အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရာထူးနေရာ (၁၀၀)ကျော် လိုအပ်နေ
3684
စော (NP News) - ဇူလိုင် ၂၂
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရာထူးနေရာ (၁၀၀)ကျော် လိုအပ်နေကြောင်း FDA Myanmarက ယနေ့ (ဇူလိုင်လ ၂၂ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါဌာနက တိုင်းဒေသကြီး/ပြည်နယ် ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရာထူးနေရာ (၁၀၅) ဦးခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရာထူးနေရာ (၁၀၅)ဦးအနက် ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၂)(ဆေးဝါး)/ ဒု-ကြီးကြပ်ရေးမှူး(ဆေးဝါး)ရာထူးအတွက် (၂၀)ဦး၊ ဒု-ကြီးကြပ်ရေးမှူး(အစားအသောက်)ရာထူးအတွက် (၁၅)ဦး၊ ဓာတ်ခန်းခွဲကျွမ်းကျင်(၂)ရာထူးအတွက် (၁၀)ဦးနှင့် ဓာတ်ခန်းခွဲကျွမ်းကျင် (၄)ရာထူးအတွက် (၂၀)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယာဉ်မောင်း(၅)ရာထူးအတွက် (၁၀)ဦး၊ ရုံးအကူရာထူးအတွက် (၁၀)ဦး၊ လုပ်သား(ဓာတ်ခွဲ)ရာထူးအတွက် (၁၀)ဦး၊ သန့်ရှင်းရေးအကူရာထူးအတွက် (၅)ဦးနှင့် လုပ်သား(အစောင့်) ရာထူးအတွက် (၅)ဦးတို့ကိုလည်း ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ဩဂုတ်လ ၂၃ရက်နေ့ ညနေ (၄)နာရီခွဲ နောက်ဆုံးထား၍ နေပြည်တော်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပိတ်ရက်တွင် အသက် (၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လျှောက်ထားသူများအနက် စာမေးပွဲဖြေဆိုရမည့်သူစာရင်းနှင့် ဖြေဆိုရမည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို နေပြည်တော်အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၊ Food and Drug Administration၊ Facebook နှင့် FDA Website- www.fda.gov.mmတို့တွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ရာထူးေနရာ (၁၀၀)ေက်ာ္ လိုအပ္ေန
ေစာ (NP News) - ဇူလိုင္ ၂၂
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ရာထူးေနရာ (၁၀၀)ေက်ာ္ လိုအပ္ေနေၾကာင္း FDA Myanmarက ယေန႔ (ဇူလိုင္လ ၂၂ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါဌာနက တိုင္းေဒသႀကီး/ျပည္နယ္ ၊ ခ႐ိုင္အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ရာထူးေနရာ (၁၀၅) ဦးေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါရာထူးေနရာ (၁၀၅)ဦးအနက္ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ (၂)(ေဆးဝါး)/ ဒု-ႀကီးၾကပ္ေရးမႉး(ေဆးဝါး)ရာထူးအတြက္ (၂၀)ဦး၊ ဒု-ႀကီးၾကပ္ေရးမႉး(အစားအေသာက္)ရာထူးအတြက္ (၁၅)ဦး၊ ဓာတ္ခန္းခြဲကြၽမ္းက်င္(၂)ရာထူးအတြက္ (၁၀)ဦးႏွင့္ ဓာတ္ခန္းခြဲကြၽမ္းက်င္ (၄)ရာထူးအတြက္ (၂၀)ဦးတို႔ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယာဥ္ေမာင္း(၅)ရာထူးအတြက္ (၁၀)ဦး၊ ႐ုံးအကူရာထူးအတြက္ (၁၀)ဦး၊ လုပ္သား(ဓာတ္ခြဲ)ရာထူးအတြက္ (၁၀)ဦး၊ သန႔္ရွင္းေရးအကူရာထူးအတြက္ (၅)ဦးႏွင့္ လုပ္သား(အေစာင့္) ရာထူးအတြက္ (၅)ဦးတို႔ကိုလည္း ထပ္မံေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာမ်ားကို ဩဂုတ္လ ၂၃ရက္ေန႔ ညေန (၄)နာရီခြဲ ေနာက္ဆုံးထား၍ ေနျပည္ေတာ္၊ ေဇယ်သိဒၶိရပ္ကြက္၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္သို႔ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာပိတ္ရက္တြင္ အသက္ (၃၀)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ေလွ်ာက္ထားသူမ်ားအနက္ စာေမးပြဲေျဖဆိုရမည့္သူစာရင္းႏွင့္ ေျဖဆိုရမည့္ေန႔ရက္၊ အခ်ိန္၊ ေနရာတို႔ကို ေနျပည္ေတာ္အစားအသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန႐ုံး၊ Food and Drug Administration၊ Facebook ႏွင့္ FDA Website- www.fda.gov.mmတို႔တြင္ ေၾကညာထားမည္ျဖစ္ေၾကာင္း သိရသည္။