ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)

 246

Pika (NP News) - ဇူလိုင် ၂၆

အင်္ဂလန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့၏ မြို့တော်ဖြစ်သော လန်ဒန်မြို့သည် လူဦးရေ(၈ ဒသမ ၈) သန်းဝန်းကျင်ရှိပြီး ကမ္ဘာ့အဓိကမြို့ကြီးများထဲမှ တစ်မြို့အဖြစ် သတ်မှတ်ခံထားရကြောင်းသိရသည်။

လန်ဒန်မြို့၏ ကျယ်ပြန့်သောမြို့ပြဧရိယာသည် အနောက်ဥရောပတွင် အကြီးဆုံးဖြစ်ပြီး စုစု ပေါင်း လူဦးရေ(၁၄ ဒသမ ၉)သန်းရှိကြောင်းသိရသည်။ လန်ဒန်မြို့သည် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ သိမ်းမြစ်ပေါ်တွင်တည်ရှိပြီး အဓိကအခြေချနေထိုင်ရာ နေရာတစ်ခုအဖြစ် နှစ်ပေါင်း (၂၀ဝဝ) နီးပါးကြာ တည်ရှိခဲ့သည့်မြို့လည်းဖြစ်သည်။ ရှေးဟောင်းအချက်အချာနှင့် ဘဏ္ဍာရေး အချက်အချာဖြစ်သော လန်ဒန်မြို့ကို ရှေးခေတ်ရောမ လူမျိုးများက Londinium အဖြစ် စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လန်ဒန်မြို့၏အနောက်ဘက်ရှိ Westminster ဧရိယာသည် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်တို့ ရာစုနှစ်များစွာ ကြာအောင်တည်ရှိခဲ့သည့် နေရာတစ်ခုလည်းဖြစ်သည်။

လန်ဒန်မြို့သည် (၁၉)ရာစုနှစ်တွင် လျင် မြန်စွာကြီးထွားလာခဲ့ပြီး Surrey နှင့် Kent ကောင်တီ အစိတ်အပိုင်းများနှင့်အတူ Middlesex ခရိုင်အထိ ချဲ့ထွင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးမြို့ ဖြစ်လာခဲ့ကြောင်း သိရသည်။ ၁၉၆၅ ခုနှစ်တွင် လန်ဒန်မြို့သည် Essex နှင့် Hertfordshire ကောင်တီတို့၏ အစိတ်အပိုင်းများနှင့်ပေါင်းစည်းခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်(၃၃)ခုနှင့် Greater London Authority တို့က အုပ်ချုပ်သော Greater London အုပ်ချုပ်ရေးဧရိယာကို ဖန်တီးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အဓိကမြို့ကြီးများထဲမှတစ်မြို့ဖြစ်သော လန်ဒန်မြို့သည် ကမ္ဘာလုံးဆိုင်ရာ အနုပညာ၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာလုပ်ငန်း၊ သိပ္ပံ၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့အပေါ် လွှမ်းမိုးမှုရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် လန်ဒန်မြို့သည် ဥရောပ၏စီးပွားရေးအင်အားအကြီးဆုံးမြို့ တစ်မြို့ ဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးအတွက် အချက်အချာကျသော မြို့များထဲမှ တစ်မြို့ဖြစ်ကြောင်းလည်း သိရ သည်။

လန်ဒန်မြို့သည် ဥရောပ၏ အမြင့်ဆုံးပညာရေးအဖွဲ့အစည်းများရှိသည့် နေရာလည်းဖြစ်ပြီး ကမ္ဘာ့ အဆင့်အမြင့်ဆုံး ပညာရေးတက္ကသိုလ်များဖြစ်သည့် သဘာဝနှင့် အသုံးချသိပ္ပံဆိုင်ရာ Imperial College London ၊ လူမှုရေးသိပ္ပံဆိုင်ရာ လန်ဒန် စီးပွားရေးတက္ကသိုလ်နှင့် University College London တို့ တည်ရှိသည့်မြို့လည်းဖြစ်သည်။ ထို့ပြင် လန်ဒန်မြို့သည် ဥရောပတွင် လာရောက် လည်ပတ်မှု အများဆုံး မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် အလုပ်အများဆုံးလေဆိပ်စနစ်လည်းရှိကာ ၎င်း၏ မြေအောက်ရထားလိုင်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အမြန်သယ်ယူပို့ဆောင်ရေးစနစ်ဖြစ် ကြောင်းလည်းသိရသည်။

လန်ဒန်မြို့၏ မတူကွဲပြားသော ယဉ်ကျေးမှုများသည် ဘာသာစကား(၃၀ဝ)ကျော်ဖြင့် လွှမ်းခြုံ ထားသည်။ ၂၀၂၃ ခုနှစ်တွင် Greater London ၏ လူဦးရေသည် (၁၀)သန်းအောက်သာရှိသော်လည်း ဥရောပတွင် တတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကာ နှိုင်းယှဉ်မည်ဆိုပါက ဗြိတိန်နိုင် ငံတစ်နိုင်ငံလုံးလူဦးရေ၏(၁၃ ဒသမ ၄) ရာခိုင်နှုန်း ဖြစ်ပြီး အင်္ဂလန်နိုင်ငံလူဦးရေ၏(၁၆)ရာခိုင်နှုန်းကျော် ဖြစ်ကြောင်းသိရသည်။

The Greater London Built-up Area သည် ဥရောပတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ်စာရင်းအရ လူဦးရေ (၉ ဒသမ ၈)သန်းရှိကြောင်း သိရသည်။ လန်ဒန် မြို့ ပြဧရိယာ သည် ဥရောပတွင် တတိယမြောက်လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်အထိ လူဦးရေ(၁၄)သန်း နေထိုင်ကြသည်။ လန်ဒန်မြို့တွင်တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ(၄)ခုမှာ Kew ဥယျာဉ်၊ လန်ဒန် မျှော်စင်၊ Westminster နန်းတော်၊ St Marg­aret ချာ့ချ်ကျောင်း၊ Westminster Abbey ချာ့ချ် ကျောင်း တို့ပါရှိသည့်နေရာနှင့် ဂင်းနစ်စံချိန်ကိုသတ်မှတ်သည့် သမိုင်းဝင်နေရာတို့ဖြစ်ကြောင်းသိရသည်။ လန်ဒန်မြို့ရှိ အခြားအထင်ကရနေရာများမှာ ဘက်ကင်ဟမ်နန်းတော်၊ London Eye ရဟတ်၊ Picc­adilly Circus၊ St Paul's Cathedral၊ Tower Bridge နှင့် Trafalgar ရင်ပြင်တို့ဖြစ်သည်။

လန်ဒန်မြို့သည် ဗြိတိသျှပြတိုက်၊ အမျိုးသားပြခန်း၊ သဘာဝသမိုင်းပြတိုက်၊ Tate Modern ၊ British Library နှင့် West End ပြဇာတ်ရုံများ အပါအဝင် ဗြိတိန်နိုင်ငံတွင် ပြတိုက်၊ အနုပညာပြခန်းများ၊ စာကြည့်တိုက်များနှင့် ယဉ်ကျေးမှုအမွေအနှစ် နေရာအများဆုံးရှိသည့်မြို့လည်းဖြစ်သည်။ အရေးကြီး သော အားကစားပွဲများဖြစ်သည့် FA ဖလားဖိုင်နယ်၊ Wimbledon Tennis Championships နှင့် လန်ဒန်မာရသွန်တို့ကို လန်ဒန်မြို့တွင် ကျင်းပလေ့ရှိကြောင်းလည်းသိရသည်။ ထို့ပြင် လန်ဒန်မြို့သည် ၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပပြီးနောက် နွေရာသီအိုလံပစ်ဂိမ်းပြိုင်ပွဲ(၃)ခု ကို လက်ခံကျင်းပခဲ့သည့် ပထမဆုံးမြို့ဖြစ်လာခဲ့ ကြောင်းလည်းသိရသည်။

စီးပွားရေး
၂၀၂၂ ခုနှစ်တွင် လန်ဒန်မြို့၏ဂျီဒီပီသည် ပေါင်(၅၀၈ ဒသမ ၄)ဘီလျံထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ဂျီ ဒီပီမှာ ပေါင်(၄၈၄ ဒသမ ၆)ဘီလျံသာရှိခဲ့ကြောင်း သိရသည်။ လန်ဒန်မြို့တွင်အဓိကစီးပွားရေးခရိုင်(၅)ခု ရှိပြီး ယင်းတို့မှာ City of London၊ Westminster ၊ Canary Wharf ၊ Camden & Islington နှင့် Lambeth & Southwark ခရိုင်တို့ဖြစ်ကြောင်းသိရသည်။

ထို့ပြင် လန်ဒန်မြို့သည် ကမ္ဘာပေါ်တွင်အမြင့်ဆုံးအိမ်ခြံမြေဈေးနှုန်းအချို့ရှိသည့် မြို့လည်း ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင်ကုမ္ပဏီ (၁၀ဝ) (the FTSE 100) ၏ ထက်ဝက်ကျော်နှင့် ဥရောပ၏အကြီးဆုံးကုမ္ပဏီ(၅၀ဝ)မှ (၁၀ဝ)ကျော် တို့၏ရုံးချုပ်သည် လန်ဒန်မြို့တွင် အခြေစိုက်ကြောင်း လည်းသိရသည်။ FTSE (၁၀ဝ)၏ (၇၀)ရာခိုင်နှုန်း ကျော်သည် လန်ဒန်၏မြို့ပြဧရိယာအတွင်းတည်ရှိပြီး Fortune (၅၀ဝ)ကုမ္ပဏီများ၏ (၇၅)ရာခိုင်နှုန်း ကျော်သည် လန်ဒန်မြို့တွင်ရုံးများရှိကြောင်းသိရသည်။

မီဒီယာနှင့်နည်းပညာ
မီဒီယာကုမ္ပဏီများသည် လန်ဒန်တွင် စု စည်းလျက်ရှိနေပြီး မီဒီယာဖြန့်ဖြူးမှုလုပ်ငန်းသည် လန်ဒန်မြို့၏ ဒုတိယမြောက် ပြိုင်ဆိုင်မှုအရှိဆုံးကဏ္ဍဖြစ်သည်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံးရုပ်သံ လွှင့်ဌာနတစ်ခုဖြစ်သည့် ဘီဘီစီသည် အရေးပါသောမီဒီယာလုပ်ငန်းတစ်ခုဖြစ်ပြီး ITV၊ Channel 4၊ Channel 5 နှင့် Sky တို့အပါအဝင် အခြားသောရုပ်သံလွှင့်ဌာနများသည်လည်း လန်ဒန်မြို့အနှံ့ ရုံးချုပ် များရှိကြကြောင်းသိရသည်။ ၁၇၈၅ ခုနှစ်တွင်တည်ထောင်ခဲ့သော The Times အပါအဝင် နိုင်ငံလုံး ဆိုင်ရာ သတင်းစာအများအပြားကို လန်ဒန်တွင် တည်းဖြတ်မှုများလုပ်ဆောင်ကြောင်းလည်းသိရသည်။ နည်းပညာ ကုမ္ပဏီအများအပြားသည်လည်း လန်ဒန်မြို့တွင် အခြေစိုက်ပြီး Silicon Roundabout ဟုလူသိများသော East London Tech City တွင် တည်ရှိကြကြောင်းသိရသည်။

၂၀၁၄ ခုနှစ်တွင် လန်ဒန်မြို့သည် geo TLD ကို ပထမဆုံးရရှိခဲ့သည့် မြို့များထဲမှတစ်မြို့ဖြစ် ခဲ့ကြောင်းလည်းသိရသည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လတွင် fDi Intelligence မဂ္ဂဇင်းကထုတ်ပြန်သော ၂၀၁၄/၂၀၁၅ ခုနှစ်စာရင်းတွင် လန်ဒန်မြို့ကို ဥရောပ၏အနာဂတ်မြို့တော်အဖြစ် အဆင့်သတ်မှတ်ခဲ့ သည်။ ထို့ပြင် လန်ဒန်မြို့တစ်ဝန်းရှိသုံးစွဲသူများထံသို့ စွမ်းအင်များပေးပို့ပေးသော တာဝါတိုင်များ၊ ကေဘယ်ကြိုးများနှင့်ဖိအားစနစ်များကို စီမံခန့်ခွဲကာ လည်ပတ်လုပ်ဆောင်သည့် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးရေးကွန်ရက်များကို Nati­onal Grid plc၊ SGN နှင့် UK Power Net works တို့က စီမံခန့်ခွဲကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း
လန်ဒန်မြို့သည် ကမ္ဘာပေါ်တွင် ခရီးသွား လာရောက်လည်ပတ်မှုအများဆုံးနေရာထဲမှတစ်ခု ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား သန်း(၃၀)ခန့် လာရောက်လည်ပတ်လေ့ရှိကာ ခရီးသွားများ၏ စုစု ပေါင်းအသုံးစရိတ်သည် ပေါင်(၁၅)ဘီလျံဝန်းကျင် ရှိကြောင်းလည်းသိရသည်။ ခရီးသွားလုပ်ငန်းသည် လန်ဒန်မြို့၏ အဓိကလုပ်ငန်းများထဲမှတစ်ခုဖြစ်ပြီး လန်ဒန်မြို့၏ခရီးသွားအသုံးစရိတ်သည် ဗြိတိန်နိုင်ငံ တစ်ဝန်းလုံးရှိ ခရီးသွားများအသုံးစရိတ်စုစုပေါင်း၏(၅၄)ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။လန် ဒန် မြို့သို့ လာရောက်လည်ပတ်မှုအများဆုံး နေရာ (၁၀)ခုမှာ ဗြိတိသျှပြတိုက်၊ အမျိုးသားပြခန်း၊ သဘာ ဝ သမိုင်းပြတိုက်၊ Southbank pifwm၊ Tate Modern အဖွဲ့အစည်း၊ Victoria and Albert ပြတိုက်၊ သိပ္ပံပြတိုက်၊ Somerset House အနုပညာ ပြခန်း၊ လန်ဒန်မျှော်စင်နှင့်အမျိုးသားပုံတူပြခန်းတို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် လန်ဒန်မြို့ရှိ ဟိုတယ်ခန်း အရေအတွက်သည် (၁၅၅၇၀ဝ)ခန်းရှိကာ အခန်း ပေါင်း(၁၈၃၆၀ဝ)ခန်းအထိတိုးမြှင့်ရန် မျှော်မှန်းထားကြကြောင်းလည်းသိရသည်။ လန်ဒန်မြို့ရှိ ဇိမ်ခံ ဟိုတယ်များထဲတွင် (၁၈၈၉) ခုနှစ်ကဖွင့်လှစ်ခဲ့သော Savoy ဟိုတယ်၊ (၁၈၁၂) ခုနှစ်တွင် ဖွင့်လှစ်ကာ (၁၈၉၈)ခုနှစ်တွင် ပြန်လည်ပြုပြင်တည် ဆောက်ခဲ့သော Claridges ဟိုတယ်၊ (၁၉၀၆)ခုနှစ်တွင်ဖွင့် လှစ်ခဲ့သော The Ritz London ဟိုတယ်နှင့် (၁၉၃၁)ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော Dorchester ဟိုတယ်တို့ ပါဝင်ကြောင်းသိရသည်။

zawgyi version
ေရွးေခတ္ေရာမလူမ်ိဳးေတြ စတင္တည္ေထာင္ခဲ့တဲ့ ၿဗိတိန္တို႔ရဲ႕ ၿမိဳ႕ေတာ္ “လန္ဒန္” အေၾကာင္း (ဗဟုသုတေဆာင္းပါး)
Pika (NP News) - ဇူလိုင္ ၂၆

အဂၤလန္ႏိုင္ငံႏွင့္ၿဗိတိန္ႏိုင္ငံတို႔၏ ၿမိဳ႕ေတာ္ျဖစ္ေသာ လန္ဒန္ၿမိဳ႕သည္ လူဦးေရ(၈ ဒသမ ၈) သန္းဝန္းက်င္ရွိၿပီး ကမာၻ႔အဓိကၿမိဳ႕ႀကီးမ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရေၾကာင္းသိရသည္။

လန္ဒန္ၿမိဳ႕၏ က်ယ္ျပန႔္ေသာၿမိဳ႕ျပဧရိယာသည္ အေနာက္ဥေရာပတြင္ အႀကီးဆုံးျဖစ္ၿပီး စုစု ေပါင္း လူဦးေရ(၁၄ ဒသမ ၉)သန္းရွိေၾကာင္းသိရသည္။ လန္ဒန္ၿမိဳ႕သည္ အဂၤလန္အေရွ႕ေတာင္ပိုင္းရွိ သိမ္းျမစ္ေပၚတြင္တည္ရွိၿပီး အဓိကအေျခခ်ေနထိုင္ရာ ေနရာတစ္ခုအျဖစ္ ႏွစ္ေပါင္း (၂၀ဝဝ) နီးပါးၾကာ တည္ရွိခဲ့သည့္ၿမိဳ႕လည္းျဖစ္သည္။ ေရွးေဟာင္းအခ်က္အခ်ာႏွင့္ ဘ႑ာေရး အခ်က္အခ်ာျဖစ္ေသာ လန္ဒန္ၿမိဳ႕ကို ေရွးေခတ္ေရာမ လူမ်ိဳးမ်ားက Londinium အျဖစ္ စတင္တည္ ေထာင္ခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ လန္ဒန္ၿမိဳ႕၏အေနာက္ဘက္ရွိ Westminster ဧရိယာသည္ ႏိုင္ငံေတာ္အစိုးရႏွင့္ လႊတ္ေတာ္တို႔ ရာစုႏွစ္မ်ားစြာ ၾကာေအာင္တည္ရွိခဲ့သည့္ ေနရာတစ္ခုလည္းျဖစ္သည္။

လန္ဒန္ၿမိဳ႕သည္ (၁၉)ရာစုႏွစ္တြင္ လ်င္ ျမန္စြာႀကီးထြားလာခဲ့ၿပီး Surrey ႏွင့္ Kent ေကာင္တီ အစိတ္အပိုင္းမ်ားႏွင့္အတူ Middlesex ခ႐ိုင္အထိ ခ်ဲ႕ထြင္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးၿမိဳ႕ ျဖစ္လာခဲ့ေၾကာင္း သိရသည္။ ၁၉၆၅ ခုႏွစ္တြင္ လန္ဒန္ၿမိဳ႕သည္ Essex ႏွင့္ Hertfordshire ေကာင္တီတို႔၏ အစိတ္အပိုင္းမ်ားႏွင့္ေပါင္းစည္းခဲ့ၿပီး ေဒသဆိုင္ရာအာဏာပိုင္(၃၃)ခုႏွင့္ Greater London Authority တို႔က အုပ္ခ်ဳပ္ေသာ Greater London အုပ္ခ်ဳပ္ေရးဧရိယာကို ဖန္တီးခဲ့ေၾကာင္း သိရသည္။

ကမာၻ႔အဓိကၿမိဳ႕ႀကီးမ်ားထဲမွတစ္ၿမိဳ႕ျဖစ္ေသာ လန္ဒန္ၿမိဳ႕သည္ ကမာၻလုံးဆိုင္ရာ အႏုပညာ၊ ေဖ်ာ္ေျဖေရး၊ ဖက္ရွင္၊ ကူးသန္းေရာင္းဝယ္ေရး၊ ဘ႑ာေရး၊ ပညာေရး၊ က်န္းမာေရး၊ မီဒီယာလုပ္ငန္း၊ သိပၸံ၊ နည္းပညာ၊ ခရီးသြားလုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးတို႔အေပၚ လႊမ္းမိုးမႈရွိေသာ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ လန္ဒန္ၿမိဳ႕သည္ ဥေရာပ၏စီးပြားေရးအင္အားအႀကီးဆုံးၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္ၿပီး ကမာၻ႔ဘ႑ာေရးအတြက္ အခ်က္အခ်ာက်ေသာ ၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရ သည္။

လန္ဒန္ၿမိဳ႕သည္ ဥေရာပ၏ အျမင့္ဆုံးပညာေရးအဖြဲ႕အစည္းမ်ားရွိသည့္ ေနရာလည္းျဖစ္ၿပီး ကမာၻ႔ အဆင့္အျမင့္ဆုံး ပညာေရးတကၠသိုလ္မ်ားျဖစ္သည့္ သဘာဝႏွင့္ အသုံးခ်သိပၸံဆိုင္ရာ Imperial College London ၊ လူမႈေရးသိပၸံဆိုင္ရာ လန္ဒန္ စီးပြားေရးတကၠသိုလ္ႏွင့္ University College London တို႔ တည္ရွိသည့္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ လန္ဒန္ၿမိဳ႕သည္ ဥေရာပတြင္ လာေရာက္ လည္ပတ္မႈ အမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ကမာၻေပၚတြင္ အလုပ္အမ်ားဆုံးေလဆိပ္စနစ္လည္းရွိကာ ၎၏ ေျမေအာက္ရထားလိုင္းသည္ ကမာၻေပၚတြင္ ေရွးအက်ဆုံး အျမန္သယ္ယူပို႔ေဆာင္ေရးစနစ္ျဖစ္ ေၾကာင္းလည္းသိရသည္။

လန္ဒန္ၿမိဳ႕၏ မတူကြဲျပားေသာ ယဥ္ေက်းမႈမ်ားသည္ ဘာသာစကား(၃၀ဝ)ေက်ာ္ျဖင့္ လႊမ္းၿခဳံ ထားသည္။ ၂၀၂၃ ခုႏွစ္တြင္ Greater London ၏ လူဦးေရသည္ (၁၀)သန္းေအာက္သာရွိေသာ္လည္း ဥေရာပတြင္ တတိယေျမာက္ လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ကာ ႏႈိင္းယွဥ္မည္ဆိုပါက ၿဗိတိန္ႏိုင္ ငံတစ္ႏိုင္ငံလုံးလူဦးေရ၏(၁၃ ဒသမ ၄) ရာခိုင္ႏႈန္း ျဖစ္ၿပီး အဂၤလန္ႏိုင္ငံလူဦးေရ၏(၁၆)ရာခိုင္ႏႈန္းေက်ာ္ ျဖစ္ေၾကာင္းသိရသည္။

The Greater London Built-up Area သည္ ဥေရာပတြင္ စတုတၳေျမာက္ လူဦးေရ အမ်ားဆုံး ျဖစ္ၿပီး ၂၀၁၁ ခုႏွစ္စာရင္းအရ လူဦးေရ (၉ ဒသမ ၈)သန္းရွိေၾကာင္း သိရသည္။ လန္ဒန္ ၿမိဳ႕ ျပဧရိယာ သည္ ဥေရာပတြင္ တတိယေျမာက္လူဦးေရ အထူထပ္ဆုံးျဖစ္ၿပီး ၂၀၁၆ ခုႏွစ္အထိ လူဦးေရ(၁၄)သန္း ေနထိုင္ၾကသည္။ လန္ဒန္ၿမိဳ႕တြင္တည္ရွိေသာ ကမာၻ႔အေမြအႏွစ္ေနရာ(၄)ခုမွာ Kew ဥယ်ာဥ္၊ လန္ဒန္ ေမွ်ာ္စင္၊ Westminster နန္းေတာ္၊ St Marg­aret ခ်ာ့ခ်္ေက်ာင္း၊ Westminster Abbey ခ်ာ့ခ်္ ေက်ာင္း တို႔ပါရွိသည့္ေနရာႏွင့္ ဂင္းနစ္စံခ်ိန္ကိုသတ္မွတ္သည့္ သမိုင္းဝင္ေနရာတို႔ျဖစ္ေၾကာင္းသိရသည္။ လန္ဒန္ၿမိဳ႕ရွိ အျခားအထင္ကရေနရာမ်ားမွာ ဘက္ကင္ဟမ္နန္းေတာ္၊ London Eye ရဟတ္၊ Picc­adilly Circus၊ St Paul's Cathedral၊ Tower Bridge ႏွင့္ Trafalgar ရင္ျပင္တို႔ျဖစ္သည္။

လန္ဒန္ၿမိဳ႕သည္ ၿဗိတိသွ်ျပတိုက္၊ အမ်ိဳးသားျပခန္း၊ သဘာဝသမိုင္းျပတိုက္၊ Tate Modern ၊ British Library ႏွင့္ West End ျပဇာတ္႐ုံမ်ား အပါအဝင္ ၿဗိတိန္ႏိုင္ငံတြင္ ျပတိုက္၊ အႏုပညာျပခန္းမ်ား၊ စာၾကည့္တိုက္မ်ားႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္ ေနရာအမ်ားဆုံးရွိသည့္ၿမိဳ႕လည္းျဖစ္သည္။ အေရးႀကီး ေသာ အားကစားပြဲမ်ားျဖစ္သည့္ FA ဖလားဖိုင္နယ္၊ Wimbledon Tennis Championships ႏွင့္ လန္ဒန္မာရသြန္တို႔ကို လန္ဒန္ၿမိဳ႕တြင္ က်င္းပေလ့ရွိေၾကာင္းလည္းသိရသည္။ ထို႔ျပင္ လန္ဒန္ၿမိဳ႕သည္ ၂၀၁၂ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲကို လက္ခံက်င္းပၿပီးေနာက္ ေႏြရာသီအိုလံပစ္ဂိမ္းၿပိဳင္ပြဲ(၃)ခု ကို လက္ခံက်င္းပခဲ့သည့္ ပထမဆုံးၿမိဳ႕ျဖစ္လာခဲ့ ေၾကာင္းလည္းသိရသည္။

စီးပြားေရး
၂၀၂၂ ခုႏွစ္တြင္ လန္ဒန္ၿမိဳ႕၏ဂ်ီဒီပီသည္ ေပါင္(၅၀၈ ဒသမ ၄)ဘီလ်ံထိရွိခဲ့ၿပီး ၂၀၂၁ ခုႏွစ္ဂ်ီ ဒီပီမွာ ေပါင္(၄၈၄ ဒသမ ၆)ဘီလ်ံသာရွိခဲ့ေၾကာင္း သိရသည္။ လန္ဒန္ၿမိဳ႕တြင္အဓိကစီးပြားေရးခ႐ိုင္(၅)ခု ရွိၿပီး ယင္းတို႔မွာ City of London၊ Westminster ၊ Canary Wharf ၊ Camden & Islington ႏွင့္ Lambeth & Southwark ခ႐ိုင္တို႔ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ လန္ဒန္ၿမိဳ႕သည္ ကမာၻေပၚတြင္အျမင့္ဆုံးအိမ္ၿခံေျမေဈးႏႈန္းအခ်ိဳ႕ရွိသည့္ ၿမိဳ႕လည္း ျဖစ္သည္။ ၿဗိတိန္ႏိုင္ငံ၏ ထိပ္တန္းစာရင္းဝင္ကုမၸဏီ (၁၀ဝ) (the FTSE 100) ၏ ထက္ဝက္ေက်ာ္ႏွင့္ ဥေရာပ၏အႀကီးဆုံးကုမၸဏီ(၅၀ဝ)မွ (၁၀ဝ)ေက်ာ္ တို႔၏႐ုံးခ်ဳပ္သည္ လန္ဒန္ၿမိဳ႕တြင္ အေျခစိုက္ေၾကာင္း လည္းသိရသည္။ FTSE (၁၀ဝ)၏ (၇၀)ရာခိုင္ႏႈန္း ေက်ာ္သည္ လန္ဒန္၏ၿမိဳ႕ျပဧရိယာအတြင္းတည္ရွိၿပီး Fortune (၅၀ဝ)ကုမၸဏီမ်ား၏ (၇၅)ရာခိုင္ႏႈန္း ေက်ာ္သည္ လန္ဒန္ၿမိဳ႕တြင္႐ုံးမ်ားရွိေၾကာင္းသိရသည္။

မီဒီယာႏွင့္နည္းပညာ
မီဒီယာကုမၸဏီမ်ားသည္ လန္ဒန္တြင္ စု စည္းလ်က္ရွိေနၿပီး မီဒီယာျဖန႔္ျဖဴးမႈလုပ္ငန္းသည္ လန္ဒန္ၿမိဳ႕၏ ဒုတိယေျမာက္ ၿပိဳင္ဆိုင္မႈအရွိဆုံးက႑ျဖစ္သည္။ ကမာၻ႔သက္တမ္းအရင့္ဆုံး႐ုပ္သံ လႊင့္ဌာနတစ္ခုျဖစ္သည့္ ဘီဘီစီသည္ အေရးပါေသာမီဒီယာလုပ္ငန္းတစ္ခုျဖစ္ၿပီး ITV၊ Channel 4၊ Channel 5 ႏွင့္ Sky တို႔အပါအဝင္ အျခားေသာ႐ုပ္သံလႊင့္ဌာနမ်ားသည္လည္း လန္ဒန္ၿမိဳ႕အႏွံ႔ ႐ုံးခ်ဳပ္ မ်ားရွိၾကေၾကာင္းသိရသည္။ ၁၇၈၅ ခုႏွစ္တြင္တည္ေထာင္ခဲ့ေသာ The Times အပါအဝင္ ႏိုင္ငံလုံး ဆိုင္ရာ သတင္းစာအမ်ားအျပားကို လန္ဒန္တြင္ တည္းျဖတ္မႈမ်ားလုပ္ေဆာင္ေၾကာင္းလည္းသိရသည္။ နည္းပညာ ကုမၸဏီအမ်ားအျပားသည္လည္း လန္ဒန္ၿမိဳ႕တြင္ အေျခစိုက္ၿပီး Silicon Roundabout ဟုလူသိမ်ားေသာ East London Tech City တြင္ တည္ရွိၾကေၾကာင္းသိရသည္။

၂၀၁၄ ခုႏွစ္တြင္ လန္ဒန္ၿမိဳ႕သည္ geo TLD ကို ပထမဆုံးရရွိခဲ့သည့္ ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ ခဲ့ေၾကာင္းလည္းသိရသည္။၂၀၁၄ ခုႏွစ္ ေဖေဖာ္ဝါရီ လတြင္ fDi Intelligence မဂၢဇင္းကထုတ္ျပန္ေသာ ၂၀၁၄/၂၀၁၅ ခုႏွစ္စာရင္းတြင္ လန္ဒန္ၿမိဳ႕ကို ဥေရာပ၏အနာဂတ္ၿမိဳ႕ေတာ္အျဖစ္ အဆင့္သတ္မွတ္ခဲ့ သည္။ ထို႔ျပင္ လန္ဒန္ၿမိဳ႕တစ္ဝန္းရွိသုံးစြဲသူမ်ားထံသို႔ စြမ္းအင္မ်ားေပးပို႔ေပးေသာ တာဝါတိုင္မ်ား၊ ေကဘယ္ႀကိဳးမ်ားႏွင့္ဖိအားစနစ္မ်ားကို စီမံခန႔္ခြဲကာ လည္ပတ္လုပ္ေဆာင္သည့္ သဘာဝဓာတ္ေငြ႕ႏွင့္ လွ်ပ္စစ္စြမ္းအင္ျဖန႔္ျဖဴးေရးကြန္ရက္မ်ားကို Nati­onal Grid plc၊ SGN ႏွင့္ UK Power Net works တို႔က စီမံခန႔္ခြဲေၾကာင္းသိရသည္။

ခရီးသြားလုပ္ငန္း
လန္ဒန္ၿမိဳ႕သည္ ကမာၻေပၚတြင္ ခရီးသြား လာေရာက္လည္ပတ္မႈအမ်ားဆုံးေနရာထဲမွတစ္ခု ျဖစ္ၿပီး ႏွစ္စဥ္ကမာၻလွည့္ခရီးသြား သန္း(၃၀)ခန႔္ လာေရာက္လည္ပတ္ေလ့ရွိကာ ခရီးသြားမ်ား၏ စုစု ေပါင္းအသုံးစရိတ္သည္ ေပါင္(၁၅)ဘီလ်ံဝန္းက်င္ ရွိေၾကာင္းလည္းသိရသည္။ ခရီးသြားလုပ္ငန္းသည္ လန္ဒန္ၿမိဳ႕၏ အဓိကလုပ္ငန္းမ်ားထဲမွတစ္ခုျဖစ္ၿပီး လန္ဒန္ၿမိဳ႕၏ခရီးသြားအသုံးစရိတ္သည္ ၿဗိတိန္ႏိုင္ငံ တစ္ဝန္းလုံးရွိ ခရီးသြားမ်ားအသုံးစရိတ္စုစုေပါင္း၏(၅၄)ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းလည္းသိရသည္။လန္ ဒန္ ၿမိဳ႕သို႔ လာေရာက္လည္ပတ္မႈအမ်ားဆုံး ေနရာ (၁၀)ခုမွာ ၿဗိတိသွ်ျပတိုက္၊ အမ်ိဳးသားျပခန္း၊ သဘာ ဝ သမိုင္းျပတိုက္၊ Southbank pifwm၊ Tate Modern အဖြဲ႕အစည္း၊ Victoria and Albert ျပတိုက္၊ သိပၸံျပတိုက္၊ Somerset House အႏုပညာ ျပခန္း၊ လန္ဒန္ေမွ်ာ္စင္ႏွင့္အမ်ိဳးသားပုံတူျပခန္းတို႔ ျဖစ္သည္။

၂၀၂၃ ခုႏွစ္တြင္ လန္ဒန္ၿမိဳ႕ရွိ ဟိုတယ္ခန္း အေရအတြက္သည္ (၁၅၅၇၀ဝ)ခန္းရွိကာ အခန္း ေပါင္း(၁၈၃၆၀ဝ)ခန္းအထိတိုးျမႇင့္ရန္ ေမွ်ာ္မွန္းထားၾကေၾကာင္းလည္းသိရသည္။ လန္ဒန္ၿမိဳ႕ရွိ ဇိမ္ခံ ဟိုတယ္မ်ားထဲတြင္ (၁၈၈၉) ခုႏွစ္ကဖြင့္လွစ္ခဲ့ေသာ Savoy ဟိုတယ္၊ (၁၈၁၂) ခုႏွစ္တြင္ ဖြင့္လွစ္ကာ (၁၈၉၈)ခုႏွစ္တြင္ ျပန္လည္ျပဳျပင္တည္ေဆာက္ခဲ့ေသာ Claridges ဟိုတယ္၊ (၁၉၀၆)ခုႏွစ္တြင္ဖြင့္ လွစ္ခဲ့ေသာ The Ritz London ဟိုတယ္ႏွင့္ (၁၉၃၁)ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ေသာ Dorchester ဟိုတယ္တို႔ ပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.