“မောင်လေးစုပ်” အမည်ဖြင့် အွန်လိုင်းတွင် တင်ခဲ့သော တေးသီချင်း ၏ စီစဉ်သူ၊ ဒါရိုက်တာကို အမှုဖွင့် အရေးယူထား

 5995

သုတကျော် (NP News) – ဇူလိုင် ၂၅

“မောင်လေးစုပ်” အမည်ဖြင့် အွန်လိုင်းတွင် တင်ခဲ့သော တေးသီချင်း၏ စီစဉ်သူ၊ ဒါရိုက်တာကို အမှုဖွင့် အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

အဆိုပါ တေးသီချင်းတွင် “နို့စို့ ညီမလေး လာစို့၊ အားရှိဖို့ အစ်မကြီး လာစို့၊ နို့စို့ အစ်ကိုကြီး လာစို့ အားရှိဖို့ မောင်လေး လာစို့” စသည်ဖြင့် တေးသီချင်းစာသားများကို ထည့်သွင်း သီဆိုထားခြင်းဖြစ်ပြီး အမြင်မသင့်တော်သည့် ရိုက်ချက် များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့၊ ဗဟန်း မြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော ရိုက်ကူးထုတ်လွှင့်ပြသမှုများကို လူမှုကွန်ရက်စာမျက်နှာများ တွင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာများ အပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးတားမြစ်ထားသည်။

Zawgyi Version;
“ေမာင္ေလးစုပ္” အမည္ျဖင့္ အြန္လိုင္းတြင္ တင္ခဲ့ေသာ ေတးသီခ်င္း ၏ စီစဥ္သူ၊ ဒါ႐ိုက္တာကို အမႈဖြင့္ အေရးယူ ထား
သုတေက်ာ္ (NP News) – ဇူလိုင္ ၂၅

“ေမာင္ေလးစုပ္” အမည္ျဖင့္ အြန္လိုင္းတြင္ တင္ခဲ့ေသာ ေတးသီခ်င္း၏ စီစဥ္သူ၊ ဒါ႐ိုက္တာကို အမႈဖြင့္ အေရးယူထားေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ဇူလိုင္လ ၂၅ ရက္တြင္ ထုတ္ျပန္ အသိေပးထားသည္။

အဆိုပါ ေတးသီခ်င္းတြင္ “ႏို႔စို႔ ညီမေလး လာစို႔၊ အားရွိဖို႔ အစ္မႀကီး လာစို႔၊ ႏို႔စို႔ အစ္ကိုႀကီး လာစို႔ အားရွိဖို႔ ေမာင္ေလး လာစို႔” စသည္ျဖင့္ ေတးသီခ်င္းစာသားမ်ားကို ထည့္သြင္း သီဆိုထားျခင္းျဖစ္ၿပီး အျမင္မသင့္ေတာ္သည့္ ႐ိုက္ခ်က္ မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ အမ်ိဳးသားယဥ္ေက်းမႈကို ထိခိုက္ေစၿပီး အရွက္သိကၡာကင္းမဲ့စြာ ႐ိုက္ကူးထုတ္လႊင့္ ျပသခဲ့သည့္ “ေမာင္ေလးစုပ္” ေတးသီခ်င္းဗီဒီယို၏ စီစဥ္သူဒါ႐ိုက္တာ ေ႐ႊလက္ေအာင္မင္းကို ရန္ကုန္ၿမိဳ႕၊ ဗဟန္း ၿမိဳ႕မရဲစခန္းတြင္ အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒ ပုဒ္မ ၃၃ (က)ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ထား ရွိေၾကာင္း သိရသည္။

အခ်ိဳ႕ေသာ ေတးသီခ်င္းဗီဒီယို႐ိုက္ကူးထုတ္လႊင့္သူမ်ားသည္ ထင္ေပၚေက်ာ္ၾကားမႈ ရရွိေစရန္အတြက္ ျမန္မာ့ ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ၿပီး ေမာင္ႏွမသားခ်င္း၊ မိသားစုဝင္ခ်င္း အတူတကြ နားေထာင္ၾကည့္ရႈရန္ပင္ မသင့္ေလ်ာ္ေသာ၊ ဟီရိဩတၱပၸတရားကင္းမဲ့ေသာ ႐ိုက္ကူးထုတ္လႊင့္ျပသမႈမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာမ်ား တြင္ ေဆာင္႐ြက္ေနၾကသည္ကို ေတြ႕ရွိပါသျဖင့္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား အပါအဝင္ ျမန္မာ့ယဥ္ေက်းမႈကို ဆန႔္က်င္ေသာ၊ ညစ္ညမ္းေသာ အေျပာအဆို၊ အျပဳအမူမ်ားပါဝင္သည့္ ႐ိုက္ကူးထုတ္လႊင့္ေဖာ္ျပမႈမ်ားႏွင့္ ပတ္သက္၍ ထုတ္လုပ္သူ၊ စီစဥ္႐ိုက္ကူးသူ၊ သ႐ုပ္ေဆာင္မ်ားအား တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက သတိေပးတားျမစ္ထားသည္။

Related news

© 2021. All rights reserved.