ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို

 652

ယွန်း(NP News) - ဇူလိုင် ၂၅

ချေးငွေသက်တမ်း(၃)နှစ် ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိကြောင်း လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဇူလိုင်လ(၂၄)ရက်နေ့တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်‌ထောင်စုဝန်ကြီးက နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေသို့ ငွေကျပ် (၅၀)ဘီလျံနှင့် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် (၁၅၀)ဘီလျံမှ ငွေကျပ် (၅၀)ဘီလျံ အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၀)ဘီလျံကို ပြန်လည်ကောက်ခံပြီးစီးမှုများကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် ချေးငွေပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထည့်သွင်းထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ချေးငွေ ပြန်လည်ပေးဆပ်မှုတိုးတက်လာကြောင်း သိရသည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများသည် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများဖြစ်သဖြင့် မဖြစ်မနေပြန်လည်ပေးဆပ်ရန်တာဝန်ရှိပြီး ချေးငွေသက်တမ်းသုံးနှစ်ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် ပြန်လည်ပေးဆပ်မှုမရှိသူများကို စီမံခန့်ခွဲမှုနည်းလမ်းများ၊ လုပ် ငန်းစဥ်များဖြင့် အမြန်ဆုံးပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ အချိန်စေ့တော့မည်ဖြစ်ပြီး ကြိုတင်ဆောင်ရွက်ထားရန် ပြည်ထောင်စုဝန် ကြီးက အသိပေးထားသည်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိ ခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း (၁)နှစ်လျှင် အတိုးနှုန်း(၁)ရာခိုင်နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည်။ အဆိုပါ ချေးငွေသက်တမ်း(၁)နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် (၆)လ၊ ဒုတိယအကြိမ် (၆)လနှင့် တတိယအကြိမ် (၁)နှစ် စုစုပေါင်း (၃)နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

zawgyi version
ေခ်းေငြသက္တမ္း(၃)ႏွစ္ေက်ာ္လြန္ၿပီးသည့္ ကိုဗစ္(၁၉)ရန္ပုံေငြေခ်းေငြမ်ားကို ေခ်းေငြသက္တမ္းတိုးျမႇင့္ေပးရန္ အစီအစဥ္မရွိဟုဆို

ယြန္း(NP News) - ဇူလိုင္ ၂၅

ေခ်းေငြသက္တမ္း(၃)ႏွစ္ ေက်ာ္လြန္ၿပီးသည့္ ကိုဗစ္(၁၉)ရန္ပုံေငြေခ်းေငြမ်ားကို ေခ်းေငြသက္တမ္းတိုးျမႇင့္ေပးရန္ အစီအစဥ္မရွိေၾကာင္း လုပ္ငန္းေကာ္မတီ ဥကၠ႒က အသိေပးေျပာၾကားထားသည္။

လုပ္ငန္းေကာ္မတီဥကၠ႒၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာကံေဇာ္က ဇူလိုင္လ(၂၄)ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အစည္းအေဝးတြင္ ျပည္‌ေထာင္စုဝန္ႀကီးက ႏိုင္ငံေတာ္၏လွည့္ပတ္ရန္ပုံေငြသို႔ ေငြက်ပ္ (၅၀)ဘီလ်ံႏွင့္ အေထြေထြပိုလွ်ံရန္ပုံေငြမွ ထုတ္ေပးထားသည့္ ေငြက်ပ္ (၁၅၀)ဘီလ်ံမွ ေငြက်ပ္ (၅၀)ဘီလ်ံ အပါအဝင္ စုစုေပါင္း ေငြက်ပ္ (၁၀၀)ဘီလ်ံကို ျပန္လည္ေကာက္ခံၿပီးစီးမႈမ်ားကို အသိေပးေျပာၾကားခဲ့သည္။ ထို႔ျပင္ ေခ်းေငြျပန္လည္ေပးဆပ္ရန္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေၾကညာခ်က္ထည့္သြင္းထုတ္ျပန္ၿပီးေနာက္ ၂၀၂၄ ခုႏွစ္၊ ဇြန္လႏွင့္ ဇူလိုင္လအတြင္း ေခ်းေငြ ျပန္လည္ေပးဆပ္မႈတိုးတက္လာေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ရန္ပုံေငြမွ ေခ်းေငြမ်ားသည္ ႏိုင္ငံ့ဘ႑ာရန္ပုံေငြမ်ားျဖစ္သျဖင့္ မျဖစ္မေနျပန္လည္ေပးဆပ္ရန္တာဝန္ရွိၿပီး ေခ်းေငြသက္တမ္းသုံးႏွစ္ေက်ာ္လြန္ၿပီး ေခ်းေငြအရင္းအတိုးမ်ား ျပန္လည္ေပးဆပ္ရန္က်န္ရွိေနသည့္ ကုမၸဏီ/လုပ္ငန္းမ်ားကို ေခ်းေငြသက္တမ္းတိုးျမႇင့္ေပးရန္ အစီအစဥ္မရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားထားသည္။

ထို႔ေၾကာင့္ ျပန္လည္ေပးဆပ္မႈမရွိသူမ်ားကို စီမံခန႔္ခြဲမႈနည္းလမ္းမ်ား၊ လုပ္ ငန္းစဥ္မ်ားျဖင့္ အျမန္ဆုံးျပန္လည္ရရွိေရး ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း သိရသည္။ ကိုဗစ္-၁၉ ရန္ပုံေငြမွ ငါး၊ ပုစြန္ေမြးျမဴေရးအပါအဝင္ ေမြးျမဴေရးက႑သို႔ ထုတ္ေပးထားသည့္ ေခ်းေငြမ်ား ႏွင့္ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္း ႏွင့္ မီဒီယာက႑သို႔ ထုတ္ေပးထားသည့္ ေခ်းေငြမ်ား အခ်ိန္ေစ့ေတာ့မည္ျဖစ္ၿပီး ႀကိဳတင္ေဆာင္႐ြက္ထားရန္ ျပည္ေထာင္စုဝန္ ႀကီးက အသိေပးထားသည္။

ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီအေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိ ခိုက္မႈရွိခဲ့ေသာ စီးပြားေရးလုပ္ငန္းမ်ားအား ေခ်းေငြသက္တမ္း (၁)ႏွစ္လွ်င္ အတိုးႏႈန္း(၁)ရာခိုင္ႏႈန္းျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလမွစတင္၍ ေခ်းေငြမ်ား ထုတ္ေခ်းခဲ့သည္။ အဆိုပါ ေခ်းေငြသက္တမ္း(၁)ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီးေနာက္ ပထမအႀကိမ္ (၆)လ၊ ဒုတိယအႀကိမ္ (၆)လႏွင့္ တတိယအႀကိမ္ (၁)ႏွစ္ စုစုေပါင္း (၃)ႏွစ္အထိ ေခ်းေငြသက္တမ္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ေပးခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.