လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
4273
ပုံစာ - ယနေ့ လားရှိုးမြို့ မြင်ကွင်း
သုတကျော် (NP News) - ဇူလိုင် ၂၅
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ပူးပေါင်း အဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း NP News က နယ်မြေခံ သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
MNDAA က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် ပြည်ပြေးမီဒီယာများက ရေးသားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မီဒီယာများက နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မေးမြန်းရာ သတင်းမှန်ကန်မှုမရှိကြောင်း နှင့် လားရှိုးမြို့အချို့ အစွန်ရပ်ကွက်များသို့ သောင်းကျန်းသူများစိမ့်ဝင်လာ၍ လိုက်လံရှင်းလင်းနေကြောင်း ဖြေကြားထားသည်။
“(စစ်ဌာနချုပ်ကျတယ်ဆိုတာ) မဟုတ်ပါဘူး။ လားရှိုးရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကြီးကတော့ မကျပါဘူး။ အထဲကိုလည်း မရောက်ပါဘူး။ ခလရ ၁၄၇ နဲ့ သံချပ်ကာ ၅၀၀၁ ကိုတော့ မနက် လေးနာရီ နှစ်ဆယ်လောက်က စတိုက်တာပေါ့။ ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ Drop Bomb နဲ့ ချတယ်။ အထဲကို ဝင်လုံးတဲ့အခြေအနေတော့ မရှိသေးဘူး။ ၁၄၇ ဘက်က လက်နက်ကြီးနဲ့ Counter ပစ်လိုက်လို့ နောက်ကိုတော့ ပြန်ဆုတ်သွားတယ်”ဟု နယ်မြေအတွင်းရောက်ရှိနေသော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
zawgyi version
လားရႈိးၿမိဳ႕ရွိ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို MNDAA ပူးေပါင္းအဖြဲ႕ခ်ဳပ္က ထိန္းခ်ဳပ္ႏိုင္သည္ဆိုေသာ သတင္းမွာ မဟုတ္မွန္
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၅
လားရႈိးၿမိဳ႕ရွိ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ကို MNDAA ပူးေပါင္း အဖြဲ႕ခ်ဳပ္က ထိန္းခ်ဳပ္ႏိုင္သည္ဆိုေသာ သတင္းမွာ မဟုတ္မွန္ေၾကာင္း NP News က နယ္ေျမခံ သတင္းရင္းျမစ္မ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
MNDAA က အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ကို သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့သည့္အေပၚ ျပည္ေျပးမီဒီယာမ်ားက ေရးသားမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္၍ မီဒီယာမ်ားက နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ထံ ေမးျမန္းရာ သတင္းမွန္ကန္မႈမရွိေၾကာင္း ႏွင့္ လားရႈိးၿမိဳ႕အခ်ိဳ႕ အစြန္ရပ္ကြက္မ်ားသို႔ ေသာင္းက်န္းသူမ်ားစိမ့္ဝင္လာ၍ လိုက္လံရွင္းလင္းေနေၾကာင္း ေျဖၾကားထားသည္။
“(စစ္ဌာနခ်ဳပ္က်တယ္ဆိုတာ) မဟုတ္ပါဘူး။ လားရႈိးရမခ (အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္) ႀကီးကေတာ့ မက်ပါဘူး။ အထဲကိုလည္း မေရာက္ပါဘူး။ ခလရ ၁၄၇ နဲ႔ သံခ်ပ္ကာ ၅၀၀၁ ကိုေတာ့ မနက္ ေလးနာရီ ႏွစ္ဆယ္ေလာက္က စတိုက္တာေပါ့။ ေရွာ့တိုက္ဒုံးနဲ႔ပစ္တယ္။ Drop Bomb နဲ႔ ခ်တယ္။ အထဲကို ဝင္လုံးတဲ့အေျခအေနေတာ့ မရွိေသးဘူး။ ၁၄၇ ဘက္က လက္နက္ႀကီးနဲ႔ Counter ပစ္လိုက္လို႔ ေနာက္ကိုေတာ့ ျပန္ဆုတ္သြားတယ္”ဟု နယ္ေျမအတြင္းေရာက္ရွိေနေသာ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။