ဆင်ရွာရေတံခွန်တွင် ခြေချော်ကျသည့် သူငယ်ချင်းကိုလိုက်လံဆယ်ယူရာမှ (၉)တန်းကျောင်းသူသေဆုံး

 5307

သန့်ဇင် (NP News) - ဇူလိုင် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဆင်ရွာရေတံခွန်တွင် အတူဓာတ်ပုံရိုက်စဉ် ခြေချော်ကျသည့် သူငယ်ချင်းကိုလိုက်လံဆယ်ယူရာမှ ကျောက်ကြားတွင် ညပ်ကာ (၉)တန်းကျောင်းသူသေဆုံးသွားခဲ့ကြောင်း သုခမေတ္တာအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၁ ရက်)၊ မွန်းလွဲ ၂နာရီ ၁၅မိနစ်အချိန်ခန့်က ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာအနီး၊ ဆင်ရွာရေတံခွန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆုံးသွားတဲ့ အမျိုးသမီးက မနေ့ကရေတံခွန်တစ်ဝက်လောက်မှာဓာတ်ပုံရိုက်တာ။ ဓာတ်ပုံရိုက်ရင်းနဲ့ ပါလာတဲ့သူ့သူငယ်ချင်းက ချေချော်ကျသွားတာကို လက်ကမ်းပေးလိုက်ပြီးဆွဲတင်တာမှာ (၂)ယောက်လုံးမျောသွားတာ။ အဲဒီမှာ ချော်ကျသွားတဲ့မိန်းကလေးကတော့ ရေတံခွန်အောက်ရောက်သွားတယ်။ သူကတော့ အောက်မရောက်ပဲနဲ့ ရေတံခွန်အလယ်က ကျောက်ကြားမှာညပ်နေတော့ ပြန်ထွက်လို့ မရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ အဲဒီမှ လူငယ်တွေကဆယ်ကျပေမယ့် ဆွဲထုတ်လို့မရဘူးဖြစ်သွားတာ”ဟု သုခမေတ္တာအရေးပေါ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံသူအမျိုးသမီးမှာ မုဒုံမြို့နယ်၊ ညောင်ကုန်းကျေး ရွာတွင်နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် (၉)တန်းကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“သူ့သူငယ်ချင်းကတော့ ခေါင်းပဲပေါက်သွားတာ။ မစိုးရိမ်ရပါဘူး။ ဆုံးသွားတဲ့အမျိုးသမီးကိုတော့ မနေ့ကဆယ်ဖို့အဆင်မပြေတာနဲ့ ရေစီးကလည်းသန်နေတာနဲ့ ဒီနေ့မနက်မှ အလောင်းကိုဆယ်လို့ရတာပါ။ မနေ့ကတော့ ညပ်နေတဲ့ကျောက်ကြားထဲကနေ လက်ကလေးတော့ထွက်နေသေးတယ် ဆင်းဆယ်လို့လုံးဝအဆင်မပြေတာနဲ့ မနေ့ကတော့လက်လျှော့လိုက်ရတယ်။ ဒီနေ့မှဆယ်ပြီး အလောင်းရတာပါ။ ဆင်ရွာရေတံခွန်က ဒီနှစ်လူတော်တော်များများလာတယ်။ မနေ့ကဆို လူ(၁၀၀၀)ကျော် လောက်ရှိမယ်။ အရင်ကလည်း ဒီလိုချော်ကျပြီးဆုံးသွားတဲ့ဖြစ်စဉ်ဖြစ်ဖူးတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက မုတ္တမပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဆင္႐ြာေရတံခြန္တြင္ ေျခေခ်ာ္က်သည့္ သူငယ္ခ်င္းကိုလိုက္လံဆယ္ယူရာမွ (၉)တန္းေက်ာင္းသူေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္ရွိ ဆင္႐ြာေရတံခြန္တြင္ အတူဓာတ္ပုံ႐ိုက္စဥ္ ေျခေခ်ာ္က်သည့္ သူငယ္ခ်င္းကိုလိုက္လံဆယ္ယူရာမွ ေက်ာက္ၾကားတြင္ ညပ္ကာ (၉)တန္းေက်ာင္းသူေသဆုံးသြားခဲ့ေၾကာင္း သုခေမတၱာအေရးေပၚလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၂၁ ရက္)၊ မြန္းလြဲ ၂နာရီ ၁၅မိနစ္အခ်ိန္ခန႔္က ေပါင္ၿမိဳ႕နယ္၊ ဆင္႐ြာေက်း႐ြာအနီး၊ ဆင္႐ြာေရတံခြန္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဆုံးသြားတဲ့ အမ်ိဳးသမီးက မေန႔ကေရတံခြန္တစ္ဝက္ေလာက္မွာဓာတ္ပုံ႐ိုက္တာ။ ဓာတ္ပုံ႐ိုက္ရင္းနဲ႔ ပါလာတဲ့သူ႔သူငယ္ခ်င္းက ေခ်ေခ်ာ္က်သြားတာကို လက္ကမ္းေပးလိုက္ၿပီးဆြဲတင္တာမွာ (၂)ေယာက္လုံးေမ်ာသြားတာ။ အဲဒီမွာ ေခ်ာ္က်သြားတဲ့မိန္းကေလးကေတာ့ ေရတံခြန္ေအာက္ေရာက္သြားတယ္။ သူကေတာ့ ေအာက္မေရာက္ပဲနဲ႔ ေရတံခြန္အလယ္က ေက်ာက္ၾကားမွာညပ္ေနေတာ့ ျပန္ထြက္လို႔ မရတဲ့ပုံစံမ်ိဳးျဖစ္သြားတာေပါ့။ အဲဒီမွ လူငယ္ေတြကဆယ္က်ေပမယ့္ ဆြဲထုတ္လို႔မရဘူးျဖစ္သြားတာ”ဟု သုခေမတၱာအေရးေပၚ လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ေသဆုံသူအမ်ိဳးသမီးမွာ မုဒုံၿမိဳ႕နယ္၊ ေညာင္ကုန္းေက်း ႐ြာတြင္ေနထိုင္သည့္ အသက္(၁၄)ႏွစ္အ႐ြယ္ (၉)တန္းေက်ာင္းသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

“သူ႔သူငယ္ခ်င္းကေတာ့ ေခါင္းပဲေပါက္သြားတာ။ မစိုးရိမ္ရပါဘူး။ ဆုံးသြားတဲ့အမ်ိဳးသမီးကိုေတာ့ မေန႔ကဆယ္ဖို႔အဆင္မေျပတာနဲ႔ ေရစီးကလည္းသန္ေနတာနဲ႔ ဒီေန႔မနက္မွ အေလာင္းကိုဆယ္လို႔ရတာပါ။ မေန႔ကေတာ့ ညပ္ေနတဲ့ေက်ာက္ၾကားထဲကေန လက္ကေလးေတာ့ထြက္ေနေသးတယ္ ဆင္းဆယ္လို႔လုံးဝအဆင္မေျပတာနဲ႔ မေန႔ကေတာ့လက္ေလွ်ာ့လိုက္ရတယ္။ ဒီေန႔မွဆယ္ၿပီး အေလာင္းရတာပါ။ ဆင္႐ြာေရတံခြန္က ဒီႏွစ္လူေတာ္ေတာ္မ်ားမ်ားလာတယ္။ မေန႔ကဆို လူ(၁၀၀၀)ေက်ာ္ ေလာက္ရွိမယ္။ အရင္ကလည္း ဒီလိုေခ်ာ္က်ၿပီးဆုံးသြားတဲ့ျဖစ္စဥ္ျဖစ္ဖူးတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို လူမႈကူညီေရးအသင္းမ်ားက မုတၱမျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.