မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ

 6578

သန့်ဇင်(NP News) - ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ပန်းတင်သည့်ကား နှင့် ဝက်တင်သည့်ကားတို့တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီးသေဆုံး၍ (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဇူလိုင်လ ၂၅ ရက်)၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ရွှေဇီးကွက်ဘီယာဆိုင်အနီး၊ အမှတ်(၄)လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုင်းလတ်ကားက ရန်ကုန်ဘက်ကိုသွားတာ။ လိုက်ထရပ်ကားကတော့ လှော်ကားဘက်ကနေ လာပြီးခေါင်းထွက်လာတာမှာတိုက်မိတာ။ မျက်နှာချင်းဆိုင်ပုံစံမျိုးတိုက်မိတာပါ။ ကားတွေကတော့ ပန်းကား နဲ့ ဝက်တင်တဲ့ကားပါ”ဟု မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဟိုင်းလတ်ပေါ်တွင်လိုက်ပါလာသည့် အသက် (၄၀)ကျော် အမျိုးသမီးတစ်ဦး နှင့် လိုက်ထရပ်ကားပေါ်မှ အသက်(၃၀) ကျော် အမျိုးသားတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး (၆)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့ အမျိုးသားက ခေါင်းထိသွားတာ။ အမျိုးသမီးကတော့ ကားထဲညပ်သွားတာပါ။ ကျန်တဲ့ထဲက လိုက်ထရပ်ကားက ယာဉ်မောင်းနဲ့ ဟိုင်းလတ်က အမျိုးသမီးတစ်ယောက်တော့ စိုးရိမ်ရတယ်။ အဲဒီ(၂)ယောက်ကတော့ ၅၀-၅၀ပေါ့။ ကျန်တဲ့လူ(၄)ယောက်ကတော့ ပွန်းပဲ့လောက်တွေပါပဲ။ အဲဒီနေရာက အရင်ကဖြစ်လေ့ဖြစ်ထတော့မရှိပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူ(၂)ဦး၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မြို့မလူမှုကူညီရေးအသင်းနှင့် မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းတို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေမွာ္ဘီၿမိဳ႕နယ္တြင္ ယာဥ္(၂)စီး တိုက္မိရာမွ လူ(၂)ဦးပြဲခ်င္းၿပီး ေသဆုံးကာ (၆)ဦး ဒဏ္ရာရ
သန႔္ဇင္(NP News) - ဇူလိုင္ ၂၅

ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ ပန္းတင္သည့္ကား ႏွင့္ ဝက္တင္သည့္ကားတို႔တိုက္မိရာမွ လူ(၂)ဦးပြဲခ်င္းၿပီးေသဆုံး၍ (၆)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမင့္ျမတ္ေစတနာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဇူလိုင္လ ၂၅ ရက္)၊ နံနက္ ၆ နာရီခြဲအခ်ိန္ခန႔္တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ ေ႐ႊဇီးကြက္ဘီယာဆိုင္အနီး၊ အမွတ္(၄)လမ္းမေပၚတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဟိုင္းလတ္ကားက ရန္ကုန္ဘက္ကိုသြားတာ။ လိုက္ထရပ္ကားကေတာ့ ေလွာ္ကားဘက္ကေန လာၿပီးေခါင္းထြက္လာတာမွာတိုက္မိတာ။ မ်က္ႏွာခ်င္းဆိုင္ပုံစံမ်ိဳးတိုက္မိတာပါ။ ကားေတြကေတာ့ ပန္းကား နဲ႔ ဝက္တင္တဲ့ကားပါ”ဟု ျမင့္ျမတ္ေစတနာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဟိုင္းလတ္ေပၚတြင္လိုက္ပါလာသည့္ အသက္ (၄၀)ေက်ာ္ အမ်ိဳးသမီးတစ္ဦး ႏွင့္ လိုက္ထရပ္ကားေပၚမွ အသက္(၃၀) ေက်ာ္ အမ်ိဳးသားတစ္ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိကာ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ၿပီး (၆)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ေသဆုံးတဲ့ အမ်ိဳးသားက ေခါင္းထိသြားတာ။ အမ်ိဳးသမီးကေတာ့ ကားထဲညပ္သြားတာပါ။ က်န္တဲ့ထဲက လိုက္ထရပ္ကားက ယာဥ္ေမာင္းနဲ႔ ဟိုင္းလတ္က အမ်ိဳးသမီးတစ္ေယာက္ေတာ့ စိုးရိမ္ရတယ္။ အဲဒီ(၂)ေယာက္ကေတာ့ ၅၀-၅၀ေပါ့။ က်န္တဲ့လူ(၄)ေယာက္ကေတာ့ ပြန္းပဲ့ေလာက္ေတြပါပဲ။ အဲဒီေနရာက အရင္ကျဖစ္ေလ့ျဖစ္ထေတာ့မရွိပါဘူး”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူ(၂)ဦး၏ ႐ုပ္အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ၿမိဳ႕မလူမႈကူညီေရးအသင္းႏွင့္ ျမင့္ျမတ္ေစတနာလူမႈကူညီေရးအသင္းတို႔က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.