ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
483
ယွန်း(NP News) - ဇူလိုင် ၂၆
မေး - ဥက္ကဋ္ဌ မင်္ဂလာပါ။ ရုပ်ရှင်သည် ပြည်သူ့အ တွက်ဆိုတဲ့စကားလုံးကို ကျွန်တော်တို့က အမြဲကြားခဲ့ရတယ်။ သာမန်ပြည်သူတွေက ရုတ်တရက်ဆိုရင် အဓိပ္ပာယ်ကိုနားမလည်ဘူး။ ဥက္ကဋ္ဌအနေနဲ့ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပေးလို့ရမလား။
ဖြေ - အမှန်က ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတဲ့ ဆောင်ပုဒ်ကို ပြောသွားတဲ့ပုဂ္ဂိုလ်ကတော့ မြန်မာ နိုင်ငံမှာ ပထမဆုံးရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ ဦးညီပုပါ။ ၁၉၂၀ မေတ္တာနှင့်သူရာရုပ်ရှင်ကားမှာ ပထမဆုံး မင်းသားပေါ့နော်။ သူတို့ရဲ့မျိုးဆက်ကလည်း ကောင်းတယ်။ အေဝမ်းမျိုးဆက်တွေပေါ့။ မြန်မာနိုင်ငံမှာ ကျေးဇူးကြီးတဲ့ မျိုးဆက်(၂)ဆက်ရှိတယ်။ တစ်ခုကတော့ ဗြိတိသျှဘားမားနဲ့ တစ်ခုက အေဝမ်းပဲ။ ဒီမှာ ကျောင်း တွေဘာတွေမရှိပေမယ့် သူတို့ကတော့ ကျောင်းတွေလိုပဲ။ ကျွန်တော်တို့ဆိုရင်လည်း ပညာတွေ ရခဲ့တာပေါ့။ အဲဒီတော့ ကျေးဇူးကြီးတယ်။ အဲဒီကျေးဇူးကြီးတဲ့ အေဝမ်းမျိုးဆက်တွေထဲမှာ ဦးညီပု ကနေ ပြီးတော့ ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ ရုပ်ရှင်သည်ပြည်သူ့ အတွက်ဆိုတာကိုပေါ့။ တကယ်တမ်း ကျ တော့ ရုပ်ရှင် ဆိုတာ ဘယ်ပေါ်မှာရပ်တည်နေလဲဆိုတော့ ပရိသတ်ပေါ်မှာရပ်တည်နေတာ။ ပရိသတ်မရှိ ရင် ရုပ်ရှင်ဆိုတာမရှိဘူး။ အဲဒါသေချာတယ်။ အဲဒီ စကားကလည်း ကျွန်တော်ပြောတဲ့စကားမဟုတ်ဘူး။ ၁၉၁၅ လောက်တုန်းက တကယ်ထင်ရှားခဲ့တဲ့ ဒါရိုက်တာကြီးတစ်ယောက်ကနေပြီးတော့ ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ D.W.Griffith တဲ့ သူ့နာမည်က။ အဲဒီ ပုဂ္ဂိုလ်ကြီးကပြောခဲ့တာ ပရိသတ်မရှိရင် ရုပ်ရှင် မရှိဘူးတဲ့။ ဆိုတော့ ဦးညီပုအနေနဲ့ ပြောလိုက်တာကတော့ ဒီဆောင်ပုဒ်လေး ကျွန်တော်တို့ ကလည်း ကြိုက်တယ်။ လက်လည်းလက်ခံတယ်။ ကျွန်တော်တို့ကို တကယ် အကျိုးပြုတာ ပရိသတ် ဖြစ်တယ်။ ပြည်သူ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရုပ်ရှင်သည်ပြည်သူ့အတွက်ဆိုတာကို ကျွန်တော် ကိုယ်တိုင်ကလည်း လက်ခံတယ်။ သူပြောခဲ့တာကိုလည်း သဘောကျပါတယ်။
မေး - ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတာကိုမှ ကျွန်တော်တို့က ရိုးရိုးရှင်းရှင်းထပ်ပြောရရင် ပြည်သူ တွေနောက်ကို ရုပ်ရှင်ကလိုက်မှာလား။ ရုပ်ရှင်တွေက ပြည်သူတွေကိုဆွဲခေါ်မှာလားဆိုတဲ့ မေးခွန်းပေါ့။ အဲဒါကိုကော ဘယ်လိုဖြေချင်သေးလဲ။
ဖြေ - ဒီဟာကတော့ စောစောကပြောသလိုပေါ့လေ။ ပန်းချီဆရာတစ်ယောက်ဆိုရင် သူ့စိတ်ကြိုက်သူ ရေးတာပဲ။ ကဗျာဆရာလည်း သူ့ခံစားချက်သူရေးတာပဲ။ ကြိုက်အောင်ရေးတယ်တို့၊ ကြိုက်အောင်ဆွဲ တယ်တို့ သိပ်မရှိကြဘူး။ ရုပ်ရှင်ကျတော့ မရဘူး။ ကျွန်တော်တို့ရုပ်ရှင်ထဲဝင်လာတာ ၁၉၇၀ ကျော် လောက်က ဝင်လာတဲ့အခါမှာ အဲဒီအချိန်မှာ ဓားကား တွေပေါ့၊ Fighting ကားတွေနဲ့ ရင်းနှီးခဲ့ရတာ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဓားကားနဲ့ဝင်လာတာ ပေါ့။ ဝင်လာတဲ့အချိန်မှာ နယ်က ကန်ထရိုက်က ရောက်လာတယ်ဆိုရင် ဒီကားက Fighting ပါလား လို့မေးတာ။ အဲဒီကျတော့ ကျွန်တော်တို့ကလည်း ဘယ်လိုဖြစ်ရလဲဆိုတော့ Fighting မပါပါအောင် ထည့်ပြီး ရိုက်ရတဲ့အခြေအနေဖြစ်လာတယ်။ နောက် အသက်ကလေး ရလာတဲ့အခါကျတော့ တစ်မျိုးဖြစ် လာတာပေါ့။ ငါဒီကား Fighting မထည့်လည်း ပရသတ်ကို ဘယ်လိုဆွဲဆောင်လို့ရမလဲဆိုတာမျိုးနဲ့ စသည်အားဖြင့်ပေါ့။ ဒါသည် Fighting ကို အောက်တန်းကျတယ်လို့ပြောတာ မဟုတ်ဘူးနော်။ Fighting ကြိုက်တဲ့ခေတ်ရှိတယ်၊ ဟာသကြိုက်တဲ့ ခေတ်ရှိတယ်။ အဲဒီအချိန်မှာ မှတ်မှတ်ရရ ၁၉၇၇ မှာ Fighting တွေ၊ ဟာသတွေ ကြိုက်နေတဲ့အချိန်မှာ ဟာသမင်းသားပဲ ကိုစိန်မင်းကနေပြီးတော့ အဖေတစ် ခုသားတစ်ခုဆိုတဲ့ကားကိုရိုက်တာ ဝက်ဝက်ကွဲ အောင် မြင်တာ။ အဲဒါကျတော့ ဒရမ်မာဖြစ်သွားပြန်ရော။ အဲဒီ တော့ ဆိုလိုတာကတော့ ခုနမေးတဲ့ ပရိသတ်နောက် ကလိုက်မှာလား၊ ပရိသတ်ရှေ့ကသွားမှာလား ဆိုရင် ရုပ်ရှင်ဆိုတာ အနုပညာနဲ့ အတက်ပညာပေါင်း ထားပြီးတော့ စီးပွားရေးပေါ်မှာထိုင်ထားရတာ။ စီးပွားမဖြစ်ဘူးဆိုရင် ဒီဒါရိုက်တာ ရိုက်တာကကွာ ပိုက်ဆံလည်းမရပါဘူးဆိုတာမျိုး အဖြစ်မခံချင်တော့ ပိုက်ဆံရအောင် ကျွန်တော်တို့က စဉ်းစားရတာပေါ့ နော်။ ကားတစ်ကားလုံးကို ပရိသတ်အကြိုက် တွေချည်းပဲ ပေါတောတောရိုက်ရင် တော့လည်း မကောင်းဘူးလေနော်။ ကိုယ်လုပ်ချင်တာလုပ် အနုပညာသက်သက်ပဲလုပ်မယ်ဆိုတာ လည်းရှိတယ်။ တစ်ချိန်တုန်းကရှိခဲ့ဖူးတယ်လေ ရန်ကုန်ဘဆွေတို့၊ ကိုအောင်လွင်တို့၊ မာန်ဆိုတဲ့ကား ပရိသတ်ကိုမငဲ့ဘူး။ ရန်ကုန်ဘဆွေဆို မာန်ဆိုတဲ့ကားရိုက်တော့ ဘာပြောလဲဆိုတော့ “ လူလိုစကား ပြောမည်” တဲ့။ အဲဒီလိုဟာမျိုးနဲ့ ကြေညာပြီးတော့ သူကရိုက်တာ။ ပြောချင်တာက ရုပ်ရှင်မှာလည်း အနုပညာမြောက် အောင်ရိုက်တဲ့သူတွေရှိတယ်။ ပရိသတ်ရဲ့ကြိုက်တာ မကြိုက်တာကို အာရုံမထားဘဲနဲ့ ရိုက်တဲ့သူလည်း ရှိတာပေါ့။ ကျွန်တော်တို့ကျတော့လည်း အဲဒီလိုမ ဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငဲ့ရတာပေါ့။ ခုနပြောသလိုပထမဆုံးဒါရိုက်တာကြီးကတောင်မှ ၁၉၁၅ ထဲက သူပြောသွားတယ်။ သူ့ကားက ပြောရရင် ရုပ်ရှင်ပေါ် လာတဲ့အချိန်မှာ ဘယ်သူမှအထင်မကြီးဘူး။ ရုပ်ရှင် က ၁၈၉၅ ဒီဇင်ဘာ လောက်မှာ သိသိသာသာပေါ်လာ တာပေါ့။ ၁၈၉၅ မှာ ပိုက်ဆံယူပြီးတော့ပြတယ်။ ပြင်သစ်နိုင်ငံက စတာပေါ့နော်။ ပရိတ်သတ်က ၃၅ ယောက်။ အဲဒီအချိန်တည်းကစခဲ့တဲ့ ရုပ်ရှင်က ဘယ်သူမှ အထင်မကြီးတာ။ ရုပ်ရှင်ဆိုတာဓာတ်ပုံရိုက်ပြီးတော့ အတုလုပ်တဲ့ဟာဆိုပြီးတော့ ဇာတ်လောက်အထင် မကြီးကြဘူး။ နှစ် ၂၀ လောက်ကြာတော့မှ ၁၉၁၅ ခုနှစ်လောက်ကျမှ The Birth of a Nation ဆိုတဲ့ရုပ်ရှင်ကားထွက်တယ်။ အဲဒီကားက ခုနတုန်းက ကျွန်တော်ပြောတဲ့ D.W.Griffith ဆိုတဲ့ ဒါရိုက် တာကြီးက ရိုက်တယ်။ ရိုက်တဲ့အခါမှာ နိုင်ငံတကာမှာ အဲဒီကားက ဝက်ဝက်ကွဲအောင်မြင်သွားတာပေါ့ နော်။ သူကပြောတာက ရှင်းတယ်။ ပရိသတ်မရှိဘဲ ရုပ်ရှင်မရှိဘူး။ ပရိသတ်ကိုအကျိုးရှိစေချင်တဲ့ ပုဂ္ဂိုလ်တွေကလည်း အကျိုးရှိတဲ့ကားတွေရိုက်ပါလား၊ ဘာလို့ပေါကားတွေရိုက်နေတာလဲဆိုတာလည်း ကြားရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပေါတောတောတွေများတာတော့ မကြိုက်ဘူးပေါ့ နော်။ အကယ်ဒမီမှာလည်း ကြည့်နေရတဲ့အခါကျတော့ ပယ်လိုက်တဲ့ကားတွေကြည့်လိုက်ရင် သိသာ တယ်။ အကဲဖြတ်တဲ့နေရာမှာ ပေါကားတွေမကြိုက်ဘူးဆို တာပေါ်တော့ပေါ်ပါတယ်။ သို့သော် လည်း ပရိသတ် တွေကလည်းရှိနေတယ်။ ရုပ်ရှင်နဲ့ညှိပြီးရိုက်နေတဲ့အခါမှာ ကောင်းတာ တွေလည်းရှိပါ တယ်။ အကျိုးရှိတာတွေလည်းရှိပါတယ်။
မေး- အားပေးကြည့်ရှုတဲ့ပရိသတ်တွေထဲမှာလည်း ပုံစံမျိုးစုံနဲ့ရှိကြတယ်။ Entertainment ကတော့ Entertainment လိုပဲသွားရတာပေါ့။ တချို့ ကတော့ Entertainment မပါဘူးလားတို့၊ ရသမပါဘူး လားတို့ လူတွေရဲ့စိတ်ဆန္ဒတွေက ပုံစံမျိုး စုံကွဲပြားတယ်။ ရုပ်ရှင်က ဘာကိုတည်ပြီးရပ်တည် နေရ တယ်လို့ပြောမလဲ။
ဖြေ- ပရိသတ်ကိုပဲရပ်တည်ပြီးတော့ နေရတာပေါ့။ ဆိုပါတော့ Fighting ကားတွေ၊ ဟာသကားတွေက တော့ လူကြိုက်အများဆုံးလို့ထင်တာပေါ့နော်။ ကျွန်တော်တို့ကိုယ်တိုင် ငယ်ငယ် တုန်းကဆိုရင် ဂျက် ကီချန်းတို့လိုမျိုးကိုကြိုက်တာ။ ဘာကြောင့်ကြိုက်လဲ ဆိုတော့ စကားကိုသိပ်ပြီးနားလည်စရာမလိုဘူး လေ။ အက်ရှင်ဖြစ်တာကိုး။ ဘာပဲဖြစ်ဖြစ်လူက Entertain ဖြစ်ချင်လို့ ရုပ်ရှင်သွားကြည့်တယ်။ အဲဒီ ထဲမှာ ပညာတွေပေးနေလို့ မကြိုက်ဘူးထင်တယ်။ ပညာသားပါပါ လေး အရင်တုန်းက ဦးသုခတို့လုပ်တဲ့ ဟာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီနေရာမှာ ကြုံကြိုက် လို့ပြောရရင် ရုပ်ရှင်သမားတို့၊ သဘင် သမားတို့ဆိုတာ ဂီတသမားလည်းပါတာပေါ့နော် တကယ်တမ်းကျ အကုသိုလ်ကင်းတဲ့ အလုပ်မဟုတ်ဘူး ဗျ။ အကုသိုလ် ရှိတယ်။ လူတွေကို စိတ်ငြိမ်အောင်၊ သမာဓိရှိအောင်၊ လောဘ၊ ဒေါသ၊ မောဟကင်း အောင် လုပ်ရမယ့်ဟာ ကို ကျွန်တော်တို့ကများအောင်လုပ်တာ။ များအောင် လုပ်နေကတည်းက ကျွန်တော်တို့က အကုသိုလ်ဖြစ် နေပြီ။ ဟိုးတုန်းက သဘင်သည်ကြီးတစ်ဦးရှိတယ်။ အဲဒီသဘင်သည် ကြီးကနေပြီးတော့ ဘုရားဆီကို လျှောက်တယ်။ တပည့်တော်တို့သဘင်သည်တွေ သေရင် ပဟာသနတ် ပြည်ကိုရောက်တယ်ဆိုတာ ဟုတ်လားပေါ့။ ဘုရားကမဖြေဘူး။ သုံးကြိမ်မဖြေဘူး။ သူကလည်းမေးတာ ပဲ။ ပြောပါဦးဘုရားပေါ့။ မဟုတ် ဘူး ပဟာသဆိုတာ ငရဲပေါ့။ မင်းတို့သဘင်သည်တွေက ပဟာသငရဲကို ရောက်သွားတာ။ ညဆိုမင်းတို့ကပျော်ကြပါးကြကကြခုန်ကြ။ နေ့ခင်းကျမင်းတို့က ငရဲခံရတာပေါ့လေ။ ပဟာသငရဲဆိုတဲ့အကြောင်းကို ပြောပြတာပေါ့။ ပြောပြတော့ သူကချုံးပွဲချငိုတာ။ အဲဒါလေး ဖတ်ပြီး တော့ ဆရာကြီးဦးသုခနဲ့တွေ့တဲ့ အခါကျတော့ အဲဒီအကြောင်းပြောပြတယ်။ ကျွန် တော်တို့ကသေရင် ငရဲသွားရမှာဆရာဆိုတော့ အဲဒီလိုလည်းမဟုတ်ပါဘူးတဲ့။ ကိုယ့်ရဲ့ရည်ရွယ်ချက် က အရေးကြီးပါ တယ်တဲ့။ အများပြည်သူကောင်းကျိုး အတွက်လုပ်တယ်ဆိုရင် ကောင်းပါတယ်တဲ့။ ဦးဖိုးစိန် ကြီးက ကတာလေ။ ခုခေတ်လူတွေအားပေးတယ် ဆိုတာသူ့ဘယ်မီမလဲ။ အဲဒီခေတ်အမျိုးသမီးတွေဆို ရွှေဒင်္ဂါးတွေတောင် ဆုချကြတာလေ။ ခုနကျွန်တော် ကြားသလိုသူကြားတော့ သူစဉ်းစားသွားတယ်။ သူကြောက်သွားတယ်။ ငရဲကျမှာကြောက်တော့ သူဘာလုပ်လဲ ဆိုတော့ ငါးရာ့ငါးဆယ်နိပါတ်တို့၊ ဇာတ်ကြီးဆယ်ဘွဲ့တို့နဲ့ အကျိုးပြုအောင်လုပ်သွား တာ။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်လိုတာပေါ့။ ဟာသကားတစ်ကားကိုရိုက်မယ်ဆိုရင် ဟာသလေး က ၆၀%၊ ၇၀% လောက်နဲ့ ကျေနပ်အောင် ဒီဘက်က အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ အဲဒါလေးကအရေး ကြီးတယ်။ တစ်ခါကလည်း ဒီလိုဗျ။ ကိုကျော်ဟိန်းနဲ့ကျွန်တော်နဲ့ပြောတုန်းကလည်း ရယ်စရာ တစ်ခုရှိတယ်။ ကိုကျော်ဟိန်းက ဆရာ တော်ကြီးတစ်ပါးကို သွားဖူးတဲ့ အခါကျတော့ ဆရာတော်ကြီးက မင်းကဘယ်သူလဲ ဆိုတော့ တပည့်တော်ကျော်ဟိန်းပါဘုရားတဲ့။ မင်းက ဘာလုပ်တာလဲ ထပ်မေးတယ်တဲ့။ တပည့်တော်က ရုပ်ရှင်မင်းသားလုပ်ပါတယ်ဘုရားတဲ့။ သူ့ကိုလူတိုင်း က သိတယ်။ ဒီဆရာတော်ကြီးကမသိဘူး။ ရုပ်ရှင် မင်းသားဆိုတော့ ဆရာတော်ကြီးက သေရင်ငရဲသွား မယ့်ကောင်ပဲတဲ့။ ကျွန်တော်တို့ကအဲဒီလိုဗျ။ တကယ် တမ်းကျတော့ ဘယ်နေရာဖြစ်ဖြစ်ပါ စေတနာမမှန်ဘူး၊ မရိုးသားဘူးဆိုရင်တော့ ငရဲသွား မယ့်လူချည်းပဲ။ စိတ်ကလေးပေါ့ စေတနာလေးထည့်ဖို့၊ အများအကျိုး ဖြစ်ဖို့၊ ရုပ်ရှင်သည်ပြည်သူ့ အတွက်ဆိုသလိုပဲ ပြည်သူ့အတွက်ပါအောင်တော့ လုပ်စေချင်တာပေါ့။ လုပ်နိုင်အောင်လည်း တတ်နိုင် သမျှတော့ ကိုယ့်လောကသားတွေကိုတော့ ပြောပြပါတယ်။
မေး - ပြီးခဲ့တဲ့ တစ်ခေတ်တစ်ခါတစ်လျှောက် လုံးမှာတော့ ရုပ်ရှင်တွေက လူထုကိုတကယ်လည်း အကျိုးပြုခဲ့တယ်။ ခေတ်ကာလပြောင်းသွားတော့ တဖြည်းဖြည်းနဲ့လူတွေရဲ့ အကြိုက်တွေလည်း ပြောင်းလာတော့ အဲဒီပေါ်မူတည်ပြီးရိုက်နေရတာ တွေလည်း တွေ့ရတယ်။ ရုပ်ရှင်က စီးပွားဖြစ်နဲ့ Entertainment ကိုတွဲလာတယ်လို့မြင်ရတယ်။ ခေတ်အဆက်အဆက်ဥက္ကဋ္ဌတို့ ကြည့်လာတဲ့ နေရာ မှာ ပြောင်းလဲလာတာကို ဘယ်လိုမျိုး သတိထားမိလဲ။
ဖြေ - ကျွန်တော့်အယူအဆမဟုတ်ဘဲနဲ့ ဖုန်းထဲ မှာတက်လာတဲ့ဟာတွေကြည့်လိုက်ရင် လူကြီးတွေ ညည်းတာတွေ့ရတယ်။ သရုပ်ဆောင်ကြီးတွေ ညည်း တယ်။ ဘာညည်းလဲဆိုတော့ အရင်လို ဂါရဝတရား မရှိ ဘူးလို့ညည်းကြတာလေးတွေတွေ့ရတယ်။ ခေတ်ကိုက နည်းနည်းလေးသတ္တိပဲ ကောင်းတာလား။ နိဝါတ တရားပဲနည်းတာလား ကျွန်တော်လည်း မပြောတတ် ဘူး။ နောက်ခုဆိုးနေတာက ဘာဆိုးနေလဲ ဆိုတော့ ကျွန်တော့်အနေအထားဆိုရင်တော့ ဒီအဘိုးကြီးက အောက်နေပြီလို့ ထင်ကောင်းထင်မှာပေါ့။ ပြောချင် လည်း ပြောကြပေါ့လေ။ ပြောလည်းမတတ်နိုင်ဘူး ကျွန်တော်ကတော့ ကျွန်တော်ခံစားရ တာဘာလဲဆို တော့ တစ်ချက်ကတော့ ရုပ်ရှင်တွေမှာ ယောကျာ်းချင်း ကြိုက်တဲ့ဟာ၊ မိန်းမချင်းကြိုက်တဲ့ ဟာတွေ LGBT ခေါ်လားမသိဘူး။ ကျွန်တော်ခေတ်မမီဘူးပဲ ပြောပြော၊ ခေတ်နောက်ကျတယ်ပဲ ပြော ပြော အားမပေးချင်ဘူး။ နောက်တစ်ခါ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ လွဲနေတာလေးတွေရှိတယ်။ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ဒီနေ့သစ္ဆေသရဲကားတွေနဲ့ ကိုက်ညီရဲ့လားဆိုတာတော့ ညှိစေချင်တာပေါ့။ ဘာလို့တုံးဆိုတော့ ထေရဝါဒဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နိုင်ငံပဲ မာမာထန်ထန်နဲ့ကာကွယ်နိုင် တဲ့နိုင်ငံရှိတာ။ ကျန်တဲ့နိုင်ငံတွေကလည်း ဗုဒ္ဓဘာသာ ဆိုပေမယ့် မြန်မာနိုင်ငံလောက်တော့ မကာကွယ် နိုင်ဘူး။ ကျွန်တော်တို့သိပ်ကံကောင်းတယ်။ ပါချုပ်ဆရာ တော်ရဲ့တရားတော်တွေဘာတွေနာရတယ်ဆို တာ တကယ် ကံကောင်းတာ။ အဲဒီထဲကမှ လွဲပြီးတော့သိပ်ခေတ်မီချင်ရင်တော့ ကျွန်တော့်အယူအဆ အရတော့ သိပ်မကောင်းဘူးထင်တာပဲလေ။ မဖြစ်စေချင်တာက တော့ ဘာသာရေးနဲ့ပတ်သက်တာရယ်၊ လိင်မှုကိစ္စ တွေရယ်ကတော့ ကျွန်တော်တို့ခေတ်ထက်ဆိုးနေ တယ်။ တစ်ခါတလေပြောကြတယ်။ ကောင်မလေးနဲ့ ကောင်လေးနဲ့မှားသွားတယ် ကျားကြီးကနေ ဘာကို အုပ်လိုက်တယ်၊ ပန်းအိုးလေး လဲသွားတယ်ဆိုတာ အောက်နေပြီတဲ့။ အဲဒါအောက်ရင်ဘာပြမလဲဆိုတော့ မှန်တော့မှန်တယ် ခြင်ထောင်ထဲကဟာတွေလျှောက် ပြရင်တော့ မဖြစ်ဘူးထင်တယ်။ သူတို့မှားသွားကြတယ် နားလည် ရင်ပြီးတာပါပဲ။ ဒါကိုခရေစေ့တွင်းကျပြ တော့ကော ဘာအကျိုးရှိလဲ။ ကျွန်တော်တို့နဲ့ နည်း နည်းတော့ ကွာနေတာပေါ့။ ဘယ်လိုပဲကွာကွာ ကျွန်တော်ကတော့ ရုပ်ရှင်လောကကြီး ဆက်လက်တည်တံ့ဖို့ရယ်၊ သိက္ခာရှိဖို့ရယ်တော့ အမြဲစဉ်းစားပါတယ်။
မေး- ရုပ်ရှင်လောကကြီးတည်တံ့စေဖို့၊ ရေရှည် ကောင်းဖို့၊ အများပြည်သူကြားမှာ တကယ်ပဲ ဂုဏ် သိက္ခာရှိဖို့၊ အဆင့်အတန်းပိုမြင့်လာဖို့ ဥက္ကဋ္ဌအနေနဲ့ ဘာတွေရင်ဆိုင်နေရလဲ။
ဖြေ- ရင်ဆိုင်နေရတာက ၂၀၂၁ မှာဖြစ်တော့ ကျွန်တော်က ကိုဗစ်ဖြစ်တာဗျ။ သေကောင်ပေါင်းလဲ ဖြစ်တယ်။ ကျွန်တော့်အမျိုးသမီးကလည်း တတိယ လှိုင်းမှာပဲဆုံးသွားတော့ ကျွန်တော် တော်တော်စိတ် ညစ်တယ်။ နေတောင်မနေချင်တော့ဘူး လောက ကြီးကို တော်တော်စိတ်ပျက်သွားတာ။ ငါတော် လောက်ပြီထင်တယ်။ သတင်းစာဖတ်ရင် စာမျက်နှာ (၃၁)ကို ကျွန်တော်က ပါဖို့သင့်နေပြီ။ အသက်က (၈၀)နားကပ်နေပြီဆိုတော့ ပါရင်လည်း ကျွန်တော်က ကျေနပ်နေပြီ။ ကိုဗစ်ဖြစ်တော့ ပင်လုံမှာ တက်ရ တာ။ လူကလည်းထမင်းလည်းမစားနိုင်။ ရုပ်ရှင်အစည်း အရုံး မှာကလည်း ဖရိုဖရဲတွေဖြစ်သွားပြီ။ EC က ၁၅ ယောက်လောက်ပဲရှိတော့တယ်။ ဝန်ထမ်းက ၄ ယောက်ပဲကျန်တော့တယ်။ သက်ကြီးပူဇော်ပွဲလုပ်တဲ့ အချိန်ကျတော့ နာယကတွေကရော၊ အမှုဆောင်တွေကရော ဒီမှာဆက်ပြီးလုပ်ပေးမှကောင်းမယ်ဆို တော့ ကျွန်တော်ကလည်းစဉ်းစားတယ်။ ငါဒီတိုင်းနေရင် စိတ်ဓာတ်ကျပြီး သေလိမ့်မယ်။ ဒီမှာကမှ လှုပ်ရှား မှုရှိသေးတယ်ဆိုပြီး ကျွန်တော်စပြီးလှုပ်ရှားတာ။ တုတ်ကောက်မလွတ်သေးဘူး။ အိမ်သာ ထဲမှာချော်လဲ သေးတယ်။ ဒါပေမဲ့ အဲဒီကနေစပြီးတော့ နည်း နည်းစီလုပ်လာလိုက်တာ အမှုဆောင်က ၂၅/၃၀ လောက် ဖြစ်သွားပြီ။ ဝန်ထမ်းကလည်း ၂၅ လောက် ဖြစ်သွားပြီ။ ဒါကတော့ နည်းနည်းလေး ကံကောင်းလာ တာပေါ့နော်။ နိုင်ငံကတော်ကနေလည်း ဥပမာ- သိန်း ၁၀ဝ၀ ဆိုပြီး ကူညီတာမျိုးတွေ ရှိတဲ့ အထဲကနေ အောက်ကရုပ်ရှင်ရုံကြီးက ဘာဖြစ်သွားလဲဆိုတော့ ပြဇာတ်ကပျက်သွားတယ်။ နောက်တစ်ခုက ဒီဘက် မှာဆိုရင် မြေကပြိုသွားတယ်။ မြေကပြိုသွားတော့ သိန်း ၂၀ဝ၀ နီးပါး လောက်ကုန်သွားတယ်။ အဲဒါမျိုး လေးတွေပြင်ဆင်ရတယ်။ ဗုံးကွဲတာတွေ၊ အမျိုးမျိုး ရှိတယ်။ အကယ်ဒမီလုပ်တဲ့အခါကျရင် တထိတ် ထိတ်နဲ့ လုပ်ခဲ့ရတာတွေ။ ရုပ်ရှင်ရုံကားထိုးတွေပြတဲ့ အခါ မှာလည်း ဒီနေ့ဒီအချိန်အထိ ကြောက်နေရဆဲပဲ။ ပရိသတ်က အားပေးတဲ့အခါကျတော့ အားတက် ရတာပေါ့။ အမှန်ပြောရရင် ကျွန်တော်လည်း နားချင် နေပြီ။ ဒီပေါ်မှာ တကယ်ကို စေတနာရှိပြီး ထိန်းသိမ်း ချင်တဲ့သူရှိရင်တော့ ကျွန်တော်နားချင်နေပြီ။ ကျွန်တော့်အသက်အရွယ်ကလည်း နားဖို့ ကောင်းနေပြီလေ။ ကျွန်တော်တို့အပေါ်မှာတော့ ထုတ်လုပ်သူကရော၊ ရုံတွေကရော နားလည်တဲ့အခါ ကျတော့ ပံ့ပိုးမှုပေးပါတယ်။ အခုကျွန်တော်ပြောတယ် ဘယ်သူ့မှ အလှူမခံနဲ့။ လှူချင်စိတ်ရှိရင် လှူလို့ ရတယ် ဒါပဲပြော။ မင်းကွန်းဆရာတော်ရဲ့ အဆိုအမိန့်လို “အလှူ ဌာနပဲရှိတယ် အလှူမခံဘူး” ။ ခွက်ထိုး မခံဘူး။ ဘာကောင်းသွားလဲဆိုတော့ တကယ်စေတနာရှိတဲ့သူက ကျွန်တော်တို့ကို တကယ်လာလှူတာမျိုးတွေ ပိုပီတိဖြစ်တာပေါ့။
မေး - ပထမအကြိမ် ဥက္ကဋ္ဌဖြစ်ခဲ့တုန်းက ပုံမှန် အေးဆေး ဖြစ်ပေမယ့် အခုဥက္ကဋ္ဌလုပ်တဲ့အခါမှာတော့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ တည့်တည့်တိုးတာပေါ့ နော်။ ဒါကြီးက ဥက္ကဋ္ဌအတွက် ရင်ဆိုင်ရတာ ခက် ခက်ခဲခဲကျော်ဖြတ်ရတယ်လို့ထင်တယ်။ ဒီကြားထဲမှာ ဥက္ကဋ္ဌကိုယ်တိုင် ရင်ဆိုင်ရတာ အားမလို အားမရ (သို့မဟုတ်) စိတ်ထဲမှာ တွန့်ဆုတ်သွားတာတွေ၊ စိုးရိမ်ကြောင့်ကြ သွားတာတွေ စသည်ဖြင့်ပေါ့လေ ဘာတွေများဖြစ်ခဲ့တာရှိလဲ။
ဖြေ- ပထမတစ်ခေါက် နည်းနည်းလှုပ်တုန်းက ကျွန်တော်က ဟန်ကျတယ်၊ ကံကောင်းတယ်ပေါ့။ ထုတ်လုပ်သူကောင်းကောင်းနဲ့ ပံ့ပိုးပေးနိုင်တယ်။ ဗီဒီယိုကလည်း ပံ့ပိုးပေးနိုင်တယ်။ အဲဒီတုန်းက ဝင်ငွေကလည်းကောင်းတယ်။ ဆင်ဆာတံဆိပ်တွေ ထုတယ်။ အဲဒီတုန်းက သိန်း ၉၀ဝ ကျွန်တော်က စပြီးလက်ခံတယ်။ သိန်း ၃၀ဝ၀ လောက် နောက်လူကို လွှဲနိုင်တယ်။ အခုဒီတစ်ခေါက်ကလည်း ပိုက်ဆံ လေး နည်းနည်းတက်လာတာလေးတွေရှိတယ်။ ဒီထဲမှာ ကျွန်တော် အနေနဲ့ အားပြတ်ပြတ်သွားတာက ကျွန်တော့်လူတွေ က ကျွန်တော့်ကိုအမြင်မမှန်တာလေးတွေပေါ့။ အဲဒီအခါကျရင်တော့ အားပြတ်တယ်။ အမြင်မှန်စေ ချင်တာပေါ့။ ရုပ်ရှင်လောကကြီးက ချစ်စေချင်တယ်။ ဒီရုပ်ရှင်အစည်းအရုံးကြီးရဲ့ ကျေးဇူး ကိုလည်း သိစေချင်တယ်။ ဆက်ပြီးတော့ လည်း ထိန်းသိမ်းစေချင်တယ်။ ဘယ်လောက်ထိတောင် ကျွန်တော်ပြောလဲဆို ရုပ်ရှင်က ကျွန်တော် တို့ရဲ့ ဒုတိယအိမ်ပဲဆိုတာ ပြောတယ်။ နောက်တစ်ခုက ရုပ်ရှင် အစည်းအရုံးကိုလာရင် ငါ့ကိုရုပ်ရှင်အစည်း အရုံးက ဘာပေးမလဲဆိုတဲ့စိတ်နဲ့မလာပါနဲ့ ငါရုပ်ရှင် အစည်းအရုံးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့စိတ် နဲ့လာပါ ဒါလေးလည်း ကျွန်တော်ပြောဖြစ်တယ်။ တစ်ခါတလေကျတော့ ရုပ်ရှင်အစည်းအရုံးက ဘာရမလဲဆိုပြီး လာတဲ့သူကများတဲ့အခါ ကျွန်တော် စိတ်ဓာတ်ကျတာပေါ့။ လုပ်ပေးနိုင်တဲ့သူရှိတော့လည်း စိတ်ကတက် လာတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ တာဝန်ရှိတယ်လေ။ ဒါနဲ့ကျွန်တော့်ဘဝကို တည်ဆောက်ထားတော့ ဒါရဲ့ကျေးဇူးကိုတော့ ကျွန်တော်စိတ်ဓာတ်ကျသည်ဖြစ်ဖြစ်၊ နောက် ထပ်လာမယ့်သူမပေါ်မချင်း ကျွန်တော်ကတော့ ဘယ်လောက်ခံစားရခံစားရ လုပ်ရမှာပါပဲ။ ဒါပေမဲ့ အမှန်ပြောရရင်တော့ ဒီအချိန်မှာများ လက်လွှဲလို့ရ ရင်တော့ လက်လွှဲချင်တာပေါ့။ စိတ်ဓာတ်ကျလို့တော့ မထင်ပါနဲ့။ လုပ်မယ့်သူမရှိရင်တော့ လုပ်ပေးဦးမှာပါ။
မေး- ဒီအတွင်းမှာ သတိထားမိတာက ရုပ်ရှင် လောကသားတွေနဲ့ ပြည်သူတွေကြား၊ ပြည်ပထွက် ပြေးသူတွေကြား၊ အစိုးရကြားတွေမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို တွေ့ရတယ်။ လူတွေကြား ထဲမှာ ပွတ်တိုက်မှုတွေ၊ အစိုးရနဲ့ ရုပ်ရှင်လောက သားတွေကြား၊ ပြည်သူတွေနဲ့ ရုပ်ရှင် လောကသား တွေကြား၊ မီဒီယာတွေနဲ့ရုပ်ရှင်လောကသားတွေကြား မှာ ပွတ်တိုက်မှုဖြစ်နေတဲ့ အရှုပ်အထွေးပေါ့လေ။ ဒီအရှုပ်အထွေးကြီးကို ဥက္ကဋ္ဌ ဘယ်လိုကြည့်ပြီး ပြောချင်လဲ။
ဖြေ- ကျွန်တော်တို့ မြန်မာလူမျိုးတွေက အင်မတန် ကံကောင်းတာနော်။ ဘာလို့ကံကောင်း တာလဲဆို တော့ ကောင်းမွန်တဲ့ဘာသာတရားကို ရထားတာ။ ဘာသာ တရားရဲ့အဆုံးအမနဲ့ တိုးတက်ရမယ့်လူမျိုး။ ဘုရား က နိဗ္ဗာန်ချည်းပဲပြောတာမဟုတ်ဘူး။ လူမှုရေးတွေ လည်းပြောတာပဲ။ ဥပမာ-သင်္ဂဟတရား လေးပါးတို့ ဘာတို့ ဆိုတာ လူမှုရေးတွေပဲ။ ပေးကမ်းရမယ်၊ ချိုချို သာသာပြောရမယ်၊ မနှိမ်ရဘူး၊ ကူညီရ မယ်ဆိုတာ အဖွဲ့အစည်းတွေမှာ တကယ်လိုအပ်တာပေါ့။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေမြင်တယ်ဗျာ။ အဲဒါမကောင်းဘူး။ တစ် ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင်ရမှာပေါ့။ တစ်ခါတလေကျတော့လည်း ရယ်စရာဖြစ်နေတာ ပေါ့ဗျာ။ ပါချုပ်ဆရာတော်ကြီးပြောသလို ကျွန်တော် တို့ဘာလို့ အဲဒီလိုမညီညွတ်နေတာလဲဆိုတော့ ဆရာတော်ကြီးကပြောလိုက်တယ်တဲ့ နိုင်ငံခြားသား တစ်ယောက်ကို။ ငါတို့သွေးထဲမှာကိုက အဲဒီမညီ ညွတ်တဲ့သွေးတွေရှိနေတယ်တဲ့။ အဲဒီတော့ ကျွန်တော် တို့ဘယ်လိုရှင်းကြမလဲ။ ကျွန်တော်ကတော့ ဘာသာတရားရဲ့လွှမ်းမိုးမှုကို များများရရင်တော့ ညီညွတ် ကြလိမ့်မယ်ထင်တယ်။ ကျွန်တော်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေဘာတွေ ထွက်တဲ့အချိန်မှာ အောက်မှာ ကမ္ဘောဒီးယားရှိတယ်၊ လာအိုရှိတယ်။ ဖိလစ်ပိုင်တို့ဘာတို့ဆိုတာက ဖလင်သာရှိရင် လူပုံ မဖြစ်ဘူး။ ဖလင်ခေတ်မှာ ကျွန်တော်တို့က လူကြီး တွေရဲ့ကျေးဇူးကြောင့် ၁၉၂၀ ကတည်းကနေစခဲ့တာ ဖလင်ကို ကျွန်တော်တို့ လူမျိုးတွေကောင်းကောင်း ကျွမ်းတယ်။ ဖိလစ်ပိုင်ဆိုတာ ဖလင်ကို ကောင်းကောင်း မကျွမ်းဘူး။ ကမ္ဘောဒီးယား၊ လာအိုဆိုတာက တစ်နှစ် မှာ နှစ်ကား၊ သုံးကားရိုက်နိုင်တဲ့သူတွေ။ အခုက ဖြစ်နေတာက ကျွန်တော်တို့က သူတို့အောက်တောင် ရောက်နေတယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ မညီညွတ်တာဗျ။ ညီညွတ်အောင်စဉ်းစားပေးရမယ်။ ဗိုလ်တစ်ထောင် ဗိုလ်ကများနေတော့ မတိုးတက်တာ အဲဒီလိုထင်တယ်။
မေး- ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာတာတော့ ဝမ်းသာစရာတွေ့ရတယ်။ ဒါပေမဲ့ ပြည်ဟိန်း သီဟလိုလူမျိုးတွေ၊ အောင်သော်တို့ အုပ်စုတွေ၊ စိန်သီးတို့ အုပ်စုတွေ၊ မင်းမော်ကွန်းတို့ အဖွဲ့တွေ အကုန် လုံးပေါ့။ သူတို့တွေအကုန်လုံးက ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အနုပညာရှင် တော်တော်များများကို လူမှုကွန်ရက်ကနေ တောက်လျှောက်ပြောနေတာ တွေ့ရတယ်။ ဒါကိုကြည့်ပြီးတော့ ရုပ်ရှင်အစည်းအရုံး နဲ့ ရုပ်ရှင်အနုပညာသမားတွေက ဘာမှပြန်လုပ်နိုင်တာ မတွေ့ရဘူး။ ဥက္ကဋ္ဌတို့ဘက်ကကော ဘာတွေ လုပ်တာရှိလဲ။
ဖြေ- သူတို့ကိုလက်မခံတာက ကျွန်တော်တို့က ပြောစရာမလိုဘူး။ ပရိသတ်ကပြောတာ။ ပရိသတ်က ရုပ်ရှင်ရုံတွေကိုလာတယ် အားပေးနေတယ်။ သူတို့မအောင်မြင်ဘူးလေ ဟုတ်တယ်မလား။ ပရိသတ်က သူတို့ကိုဆန့်ကျင်နေတဲ့သဘောရှိတယ်ဗျ။ လာကြည့်နေတဲ့ပရိသတ်က သူတို့ပြောတာကို လက်ခံမနေ ဘူး။ သူတို့ကတော့ မကြည့်ပါနဲ့ ပြောချင်မှာပေါ့။ ဒါပေမဲ့ ပရိသတ်ကိုက သူတို့ ပြောစကားကို လက်မခံ ဘူး။ အဲဒီလိုတော့ ကျွန်တော်မြင်တယ်။ သူတို့ကိုပြောလိုက်ရင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တစ်ခါတလေကျရင် ထုတ်လုပ်သူက ဟိုကိုရောက်သွားတဲ့တစ်ယောက်ရဲ့ ကားတွေဖြစ်နေတယ် ၅၀၅ ရဲ့ကားတွေဖြစ်နေတယ် အဲဒါလေးကိုကျွန်တော်ကယ်ထုတ်ချင်တယ်။ ဒီလူ ၅၀၅ ဖြစ်ပေမယ့် နိုင်ငံတော်မှာ ဘယ်လိုဖြစ်ခဲ့ပါတယ်ဆိုတာ လူကြီးတွေနဲ့ကျွန်တော်ကပြောချင်တယ် သူ့ကားလေးတွေ ပြစေချင်တယ်။ တစ်ခါတ လေကျတော့ ဟိုဘက်ကနေ ထပြီးအော်တော့ ကျွန်တော်လုပ်ချင်တာလေး တွေက မလုပ်ရဖြစ်နေတယ်။ သူတို့လည်းကျွန်တော်အပေါ်မှာတော့ ဒီအဘိုးကြီးကွာ သနားပါတယ်ကွာ ဆိုပြီး သနားစိတ်နဲ့လွှတ်ထားထားခံနိုင်တယ်။ ဒါပေမဲ့ ရုပ်ရှင်လောကကြီးနစ်နာမှာ ကြောက်တော့ သူတို့ကို ရန်သူလို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ သူတို့မအောင်မြင်ဘူးဆိုတာတော့ သတိထားစရာ ကောင်းတယ်။ ငါတို့ ဘယ်လောက်ပြောပြော၊ ဘယ်သူ့ကိုပဲ ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် သူတို့ကိုပရိတ်သတ်ကအားပေးနေပါလားဆိုတာ မြင်သွားရင်တော့ သူတို့နားလည်လိမ့်မယ် ထင်တာပဲ။
အင်တာဗျူး အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။
zawgyi version
႐ုပ္ရွင္နဲ႔ ႐ုပ္ရွင္ေလာကသားေတြ ျပည္သူ႔အတြက္ ျဖစ္ခဲ့သလား . . . အပိုင္း(၁) (အင္တာဗ်ဴး)
ယြန္း(NP News) - ဇူလိုင္ ၂၆
ေမး - ဥကၠ႒ မဂၤလာပါ။ ႐ုပ္ရွင္သည္ ျပည္သူ႔အ တြက္ဆိုတဲ့စကားလုံးကို ကြၽန္ေတာ္တို႔က အၿမဲၾကားခဲ့ရတယ္။ သာမန္ျပည္သူေတြက ႐ုတ္တရက္ဆိုရင္ အဓိပၸာယ္ကိုနားမလည္ဘူး။ ဥကၠ႒အေနနဲ႔ ႐ုပ္ရွင္သည္ ျပည္သူ႔အတြက္ဆိုတာကို အဓိပၸာယ္ဖြင့္ေပးလို႔ရမလား။
ေျဖ - အမွန္က ႐ုပ္ရွင္သည္ ျပည္သူ႔အတြက္ဆိုတဲ့ ေဆာင္ပုဒ္ကို ေျပာသြားတဲ့ပုဂၢိဳလ္ကေတာ့ ျမန္မာ ႏိုင္ငံမွာ ပထမဆုံး႐ုပ္ရွင္မင္းသားႀကီးျဖစ္တဲ့ ဦးညီပုပါ။ ၁၉၂၀ ေမတၱာႏွင့္သူရာ႐ုပ္ရွင္ကားမွာ ပထမဆုံး မင္းသားေပါ့ေနာ္။ သူတို႔ရဲ႕မ်ိဳးဆက္ကလည္း ေကာင္းတယ္။ ေအဝမ္းမ်ိဳးဆက္ေတြေပါ့။ ျမန္မာႏိုင္ငံမွာ ေက်းဇူးႀကီးတဲ့ မ်ိဳးဆက္(၂)ဆက္ရွိတယ္။ တစ္ခုကေတာ့ ၿဗိတိသွ်ဘားမားနဲ႔ တစ္ခုက ေအဝမ္းပဲ။ ဒီမွာ ေက်ာင္း ေတြဘာေတြမရွိေပမယ့္ သူတို႔ကေတာ့ ေက်ာင္းေတြလိုပဲ။ ကြၽန္ေတာ္တို႔ဆိုရင္လည္း ပညာေတြ ရခဲ့တာေပါ့။ အဲဒီေတာ့ ေက်းဇူးႀကီးတယ္။ အဲဒီေက်းဇူးႀကီးတဲ့ ေအဝမ္းမ်ိဳးဆက္ေတြထဲမွာ ဦးညီပု ကေန ၿပီးေတာ့ ေျပာခဲ့တဲ့စကားျဖစ္ပါတယ္။ ႐ုပ္ရွင္သည္ျပည္သူ႔ အတြက္ဆိုတာကိုေပါ့။ တကယ္တမ္း က် ေတာ့ ႐ုပ္ရွင္ ဆိုတာ ဘယ္ေပၚမွာရပ္တည္ေနလဲဆိုေတာ့ ပရိသတ္ေပၚမွာရပ္တည္ေနတာ။ ပရိသတ္မရွိ ရင္ ႐ုပ္ရွင္ဆိုတာမရွိဘူး။ အဲဒါေသခ်ာတယ္။ အဲဒီ စကားကလည္း ကြၽန္ေတာ္ေျပာတဲ့စကားမဟုတ္ဘူး။ ၁၉၁၅ ေလာက္တုန္းက တကယ္ထင္ရွားခဲ့တဲ့ ဒါ႐ိုက္တာႀကီးတစ္ေယာက္ကေနၿပီးေတာ့ ေျပာခဲ့တဲ့ စကား ျဖစ္ပါတယ္။ D.W.Griffith တဲ့ သူ႔နာမည္က။ အဲဒီ ပုဂၢိဳလ္ႀကီးကေျပာခဲ့တာ ပရိသတ္မရွိရင္ ႐ုပ္ရွင္ မရွိဘူးတဲ့။ ဆိုေတာ့ ဦးညီပုအေနနဲ႔ ေျပာလိုက္တာကေတာ့ ဒီေဆာင္ပုဒ္ေလး ကြၽန္ေတာ္တို႔ ကလည္း ႀကိဳက္တယ္။ လက္လည္းလက္ခံတယ္။ ကြၽန္ေတာ္တို႔ကို တကယ္ အက်ိဳးျပဳတာ ပရိသတ္ ျဖစ္တယ္။ ျပည္သူ ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ႐ုပ္ရွင္သည္ျပည္သူ႔အတြက္ဆိုတာကို ကြၽန္ေတာ္ ကိုယ္တိုင္ကလည္း လက္ခံတယ္။ သူေျပာခဲ့တာကိုလည္း သေဘာက်ပါတယ္။
ေမး - ႐ုပ္ရွင္သည္ ျပည္သူ႔အတြက္ဆိုတာကိုမွ ကြၽန္ေတာ္တို႔က ႐ိုး႐ိုးရွင္းရွင္းထပ္ေျပာရရင္ ျပည္သူ ေတြေနာက္ကို ႐ုပ္ရွင္ကလိုက္မွာလား။ ႐ုပ္ရွင္ေတြက ျပည္သူေတြကိုဆြဲေခၚမွာလားဆိုတဲ့ ေမးခြန္းေပါ့။ အဲဒါကိုေကာ ဘယ္လိုေျဖခ်င္ေသးလဲ။
ေျဖ - ဒီဟာကေတာ့ ေစာေစာကေျပာသလိုေပါ့ေလ။ ပန္းခ်ီဆရာတစ္ေယာက္ဆိုရင္ သူ႔စိတ္ႀကိဳက္သူ ေရးတာပဲ။ ကဗ်ာဆရာလည္း သူ႔ခံစားခ်က္သူေရးတာပဲ။ ႀကိဳက္ေအာင္ေရးတယ္တို႔၊ ႀကိဳက္ေအာင္ဆြဲ တယ္တို႔ သိပ္မရွိၾကဘူး။ ႐ုပ္ရွင္က်ေတာ့ မရဘူး။ ကြၽန္ေတာ္တို႔႐ုပ္ရွင္ထဲဝင္လာတာ ၁၉၇၀ ေက်ာ္ ေလာက္က ဝင္လာတဲ့အခါမွာ အဲဒီအခ်ိန္မွာ ဓားကား ေတြေပါ့၊ Fighting ကားေတြနဲ႔ ရင္းႏွီးခဲ့ရတာ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း ဓားကားနဲ႔ဝင္လာတာ ေပါ့။ ဝင္လာတဲ့အခ်ိန္မွာ နယ္က ကန္ထ႐ိုက္က ေရာက္လာတယ္ဆိုရင္ ဒီကားက Fighting ပါလား လို႔ေမးတာ။ အဲဒီက်ေတာ့ ကြၽန္ေတာ္တို႔ကလည္း ဘယ္လိုျဖစ္ရလဲဆိုေတာ့ Fighting မပါပါေအာင္ ထည့္ၿပီး ႐ိုက္ရတဲ့အေျခအေနျဖစ္လာတယ္။ ေနာက္ အသက္ကေလး ရလာတဲ့အခါက်ေတာ့ တစ္မ်ိဳးျဖစ္ လာတာေပါ့။ ငါဒီကား Fighting မထည့္လည္း ပရသတ္ကို ဘယ္လိုဆြဲေဆာင္လို႔ရမလဲဆိုတာမ်ိဳးနဲ႔ စသည္အားျဖင့္ေပါ့။ ဒါသည္ Fighting ကို ေအာက္တန္းက်တယ္လို႔ေျပာတာ မဟုတ္ဘူးေနာ္။ Fighting ႀကိဳက္တဲ့ေခတ္ရွိတယ္၊ ဟာသႀကိဳက္တဲ့ ေခတ္ရွိတယ္။ အဲဒီအခ်ိန္မွာ မွတ္မွတ္ရရ ၁၉၇၇ မွာ Fighting ေတြ၊ ဟာသေတြ ႀကိဳက္ေနတဲ့အခ်ိန္မွာ ဟာသမင္းသားပဲ ကိုစိန္မင္းကေနၿပီးေတာ့ အေဖတစ္ ခုသားတစ္ခုဆိုတဲ့ကားကို႐ိုက္တာ ဝက္ဝက္ကြဲ ေအာင္ ျမင္တာ။ အဲဒါက်ေတာ့ ဒရမ္မာျဖစ္သြားျပန္ေရာ။ အဲဒီ ေတာ့ ဆိုလိုတာကေတာ့ ခုနေမးတဲ့ ပရိသတ္ေနာက္ ကလိုက္မွာလား၊ ပရိသတ္ေရွ႕ကသြားမွာလား ဆိုရင္ ႐ုပ္ရွင္ဆိုတာ အႏုပညာနဲ႔ အတက္ပညာေပါင္း ထားၿပီးေတာ့ စီးပြားေရးေပၚမွာထိုင္ထားရတာ။ စီးပြားမျဖစ္ဘူးဆိုရင္ ဒီဒါ႐ိုက္တာ ႐ိုက္တာကကြာ ပိုက္ဆံလည္းမရပါဘူးဆိုတာမ်ိဳး အျဖစ္မခံခ်င္ေတာ့ ပိုက္ဆံရေအာင္ ကြၽန္ေတာ္တို႔က စဥ္းစားရတာေပါ့ ေနာ္။ ကားတစ္ကားလုံးကို ပရိသတ္အႀကိဳက္ ေတြခ်ည္းပဲ ေပါေတာေတာ႐ိုက္ရင္ ေတာ့လည္း မေကာင္းဘူးေလေနာ္။ ကိုယ္လုပ္ခ်င္တာလုပ္ အႏုပညာသက္သက္ပဲလုပ္မယ္ဆိုတာ လည္းရွိတယ္။ တစ္ခ်ိန္တုန္းကရွိခဲ့ဖူးတယ္ေလ ရန္ကုန္ဘေဆြတို႔၊ ကိုေအာင္လြင္တို႔၊ မာန္ဆိုတဲ့ကား ပရိသတ္ကိုမငဲ့ဘူး။ ရန္ကုန္ဘေဆြဆို မာန္ဆိုတဲ့ကား႐ိုက္ေတာ့ ဘာေျပာလဲဆိုေတာ့ “ လူလိုစကား ေျပာမည္” တဲ့။ အဲဒီလိုဟာမ်ိဳးနဲ႔ ေၾကညာၿပီးေတာ့ သူက႐ိုက္တာ။ ေျပာခ်င္တာက ႐ုပ္ရွင္မွာလည္း အႏုပညာေျမာက္ ေအာင္႐ိုက္တဲ့သူေတြရွိတယ္။ ပရိသတ္ရဲ႕ႀကိဳက္တာ မႀကိဳက္တာကို အာ႐ုံမထားဘဲနဲ႔ ႐ိုက္တဲ့သူလည္း ရွိတာေပါ့။ ကြၽန္ေတာ္တို႔က်ေတာ့လည္း အဲဒီလိုမ ဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ ငဲ့ရတာေပါ့။ ခုနေျပာသလိုပထမဆုံးဒါ႐ိုက္တာႀကီးကေတာင္မွ ၁၉၁၅ ထဲက သူေျပာသြားတယ္။ သူ႔ကားက ေျပာရရင္ ႐ုပ္ရွင္ေပၚ လာတဲ့အခ်ိန္မွာ ဘယ္သူမွအထင္မႀကီးဘူး။ ႐ုပ္ရွင္ က ၁၈၉၅ ဒီဇင္ဘာ ေလာက္မွာ သိသိသာသာေပၚလာ တာေပါ့။ ၁၈၉၅ မွာ ပိုက္ဆံယူၿပီးေတာ့ျပတယ္။ ျပင္သစ္ႏိုင္ငံက စတာေပါ့ေနာ္။ ပရိတ္သတ္က ၃၅ ေယာက္။ အဲဒီအခ်ိန္တည္းကစခဲ့တဲ့ ႐ုပ္ရွင္က ဘယ္သူမွ အထင္မႀကီးတာ။ ႐ုပ္ရွင္ဆိုတာဓာတ္ပုံ႐ိုက္ၿပီးေတာ့ အတုလုပ္တဲ့ဟာဆိုၿပီးေတာ့ ဇာတ္ေလာက္အထင္ မႀကီးၾကဘူး။ ႏွစ္ ၂၀ ေလာက္ၾကာေတာ့မွ ၁၉၁၅ ခုႏွစ္ေလာက္က်မွ The Birth of a Nation ဆိုတဲ့႐ုပ္ရွင္ကားထြက္တယ္။ အဲဒီကားက ခုနတုန္းက ကြၽန္ေတာ္ေျပာတဲ့ D.W.Griffith ဆိုတဲ့ ဒါ႐ိုက္ တာႀကီးက ႐ိုက္တယ္။ ႐ိုက္တဲ့အခါမွာ ႏိုင္ငံတကာမွာ အဲဒီကားက ဝက္ဝက္ကြဲေအာင္ျမင္သြားတာေပါ့ ေနာ္။ သူကေျပာတာက ရွင္းတယ္။ ပရိသတ္မရွိဘဲ ႐ုပ္ရွင္မရွိဘူး။ ပရိသတ္ကိုအက်ိဳးရွိေစခ်င္တဲ့ ပုဂၢိဳလ္ေတြကလည္း အက်ိဳးရွိတဲ့ကားေတြ႐ိုက္ပါလား၊ ဘာလို႔ေပါကားေတြ႐ိုက္ေနတာလဲဆိုတာလည္း ၾကားရပါတယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ကလည္း ေပါေတာေတာေတြမ်ားတာေတာ့ မႀကိဳက္ဘူးေပါ့ ေနာ္။ အကယ္ဒမီမွာလည္း ၾကည့္ေနရတဲ့အခါက်ေတာ့ ပယ္လိုက္တဲ့ကားေတြၾကည့္လိုက္ရင္ သိသာ တယ္။ အကဲျဖတ္တဲ့ေနရာမွာ ေပါကားေတြမႀကိဳက္ဘူးဆို တာေပၚေတာ့ေပၚပါတယ္။ သို႔ေသာ္ လည္း ပရိသတ္ ေတြကလည္းရွိေနတယ္။ ႐ုပ္ရွင္နဲ႔ညႇိၿပီး႐ိုက္ေနတဲ့အခါမွာ ေကာင္းတာ ေတြလည္းရွိပါ တယ္။ အက်ိဳးရွိတာေတြလည္းရွိပါတယ္။
ေမး- အားေပးၾကည့္ရႈတဲ့ပရိသတ္ေတြထဲမွာလည္း ပုံစံမ်ိဳးစုံနဲ႔ရွိၾကတယ္။ Entertainment ကေတာ့ Entertainment လိုပဲသြားရတာေပါ့။ တခ်ိဳ႕ ကေတာ့ Entertainment မပါဘူးလားတို႔၊ ရသမပါဘူး လားတို႔ လူေတြရဲ႕စိတ္ဆႏၵေတြက ပုံစံမ်ိဳး စုံကြဲျပားတယ္။ ႐ုပ္ရွင္က ဘာကိုတည္ၿပီးရပ္တည္ ေနရ တယ္လို႔ေျပာမလဲ။
ေျဖ- ပရိသတ္ကိုပဲရပ္တည္ၿပီးေတာ့ ေနရတာေပါ့။ ဆိုပါေတာ့ Fighting ကားေတြ၊ ဟာသကားေတြက ေတာ့ လူႀကိဳက္အမ်ားဆုံးလို႔ထင္တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ငယ္ငယ္ တုန္းကဆိုရင္ ဂ်က္ ကီခ်န္းတို႔လိုမ်ိဳးကိုႀကိဳက္တာ။ ဘာေၾကာင့္ႀကိဳက္လဲ ဆိုေတာ့ စကားကိုသိပ္ၿပီးနားလည္စရာမလိုဘူး ေလ။ အက္ရွင္ျဖစ္တာကိုး။ ဘာပဲျဖစ္ျဖစ္လူက Entertain ျဖစ္ခ်င္လို႔ ႐ုပ္ရွင္သြားၾကည့္တယ္။ အဲဒီ ထဲမွာ ပညာေတြေပးေနလို႔ မႀကိဳက္ဘူးထင္တယ္။ ပညာသားပါပါ ေလး အရင္တုန္းက ဦးသုခတို႔လုပ္တဲ့ ဟာမ်ိဳးဆိုရင္ေတာ့ ပိုေကာင္းတာေပါ့။ ဒီေနရာမွာ ႀကဳံႀကိဳက္ လို႔ေျပာရရင္ ႐ုပ္ရွင္သမားတို႔၊ သဘင္ သမားတို႔ဆိုတာ ဂီတသမားလည္းပါတာေပါ့ေနာ္ တကယ္တမ္းက် အကုသိုလ္ကင္းတဲ့ အလုပ္မဟုတ္ဘူး ဗ်။ အကုသိုလ္ ရွိတယ္။ လူေတြကို စိတ္ၿငိမ္ေအာင္၊ သမာဓိရွိေအာင္၊ ေလာဘ၊ ေဒါသ၊ ေမာဟကင္း ေအာင္ လုပ္ရမယ့္ဟာ ကို ကြၽန္ေတာ္တို႔ကမ်ားေအာင္လုပ္တာ။ မ်ားေအာင္ လုပ္ေနကတည္းက ကြၽန္ေတာ္တို႔က အကုသိုလ္ျဖစ္ ေနၿပီ။ ဟိုးတုန္းက သဘင္သည္ႀကီးတစ္ဦးရွိတယ္။ အဲဒီသဘင္သည္ ႀကီးကေနၿပီးေတာ့ ဘုရားဆီကို ေလွ်ာက္တယ္။ တပည့္ေတာ္တို႔သဘင္သည္ေတြ ေသရင္ ပဟာသနတ္ ျပည္ကိုေရာက္တယ္ဆိုတာ ဟုတ္လားေပါ့။ ဘုရားကမေျဖဘူး။ သုံးႀကိမ္မေျဖဘူး။ သူကလည္းေမးတာ ပဲ။ ေျပာပါဦးဘုရားေပါ့။ မဟုတ္ ဘူး ပဟာသဆိုတာ ငရဲေပါ့။ မင္းတို႔သဘင္သည္ေတြက ပဟာသငရဲကို ေရာက္သြားတာ။ ညဆိုမင္းတို႔ကေပ်ာ္ၾကပါးၾကကၾကခုန္ၾက။ ေန႔ခင္းက်မင္းတို႔က ငရဲခံရတာေပါ့ေလ။ ပဟာသငရဲဆိုတဲ့အေၾကာင္းကို ေျပာျပတာေပါ့။ ေျပာျပေတာ့ သူကခ်ဳံးပြဲခ်ငိုတာ။ အဲဒါေလး ဖတ္ၿပီး ေတာ့ ဆရာႀကီးဦးသုခနဲ႔ေတြ႕တဲ့ အခါက်ေတာ့ အဲဒီအေၾကာင္းေျပာျပတယ္။ ကြၽန္ ေတာ္တို႔ကေသရင္ ငရဲသြားရမွာဆရာဆိုေတာ့ အဲဒီလိုလည္းမဟုတ္ပါဘူးတဲ့။ ကိုယ့္ရဲ႕ရည္႐ြယ္ခ်က္ က အေရးႀကီးပါ တယ္တဲ့။ အမ်ားျပည္သူေကာင္းက်ိဳး အတြက္လုပ္တယ္ဆိုရင္ ေကာင္းပါတယ္တဲ့။ ဦးဖိုးစိန္ ႀကီးက ကတာေလ။ ခုေခတ္လူေတြအားေပးတယ္ ဆိုတာသူ႔ဘယ္မီမလဲ။ အဲဒီေခတ္အမ်ိဳးသမီးေတြဆို ေ႐ႊဒဂၤါးေတြေတာင္ ဆုခ်ၾကတာေလ။ ခုနကြၽန္ေတာ္ ၾကားသလိုသူၾကားေတာ့ သူစဥ္းစားသြားတယ္။ သူေၾကာက္သြားတယ္။ ငရဲက်မွာေၾကာက္ေတာ့ သူဘာလုပ္လဲ ဆိုေတာ့ ငါးရာ့ငါးဆယ္နိပါတ္တို႔၊ ဇာတ္ႀကီးဆယ္ဘြဲ႕တို႔နဲ႔ အက်ိဳးျပဳေအာင္လုပ္သြား တာ။ ကြၽန္ေတာ္တို႔မွာ ရည္႐ြယ္ခ်က္လိုတာေပါ့။ ဟာသကားတစ္ကားကို႐ိုက္မယ္ဆိုရင္ ဟာသေလး က ၆၀%၊ ၇၀% ေလာက္နဲ႔ ေက်နပ္ေအာင္ ဒီဘက္က အက်ိဳးရွိေအာင္ ဘယ္လိုလုပ္မလဲ အဲဒါေလးကအေရး ႀကီးတယ္။ တစ္ခါကလည္း ဒီလိုဗ်။ ကိုေက်ာ္ဟိန္းနဲ႔ကြၽန္ေတာ္နဲ႔ေျပာတုန္းကလည္း ရယ္စရာ တစ္ခုရွိတယ္။ ကိုေက်ာ္ဟိန္းက ဆရာ ေတာ္ႀကီးတစ္ပါးကို သြားဖူးတဲ့ အခါက်ေတာ့ ဆရာေတာ္ႀကီးက မင္းကဘယ္သူလဲ ဆိုေတာ့ တပည့္ေတာ္ေက်ာ္ဟိန္းပါဘုရားတဲ့။ မင္းက ဘာလုပ္တာလဲ ထပ္ေမးတယ္တဲ့။ တပည့္ေတာ္က ႐ုပ္ရွင္မင္းသားလုပ္ပါတယ္ဘုရားတဲ့။ သူ႔ကိုလူတိုင္း က သိတယ္။ ဒီဆရာေတာ္ႀကီးကမသိဘူး။ ႐ုပ္ရွင္ မင္းသားဆိုေတာ့ ဆရာေတာ္ႀကီးက ေသရင္ငရဲသြား မယ့္ေကာင္ပဲတဲ့။ ကြၽန္ေတာ္တို႔ကအဲဒီလိုဗ်။ တကယ္ တမ္းက်ေတာ့ ဘယ္ေနရာျဖစ္ျဖစ္ပါ ေစတနာမမွန္ဘူး၊ မ႐ိုးသားဘူးဆိုရင္ေတာ့ ငရဲသြား မယ့္လူခ်ည္းပဲ။ စိတ္ကေလးေပါ့ ေစတနာေလးထည့္ဖို႔၊ အမ်ားအက်ိဳး ျဖစ္ဖို႔၊ ႐ုပ္ရွင္သည္ျပည္သူ႔ အတြက္ဆိုသလိုပဲ ျပည္သူ႔အတြက္ပါေအာင္ေတာ့ လုပ္ေစခ်င္တာေပါ့။ လုပ္ႏိုင္ေအာင္လည္း တတ္ႏိုင္ သမွ်ေတာ့ ကိုယ့္ေလာကသားေတြကိုေတာ့ ေျပာျပပါတယ္။
ေမး - ၿပီးခဲ့တဲ့ တစ္ေခတ္တစ္ခါတစ္ေလွ်ာက္ လုံးမွာေတာ့ ႐ုပ္ရွင္ေတြက လူထုကိုတကယ္လည္း အက်ိဳးျပဳခဲ့တယ္။ ေခတ္ကာလေျပာင္းသြားေတာ့ တျဖည္းျဖည္းနဲ႔လူေတြရဲ႕ အႀကိဳက္ေတြလည္း ေျပာင္းလာေတာ့ အဲဒီေပၚမူတည္ၿပီး႐ိုက္ေနရတာ ေတြလည္း ေတြ႕ရတယ္။ ႐ုပ္ရွင္က စီးပြားျဖစ္နဲ႔ Entertainment ကိုတြဲလာတယ္လို႔ျမင္ရတယ္။ ေခတ္အဆက္အဆက္ဥကၠ႒တို႔ ၾကည့္လာတဲ့ ေနရာ မွာ ေျပာင္းလဲလာတာကို ဘယ္လိုမ်ိဳး သတိထားမိလဲ။
ေျဖ - ကြၽန္ေတာ့္အယူအဆမဟုတ္ဘဲနဲ႔ ဖုန္းထဲ မွာတက္လာတဲ့ဟာေတြၾကည့္လိုက္ရင္ လူႀကီးေတြ ညည္းတာေတြ႕ရတယ္။ သ႐ုပ္ေဆာင္ႀကီးေတြ ညည္း တယ္။ ဘာညည္းလဲဆိုေတာ့ အရင္လို ဂါရဝတရား မရွိ ဘူးလို႔ညည္းၾကတာေလးေတြေတြ႕ရတယ္။ ေခတ္ကိုက နည္းနည္းေလးသတၱိပဲ ေကာင္းတာလား။ နိဝါတ တရားပဲနည္းတာလား ကြၽန္ေတာ္လည္း မေျပာတတ္ ဘူး။ ေနာက္ခုဆိုးေနတာက ဘာဆိုးေနလဲ ဆိုေတာ့ ကြၽန္ေတာ့္အေနအထားဆိုရင္ေတာ့ ဒီအဘိုးႀကီးက ေအာက္ေနၿပီလို႔ ထင္ေကာင္းထင္မွာေပါ့။ ေျပာခ်င္ လည္း ေျပာၾကေပါ့ေလ။ ေျပာလည္းမတတ္ႏိုင္ဘူး ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္ခံစားရ တာဘာလဲဆို ေတာ့ တစ္ခ်က္ကေတာ့ ႐ုပ္ရွင္ေတြမွာ ေယာက်ာ္းခ်င္း ႀကိဳက္တဲ့ဟာ၊ မိန္းမခ်င္းႀကိဳက္တဲ့ ဟာေတြ LGBT ေခၚလားမသိဘူး။ ကြၽန္ေတာ္ေခတ္မမီဘူးပဲ ေျပာေျပာ၊ ေခတ္ေနာက္က်တယ္ပဲ ေျပာ ေျပာ အားမေပးခ်င္ဘူး။ ေနာက္တစ္ခါ ဘာသာတရားနဲ႔ ပတ္သက္ၿပီးေတာ့ လြဲေနတာေလးေတြရွိတယ္။ ေထရဝါဒဗုဒၶဘာသာနဲ႔ ဒီေန႔သေစၦသရဲကားေတြနဲ႔ ကိုက္ညီရဲ႕လားဆိုတာေတာ့ ညႇိေစခ်င္တာေပါ့။ ဘာလို႔တုံးဆိုေတာ့ ေထရဝါဒဗုဒၶဘာသာဆိုတာ ကြၽန္ေတာ္တို႔ႏိုင္ငံပဲ မာမာထန္ထန္နဲ႔ကာကြယ္ႏိုင္ တဲ့ႏိုင္ငံရွိတာ။ က်န္တဲ့ႏိုင္ငံေတြကလည္း ဗုဒၶဘာသာ ဆိုေပမယ့္ ျမန္မာႏိုင္ငံေလာက္ေတာ့ မကာကြယ္ ႏိုင္ဘူး။ ကြၽန္ေတာ္တို႔သိပ္ကံေကာင္းတယ္။ ပါခ်ဳပ္ဆရာ ေတာ္ရဲ႕တရားေတာ္ေတြဘာေတြနာရတယ္ဆို တာ တကယ္ ကံေကာင္းတာ။ အဲဒီထဲကမွ လြဲၿပီးေတာ့သိပ္ေခတ္မီခ်င္ရင္ေတာ့ ကြၽန္ေတာ့္အယူအဆ အရေတာ့ သိပ္မေကာင္းဘူးထင္တာပဲေလ။ မျဖစ္ေစခ်င္တာက ေတာ့ ဘာသာေရးနဲ႔ပတ္သက္တာရယ္၊ လိင္မႈကိစၥ ေတြရယ္ကေတာ့ ကြၽန္ေတာ္တို႔ေခတ္ထက္ဆိုးေန တယ္။ တစ္ခါတေလေျပာၾကတယ္။ ေကာင္မေလးနဲ႔ ေကာင္ေလးနဲ႔မွားသြားတယ္ က်ားႀကီးကေန ဘာကို အုပ္လိုက္တယ္၊ ပန္းအိုးေလး လဲသြားတယ္ဆိုတာ ေအာက္ေနၿပီတဲ့။ အဲဒါေအာက္ရင္ဘာျပမလဲဆိုေတာ့ မွန္ေတာ့မွန္တယ္ ျခင္ေထာင္ထဲကဟာေတြေလွ်ာက္ ျပရင္ေတာ့ မျဖစ္ဘူးထင္တယ္။ သူတို႔မွားသြားၾကတယ္ နားလည္ ရင္ၿပီးတာပါပဲ။ ဒါကိုခေရေစ့တြင္းက်ျပ ေတာ့ေကာ ဘာအက်ိဳးရွိလဲ။ ကြၽန္ေတာ္တို႔နဲ႔ နည္း နည္းေတာ့ ကြာေနတာေပါ့။ ဘယ္လိုပဲကြာကြာ ကြၽန္ေတာ္ကေတာ့ ႐ုပ္ရွင္ေလာကႀကီး ဆက္လက္တည္တံ့ဖို႔ရယ္၊ သိကၡာရွိဖို႔ရယ္ေတာ့ အၿမဲစဥ္းစားပါတယ္။
ေမး- ႐ုပ္ရွင္ေလာကႀကီးတည္တံ့ေစဖို႔၊ ေရရွည္ ေကာင္းဖို႔၊ အမ်ားျပည္သူၾကားမွာ တကယ္ပဲ ဂုဏ္ သိကၡာရွိဖို႔၊ အဆင့္အတန္းပိုျမင့္လာဖို႔ ဥကၠ႒အေနနဲ႔ ဘာေတြရင္ဆိုင္ေနရလဲ။
ေျဖ- ရင္ဆိုင္ေနရတာက ၂၀၂၁ မွာျဖစ္ေတာ့ ကြၽန္ေတာ္က ကိုဗစ္ျဖစ္တာဗ်။ ေသေကာင္ေပါင္းလဲ ျဖစ္တယ္။ ကြၽန္ေတာ့္အမ်ိဳးသမီးကလည္း တတိယ လႈိင္းမွာပဲဆုံးသြားေတာ့ ကြၽန္ေတာ္ ေတာ္ေတာ္စိတ္ ညစ္တယ္။ ေနေတာင္မေနခ်င္ေတာ့ဘူး ေလာက ႀကီးကို ေတာ္ေတာ္စိတ္ပ်က္သြားတာ။ ငါေတာ္ ေလာက္ၿပီထင္တယ္။ သတင္းစာဖတ္ရင္ စာမ်က္ႏွာ (၃၁)ကို ကြၽန္ေတာ္က ပါဖို႔သင့္ေနၿပီ။ အသက္က (၈၀)နားကပ္ေနၿပီဆိုေတာ့ ပါရင္လည္း ကြၽန္ေတာ္က ေက်နပ္ေနၿပီ။ ကိုဗစ္ျဖစ္ေတာ့ ပင္လုံမွာ တက္ရ တာ။ လူကလည္းထမင္းလည္းမစားႏိုင္။ ႐ုပ္ရွင္အစည္း အ႐ုံး မွာကလည္း ဖ႐ိုဖရဲေတြျဖစ္သြားၿပီ။ EC က ၁၅ ေယာက္ေလာက္ပဲရွိေတာ့တယ္။ ဝန္ထမ္းက ၄ ေယာက္ပဲက်န္ေတာ့တယ္။ သက္ႀကီးပူေဇာ္ပြဲလုပ္တဲ့ အခ်ိန္က်ေတာ့ နာယကေတြကေရာ၊ အမႈေဆာင္ေတြကေရာ ဒီမွာဆက္ၿပီးလုပ္ေပးမွေကာင္းမယ္ဆို ေတာ့ ကြၽန္ေတာ္ကလည္းစဥ္းစားတယ္။ ငါဒီတိုင္းေနရင္ စိတ္ဓာတ္က်ၿပီး ေသလိမ့္မယ္။ ဒီမွာကမွ လႈပ္ရွား မႈရွိေသးတယ္ဆိုၿပီး ကြၽန္ေတာ္စၿပီးလႈပ္ရွားတာ။ တုတ္ေကာက္မလြတ္ေသးဘူး။ အိမ္သာ ထဲမွာေခ်ာ္လဲ ေသးတယ္။ ဒါေပမဲ့ အဲဒီကေနစၿပီးေတာ့ နည္း နည္းစီလုပ္လာလိုက္တာ အမႈေဆာင္က ၂၅/၃၀ ေလာက္ ျဖစ္သြားၿပီ။ ဝန္ထမ္းကလည္း ၂၅ ေလာက္ ျဖစ္သြားၿပီ။ ဒါကေတာ့ နည္းနည္းေလး ကံေကာင္းလာ တာေပါ့ေနာ္။ ႏိုင္ငံကေတာ္ကေနလည္း ဥပမာ- သိန္း ၁၀ဝ၀ ဆိုၿပီး ကူညီတာမ်ိဳးေတြ ရွိတဲ့ အထဲကေန ေအာက္က႐ုပ္ရွင္႐ုံႀကီးက ဘာျဖစ္သြားလဲဆိုေတာ့ ျပဇာတ္ကပ်က္သြားတယ္။ ေနာက္တစ္ခုက ဒီဘက္ မွာဆိုရင္ ေျမကၿပိဳသြားတယ္။ ေျမကၿပိဳသြားေတာ့ သိန္း ၂၀ဝ၀ နီးပါး ေလာက္ကုန္သြားတယ္။ အဲဒါမ်ိဳး ေလးေတြျပင္ဆင္ရတယ္။ ဗုံးကြဲတာေတြ၊ အမ်ိဳးမ်ိဳး ရွိတယ္။ အကယ္ဒမီလုပ္တဲ့အခါက်ရင္ တထိတ္ ထိတ္နဲ႔ လုပ္ခဲ့ရတာေတြ။ ႐ုပ္ရွင္႐ုံကားထိုးေတြျပတဲ့ အခါ မွာလည္း ဒီေန႔ဒီအခ်ိန္အထိ ေၾကာက္ေနရဆဲပဲ။ ပရိသတ္က အားေပးတဲ့အခါက်ေတာ့ အားတက္ ရတာေပါ့။ အမွန္ေျပာရရင္ ကြၽန္ေတာ္လည္း နားခ်င္ ေနၿပီ။ ဒီေပၚမွာ တကယ္ကို ေစတနာရွိၿပီး ထိန္းသိမ္း ခ်င္တဲ့သူရွိရင္ေတာ့ ကြၽန္ေတာ္နားခ်င္ေနၿပီ။ ကြၽန္ေတာ့္အသက္အ႐ြယ္ကလည္း နားဖို႔ ေကာင္းေနၿပီေလ။ ကြၽန္ေတာ္တို႔အေပၚမွာေတာ့ ထုတ္လုပ္သူကေရာ၊ ႐ုံေတြကေရာ နားလည္တဲ့အခါ က်ေတာ့ ပံ့ပိုးမႈေပးပါတယ္။ အခုကြၽန္ေတာ္ေျပာတယ္ ဘယ္သူ႔မွ အလႉမခံနဲ႔။ လႉခ်င္စိတ္ရွိရင္ လႉလို႔ ရတယ္ ဒါပဲေျပာ။ မင္းကြန္းဆရာေတာ္ရဲ႕ အဆိုအမိန႔္လို “အလႉ ဌာနပဲရွိတယ္ အလႉမခံဘူး” ။ ခြက္ထိုး မခံဘူး။ ဘာေကာင္းသြားလဲဆိုေတာ့ တကယ္ေစတနာရွိတဲ့သူက ကြၽန္ေတာ္တို႔ကို တကယ္လာလႉတာမ်ိဳးေတြ ပိုပီတိျဖစ္တာေပါ့။
ေမး - ပထမအႀကိမ္ ဥကၠ႒ျဖစ္ခဲ့တုန္းက ပုံမွန္ ေအးေဆး ျဖစ္ေပမယ့္ အခုဥကၠ႒လုပ္တဲ့အခါမွာေတာ့ ႏိုင္ငံေရးအခင္းအက်င္းေတြနဲ႔ တည့္တည့္တိုးတာေပါ့ ေနာ္။ ဒါႀကီးက ဥကၠ႒အတြက္ ရင္ဆိုင္ရတာ ခက္ ခက္ခဲခဲေက်ာ္ျဖတ္ရတယ္လို႔ထင္တယ္။ ဒီၾကားထဲမွာ ဥကၠ႒ကိုယ္တိုင္ ရင္ဆိုင္ရတာ အားမလို အားမရ (သို႔မဟုတ္) စိတ္ထဲမွာ တြန႔္ဆုတ္သြားတာေတြ၊ စိုးရိမ္ေၾကာင့္ၾက သြားတာေတြ စသည္ျဖင့္ေပါ့ေလ ဘာေတြမ်ားျဖစ္ခဲ့တာရွိလဲ။
ေျဖ- ပထမတစ္ေခါက္ နည္းနည္းလႈပ္တုန္းက ကြၽန္ေတာ္က ဟန္က်တယ္၊ ကံေကာင္းတယ္ေပါ့။ ထုတ္လုပ္သူေကာင္းေကာင္းနဲ႔ ပံ့ပိုးေပးႏိုင္တယ္။ ဗီဒီယိုကလည္း ပံ့ပိုးေပးႏိုင္တယ္။ အဲဒီတုန္းက ဝင္ေငြကလည္းေကာင္းတယ္။ ဆင္ဆာတံဆိပ္ေတြ ထုတယ္။ အဲဒီတုန္းက သိန္း ၉၀ဝ ကြၽန္ေတာ္က စၿပီးလက္ခံတယ္။ သိန္း ၃၀ဝ၀ ေလာက္ ေနာက္လူကို လႊဲႏိုင္တယ္။ အခုဒီတစ္ေခါက္ကလည္း ပိုက္ဆံ ေလး နည္းနည္းတက္လာတာေလးေတြရွိတယ္။ ဒီထဲမွာ ကြၽန္ေတာ္ အေနနဲ႔ အားျပတ္ျပတ္သြားတာက ကြၽန္ေတာ့္လူေတြ က ကြၽန္ေတာ့္ကိုအျမင္မမွန္တာေလးေတြေပါ့။ အဲဒီအခါက်ရင္ေတာ့ အားျပတ္တယ္။ အျမင္မွန္ေစ ခ်င္တာေပါ့။ ႐ုပ္ရွင္ေလာကႀကီးက ခ်စ္ေစခ်င္တယ္။ ဒီ႐ုပ္ရွင္အစည္းအ႐ုံးႀကီးရဲ႕ ေက်းဇူး ကိုလည္း သိေစခ်င္တယ္။ ဆက္ၿပီးေတာ့ လည္း ထိန္းသိမ္းေစခ်င္တယ္။ ဘယ္ေလာက္ထိေတာင္ ကြၽန္ေတာ္ေျပာလဲဆို ႐ုပ္ရွင္က ကြၽန္ေတာ္ တို႔ရဲ႕ ဒုတိယအိမ္ပဲဆိုတာ ေျပာတယ္။ ေနာက္တစ္ခုက ႐ုပ္ရွင္ အစည္းအ႐ုံးကိုလာရင္ ငါ့ကို႐ုပ္ရွင္အစည္း အ႐ုံးက ဘာေပးမလဲဆိုတဲ့စိတ္နဲ႔မလာပါနဲ႔ ငါ႐ုပ္ရွင္ အစည္းအ႐ုံးအတြက္ ဘာလုပ္ေပးႏိုင္မလဲဆိုတဲ့စိတ္ နဲ႔လာပါ ဒါေလးလည္း ကြၽန္ေတာ္ေျပာျဖစ္တယ္။ တစ္ခါတေလက်ေတာ့ ႐ုပ္ရွင္အစည္းအ႐ုံးက ဘာရမလဲဆိုၿပီး လာတဲ့သူကမ်ားတဲ့အခါ ကြၽန္ေတာ္ စိတ္ဓာတ္က်တာေပါ့။ လုပ္ေပးႏိုင္တဲ့သူရွိေတာ့လည္း စိတ္ကတက္ လာတာေပါ့။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္မွာ တာဝန္ရွိတယ္ေလ။ ဒါနဲ႔ကြၽန္ေတာ့္ဘဝကို တည္ေဆာက္ထားေတာ့ ဒါရဲ႕ေက်းဇူးကိုေတာ့ ကြၽန္ေတာ္စိတ္ဓာတ္က်သည္ျဖစ္ျဖစ္၊ ေနာက္ ထပ္လာမယ့္သူမေပၚမခ်င္း ကြၽန္ေတာ္ကေတာ့ ဘယ္ေလာက္ခံစားရခံစားရ လုပ္ရမွာပါပဲ။ ဒါေပမဲ့ အမွန္ေျပာရရင္ေတာ့ ဒီအခ်ိန္မွာမ်ား လက္လႊဲလို႔ရ ရင္ေတာ့ လက္လႊဲခ်င္တာေပါ့။ စိတ္ဓာတ္က်လို႔ေတာ့ မထင္ပါနဲ႔။ လုပ္မယ့္သူမရွိရင္ေတာ့ လုပ္ေပးဦးမွာပါ။
ေမး- ဒီအတြင္းမွာ သတိထားမိတာက ႐ုပ္ရွင္ ေလာကသားေတြနဲ႔ ျပည္သူေတြၾကား၊ ျပည္ပထြက္ ေျပးသူေတြၾကား၊ အစိုးရၾကားေတြမွာ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ကို ေတြ႕ရတယ္။ လူေတြၾကား ထဲမွာ ပြတ္တိုက္မႈေတြ၊ အစိုးရနဲ႔ ႐ုပ္ရွင္ေလာက သားေတြၾကား၊ ျပည္သူေတြနဲ႔ ႐ုပ္ရွင္ ေလာကသား ေတြၾကား၊ မီဒီယာေတြနဲ႔႐ုပ္ရွင္ေလာကသားေတြၾကား မွာ ပြတ္တိုက္မႈျဖစ္ေနတဲ့ အရႈပ္အေထြးေပါ့ေလ။ ဒီအရႈပ္အေထြးႀကီးကို ဥကၠ႒ ဘယ္လိုၾကည့္ၿပီး ေျပာခ်င္လဲ။
ေျဖ- ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြက အင္မတန္ ကံေကာင္းတာေနာ္။ ဘာလို႔ကံေကာင္း တာလဲဆို ေတာ့ ေကာင္းမြန္တဲ့ဘာသာတရားကို ရထားတာ။ ဘာသာ တရားရဲ႕အဆုံးအမနဲ႔ တိုးတက္ရမယ့္လူမ်ိဳး။ ဘုရား က နိဗၺာန္ခ်ည္းပဲေျပာတာမဟုတ္ဘူး။ လူမႈေရးေတြ လည္းေျပာတာပဲ။ ဥပမာ-သဂၤဟတရား ေလးပါးတို႔ ဘာတို႔ ဆိုတာ လူမႈေရးေတြပဲ။ ေပးကမ္းရမယ္၊ ခ်ိဳခ်ိဳ သာသာေျပာရမယ္၊ မႏွိမ္ရဘူး၊ ကူညီရ မယ္ဆိုတာ အဖြဲ႕အစည္းေတြမွာ တကယ္လိုအပ္တာေပါ့။ ကြၽန္ေတာ္တို႔က တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ေတြျမင္တယ္ဗ်ာ။ အဲဒါမေကာင္းဘူး။ တစ္ ေယာက္နဲ႔တစ္ေယာက္ ေမတၱာသက္ဝင္ရမွာေပါ့။ တစ္ခါတေလက်ေတာ့လည္း ရယ္စရာျဖစ္ေနတာ ေပါ့ဗ်ာ။ ပါခ်ဳပ္ဆရာေတာ္ႀကီးေျပာသလို ကြၽန္ေတာ္ တို႔ဘာလို႔ အဲဒီလိုမညီၫြတ္ေနတာလဲဆိုေတာ့ ဆရာေတာ္ႀကီးကေျပာလိုက္တယ္တဲ့ ႏိုင္ငံျခားသား တစ္ေယာက္ကို။ ငါတို႔ေသြးထဲမွာကိုက အဲဒီမညီ ၫြတ္တဲ့ေသြးေတြရွိေနတယ္တဲ့။ အဲဒီေတာ့ ကြၽန္ေတာ္ တို႔ဘယ္လိုရွင္းၾကမလဲ။ ကြၽန္ေတာ္ကေတာ့ ဘာသာတရားရဲ႕လႊမ္းမိုးမႈကို မ်ားမ်ားရရင္ေတာ့ ညီၫြတ္ ၾကလိမ့္မယ္ထင္တယ္။ ကြၽန္ေတာ္ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ေတြဘာေတြ ထြက္တဲ့အခ်ိန္မွာ ေအာက္မွာ ကေမာၻဒီးယားရွိတယ္၊ လာအိုရွိတယ္။ ဖိလစ္ပိုင္တို႔ဘာတို႔ဆိုတာက ဖလင္သာရွိရင္ လူပုံ မျဖစ္ဘူး။ ဖလင္ေခတ္မွာ ကြၽန္ေတာ္တို႔က လူႀကီး ေတြရဲ႕ေက်းဇူးေၾကာင့္ ၁၉၂၀ ကတည္းကေနစခဲ့တာ ဖလင္ကို ကြၽန္ေတာ္တို႔ လူမ်ိဳးေတြေကာင္းေကာင္း ကြၽမ္းတယ္။ ဖိလစ္ပိုင္ဆိုတာ ဖလင္ကို ေကာင္းေကာင္း မကြၽမ္းဘူး။ ကေမာၻဒီးယား၊ လာအိုဆိုတာက တစ္ႏွစ္ မွာ ႏွစ္ကား၊ သုံးကား႐ိုက္ႏိုင္တဲ့သူေတြ။ အခုက ျဖစ္ေနတာက ကြၽန္ေတာ္တို႔က သူတို႔ေအာက္ေတာင္ ေရာက္ေနတယ္။ ဒါကဘာျဖစ္လို႔လဲဆိုေတာ့ မညီၫြတ္တာဗ်။ ညီၫြတ္ေအာင္စဥ္းစားေပးရမယ္။ ဗိုလ္တစ္ေထာင္ ဗိုလ္ကမ်ားေနေတာ့ မတိုးတက္တာ အဲဒီလိုထင္တယ္။
ေမး- ႐ုပ္ရွင္လုပ္ငန္းေတြ ျပန္လည္လည္ပတ္လာတာေတာ့ ဝမ္းသာစရာေတြ႕ရတယ္။ ဒါေပမဲ့ ျပည္ဟိန္း သီဟလိုလူမ်ိဳးေတြ၊ ေအာင္ေသာ္တို႔ အုပ္စုေတြ၊ စိန္သီးတို႔ အုပ္စုေတြ၊ မင္းေမာ္ကြန္းတို႔ အဖြဲ႕ေတြ အကုန္ လုံးေပါ့။ သူတို႔ေတြအကုန္လုံးက ျပည္တြင္းမွာ လုပ္ကိုင္ေနတဲ့ အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ားကို လူမႈကြန္ရက္ကေန ေတာက္ေလွ်ာက္ေျပာေနတာ ေတြ႕ရတယ္။ ဒါကိုၾကည့္ၿပီးေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး နဲ႔ ႐ုပ္ရွင္အႏုပညာသမားေတြက ဘာမွျပန္လုပ္ႏိုင္တာ မေတြ႕ရဘူး။ ဥကၠ႒တို႔ဘက္ကေကာ ဘာေတြ လုပ္တာရွိလဲ။
ေျဖ- သူတို႔ကိုလက္မခံတာက ကြၽန္ေတာ္တို႔က ေျပာစရာမလိုဘူး။ ပရိသတ္ကေျပာတာ။ ပရိသတ္က ႐ုပ္ရွင္႐ုံေတြကိုလာတယ္ အားေပးေနတယ္။ သူတို႔မေအာင္ျမင္ဘူးေလ ဟုတ္တယ္မလား။ ပရိသတ္က သူတို႔ကိုဆန႔္က်င္ေနတဲ့သေဘာရွိတယ္ဗ်။ လာၾကည့္ေနတဲ့ပရိသတ္က သူတို႔ေျပာတာကို လက္ခံမေန ဘူး။ သူတို႔ကေတာ့ မၾကည့္ပါနဲ႔ ေျပာခ်င္မွာေပါ့။ ဒါေပမဲ့ ပရိသတ္ကိုက သူတို႔ ေျပာစကားကို လက္မခံ ဘူး။ အဲဒီလိုေတာ့ ကြၽန္ေတာ္ျမင္တယ္။ သူတို႔ကိုေျပာလိုက္ရင္ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒တစ္ေယာက္ အေနနဲ႔ တစ္ခါတေလက်ရင္ ထုတ္လုပ္သူက ဟိုကိုေရာက္သြားတဲ့တစ္ေယာက္ရဲ႕ ကားေတြျဖစ္ေနတယ္ ၅၀၅ ရဲ႕ကားေတြျဖစ္ေနတယ္ အဲဒါေလးကိုကြၽန္ေတာ္ကယ္ထုတ္ခ်င္တယ္။ ဒီလူ ၅၀၅ ျဖစ္ေပမယ့္ ႏိုင္ငံေတာ္မွာ ဘယ္လိုျဖစ္ခဲ့ပါတယ္ဆိုတာ လူႀကီးေတြနဲ႔ကြၽန္ေတာ္ကေျပာခ်င္တယ္ သူ႔ကားေလးေတြ ျပေစခ်င္တယ္။ တစ္ခါတ ေလက်ေတာ့ ဟိုဘက္ကေန ထၿပီးေအာ္ေတာ့ ကြၽန္ေတာ္လုပ္ခ်င္တာေလး ေတြက မလုပ္ရျဖစ္ေနတယ္။ သူတို႔လည္းကြၽန္ေတာ္အေပၚမွာေတာ့ ဒီအဘိုးႀကီးကြာ သနားပါတယ္ကြာ ဆိုၿပီး သနားစိတ္နဲ႔လႊတ္ထားထားခံႏိုင္တယ္။ ဒါေပမဲ့ ႐ုပ္ရွင္ေလာကႀကီးနစ္နာမွာ ေၾကာက္ေတာ့ သူတို႔ကို ရန္သူလို႔ေတာ့ ကြၽန္ေတာ္ မေျပာခ်င္ပါဘူး။ ဒါေပမဲ့ သူတို႔မေအာင္ျမင္ဘူးဆိုတာေတာ့ သတိထားစရာ ေကာင္းတယ္။ ငါတို႔ ဘယ္ေလာက္ေျပာေျပာ၊ ဘယ္သူ႔ကိုပဲ ဘယ္ေလာက္ တိုက္ခိုက္ တိုက္ခိုက္ သူတို႔ကိုပရိတ္သတ္ကအားေပးေနပါလားဆိုတာ ျမင္သြားရင္ေတာ့ သူတို႔နားလည္လိမ့္မယ္ ထင္တာပဲ။
အင္တာဗ်ဴး အပိုင္း(၂)ကို ဆက္လက္ေဖာ္ျပပါမည္။