KNU ဒုတိယ ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ထိုင်းနိုင်ငံတွင် ကွယ်လွန်

 1532

သုတကျော် (NP News) - ဇူလိုင် ၂၄

KNU တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နော်စီဖိုးရာစိန်သည် ထိုင်းနိုင်ငံရှိနေအိမ်တွင် ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံ မေးမြန်းထားချက်အရသိရသည်။

နော်စီဖိုးရာစိန်သည် KNU စစ်ဦးစီးချုပ်ဟောင်း တာမလာဘော၏သမီးဖြစ်ပြီး KNU တွင် အထွေထွေအတွင်းရေးမှူး၊ ဒုတိယ ဥက္ကဋ္ဌ စသည်ဖြင့် တာဝန်များကို ယူခဲ့သူဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက်(၆၉)နှစ်အရွယ်ရှိပြီဖြစ်သည်။

“ဆုံးတာက ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲ့စရိယန်းမြို့က အိမ်မှာဆုံးတာပါ။ ကုနေတာကကြာပြီပဲ။ နှစ်နှစ်လောက်ရှိတော့မယ်ထင်တယ်။ သတင်းတွေ ကြားတာလေ။ ကင်ဆာရောဂါပါ” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

နော်စီဖိုးရာစိန် ကွယ်လွန်သည့်အပေါ် ဝမ်းနည်းကြောင်းမှတ်ချက်များကို လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားဖော်ပြနေကြကာ နာရေးအစီစဉ်နှင့် ပတ်သက်၍ သိရခြင်းမရှိသေးပေ။ အသက်ငယ်ရွယ်စဉ်ကပင် KNU တွင် ပါဝင်ခဲ့သူ နော်စီဖိုးရာစိန်သည် သဘောထားတင်းမာသော ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ထင်ရှားသူ ဖြစ်သည်။

zawgyi version
KNU ဒုတိယ ဥကၠ႒ေဟာင္း ေနာ္စီဖိုးရာစိန္ ထိုင္းႏိုင္ငံတြင္ ကြယ္လြန္
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၄

KNU တြင္ ဒုတိယ ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ေနာ္စီဖိုးရာစိန္သည္ ထိုင္းႏိုင္ငံရွိေနအိမ္တြင္ ယေန႔(ဇူလိုင္လ ၂၄ ရက္) နံနက္ပိုင္းက ကြယ္ လြန္သြားခဲ့ေၾကာင္း ၎ႏွင့္နီးစပ္သူမ်ားထံ ေမးျမန္းထားခ်က္အရသိရသည္။

ေနာ္စီဖိုးရာစိန္သည္ KNU စစ္ဦးစီးခ်ဳပ္ေဟာင္း တာမလာေဘာ၏သမီးျဖစ္ၿပီး KNU တြင္ အေထြေထြအတြင္းေရးမႉး၊ ဒုတိယ ဥကၠ႒ စသည္ျဖင့္ တာဝန္မ်ားကို ယူခဲ့သူျဖစ္ကာ ကြယ္လြန္ခ်ိန္တြင္ အသက္(၆၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည္။

“ဆုံးတာက ထိုင္း - ျမန္မာ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ မဲ့စရိယန္းၿမိဳ႕က အိမ္မွာဆုံးတာပါ။ ကုေနတာကၾကာၿပီပဲ။ ႏွစ္ႏွစ္ေလာက္ရွိေတာ့မယ္ထင္တယ္။ သတင္းေတြ ၾကားတာေလ။ ကင္ဆာေရာဂါပါ” ဟု ၎ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ေနာ္စီဖိုးရာစိန္ ကြယ္လြန္သည့္အေပၚ ဝမ္းနည္းေၾကာင္းမွတ္ခ်က္မ်ားကို လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားေဖာ္ျပေနၾကကာ နာေရးအစီစဥ္ႏွင့္ ပတ္သက္၍ သိရျခင္းမရွိေသးေပ။ အသက္ငယ္႐ြယ္စဥ္ကပင္ KNU တြင္ ပါဝင္ခဲ့သူ ေနာ္စီဖိုးရာစိန္သည္ သေဘာထားတင္းမာေသာ ေခါင္းေဆာင္တစ္ဦးအျဖစ္လည္း ထင္ရွားသူ ျဖစ္သည္။

Related news

© 2021. All rights reserved.