ချင်းပြည်နယ်တရားလွှတ်တော်ရုံးကို CNF နှင့် PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီး

 3114

မြူနစ်(NP News) - ဇူလိုင် ၂၄
ချင်းပြည်နယ်တရားလွှတ်တော်ရုံးကို ချင်းအမျိုးသားတပ်ဦး(CNF)နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့များသည် ယနေ့ (ဇူလိုင် ၂၄ ရက်)၊ နံနက် ၁ နာရီဝန်းကျင်ချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးကွက် သစ်ရပ်ကွက်ရှိ တရားလွှတ်တော်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

“ချင်းပြည်နယ်ကတော့ အခြေအနေတွေ တော်တော်လေး ဆိုးနေပြီ။ ဒီနေ့မနက်အစောကြီးမှာ ပြည်နယ်တရားလွှတ်တော် ရုံးကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်။ CNF အဖွဲ့နဲ့ ချင်း PDF အဖွဲ့တွေ မီးရှို့သွားတာ။ အဆောက်အဦ(၃)လုံးလောက် မီးလောင် ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပေ (၁၀၀)၊ ပေ(၂၀)ရှိ တရားလွှတ်တော်ရုံးအဆောက်အဦအပါအဝင် စုစုပေါင်း အဆောက်အဦ (၃)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့များသည် ချင်းပြည်နယ်တရားလွှတ်တော်ဌာနပိုင် ရုံးကားတစ်စီးကိုလည်း မောင်းယူသွားခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရုံး မီးရှို့ခံရမှုဖြစ်စဉ်အတွင်း လူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း အဆောက်အဦများ ပျက်စီးခဲ့သည့်အတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။

အလားပြီးတူ ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တရားလွှတ်တော်ရုံးကို KNDF ပူးပေါင်းအဖွဲ့များက မြို့သိမ်းတိုက်ပွဲဖော်ဆောင်စဉ် မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version

ခ်င္းျပည္နယ္တရားလႊတ္ေတာ္႐ုံးကို CNF ႏွင့္ PDF ပူးေပါင္းအဖြဲ႕က မီးရႈိ႕ဖ်က္ဆီး

ျမဴနစ္(NP News) - ဇူလိုင္ ၂၄
ခ်င္းျပည္နယ္တရားလႊတ္ေတာ္႐ုံးကို ခ်င္းအမ်ိဳးသားတပ္ဦး(CNF)ႏွင့္ PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါလက္နက္ကိုင္အဖြဲ႕မ်ားသည္ ယေန႔ (ဇူလိုင္ ၂၄ ရက္)၊ နံနက္ ၁ နာရီဝန္းက်င္ခ်ိန္တြင္ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕၊ ေဈးကြက္ သစ္ရပ္ကြက္ရွိ တရားလႊတ္ေတာ္႐ုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

“ခ်င္းျပည္နယ္ကေတာ့ အေျခအေနေတြ ေတာ္ေတာ္ေလး ဆိုးေနၿပီ။ ဒီေန႔မနက္အေစာႀကီးမွာ ျပည္နယ္တရားလႊတ္ေတာ္ ႐ုံးကို ဝင္ေရာက္မီးရႈိ႕ဖ်က္ဆီးသြားတယ္။ CNF အဖြဲ႕နဲ႔ ခ်င္း PDF အဖြဲ႕ေတြ မီးရႈိ႕သြားတာ။ အေဆာက္အဦ(၃)လုံးေလာက္ မီးေလာင္ ပ်က္စီးသြားတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ေပ (၁၀၀)၊ ေပ(၂၀)ရွိ တရားလႊတ္ေတာ္႐ုံးအေဆာက္အဦအပါအဝင္ စုစုေပါင္း အေဆာက္အဦ (၃)လုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕မ်ားသည္ ခ်င္းျပည္နယ္တရားလႊတ္ေတာ္ဌာနပိုင္ ႐ုံးကားတစ္စီးကိုလည္း ေမာင္းယူသြားခဲ့ေၾကာင္း သိရသည္။

တရားလႊတ္ေတာ္႐ုံး မီးရႈိ႕ခံရမႈျဖစ္စဥ္အတြင္း လူထိခိုက္ေသဆုံးမႈ မရွိခဲ့ေသာ္လည္း အေဆာက္အဦမ်ား ပ်က္စီးခဲ့သည့္အတြက္ နစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ရေၾကာင္းလည္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ဆိုသည္။

အလားၿပီးတူ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္းတြင္လည္း ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ တရားလႊတ္ေတာ္႐ုံးကို KNDF ပူးေပါင္းအဖြဲ႕မ်ားက ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္စဥ္ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.