ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးပြီးနောက် စက်ရုံနဲ့ဘဏ်တွေ ပြန်လည်ဖွင့်လှစ်လာ

 1035

Pika (NP News) - ဇူလိုင် ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့်ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို အစိုးရကပြန်လည်ဖြေလျှော့ပေးခဲ့ပြီးနောက် ဇူလိုင်လ(၂၄) ရက်နေ့မှာ စက်ရုံတွေနဲ့ ဘဏ်တွေပြန်လည်ဖွင့်လှစ်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင်ရုံးတွေလည်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး အင်တာနက်တွေလည်း ပြန်လည်အသုံးပြုခွင့်ရနေပေမယ့် ဆိုရှယ်မီဒီယာတွေအသုံးပြုခွင့်ကိုတော့ ဆက် လက်ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး တက္ကသိုလ်ကျောင်း သားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုတွေအတွင်း အနည်းဆုံးလူ(၁၅၀)ကျော် သေဆုံးခဲ့တယ်လို့သိရပါတယ်။ အလုပ်အကိုင်တွေရဲ့(၉၃)ရာခိုင်နှုန်းကို အရည်အချင်းပြည့်မီသူတွေအတွက် ဖွင့်လှစ်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ဇူလိုင်လ(၂၁)ရက်နေ့တည်းက ဆန္ဒပြပွဲတွေ ငြိမ်သက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်အတွင်း ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားခဲ့ပေမယ့်လည်း အမိန့်ကိုဖြေလျှော့လိုက်ပြီးနောက်မှာတော့ အထည်ချုပ်နဲ့အထည်အလိပ်လုပ်ငန်းတွေကို ပြန်လည်စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းရှင်များနဲ့ ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ S.M. Mannan က "ကျွန်တော်တို့ရဲ့စက်ရုံတွေ အကုန်လုံး ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့ပြင် စတော့အိတ်ချိန်းရုံးတွေနဲ့ ဘဏ်တွေလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဇူလိုင်လ(၂၄)ရက်နေ့နဲ့ (၂၅)ရက်နေ့တို့မှာ ညမထွက်ရအမိန့် ကန့် သတ်ချက်တွေကို အချိန်(၇)နာရီကြာ ဖြေလျှော့ပေးမှာဖြစ်ပြီး ရုံးတွေကို နံနက်(၁၁)နာရီကနေ ညနေ(၃)နာရီအထိ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အစိုးရကပြောကြားခဲ့ပါတယ်။

zawgyi version
ဘဂၤလားေဒ့ရွ္မွာ ညမထြက္ရအမိန႔္ကို ေျဖေလွ်ာ့ေပးၿပီးေနာက္ စက္႐ုံနဲ႔ဘဏ္ေတြ ျပန္လည္ဖြင့္လွစ္လာ
Pika (NP News) - ဇူလိုင္ ၂၄

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြေၾကာင့္ထုတ္ျပန္ခဲ့တဲ့ ညမထြက္ရအမိန႔္ကို အစိုးရကျပန္လည္ေျဖေလွ်ာ့ေပးခဲ့ၿပီးေနာက္ ဇူလိုင္လ(၂၄) ရက္ေန႔မွာ စက္႐ုံေတြနဲ႔ ဘဏ္ေတြျပန္လည္ဖြင့္လွစ္လာခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့ျပင္႐ုံးေတြလည္းျပန္လည္ဖြင့္လွစ္ခဲ့ၿပီး အင္တာနက္ေတြလည္း ျပန္လည္အသုံးျပဳခြင့္ရေနေပမယ့္ ဆိုရွယ္မီဒီယာေတြအသုံးျပဳခြင့္ကိုေတာ့ ဆက္ လက္ရပ္ဆိုင္းထားဆဲျဖစ္တယ္လို႔သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အလုပ္ခန႔္အပ္ေရးနဲ႔ပတ္သက္ၿပီး တကၠသိုလ္ေက်ာင္း သားေတြဦးေဆာင္တဲ့ ဆႏၵျပပြဲေတြ စတင္ေပၚေပါက္လာခဲ့တာျဖစ္ၿပီး ႐ုန္းရင္းဆန္ခတ္မႈေတြအတြင္း အနည္းဆုံးလူ(၁၅၀)ေက်ာ္ ေသဆုံးခဲ့တယ္လို႔သိရပါတယ္။ အလုပ္အကိုင္ေတြရဲ႕(၉၃)ရာခိုင္ႏႈန္းကို အရည္အခ်င္းျပည့္မီသူေတြအတြက္ ဖြင့္လွစ္ေပးသင့္တယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဇူလိုင္လ(၂၁)ရက္ေန႔တည္းက ဆႏၵျပပြဲေတြ ၿငိမ္သက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ညမထြက္ရအမိန႔္ထုတ္ျပန္ထားခ်ိန္အတြင္း ထုတ္လုပ္မႈေတြကို ရပ္ဆိုင္းထားခဲ့ေပမယ့္လည္း အမိန႔္ကိုေျဖေလွ်ာ့လိုက္ၿပီးေနာက္မွာေတာ့ အထည္ခ်ဳပ္နဲ႔အထည္အလိပ္လုပ္ငန္းေတြကို ျပန္လည္စတင္ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။ ဘဂၤလားေဒ့ရွ္အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားနဲ႔ ပို႔ကုန္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ S.M. Mannan က "ကြၽန္ေတာ္တို႔ရဲ႕စက္႐ုံေတြ အကုန္လုံး ဒီေန႔မွာ ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။ ဒါ့ျပင္ စေတာ့အိတ္ခ်ိန္း႐ုံးေတြနဲ႔ ဘဏ္ေတြလည္း ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ဇူလိုင္လ(၂၄)ရက္ေန႔နဲ႔ (၂၅)ရက္ေန႔တို႔မွာ ညမထြက္ရအမိန႔္ ကန႔္ သတ္ခ်က္ေတြကို အခ်ိန္(၇)နာရီၾကာ ေျဖေလွ်ာ့ေပးမွာျဖစ္ၿပီး ႐ုံးေတြကို နံနက္(၁၁)နာရီကေန ညေန(၃)နာရီအထိ ဖြင့္လွစ္သြားမွာျဖစ္တယ္လို႔ အစိုးရကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.