နီပေါနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦးသာ အသက်ရှင်လွတ်မြောက်

 5612

Pika (NP News) - ဇူလိုင် ၂၄

နီပေါနိုင်ငံ Saurya လေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ဇူလိုင်လ(၂၄)ရက်က ခတ္တမန္ဒူမြို့ကနေ ပျံတက်စဉ်အချိန်အတွင်း ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံးလူ(၁၈)ဦး သေဆုံးခဲ့တယ် လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

လေယာဉ်အမှုထမ်းနှစ်ဦးနဲ့ နည်းပညာရှင်(၁၇)ဦးတို့ လိုက်ပါလာတဲ့ လေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ဇန်နဝါရီလက ဖွင့်လှစ်ခဲ့တဲ့လေဆိပ်အသစ် ပိုခါရာကို သွားဖို့လုပ်ဆောင်ခဲ့တာလို့ လည်း သိရပါတယ်။ Kathmandu's Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူ Tej Bahadur Poudyal က “ဒီပျက်ကျမှုအတွင်း လေယာဉ်မှူးတစ်ဦးကိုပဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ယခုအချိန် မှာ လေယာဉ်မှူးကတော့ ဆေးရုံမှာ ဆေးကုသမှုတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်မှာ မီးသတ်သမားတွေဟာ မီးလောင်ကျွမ်းနေတဲ့လေယာဉ်ကို မီးငြှိမ်း သတ်ဖို့ ကြိုးပမ်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီခရီးသည်တင်လေယာဉ်ဟာ ပြေးလမ်းကနေ အပေါ်ကို အနည်းငယ်တက်သွားပြီးနောက် မပျက်ကျမီ တိမ်းစောင်းသွားတာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။ အခြားဗီဒီယိုဖိုင်တွေမှာ ကယ်ဆယ်ရေးသမားတွေဟာ လယ်ကွင်းထဲမှာ ပြန့်ကျဲနေတဲ့လေယာဉ်ရဲ့အစိတ်အပိုင်း တွေကို ပြေးပြီးသွားကြည့်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် လေဆိပ်ကို ယာယီပိတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလေယာဉ်ဟာ ထိုင်ခုံ(၅၀)ပါတဲ့ CRJ200 လေယာဉ်ဖြစ်တယ်လို့ Saurya လေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
နီေပါႏိုင္ငံမွာ ခရီးသည္တင္ေလယာဥ္တစ္စီးပ်က္က်ခဲ့ရာ ေလယာဥ္မႉးတစ္ဦးသာ အသက္ရွင္လြတ္ေျမာက္
Pika (NP News) - ဇူလိုင္ ၂၄

နီေပါႏိုင္ငံ Saurya ေလေၾကာင္းလိုင္းက ပိုင္ဆိုင္တဲ့ ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ ဇူလိုင္လ(၂၄)ရက္က ခတၱမႏၵဴၿမိဳ႕ကေန ပ်ံတက္စဥ္အခ်ိန္အတြင္း ပ်က္က်ၿပီး မီးေလာင္ကြၽမ္းခဲ့ရာ အနည္းဆုံးလူ(၁၈)ဦး ေသဆုံးခဲ့တယ္ လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ေလယာဥ္အမႈထမ္းႏွစ္ဦးနဲ႔ နည္းပညာရွင္(၁၇)ဦးတို႔ လိုက္ပါလာတဲ့ ေလယာဥ္ဟာ ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ၿပီးခဲ့တဲ့ဇန္နဝါရီလက ဖြင့္လွစ္ခဲ့တဲ့ေလဆိပ္အသစ္ ပိုခါရာကို သြားဖို႔လုပ္ေဆာင္ခဲ့တာလို႔ လည္း သိရပါတယ္။ Kathmandu's Tribhuvan အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ေျပာေရးဆိုခြင့္ရွိသူ Tej Bahadur Poudyal က “ဒီပ်က္က်မႈအတြင္း ေလယာဥ္မႉးတစ္ဦးကိုပဲ အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ယခုအခ်ိန္ မွာ ေလယာဥ္မႉးကေတာ့ ေဆး႐ုံမွာ ေဆးကုသမႈေတြ လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္မွာ မီးသတ္သမားေတြဟာ မီးေလာင္ကြၽမ္းေနတဲ့ေလယာဥ္ကို မီးျငႇိမ္း သတ္ဖို႔ ႀကိဳးပမ္းေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီခရီးသည္တင္ေလယာဥ္ဟာ ေျပးလမ္းကေန အေပၚကို အနည္းငယ္တက္သြားၿပီးေနာက္ မပ်က္က်မီ တိမ္းေစာင္းသြားတာကိုလည္း ဗီဒီယိုဖိုင္ထဲမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အျခားဗီဒီယိုဖိုင္ေတြမွာ ကယ္ဆယ္ေရးသမားေတြဟာ လယ္ကြင္းထဲမွာ ျပန႔္က်ဲေနတဲ့ေလယာဥ္ရဲ႕အစိတ္အပိုင္း ေတြကို ေျပးၿပီးသြားၾကည့္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေလယာဥ္ပ်က္က်မႈျဖစ္ပြားၿပီးေနာက္ ေလဆိပ္ကို ယာယီပိတ္ထားတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီေလယာဥ္ဟာ ထိုင္ခုံ(၅၀)ပါတဲ့ CRJ200 ေလယာဥ္ျဖစ္တယ္လို႔ Saurya ေလေၾကာင္းလိုင္းတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.