္တြင္းလွ်င္ အနည္းဆုံးသိန္း (၁၀ဝ)ေပးရမည္ဟု ဆက္ေၾကးေကာက္ေနျပန္ေသးေၾကာင္း ၎ကရွင္းျပသည္။ "ေက်ာက္တြင္းတူးမွာလား တစ္တြင္းကို သိန္း(၁၀ဝ)ေပး၊ (၂၀ဝ)ေပးဆိုၿပီး ဆက္ေၾကး ေကာက္ၿပီးေတာ့ တူးခိုင္းေနတာ။ တူးခိုင္းတဲ့အခါ မိုးကုတ္ၿမိဳ႕ထဲ တစ္ဂါလန္တစ္သိန္းျဖစ္ေနၿပီ။ ဆန္ တစ္အိတ္ ႏွစ္သိန္းဝယ္မရဘူး။ အခုကြၽန္ေတာ္ ေျပာတာသည္ တပ္ဘက္ကလိုက္ေျပာတာမဟုတ္ဘူး။ ဘယ္ဘက္မွမဟုတ္ဘူး။ တကယ္ျဖစ္ေနတာ ေတြကို ေျပာျပတာ"ဟု ၎ကဆိုသည္။

လက္ရွိအေနအထားအရ မိုးကုတ္ၿမိဳ႕သား မ်ား၏အေျခအေနမွာ ဆန္ကြဲကိုပင္စားေနရသည့္ အေနအထားဟု ၎ကဆိုသည္။ "မိုးကုတ္ကလူေတြက ဆန္ကြဲစားေနရတယ္။ ဆန္မစားႏိုင္ေတာ့ဘူး။ မိုးမိတ္က တင္ပို႔တဲ့ဆန္က ေရာက္တာနဲ႔ေပ်ာက္သြားတာ။ ဒါေပမဲ့ အဲဒီကားေတြကလည္း အခုဝင္မရေတာ့ဘူး။ မိုးကုတ္ၿမိဳ႕မွာက လူ (၉ဝဝဝဝ) ေလာက္ရွိ တယ္}ဟု ၎ကဆိုသည္။ မိုးကုတ္ၿမိဳ႕သည္ ရတနာထြက္ေသာေၾကာင့္ ျမန္မာ ႏိုင္ငံ ၏ၿမိဳ႕မ်ားအနက္ အဆီအႏွစ္ရွိ ေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ေငြရလြယ္ေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ သို႔ေသာ္သမိုင္းေၾကာင္းအရ ရွမ္း သို႔မဟုတ္ ဗမာကအုပ္ခ်ဳပ္သည္ကို ၿမိဳ႕ခံမ်ားက လိုလားေသာ္လည္း အျခားမဆိုင္သည့္ေနရာမွ လာေရာက္ အုပ္ခ်ဳပ္ျခင္းကိုမူ ၿမိဳ႕ခံမ်ား လက္မခံႏိုင္ေပ။

'သူလုပ္တဲ့ပုံစံက စာနာစိတ္ ေစတနာထားတာမရွိဘူး။ ေနာက္အေရးႀကီးဆုံးတစ္ခ်က္က ဘာ ေၾကညာလိုက္လဲဆိုေတာ့ နမ့္ဆန္ခ႐ိုင္၊ မိုးကုတ္ၿမိဳ႕ နယ္တဲ့။ ေတာ္ေတာ္႐ိုင္းတဲ့သမိုင္းပဲ။ အရင္တုန္းက ေ႐ႊဘိုခ႐ိုင္ထဲပါတယ္။ ေနာက္ေတာ့ ျပင္ဦးလြင္ခ႐ိုင္ ထဲပါတယ္။ အခု နစကလက္ ထက္မွာက်ေတာ့ သပိတ္က်င္းခ႐ိုင္ထဲပါတယ္။ အခုက နမ့္ဆန္ခ႐ိုင္ မိုးကုတ္ၿမိဳ႕နယ္လုပ္တာ။ ေတာ္ေတာ္ေတာ့ မတန္မရာပဲ။ ကြၽန္ေတာ္ေျပာေနတာေတြက တပ္ကလည္း အတိမ္အနက္ကိုသိဖို႔လိုတယ္'ဟု ၎ကရွင္းျပသည္။

တပ္မေတာ္က ယခုတိုက္ပြဲမျဖစ္ပြားမီအ ခ်ိန္ကပင္ လက္နက္အင္အား၊ လူအင္အား ျဖည့္ထား သည္ကို ၾကားသိရေသာေၾကာင့္ မိုးကုတ္ၿမိဳ႕ကို အလုံးစုံထိန္းခ်ဳပ္ေရးအတြက္TNLA ၏ အိပ္မက္မွာ မလြယ္ေၾကာင္း ၎ကဆိုသည္။ သို႔ေသာ္ စစ္ေၾကာင့္ ျပည္သူမ်ားပိတ္မိေနျခင္းမွာလည္း ေသေဘးႏွင့္ နီး လြန္းလွေပသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ မိုး ကုတ္ၿမိဳ႕ခံမ်ားကပ္ဆိုက္ျခင္းဟု ၎ကဆိုသည္။ "မိုးကုတ္ကလူေတြက ႏွစ္ေပါင္း (၁၀ဝ)အတြင္းမွာ ကပ္ဆိုက္တာပဲ။ ကပ္ဆိုက္ေအာင္လုပ္တဲ့ တရားခံက ပေလာင္ပဲ"ဟု ၎က တိတိက်က်ေျပာသည္။

Related news

© 2021. All rights reserved.