ရတနာပုံခေတ် ဝတ်စားဆင်ယင်မှု ပုံစံများကို ပြန်လည် ရှာဖွေဖော်ထုတ် ထိန်းသိမ်းနေ
1808
ပုံစာ - မြတ်တော်ဝင်က ဆင်ယင်ပေးထားသော မင်းတုန်းမင်းတရားလက်ထက် သမီးတော် ထိပ်ခေါင်တင်စုဘုရား တစ်ပါးဟန် ဝတ်စားဆင်ယင်မှု မြင်ကွင်း
စော (NP News) - ဇူလိုင် ၂၄
ရတနာပုံခေတ် ဝတ်စားဆင်ယင်မှုပုံစံများကို ပြန်လည်ရှာဖွေ ဖော်ထုတ်ထိန်းသိမ်းနေကာ ရှေးခေတ် နန်းတွင်း၌သုံးခဲ့သောပစ္စည်းများသည် ယခုခေတ်တွင် မရှိတော့၍ အနီးစပ်ဆုံးတူညီသော ပစ္စည်းများကို အသုံးပြုနေကြောင်း မြတ်တော်ဝင် - ဗမာ့ နန်းဓလေ့ သိုရင်း၊ ထိုင်မသိမ်းဝတ်စုံ ဝန် ဆောင်မှုလုပ်ငန်း တည်ထောင်သူ မြတ်သိင်္ခငယ်က NP News ကိုပြောသည်။
ရတနာပုံခေတ်က မြန်မာဝတ်စားဆင်ယင်မှုပုံစံ များကို ဓာတ်ပုံများ ၊ album များ၊ ဝတ်စားဆင် ယင်မှု များအပါအဝင် အဆိုပါခေတ်က ပိတ်စအမျိုးအစားများကိုလေ့လာကာ ပြန်လည်ဖော်ထုတ် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အစ်ကိုတို့ အဘိုး၊ အဘေးတွေကျတော့ ဆွေတော်မျိုးတော်ပေါ့။ ဆွေတော်မျိုးတော်တွေ ဆိုတော့ အိမ်မှာ ဓာတ်ပုံ၊ album တွေရှိတယ်။ နန်းတွင်းထဲမှာ ဝတ်ခဲ့တဲ့ ဝတ်စားဆင်ယင်မှု ဓာတ်ပုံ တွေရှိတယ်ပေါ့ နော်။ အဲဒီနန်းတွင်းထဲမှာဝတ်ခဲ့တဲ့ နန်းတွင်းမိသားစု ဓာတ်ပုံ၊ album တွေရယ်၊ ဝတ်စား ဆင်ယင်မှုတွေကို ပြန်ပြီးတော့ ကြည့်ရတာပေါ့။ နောက်ပြီးတော့လည်း အဘွားတို့လက်ထက်မှာ ကျန်ရစ်ခဲ့တဲ့ ပိုးစ၊ ပိတ်စ အမျိုးအစားတွေ ပြန်ကြည့်တယ်။ ကြည့်ပြီးတော့ ဒီပုံစံလေးဆိုရင် ဒီခေတ်မှာဒီလိုပုံစံလေး ပြန်ဖန်တီးလို့ရတယ်။ ရှေးဓာတ်ပုံအထောက်အထားတွေ၊ ကျန်ရှိနေတဲ့ အဝတ်အထည် အထောက်အထားတွေအတိုင်း ပြန်ကြည့်ပြီးတော့မှ ပြန်လည်ဖော်ထုတ်ရတာပါ”ဟု ၎င်းကပြောသည်။
ထို့ပြင် ရှေးခေတ်တွင် ဝတ်စားဆင်ယင်မှုပုံစံများကို ပြန်လည်ဖော်ထုတ်ဖန်တီးရာတွင် နန်းတွင်း၌ သုံးခဲ့သောပစ္စည်းတန်ဖိုးကို ပြန်လည် အသုံးမပြုနိုင်ခြင်း၊ အချို့ပစ္စည်းများမှာ ယခုခေတ် တွင်မရှိတော့၍ အလွယ်တကူမရနိုင်သည့် အခက်အခဲများရှိကြောင်း သိရသည်။ “ရှေးခေတ်တုန်းက ရတနာပုံခေတ်မှာရှိတဲ့ ခါ သာပိတ်တို့လို၊ ပဒုမ္မာပိတ်တို့လို့ အမျိုးအစားတွေ ကျ တော့ အခုခေတ်မှာမရှိတော့ဘူး။ မရှိတော့တဲ့အခါကျ တော့ သူတို့နဲ့အနီးစပ်ဆုံးတူတဲ့ပိတ်စတွေကို ပြန်ရှာ ရတာပေါ့။ ရှာတဲ့အခါမှာလည်း အလွယ်တကူတော့ မရှိဘူးပေါ့။ ကြံကြံဖန်ဖန် ယုဇနပလာဇာ၊ သိမ်ကြီးဈေး အဲဒီမှာမှ အထည်ဆိုင်ကြီးတွေမှာ သွားပြီးတော့ အဲဒီ ခေတ်အမျိုးအစား တွေနဲ့တိုက်စစ် ပြီးတော့ ကိုယ့်မှာ ရှိတဲ့မူရင်းအထည်(ရှေးခေတ်အဝတ်အစားအထည်)ကို ယူသွားရတယ်။ အဲဒီအစနဲ့ အနီးစပ်ဆုံးတူတဲ့အစ ကိုရွေးပြီးတော့မှ ရှာဝယ်ရတယ်။ အခုပြန်လည်ဖန်တီးတဲ့နေရာမှာ ဟိုရွှေခြည်ထိုးတွေကျတော့ နန်းတွင်း ထဲမှာသုံးခဲ့သလို ရွှေအစစ်၊ ငွေအစစ်တွေမသုံးနိုင် တော့ဘူး။ မသုံးနိုင်တော့ အခုခေတ်ပေါ်တဲ့ ဘူးနွယ်ပေါ့။ အိန္ဒိယက အလွယ်တကူဝယ်လို့ရတဲ့ ရွှေဘူး နွယ်တွေဘာတွေနဲ့ပဲ ပြန်ထိုးရတာပေါ့။ ပစ္စည်းပြန်မရ နိုင်တဲ့အခက်အခဲတွေ၊ ရှေးတုန်းက နန်းတွင်းသုံးခဲ့တာ တွေဆိုတော့ အဲဒီကတန်ဖိုးကို လိုက်မမီတော့ အနီး စပ်ဆုံးတူမဲ့ပစ္စည်းကိုသုံးရတဲ့ အခက်အခဲတွရှိပါ တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါရှေးခေတ် မြန်မာဝတ်စားဆင်ယင်မှုများ ကို Pre wedding ၊ MTV ရုပ်ရှင်ဇာတ်ဝင်ခန်း ရိုက် ကူးရေးများတွင်စီစဉ်ပေးရပြီး မွေးနေ့အထိမ်းအမှတ် အမှတ်တရဓာတ်ပုံများ၊ ကလေးငယ်များအတွက် မင်း ညီမင်းသားပုံစံဓာတ်ပုံများကို ရိုက်ကူးချင်သူများ ရှိပါက ၎င်းကို လာအပ်မှုများရှိကြောင်း သိရသည်။
zawgyi version
ရတနာပုံေခတ္ ဝတ္စားဆင္ယင္မႈ ပုံစံမ်ားကို ျပန္လည္ ရွာေဖြေဖာ္ထုတ္ ထိန္းသိမ္းေန
ေစာ (NP News) - ဇူလိုင္ ၂၄
ရတနာပုံေခတ္ ဝတ္စားဆင္ယင္မႈပုံစံမ်ားကို ျပန္လည္ရွာေဖြ ေဖာ္ထုတ္ထိန္းသိမ္းေနကာ ေရွးေခတ္ နန္းတြင္း၌သုံးခဲ့ေသာပစၥည္းမ်ားသည္ ယခုေခတ္တြင္ မရွိေတာ့၍ အနီးစပ္ဆုံးတူညီေသာ ပစၥည္းမ်ားကို အသုံးျပဳေနေၾကာင္း ျမတ္ေတာ္ဝင္ - ဗမာ့ နန္းဓေလ့ သိုရင္း၊ ထိုင္မသိမ္းဝတ္စုံ ဝန္ ေဆာင္မႈလုပ္ငန္း တည္ေထာင္သူ ျမတ္သိခၤငယ္က NP News ကိုေျပာသည္။
ရတနာပုံေခတ္က ျမန္မာဝတ္စားဆင္ယင္မႈပုံစံ မ်ားကို ဓာတ္ပုံမ်ား ၊ album မ်ား၊ ဝတ္စားဆင္ ယင္မႈ မ်ားအပါအဝင္ အဆိုပါေခတ္က ပိတ္စအမ်ိဳးအစားမ်ားကိုေလ့လာကာ ျပန္လည္ေဖာ္ထုတ္ ဖန္တီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“အစ္ကိုတို႔ အဘိုး၊ အေဘးေတြက်ေတာ့ ေဆြေတာ္မ်ိဳးေတာ္ေပါ့။ ေဆြေတာ္မ်ိဳးေတာ္ေတြ ဆိုေတာ့ အိမ္မွာ ဓာတ္ပုံ၊ album ေတြရွိတယ္။ နန္းတြင္းထဲမွာ ဝတ္ခဲ့တဲ့ ဝတ္စားဆင္ယင္မႈ ဓာတ္ပုံ ေတြရွိတယ္ေပါ့ ေနာ္။ အဲဒီနန္းတြင္းထဲမွာဝတ္ခဲ့တဲ့ နန္းတြင္းမိသားစု ဓာတ္ပုံ၊ album ေတြရယ္၊ ဝတ္စား ဆင္ယင္မႈေတြကို ျပန္ၿပီးေတာ့ ၾကည့္ရတာေပါ့။ ေနာက္ၿပီးေတာ့လည္း အဘြားတို႔လက္ထက္မွာ က်န္ရစ္ခဲ့တဲ့ ပိုးစ၊ ပိတ္စ အမ်ိဳးအစားေတြ ျပန္ၾကည့္တယ္။ ၾကည့္ၿပီးေတာ့ ဒီပုံစံေလးဆိုရင္ ဒီေခတ္မွာဒီလိုပုံစံေလး ျပန္ဖန္တီးလို႔ရတယ္။ ေရွးဓာတ္ပုံအေထာက္အထားေတြ၊ က်န္ရွိေနတဲ့ အဝတ္အထည္ အေထာက္အထားေတြအတိုင္း ျပန္ၾကည့္ၿပီးေတာ့မွ ျပန္လည္ေဖာ္ထုတ္ရတာပါ”ဟု ၎ကေျပာသည္။
ထို႔ျပင္ ေရွးေခတ္တြင္ ဝတ္စားဆင္ယင္မႈပုံစံမ်ားကို ျပန္လည္ေဖာ္ထုတ္ဖန္တီးရာတြင္ နန္းတြင္း၌ သုံးခဲ့ေသာပစၥည္းတန္ဖိုးကို ျပန္လည္ အသုံးမျပဳႏိုင္ျခင္း၊ အခ်ိဳ႕ပစၥည္းမ်ားမွာ ယခုေခတ္ တြင္မရွိေတာ့၍ အလြယ္တကူမရႏိုင္သည့္ အခက္အခဲမ်ားရွိေၾကာင္း သိရသည္။ “ေရွးေခတ္တုန္းက ရတနာပုံေခတ္မွာရွိတဲ့ ခါ သာပိတ္တို႔လို၊ ပဒုမၼာပိတ္တို႔လို႔ အမ်ိဳးအစားေတြ က် ေတာ့ အခုေခတ္မွာမရွိေတာ့ဘူး။ မရွိေတာ့တဲ့အခါက် ေတာ့ သူတို႔နဲ႔အနီးစပ္ဆုံးတူတဲ့ပိတ္စေတြကို ျပန္ရွာ ရတာေပါ့။ ရွာတဲ့အခါမွာလည္း အလြယ္တကူေတာ့ မရွိဘူးေပါ့။ ႀကံႀကံဖန္ဖန္ ယုဇနပလာဇာ၊ သိမ္ႀကီးေဈး အဲဒီမွာမွ အထည္ဆိုင္ႀကီးေတြမွာ သြားၿပီးေတာ့ အဲဒီ ေခတ္အမ်ိဳးအစား ေတြနဲ႔တိုက္စစ္ ၿပီးေတာ့ ကိုယ့္မွာ ရွိတဲ့မူရင္းအထည္(ေရွးေခတ္အဝတ္အစားအထည္)ကို ယူသြားရတယ္။ အဲဒီအစနဲ႔ အနီးစပ္ဆုံးတူတဲ့အစ ကိုေ႐ြးၿပီးေတာ့မွ ရွာဝယ္ရတယ္။ အခုျပန္လည္ဖန္တီးတဲ့ေနရာမွာ ဟိုေ႐ႊျခည္ထိုးေတြက်ေတာ့ နန္းတြင္း ထဲမွာသုံးခဲ့သလို ေ႐ႊအစစ္၊ ေငြအစစ္ေတြမသုံးႏိုင္ ေတာ့ဘူး။ မသုံးႏိုင္ေတာ့ အခုေခတ္ေပၚတဲ့ ဘူးႏြယ္ေပါ့။ အိႏၵိယက အလြယ္တကူဝယ္လို႔ရတဲ့ ေ႐ႊဘူး ႏြယ္ေတြဘာေတြနဲ႔ပဲ ျပန္ထိုးရတာေပါ့။ ပစၥည္းျပန္မရ ႏိုင္တဲ့အခက္အခဲေတြ၊ ေရွးတုန္းက နန္းတြင္းသုံးခဲ့တာ ေတြဆိုေတာ့ အဲဒီကတန္ဖိုးကို လိုက္မမီေတာ့ အနီး စပ္ဆုံးတူမဲ့ပစၥည္းကိုသုံးရတဲ့ အခက္အခဲတြရွိပါ တယ္”ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါေရွးေခတ္ ျမန္မာဝတ္စားဆင္ယင္မႈမ်ား ကို Pre wedding ၊ MTV ႐ုပ္ရွင္ဇာတ္ဝင္ခန္း ႐ိုက္ ကူးေရးမ်ားတြင္စီစဥ္ေပးရၿပီး ေမြးေန႔အထိမ္းအမွတ္ အမွတ္တရဓာတ္ပုံမ်ား၊ ကေလးငယ္မ်ားအတြက္ မင္း ညီမင္းသားပုံစံဓာတ္ပုံမ်ားကို ႐ိုက္ကူးခ်င္သူမ်ား ရွိပါက ၎ကို လာအပ္မႈမ်ားရွိေၾကာင္း သိရသည္။