လသာ ၁၉ လမ်းရှိ Black House Bar တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရ

 11198

သန့်ဇင် (NP News) - ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ တရုတ်တန်း(၁၉)လမ်းရှိ Black House Bar တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူ(၃)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇူလိုင်လ ၂၁ ရက်)၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် လသာမြို့နယ်၊ တရုတ်တန်း ၁၉ လမ်းရှိ Black House Bar တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါ Bar အတွင်းရှိ လူ(၃)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ပစ္စည်းတချို့သည်လည်း ထိခိုက်ပျက်စီးမှုများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးခွဲမှုနှင့် ပတ်သက်၍ Urban Special Ranger Force ဟုအမည်ပေးထားသော PDF အဖွဲ့ကလည်း ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်၊ ည ၉ နာရီခွဲအချိန်ခန့်ကလည်း မရမ်းကုန်းမြို့နယ်ရှိ Honey Nest DJ Bar ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
လသာ ၁၉ လမ္းရွိ Black House Bar တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားကာ လူ(၃)ဦးထိခိုက္ဒဏ္ရာရ

သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂

ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္၊ တ႐ုတ္တန္း(၁၉)လမ္းရွိ Black House Bar တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားကာ လူ(၃)ဦးထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၂၁ ရက္)၊ ည ၁၀ နာရီခြဲအခ်ိန္ခန႔္တြင္ လသာၿမိဳ႕နယ္၊ တ႐ုတ္တန္း ၁၉ လမ္းရွိ Black House Bar တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ ဗုံးေပါက္ကြဲမႈေၾကာင့္ အဆိုပါ Bar အတြင္းရွိ လူ(၃)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ ပစၥည္းတခ်ိဳ႕သည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဗုံးခြဲမႈႏွင့္ ပက္သက္၍ Urban Special Ranger Force ဟုအမည္ေပးထားေသာ PDF အဖြဲ႕ကလည္း ၎တို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံထုတ္ျပန္ထားသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကိုလည္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလ ၁၃ ရက္၊ ည ၉ နာရီခြဲအခ်ိန္ခန႔္ကလည္း မရမ္းကုန္းၿမိဳ႕နယ္ရွိ Honey Nest DJ Bar ေရွ႕တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.