သမ္မတဟောင်း ဒေါ်နယ်ထရမ့်အတွက် အကျိုးအမြတ်ထွက်စေခဲ့သော . . . (ဘာသာပြန်ဆောင်းပါး)
762
ဂျန်ဇက် (NP News) - ဇူလိုင် ၂၂
ဇူလိုင်(၁၃)ရက်နေ့က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဘက်သယ်ပါ့ခ်မြို့ ဆင်ခြေဖုံး အရပ်ဒေသမှာလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံးပွဲ တစ်ခုအတွင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းတဲ့အဖြစ်အပျက်ဟာ ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ သတင်း တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။
ဒီအဖြစ်ပျက်ဟာ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်း (၄၀)ကျော်အတွင်း လက်ရှိသမ္မတ သို့မဟုတ် သမ္မတဟောင်းတစ်ဦးကို ပစ်ခတ်လုပ်ကြံတဲ့ အဖြစ်အပျက်အဖြစ် ပထမဆုံးအကြိမ် ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီ မဲဆွယ်စည်းရုံးပွဲအတွင်း မိန့်ခွန်းပြောဆိုနေချိန် (၆) မိနစ်မှာ ပစ်ခတ် လုပ်ကြံခံရမှုကိုရင်ဆိုင်ခဲ့ရပြီး ညာဘက်နားရွက်အပေါ်ပိုင်းကို ကျည်ဆန်ထိမှန်ခဲ့ကာ အသက် အန္တရာယ် စိုးရိမ်ရတဲ့အခြေနေမျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ အမေရိကန် နိုင်ငံသားတွေကတော့ နိုင်ငံရေး အကြမ်းဖက်မှုတွေကို ဆန့်ကျင့်ပြီးလုပ်ကြံသတ်ဖြတ်မှုတွေကို လက်မခံတဲ့အတွက် လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့် အပေါ် ယခင်ထက်ပိုပြီး သနားဂရုဏာဖြစ်မှုတွေ၊ စာနာမှုတွေ ဖြစ်လာနေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကိုစိန်ခေါ်မယ့် အဓိကပြိုင်ဘက်တစ်ဦးဖြစ်နေရာ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရ အဖွဲ့နဲ့ လုံခြုံရေးတာဝန်ရှိသူတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဖို့ပျက်ကွက် မှုတွေရှိခဲ့တယ်လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒေါ်နယ်ထရမ့်ကို ပစ် ခတ် လုပ်ကြံတဲ့ အသက် (၂၀)အရွယ်ရှိ သေနတ်သမားဖြစ်သူ သောမတ်စ်မက်သယူး ခရွတ်စ်ဆိုသူဟာ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောဆိုတဲ့နေရာကနေ ပေ (၄၀ဝ)ကျော်အကွာရှိ အဆောက်အအုံအပေါ်ကနေ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။
အဲဒီလူငယ် အဆောက်အအုံအပေါ်တက်ရောက်သွားတာကိုတွေ့မြင်သူတွေရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အသိပေးတာတွေရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့နဲ့ အထူးလျှို့ ဝှက်တပ်ဖွဲ့တွေဟာ ပစ်ခတ်မှုမဖြစ်ပွားအောင် ကြို တင် တားဆီးနိုင်ခြင်းမရှိဘဲ လုံခြုံရေး အားနည်းချက်တွေရှိခဲ့တယ်လို့ဆိုကြပါတယ်။ အကြီးတန်း ထောက်လှမ်းရေး အရာရှိတစ်ဦးကတော့ ခရွတ်စ်ကို အစောကတည်းက မသင်္ကာစရာအဖြစ် ရဲတွေက သိထားပြီးသားလို့ CNN ကို ပြောပါတယ်။
မဲဆွယ်စည်းရုံးပွဲကိုတက်ရောက်လာသူတစ်ဦးက “ ခရွတ်စ်ဟာ စစ်ဆေးရေးဂိတ်တစ်ခုအနား မှာ မသင်္ကာစရာအပြုအမူနဲ့ တွေ့ခဲ့တယ်။ အဲဒီအကြောင်းကို အနီးကပ်လုံခြုံရေးအဖွဲ့ဆီ အကြောင်း ကြားခဲ့တယ်” လို့ပြောပါတယ်။ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဟောင်း တစ်ယောက်ကတော့ လျှို့ဝှက်လုံခြုံရေးအဖွဲ့မှာ လူအင်အားနည်းပါးနေတဲ့အတွက် ဇူလိုင် (၁၃) ရက်နေ့ ပြုလုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲလိုပွဲမျိုးကို အသေအချာလုံခြုံရေးယူနိုင်အောင် ဒေသခံ ရဲတွေကိုလည်း လေ့ကျင့်ပေးတာမျိုးလုပ်နိုင်ခဲ့ပုံ မရဘူးလို့ ဝေဖန်ထောက်ပြပါတယ်။
ဒေါ်နယ်ထရမ့်ကိုပစ်ခတ်လုပ်ကြံတဲ့ သေနတ်သမားဟာ လုံခြုံရေးအဖွဲ့ထဲက လက်ဖြောင့်တပ် သားက ပစ်ခတ်လို့သေဆုံးသွားခဲ့ရပေမယ့် ဒီဖြစ်စဉ် ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာကို အမေရိကန်ဖက် ဒရယ်ထောက် လှမ်းရေးအဖွဲ့(FBI)က အတိအကျမသိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံခံရမှုဖြစ်စဉ်ဟာ ကမ္ဘာမှာ လုံခြုံရေးစနစ်ကောင်းမွန်တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအဖွဲ့တွေဟာ ကြိုတင်လက်ဦးမှုမရယူနိုင်တဲ့အခြေအနေကို လှစ်ဟပြသလိုမျိုးဖြစ်ခဲ့ရပါတယ်။ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံခဲ့တဲ့ အသက် (၂၀)အရွယ်ရှိ ခရွတ်စ် ဟာ ပန်ဆေဗေးနီးယားပြည်နယ် ဘတ်တလာမြို့မှာနေထိုင်တဲ့လူငယ်တစ်ဦးဖြစ်ပြီး အေအာရ်-၁၅ အမျိုး အစား ဆမီအော်တို မောင်းပြန်ရိုင်ဖယ်နဲ့ပစ်ခတ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပါတယ်။ အဲဒီပစ်ခတ်မှုကြောင့်ပဲ ပရိသတ်ထဲက လူတစ်ဦး သေဆုံးပြီး နောက်ထပ်လူနှစ်ဦးလည်း စိုးရိမ်ဒဏ် ရာတွေရခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံခဲ့တဲ့မက်သယူးခရွတ်စ်ဆိုသူဟာ ပြည် နယ်အတွင်းမှာ မှုခင်းရာဇဝတ်မှုကျူးလွန်တတ်တဲ့ လူငယ်မျိုးမဟုတ်ဘဲ အနေအေးတဲ့လူငယ်တစ်ဦးဖြစ် ရာ ဒေါ်နယ်ထရမ့် ဘာကြောင့်လုပ်ကြံပစ်ခတ်ခဲ့ရသလဲဆိုတာကို ဒေသခံတွေကြားမှာလည်း စိတ်ဝင်စား မှုမြင့်တက်နေပါတယ်။
လက်ရှိအချိန်မှာ လုပ်ကြံဖို့ကြိုးပမ်းခဲ့တဲ့ လူငယ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အတွက် ၎င်းဟာ ဘာကြောင့် ဒေါ်နယ် ထရမ့်ကို လုပ်ကြံခဲ့ရသလဲဆိုတာကို အတိအကျ မသိ သေးဘူးလို့ အမေရိကန် ပြည်တွင်းထောက်လှမ်းရေး အဖွဲ့(FBI) က ပြောပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) ကတော့ ခရွတ်စ်ဟာ “သမ္မတဟောင်းကိုလုပ်ကြံဖို့ ကြိုးပမ်းမှုမှာ ပါဝင်သူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်ပြီးပြုလုပ်နေတယ်။ အဲဒီလူငယ်ဟာ အခုလိုပြု လုပ်ဖို့ စေ့ဆော်စေတဲ့အကြောင်းရင်းနဲ့ တခြားလူ ပါဝင်မှုရှိ မရှိကို စုံစမ်းနေပါတယ်။ ဒီလို နောက်ကွယ် ကအကြောင်းရင်းကို စုံစမ်းတာကလည်း လနဲ့ချီကြာ မြင့်နိုင်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ ခရွတ်စ် အခုလို ပြုလုပ်စေခဲ့တဲ့နောက်ကွယ်ကအကြောင်းရင်းကိုသိနိုင်အောင် မနားတမ်းလုပ် ဆောင်သွားမယ်”လို့ ပြောပါတယ်။
အမေရိကန်ပြည်တွင်းထောက်လှမ်းရေး နဲ့လုံခြုံရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေ၊ ဖြေဆိုချက် တွေဟာ တိကျမှု၊ ရေရာမှုမရှိဘဲဖြစ်နေရာ ရီပတ်ဘလီကန်ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင် များအပြင် အမေရိကန်ပြည်သူတွေဟာ အမေရိကန် လုံခြုံရေးအဖွဲ့တွေကို ဝေဖန်ပြစ်တင်မှု အရှိန်မြင့် တက် လာနေပါတယ်။ တခြားတစ်ဖက်မှာတော့ ရီပတ်ဘလီကန် ပါတီကိုအားပေးသူတွေရော ထောက်ခံသူတွေ ပါအပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် သနားကရုဏာဖြစ်ရမှုတွေ၊ ကိုယ်ချင်းစာနာမှုတွေ ပိုမို ဖြစ်လာနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း (၁၀ဝ) ကျော်သာလိုတော့ချိန်မှာဖြစ်ပွား တဲ့ ဒီပစ်ခတ်လုပ်ကြံမှုဟာ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကိုအနိုင်ရအောင် အကျိုးကျေးဇူးတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခေါင်းဆောင်တွေကလည်း သမ္မတဟောင်း ဒေါ်နယ် ထရမ့်အပေါ် ပစ်ခတ်လုပ်ကြံခဲ့တဲ့အဖြစ်အပျက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို အားပေးစကားအသီးသီးပြောဆိုကာ ဝန်းရံပေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်ခဲ့ပြီးနောက်ပိုင်း သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ဖိအားပေး မှုအမျိုးမျိုးရင်ဆိုင်ခဲ့ရပြီး ရွေးကောက်ပွဲတောင် ပါဝင် ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ သံသယဖြစ် ပွားမှုတွေရှိခဲ့ဖူး ပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ အမေရိ ကန်သမ္မတရွေး ကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိ ကန်အစိုးရအဖွဲ့ရဲ့ ဖိအားတွေ၊ စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ်နယ် ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီ ရဲ့သမ္မတလောင်းဖြစ်သလို လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲမလုပ်ခင် အချိန်အထိ အမေရိကန်အစိုးရရဲ့ စွဲချက်ပေါင်း အနည်းဆုံး (၃၁)ခုရင်ဆိုင် ခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲအပြီးမှာတော့ ဒေါ်နယ်ထရမ့် အတွက် ကံကောင်းခြင်းတွေ တစ်ခုပြီးတစ်ခုဖြစ်လာခဲ့ ပြီး ၎င်းအပေါ်စွဲဆိုထားတဲ့စွဲချက်တွေကို တရားရုံးတချို့က ပြန်လည်ပယ်ဖျက်ပေးခဲ့တာတွေရှိခဲ့ပါတယ်။
ဒါ့ပြင် ဇူလိုင် (၁၃)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲအတွင်းပစ်ခတ်လုပ်ကြံခံရမှုဟာ ဒေါ် နယ်ထရမ့်အတွက် ကြီးမားတဲ့အကျိုးအမြတ်များစွာ ရရှိစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ(၄)ရက်နေ့မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်း ဖြစ်သလို လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေချိန်မှာ ဂျိုးဘိုင်ဒန် ဟာ လက်ရှိသမ္မတဆိုတဲ့ လုပ်ပိုင်ခွင့်တွေ ကိုအသုံးပြုပြီး ပြိုင်ဘက်ဒေါ်နယ်ထရမ့် ကိုဖိအားပေး နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အသက်(၈၁)နှစ်အ ရွယ်ရှိ ဂျိုးဘိုင်ဒန်ဟာ မကြာသေးမီကကျင်းပခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုမရှိတဲ့အတွက် ဂျိုးဘိုင်ဒန်ရဲ့အသက် အရွယ်နဲ့အတူ စိတ်ပိုင်းဆိုင်ရာအခြေနေတွေနဲ့ ကျန်း မာကြံ့ခိုင်မှုပိုင်းတွေကို မေးခွန်းထုတ်မှုတွေမြင့်တက်လာခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီတာဝန်ရှိသူတွေအပြင် ဒီမိုကရက်တစ်ပါတီကို ငွေကြေးကူညီပေးနေသူ တွေကိုယ်တိုင်က ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းစာရင်းက ပယ်ဖျက်ဖို့ ဖိအားပေးတောင်းဆိုတာတွေရှိ ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်အတွက် ဖိအားတွေ၊ စိန်ခေါ်မှုတွေ ရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံ ဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ်ဟာ ဂျိုးဘိုင်ဒန်အတွက် ဖိအားတွေ ထပ်မံဖြစ်လာစေခဲ့ပေမယ့် ဒေါ်နယ်ထရမ့် အတွက်တော့ နိုဝင်ဘာ(၄)ရက်နေ့အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် တစ်ကျော့ပြန် ရွေးကောက်ခံရဖို့ ကြီးမားတဲ့အကျိုးကျေးဇူးတွေဖြစ်စေခဲ့တယ်လို့ သုံးသပ်တင်ပြ လိုက်ပါတယ်။
zawgyi version
သမၼတေဟာင္း ေဒၚနယ္ထရမ့္အတြက္ အက်ိဳးအျမတ္ထြက္ေစခဲ့ေသာ . . . (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂
ဇူလိုင္(၁၃)ရက္ေန႔က အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္ ဘက္သယ္ပါ့ခ္ၿမိဳ႕ ဆင္ေျခဖုံး အရပ္ေဒသမွာလုပ္ခဲ့တဲ့ မဲဆြယ္ စည္း႐ုံးပြဲ တစ္ခုအတြင္း အေမရိကန္သမၼတေဟာင္း ေဒၚနယ္ ထရမ့္ကို ပစ္ခတ္လုပ္ႀကံဖို႔ ႀကိဳးပမ္းတဲ့အျဖစ္အပ်က္ဟာ ကမာၻတစ္ဝန္း စိတ္ဝင္စားမႈျမင့္တက္ေစခဲ့တဲ့ သတင္း တစ္ပုဒ္ျဖစ္ခဲ့ရပါတယ္။
ဒီအျဖစ္ပ်က္ဟာ အေမရိကန္ႏိုင္ငံမွာ ႏွစ္ေပါင္း (၄၀)ေက်ာ္အတြင္း လက္ရွိသမၼတ သို႔မဟုတ္ သမၼတေဟာင္းတစ္ဦးကို ပစ္ခတ္လုပ္ႀကံတဲ့ အျဖစ္အပ်က္အျဖစ္ ပထမဆုံးအႀကိမ္ ထပ္မံျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အဲဒီ မဲဆြယ္စည္း႐ုံးပြဲအတြင္း မိန႔္ခြန္းေျပာဆိုေနခ်ိန္ (၆) မိနစ္မွာ ပစ္ခတ္ လုပ္ႀကံခံရမႈကိုရင္ဆိုင္ခဲ့ရၿပီး ညာဘက္နား႐ြက္အေပၚပိုင္းကို က်ည္ဆန္ထိမွန္ခဲ့ကာ အသက္ အႏၲရာယ္ စိုးရိမ္ရတဲ့အေျခေနမ်ိဳးမရွိခဲ့ဘူး။ ဒါေပမဲ့ အေမရိကန္ ႏိုင္ငံသားေတြကေတာ့ ႏိုင္ငံေရး အၾကမ္းဖက္မႈေတြကို ဆန႔္က်င့္ၿပီးလုပ္ႀကံသတ္ျဖတ္မႈေတြကို လက္မခံတဲ့အတြက္ လက္ရွိအခ်ိန္မွာ ေဒၚနယ္ထရမ့္ အေပၚ ယခင္ထက္ပိုၿပီး သနားဂ႐ုဏာျဖစ္မႈေတြ၊ စာနာမႈေတြ ျဖစ္လာေနပါတယ္။
ေဒၚနယ္ထရမ့္ဟာ ႏိုဝင္ဘာလအတြင္းက်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္ကိုစိန္ေခၚမယ့္ အဓိကၿပိဳင္ဘက္တစ္ဦးျဖစ္ေနရာ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အေမရိကန္အစိုးရ အဖြဲ႕နဲ႔ လုံၿခဳံေရးတာဝန္ရွိသူေတြဟာ ေဒၚနယ္ထရမ့္ရဲ႕ လုံၿခဳံေရးကို အျပည့္အဝ တာဝန္ယူဖို႔ပ်က္ကြက္ မႈေတြရွိခဲ့တယ္လို႔ ျပင္းထန္တဲ့ေဝဖန္မႈေတြျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေဒၚနယ္ထရမ့္ကို ပစ္ ခတ္ လုပ္ႀကံတဲ့ အသက္ (၂၀)အ႐ြယ္ရွိ ေသနတ္သမားျဖစ္သူ ေသာမတ္စ္မက္သယူး ခ႐ြတ္စ္ဆိုသူဟာ ေဒၚနယ္ထရမ့္ မိန႔္ခြန္းေျပာဆိုတဲ့ေနရာကေန ေပ (၄၀ဝ)ေက်ာ္အကြာရွိ အေဆာက္အအုံအေပၚကေန ပစ္ခတ္လုပ္ႀကံခဲ့တာျဖစ္ပါတယ္။
အဲဒီလူငယ္ အေဆာက္အအုံအေပၚတက္ေရာက္သြားတာကိုေတြ႕ျမင္သူေတြရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ထံ အသိေပးတာေတြရွိခဲ့ေပမယ့္ ရဲတပ္ဖြဲ႕နဲ႔ အထူးလွ်ိဳ႕ ဝွက္တပ္ဖြဲ႕ေတြဟာ ပစ္ခတ္မႈမျဖစ္ပြားေအာင္ ႀကိဳ တင္ တားဆီးႏိုင္ျခင္းမရွိဘဲ လုံၿခဳံေရး အားနည္းခ်က္ေတြရွိခဲ့တယ္လို႔ဆိုၾကပါတယ္။ အႀကီးတန္း ေထာက္လွမ္းေရး အရာရွိတစ္ဦးကေတာ့ ခ႐ြတ္စ္ကို အေစာကတည္းက မသကၤာစရာအျဖစ္ ရဲေတြက သိထားၿပီးသားလို႔ CNN ကို ေျပာပါတယ္။
မဲဆြယ္စည္း႐ုံးပြဲကိုတက္ေရာက္လာသူတစ္ဦးက “ ခ႐ြတ္စ္ဟာ စစ္ေဆးေရးဂိတ္တစ္ခုအနား မွာ မသကၤာစရာအျပဳအမူနဲ႔ ေတြ႕ခဲ့တယ္။ အဲဒီအေၾကာင္းကို အနီးကပ္လုံၿခဳံေရးအဖြဲ႕ဆီ အေၾကာင္း ၾကားခဲ့တယ္” လို႔ေျပာပါတယ္။ ေအာက္လႊတ္ေတာ္ ႀကီးၾကပ္ေရးေကာ္မတီရဲ႕ ဥကၠ႒ေဟာင္း တစ္ေယာက္ကေတာ့ လွ်ိဳ႕ဝွက္လုံၿခဳံေရးအဖြဲ႕မွာ လူအင္အားနည္းပါးေနတဲ့အတြက္ ဇူလိုင္ (၁၃) ရက္ေန႔ ျပဳလုပ္ခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕ မဲဆြယ္စည္း႐ုံးေရးပြဲလိုပြဲမ်ိဳးကို အေသအခ်ာလုံၿခဳံေရးယူႏိုင္ေအာင္ ေဒသခံ ရဲေတြကိုလည္း ေလ့က်င့္ေပးတာမ်ိဳးလုပ္ႏိုင္ခဲ့ပုံ မရဘူးလို႔ ေဝဖန္ေထာက္ျပပါတယ္။
ေဒၚနယ္ထရမ့္ကိုပစ္ခတ္လုပ္ႀကံတဲ့ ေသနတ္သမားဟာ လုံၿခဳံေရးအဖြဲ႕ထဲက လက္ေျဖာင့္တပ္ သားက ပစ္ခတ္လို႔ေသဆုံးသြားခဲ့ရေပမယ့္ ဒီျဖစ္စဥ္ ဘာေၾကာင့္ျဖစ္ခဲ့ရသလဲဆိုတာကို အေမရိကန္ဖက္ ဒရယ္ေထာက္ လွမ္းေရးအဖြဲ႕(FBI)က အတိအက်မသိေသးဘဲ စုံစမ္းစစ္ေဆးေနဆဲသာျဖစ္တယ္လို႔ တုံ႔ျပန္ထားပါတယ္။ ေဒၚနယ္ထရမ့္ကို ပစ္ခတ္လုပ္ႀကံခံရမႈျဖစ္စဥ္ဟာ ကမာၻမွာ လုံၿခဳံေရးစနစ္ေကာင္းမြန္တယ္ဆိုတဲ့ အေမရိကန္ႏိုင္ငံရဲ႕ လုံၿခဳံေရးအဖြဲ႕ေတြဟာ ႀကိဳတင္လက္ဦးမႈမရယူႏိုင္တဲ့အေျခအေနကို လွစ္ဟျပသလိုမ်ိဳးျဖစ္ခဲ့ရပါတယ္။ ေဒၚနယ္ထရမ့္ကို ပစ္ခတ္လုပ္ႀကံခဲ့တဲ့ အသက္ (၂၀)အ႐ြယ္ရွိ ခ႐ြတ္စ္ ဟာ ပန္ေဆေဗးနီးယားျပည္နယ္ ဘတ္တလာၿမိဳ႕မွာေနထိုင္တဲ့လူငယ္တစ္ဦးျဖစ္ၿပီး ေအအာရ္-၁၅ အမ်ိဳး အစား ဆမီေအာ္တို ေမာင္းျပန္႐ိုင္ဖယ္နဲ႔ပစ္ခတ္ခဲ့တာလို႔ စုံစမ္းစစ္ေဆးသူေတြက ယူဆထားပါတယ္။ အဲဒီပစ္ခတ္မႈေၾကာင့္ပဲ ပရိသတ္ထဲက လူတစ္ဦး ေသဆုံးၿပီး ေနာက္ထပ္လူႏွစ္ဦးလည္း စိုးရိမ္ဒဏ္ ရာေတြရခဲ့ပါတယ္။ ဒီျဖစ္စဥ္မွာ ေဒၚနယ္ထရမ့္ကို ပစ္ခတ္လုပ္ႀကံခဲ့တဲ့မက္သယူးခ႐ြတ္စ္ဆိုသူဟာ ျပည္ နယ္အတြင္းမွာ မႈခင္းရာဇဝတ္မႈက်ဴးလြန္တတ္တဲ့ လူငယ္မ်ိဳးမဟုတ္ဘဲ အေနေအးတဲ့လူငယ္တစ္ဦးျဖစ္ ရာ ေဒၚနယ္ထရမ့္ ဘာေၾကာင့္လုပ္ႀကံပစ္ခတ္ခဲ့ရသလဲဆိုတာကို ေဒသခံေတြၾကားမွာလည္း စိတ္ဝင္စား မႈျမင့္တက္ေနပါတယ္။
လက္ရွိအခ်ိန္မွာ လုပ္ႀကံဖို႔ႀကိဳးပမ္းခဲ့တဲ့ လူငယ္ဟာ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရတဲ့အတြက္ ၎ဟာ ဘာေၾကာင့္ ေဒၚနယ္ ထရမ့္ကို လုပ္ႀကံခဲ့ရသလဲဆိုတာကို အတိအက် မသိ ေသးဘူးလို႔ အေမရိကန္ ျပည္တြင္းေထာက္လွမ္းေရး အဖြဲ႕(FBI) က ေျပာပါတယ္။
အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ (FBI) ကေတာ့ ခ႐ြတ္စ္ဟာ “သမၼတေဟာင္းကိုလုပ္ႀကံဖို႔ ႀကိဳးပမ္းမႈမွာ ပါဝင္သူျဖစ္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္ၿပီးျပဳလုပ္ေနတယ္။ အဲဒီလူငယ္ဟာ အခုလိုျပဳ လုပ္ဖို႔ ေစ့ေဆာ္ေစတဲ့အေၾကာင္းရင္းနဲ႔ တျခားလူ ပါဝင္မႈရွိ မရွိကို စုံစမ္းေနပါတယ္။ ဒီလို ေနာက္ကြယ္ ကအေၾကာင္းရင္းကို စုံစမ္းတာကလည္း လနဲ႔ခ်ီၾကာ ျမင့္ႏိုင္ၿပီး စုံစမ္းစစ္ေဆးသူေတြဟာ ခ႐ြတ္စ္ အခုလို ျပဳလုပ္ေစခဲ့တဲ့ေနာက္ကြယ္ကအေၾကာင္းရင္းကိုသိႏိုင္ေအာင္ မနားတမ္းလုပ္ ေဆာင္သြားမယ္”လို႔ ေျပာပါတယ္။
အေမရိကန္ျပည္တြင္းေထာက္လွမ္းေရး နဲ႔လုံၿခဳံေရးအဖြဲ႕ေတြရဲ႕ ေျပာဆိုခ်က္ေတြ၊ ေျဖဆိုခ်က္ ေတြဟာ တိက်မႈ၊ ေရရာမႈမရွိဘဲျဖစ္ေနရာ ရီပတ္ဘလီကန္ပါတီလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီဝင္ မ်ားအျပင္ အေမရိကန္ျပည္သူေတြဟာ အေမရိကန္ လုံၿခဳံေရးအဖြဲ႕ေတြကို ေဝဖန္ျပစ္တင္မႈ အရွိန္ျမင့္ တက္ လာေနပါတယ္။ တျခားတစ္ဖက္မွာေတာ့ ရီပတ္ဘလီကန္ ပါတီကိုအားေပးသူေတြေရာ ေထာက္ခံသူေတြ ပါအျပင္ ကမာၻတစ္ဝန္းရွိ ႏိုင္ငံ့ေခါင္းေဆာင္ေတြဟာ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္အေပၚ သနားက႐ုဏာျဖစ္ရမႈေတြ၊ ကိုယ္ခ်င္းစာနာမႈေတြ ပိုမို ျဖစ္လာေနပါတယ္။
အေမရိကန္သမၼတေ႐ြးေကာက္ပြဲက်င္းပဖို႔ ရက္ေပါင္း (၁၀ဝ) ေက်ာ္သာလိုေတာ့ခ်ိန္မွာျဖစ္ပြား တဲ့ ဒီပစ္ခတ္လုပ္ႀကံမႈဟာ သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ကိုအႏိုင္ရေအာင္ အက်ိဳးေက်းဇူးေတြ ျဖစ္လာဖြယ္ရွိေနပါတယ္။ ကမာၻတစ္ဝန္းရွိ ႏိုင္ငံေခါင္းေဆာင္ေတြကလည္း သမၼတေဟာင္း ေဒၚနယ္ ထရမ့္အေပၚ ပစ္ခတ္လုပ္ႀကံခဲ့တဲ့အျဖစ္အပ်က္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး သမၼတေဟာင္းေဒၚနယ္ထရမ့္ကို အားေပးစကားအသီးသီးေျပာဆိုကာ ဝန္းရံေပးခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ဖို႔စီစဥ္ခဲ့ၿပီးေနာက္ပိုင္း သမၼတ ဂ်ိဳးဘိုင္ဒန္ နဲ႔ ၿပိဳင္ဘက္ ဒီမိုကရက္တစ္ပါတီဝင္ေတြရဲ႕ ဖိအားေပး မႈအမ်ိဳးမ်ိဳးရင္ဆိုင္ခဲ့ရၿပီး ေ႐ြးေကာက္ပြဲေတာင္ ပါဝင္ ယွဥ္ၿပိဳင္ႏိုင္ပါ့မလားဆိုတာ သံသယျဖစ္ ပြားမႈေတြရွိခဲ့ဖူး ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ ေဒၚနယ္ထရမ့္ဟာ အေမရိ ကန္သမၼတေ႐ြး ေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔စီစဥ္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ဦးေဆာင္တဲ့ အေမရိ ကန္အစိုးရအဖြဲ႕ရဲ႕ ဖိအားေတြ၊ စြဲခ်က္ေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ေဒၚနယ္ ထရမ့္ဟာ ဒီမိုကရက္တစ္ပါတီ ရဲ႕သမၼတေလာင္းျဖစ္သလို လက္ရွိ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ စကားစစ္ထိုးပြဲမလုပ္ခင္ အခ်ိန္အထိ အေမရိကန္အစိုးရရဲ႕ စြဲခ်က္ေပါင္း အနည္းဆုံး (၃၁)ခုရင္ဆိုင္ ခဲ့ရပါတယ္။ ဒါေပမဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ စကားစစ္ထိုးပြဲအၿပီးမွာေတာ့ ေဒၚနယ္ထရမ့္ အတြက္ ကံေကာင္းျခင္းေတြ တစ္ခုၿပီးတစ္ခုျဖစ္လာခဲ့ ၿပီး ၎အေပၚစြဲဆိုထားတဲ့စြဲခ်က္ေတြကို တရား႐ုံးတခ်ိဳ႕က ျပန္လည္ပယ္ဖ်က္ေပးခဲ့တာေတြရွိခဲ့ပါတယ္။
ဒါ့ျပင္ ဇူလိုင္ (၁၃)ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ မဲဆြယ္စည္း႐ုံးပြဲအတြင္းပစ္ခတ္လုပ္ႀကံခံရမႈဟာ ေဒၚ နယ္ထရမ့္အတြက္ ႀကီးမားတဲ့အက်ိဳးအျမတ္မ်ားစြာ ရရွိေစခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ႏိုဝင္ဘာ(၄)ရက္ေန႔မွာက်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲအတြင္း ဒီမိုကရက္တစ္ပါတီရဲ႕သမၼတေလာင္း ျဖစ္သလို လက္ရွိအေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖြယ္ရွိေနခ်ိန္မွာ ဂ်ိဳးဘိုင္ဒန္ ဟာ လက္ရွိသမၼတဆိုတဲ့ လုပ္ပိုင္ခြင့္ေတြ ကိုအသုံးျပဳၿပီး ၿပိဳင္ဘက္ေဒၚနယ္ထရမ့္ ကိုဖိအားေပး ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမဲ့ အသက္(၈၁)ႏွစ္အ ႐ြယ္ရွိ ဂ်ိဳးဘိုင္ဒန္ဟာ မၾကာေသးမီကက်င္းပခဲ့တဲ့ ေဒၚနယ္ထရမ့္နဲ႔ စကားစစ္ထိုးပြဲမွာ စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္မႈမရွိတဲ့အတြက္ ဂ်ိဳးဘိုင္ဒန္ရဲ႕အသက္ အ႐ြယ္နဲ႔အတူ စိတ္ပိုင္းဆိုင္ရာအေျခေနေတြနဲ႔ က်န္း မာႀကံ့ခိုင္မႈပိုင္းေတြကို ေမးခြန္းထုတ္မႈေတြျမင့္တက္လာခဲ့ပါတယ္။
ဒီမိုကရက္တစ္ပါတီတာဝန္ရွိသူေတြအျပင္ ဒီမိုကရက္တစ္ပါတီကို ေငြေၾကးကူညီေပးေနသူ ေတြကိုယ္တိုင္က ဂ်ိဳးဘိုင္ဒန္ကို သမၼတေလာင္းစာရင္းက ပယ္ဖ်က္ဖို႔ ဖိအားေပးေတာင္းဆိုတာေတြရွိ ခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္အတြက္ ဖိအားေတြ၊ စိန္ေခၚမႈေတြ ရွိေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ကို ပစ္ခတ္လုပ္ႀကံ ဖို႔ ႀကိဳးပမ္းတဲ့ျဖစ္စဥ္ဟာ ဂ်ိဳးဘိုင္ဒန္အတြက္ ဖိအားေတြ ထပ္မံျဖစ္လာေစခဲ့ေပမယ့္ ေဒၚနယ္ထရမ့္ အတြက္ေတာ့ ႏိုဝင္ဘာ(၄)ရက္ေန႔အတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ သမၼတေလာင္းအျဖစ္ တစ္ေက်ာ့ျပန္ ေ႐ြးေကာက္ခံရဖို႔ ႀကီးမားတဲ့အက်ိဳးေက်းဇူးေတြျဖစ္ေစခဲ့တယ္လို႔ သုံးသပ္တင္ျပ လိုက္ပါတယ္။