အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

 1965

ဂျန်ဇက် (NP News) - ဇူလိုင် ၂၄

မြန်မာအစိုးရသည် ယခုသီတင်းပတ်အတွင်း လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ရန် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် မြန်မာအစိုးရသည် အာဆီယံအစည်းအဝေး များကို ကိုယ်စားလှယ်များစေလွှတ်ခဲ့ပြီး ယခုစေလွှတ်မှုသည် ၂ဝ၂၄ ခုနှစ်အတွင်း သုံးကြိမ်မြောက် စေလွှတ်မှုဖြစ် ကြောင်း သိရသည်။
မြန်မာအစိုးရသည် ပြီးခဲ့သော ဇန်နဝါရီလတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် မတ်လတွင် ကျင်းပခဲ့သော အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားပြုကိုယ်စားလှယ် များ စေလွှတ်ခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း ကျင်းပမည့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး ၎င်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန် တက်ရောက်မည့် အာဆီယံ ဒေသအတွင်း ဖိုရမ် အပါအဝင်၊ အာဆီယံမိတ်ဖက်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးပွဲများကိုလည်း တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက်တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာအရေးကို အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။

Zawgyi Version;
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ျမန္မာအစိုးရကိုယ္စားလွယ္အဖြဲ႕ ေစလႊတ္မည္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၄

ျမန္မာအစိုးရသည္ ယခုသီတင္းပတ္အတြင္း လာအိုႏိုင္ငံတြင္ က်င္းပမည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို တက္ေရာက္ရန္ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ကို ေစလႊတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လာအိုႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူၿပီးေနာက္ ျမန္မာအစိုးရသည္ အာဆီယံအစည္းအေဝး မ်ားကို ကိုယ္စားလွယ္မ်ားေစလႊတ္ခဲ့ၿပီး ယခုေစလႊတ္မႈသည္ ၂ဝ၂၄ ခုႏွစ္အတြင္း သုံးႀကိမ္ေျမာက္ ေစလႊတ္မႈျဖစ္ ေၾကာင္း သိရသည္။
ျမန္မာအစိုးရသည္ ၿပီးခဲ့ေသာ ဇန္နဝါရီလတြင္ က်င္းပခဲ့ေသာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး ႏွင့္ မတ္လတြင္ က်င္းပခဲ့ေသာ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကို ျမန္မာကိုယ္စားျပဳကိုယ္စားလွယ္ မ်ား ေစလႊတ္ခဲ့ေၾကာင္း သိရသည္။
ယခုသီတင္းပတ္အတြင္း က်င္းပမည့္အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ေက်ာ္မိုး ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္မည္ျဖစ္ၿပီး ၎သည္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ တက္ေရာက္မည့္ အာဆီယံ ေဒသအတြင္း ဖိုရမ္ အပါအဝင္၊ အာဆီယံမိတ္ဖက္ႏိုင္ငံမ်ား၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေတြ႕ဆုံေဆြးေႏြးမည့္ ေဆြးေႏြးပြဲမ်ားကိုလည္း တက္ေရာက္ဖြယ္ရွိေနေၾကာင္း သိရသည္။
ဇူလိုင္ ၂၅ ရက္တြင္က်င္းပမည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတြင္ ျမန္မာအေရးကို အဓိကထား ေဆြးေႏြးဖြယ္ရွိေနေၾကာင္း ႏိုင္ငံတကာသတင္းမီဒီယာမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.