ထိုင်းနိုင်ငံ ဆူဖန်ဘူရီပြည်နယ်တွင် ကားအက်ဆီးဒန့်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနှစ်ဦး သေဆုံး
2635
ဂျန်ဇက် (NP News) - ဇူလိုင် ၂၄
ထိုင်းနိုင်ငံ ဆူဖန်ဘူရီပြည်နယ်တွင် ဇူလိုင် ၂၄ ရက် နံနက်အစောကြီးပိုင်းက ကားအက်ဆီးဒန့်ဖြစ်ပွားခဲ့ရာ မြန်မာ နိုင်ငံသားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။ ဆူဖန်ဘူရီ ပြည်နယ်ရဲစခန်းမှ ရဲမှူးပွန်ဂျန်တက်သည် ဘန်ဖိုဒေသ အိုယာလမ်းတွင် ကားတိုက်မှုဖြစ်ပွားသည်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားများကို ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကိုတွေ့မြင်ခဲ့ကြောင်း ပြောသည်။
အစားစာထွက်ဝယ်ရန်အတွက် ကားလမ်းဖြတ်ကူးချိန်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် ပစ်ကပ်ကားဖြင့် အတိုက်ခံရခြင်းဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ကပ် ကားမောင်းသမားဖြစ်သူ အသက် ၂၇ နှစ် အရွယ်ရှိ ထိုင်းနိုင်ငံသား ဆူပါကွန်သည် ထွက်ပြေးခြင်းမရှိဘဲ ကားတိုက်မှုဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။
ကားသမားက ၎င်းသည် အလုပ်မှ အိမ်ကို ပုံမှန်အတိုင်းကားမောင်းလာခြင်းဖြစ်ပြီး ကားမောင်းလာချိန်အတွင်း ရုတ်တရက် လူနှစ်ဦးက ကားရှေ့ကို ရောက်ရှိလာရာတိုက်မိခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။ ကားတိုက်မှုဖြစ်ပွား ချိန်တွင် လမ်းတွင်မှောင်နေသည့်အတွက် ကောင်းစွာမမြင်ရဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ကားသမားက ထပ်မံ ပြောခဲ့သည်။ ကားတိုက်သေဆုံးခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးသည် နာခွန်ပတန်ပြည်နယ်တွင် အလုပ်လုပ်နေသူ များဖြစ်ပြီး မိခင်ဖြစ်သူနှင့်အဖွားဖြစ်သူထံ ပြန်လာချိန်တွင် အစားစာထွက်ဝယ်ခဲ့ရာ ကားတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ထိုင္းႏိုင္ငံ ဆူဖန္ဘူရီျပည္နယ္တြင္ ကားအက္ဆီးဒန႔္ျဖစ္ပြားခဲ့ၿပီးေနာက္ ျမန္မာႏွစ္ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၄
ထိုင္းႏိုင္ငံ ဆူဖန္ဘူရီျပည္နယ္တြင္ ဇူလိုင္ ၂၄ ရက္ နံနက္အေစာႀကီးပိုင္းက ကားအက္ဆီးဒန႔္ျဖစ္ပြားခဲ့ရာ ျမန္မာ ႏိုင္ငံသားႏွစ္ဦး ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ထိုင္းအေျခစိုက္သတင္းမ်ားတြင္ ေဖာ္ျပထားသည္။ ဆူဖန္ဘူရီ ျပည္နယ္ရဲစခန္းမွ ရဲမႉးပြန္ဂ်န္တက္သည္ ဘန္ဖိုေဒသ အိုယာလမ္းတြင္ ကားတိုက္မႈျဖစ္ပြားသည္ဆိုေသာ သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ သြားေရာက္စစ္ေဆးခဲ့ရာ ျမန္မာႏိုင္ငံသားမ်ားကို ဒဏ္ရာမ်ားျဖင့္ ေသဆုံးေန သည္ကိုေတြ႕ျမင္ခဲ့ေၾကာင္း ေျပာသည္။
အစားစာထြက္ဝယ္ရန္အတြက္ ကားလမ္းျဖတ္ကူးခ်ိန္တြင္ ျမန္မာႏိုင္ငံသားႏွစ္ဦးသည္ ပစ္ကပ္ကားျဖင့္ အတိုက္ခံရျခင္းျဖစ္ကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ပစ္ကပ္ ကားေမာင္းသမားျဖစ္သူ အသက္ ၂၇ ႏွစ္ အ႐ြယ္ရွိ ထိုင္းႏိုင္ငံသား ဆူပါကြန္သည္ ထြက္ေျပးျခင္းမရွိဘဲ ကားတိုက္မႈျဖစ္ပြားသည့္ေနရာတြင္ ရွိေနခဲ့ေၾကာင္း သိရသည္။
ကားသမားက ၎သည္ အလုပ္မွ အိမ္ကို ပုံမွန္အတိုင္းကားေမာင္းလာျခင္းျဖစ္ၿပီး ကားေမာင္းလာခ်ိန္အတြင္း ႐ုတ္တရက္ လူႏွစ္ဦးက ကားေရွ႕ကို ေရာက္ရွိလာရာတိုက္မိခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာသည္။ ကားတိုက္မႈျဖစ္ပြား ခ်ိန္တြင္ လမ္းတြင္ေမွာင္ေနသည့္အတြက္ ေကာင္းစြာမျမင္ရဘဲ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း၊ ကားသမားက ထပ္မံ ေျပာခဲ့သည္။ ကားတိုက္ေသဆုံးခဲ့ေသာ ျမန္မာႏိုင္ငံသားႏွစ္ဦးသည္ နာခြန္ပတန္ျပည္နယ္တြင္ အလုပ္လုပ္ေနသူ မ်ားျဖစ္ၿပီး မိခင္ျဖစ္သူႏွင့္အဖြားျဖစ္သူထံ ျပန္လာခ်ိန္တြင္ အစားစာထြက္ဝယ္ခဲ့ရာ ကားတိုက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။