စင်ကာပူ အမျိုးသားဘတ်စကက်ဘော ကစားသမားဟောင်း အရက်သောက်ပြီး ကားမောင်းလို့ထောင်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခံခဲ့ရ

 210

ရောင်နီ (NP News) - ဇူလိုင် ၂၄

စင်္ကာပူအမျိုးသား ဘတ်စကက်ဘော ကစားသမားဟောင်း တာ့ဟ်ချင်ဟောင်(အသက် ၂၉ နှစ်) ဟာ အရက် သောက်ပြီး ကားမောင်းရင်း ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းကြောင့် ထောင်ဒဏ်ငါးရက်နဲ့ ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ချမှတ်ခံရ တယ်လို့ သိရပါတယ်။

တာ့ဟ်ရဲ့ရှေ့နေက “နိုင်ငံတော်အဆင့် ကစားသမားဟောင်း" ဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်သွင်းစဉ်းစားဖို့ တရားသူကြီး ကို တောင်းဆိုခဲ့ပေမယ့် ထောင်ဒဏ်ကနေ မလွတ်မြောက်ခဲ့ပါဘူးလို့ ဆိုပါတယ်။ သူ့ရဲ့အမှုတွေမှာ အရက်မူးပြီး ကားမောင်းနှင်မှုကတစ်ခု၊ ယာဉ်တိုက်မှု ဖြစ်ခဲ့မှုက တစ်မှုနဲ့ အပြစ်ရှိကြောင်း ဇူလိုင်လ ၂၃ ရက်က အတည်ပြု ကြေညာခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၂ဝ၂၃ ခုနှစ် ဆီးဂိမ်းမှာ စင်္ကာပူနိုင်ငံ ကိုယ်စားပြု အဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတော်အဆင့်အားကစားသမားဖြစ်ပေမယ့် တာ့ဟ်ရဲ့ယာဉ်မောင်းလိုင်စင်ကို ၃၆ လကြာထိ သိမ်းဆည်းထားမယ်လို့ သိရပါတယ်။

တာ့ဟ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တရားဝင်ကန့်သတ်ချက်ထက် နှစ်ဆနီးပါး ပိုများတဲ့ အရက်သေစာကို သောက်စားထားပြီး ကားမောင်း အိမ်ပြန်ရာမှာ လမ်းမှာရှိတဲ့ဆိုင်းဘုတ်တစ်ခုကို ဝင်တိုက်မိခဲ့မိရာမှ ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။

Zawgyi Version;
စင္ကာပူ အမ်ိဳးသားဘတ္စကက္ေဘာ ကစားသမားေဟာင္း အရက္ေသာက္ၿပီး ကားေမာင္းလို႔ေထာင္ဒဏ္နဲ႔ ဒဏ္ေငြ ခ်မွတ္ခံခဲ့ရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၄

စကၤာပူအမ်ိဳးသား ဘတ္စကက္ေဘာ ကစားသမားေဟာင္း တာ့ဟ္ခ်င္ေဟာင္(အသက္ ၂၉ ႏွစ္) ဟာ အရက္ ေသာက္ၿပီး ကားေမာင္းရင္း ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေထာင္ဒဏ္ငါးရက္နဲ႔ ဒဏ္ေငြ ေဒၚလာ ၅၀၀၀ ခ်မွတ္ခံရ တယ္လို႔ သိရပါတယ္။

တာ့ဟ္ရဲ႕ေရွ႕ေနက “ႏိုင္ငံေတာ္အဆင့္ ကစားသမားေဟာင္း" ဆိုတဲ့ ဂုဏ္ပုဒ္ကို ထည့္သြင္းစဥ္းစားဖို႔ တရားသူႀကီး ကို ေတာင္းဆိုခဲ့ေပမယ့္ ေထာင္ဒဏ္ကေန မလြတ္ေျမာက္ခဲ့ပါဘူးလို႔ ဆိုပါတယ္။ သူ႔ရဲ႕အမႈေတြမွာ အရက္မူးၿပီး ကားေမာင္းႏွင္မႈကတစ္ခု၊ ယာဥ္တိုက္မႈ ျဖစ္ခဲ့မႈက တစ္မႈနဲ႔ အျပစ္ရွိေၾကာင္း ဇူလိုင္လ ၂၃ ရက္က အတည္ျပဳ ေၾကညာခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပတဲ့ ၂ဝ၂၃ ခုႏွစ္ ဆီးဂိမ္းမွာ စကၤာပူႏိုင္ငံ ကိုယ္စားျပဳ အျဖစ္ ပါဝင္ခဲ့တဲ့ ႏိုင္ငံေတာ္အဆင့္အားကစားသမားျဖစ္ေပမယ့္ တာ့ဟ္ရဲ႕ယာဥ္ေမာင္းလိုင္စင္ကို ၃၆ လၾကာထိ သိမ္းဆည္းထားမယ္လို႔ သိရပါတယ္။

တာ့ဟ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက တရားဝင္ကန႔္သတ္ခ်က္ထက္ ႏွစ္ဆနီးပါး ပိုမ်ားတဲ့ အရက္ေသစာကို ေသာက္စားထားၿပီး ကားေမာင္း အိမ္ျပန္ရာမွာ လမ္းမွာရွိတဲ့ဆိုင္းဘုတ္တစ္ခုကို ဝင္တိုက္မိခဲ့မိရာမွ ဖမ္းဆီးခံရျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.