လိင်ပိုင်းဆိုင်ရာညစ်ညမ်းမေးခွန်းများကို အမျိုးသမီးများအား လိုက်လံမေးမြန်း ထုတ်လွှင့်ခဲ့သူ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အမှုဖွင့်ထား

 80985

သုတကျော် (NP News) - ဇူလိုင် ၂၅

လိင်ဆက်ဆံမှုပိုင်းဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသမီးများအား လိုက်လံမေးမြန်းပြီး လူမှုကွန်ယက် စာမျက်နှာများတွင် ထုတ်လွှင့်ခဲ့သူ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အမှုဖွင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံက သိရသည်။

Nyein Chan Htet Aung သည် မိန်းကလေးအယောက် ၁ဝဝ ကို လိင်ဆက်ဆံမလားဟု မေးသည့် Prunk ဗွီဒီယို တစ်ခုကို ပြုလုပ်ကာ လူမှုကွန်ယက်စာမျက်နှာများတွင် တင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တင်ပြီးနောက် မကြာမီ ၎င်း၏ အကောင့်မှ ပြန်လည်ဖြုတ်ချခဲ့သော်လည်း အချို့က ပြန်တင်ခဲ့ကြသည်။

အဆိုပါ ဗွီဒီယိုနှင့်ပတ်သက်၍ အွန်လိုင်းထက်တွင် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါဗွီဒီယို နှင့် ပတ်သက်၍ လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာ အသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၃ (က)ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့မရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့်လှစ်ထားရှိပြီးဖြစ် ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက အသိပေးထားသည်။

ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူး ထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

Zawgyi Version;
လိင္ပိုင္းဆိုင္ရာညစ္ညမ္းေမးခြန္းမ်ားကို အမ်ိဳးသမီးမ်ားအား လိုက္လံေမးျမန္း ထုတ္လႊင့္ခဲ့သူ Nyein Chan Htet Aung အပါအဝင္ သက္ဆိုင္သူမ်ားကို အမႈဖြင့္ထား
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၅

လိင္ဆက္ဆံမႈပိုင္းဆိုင္ရာ ညစ္ညမ္းေမးခြန္းမ်ားကို အမ်ိဳးသမီးမ်ားအား လိုက္လံေမးျမန္းၿပီး လူမႈကြန္ယက္ စာမ်က္ႏွာမ်ားတြင္ ထုတ္လႊင့္ခဲ့သူ Nyein Chan Htet Aung အပါအဝင္ သက္ဆိုင္သူမ်ားကို အမႈဖြင့္ထားေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနထံက သိရသည္။

Nyein Chan Htet Aung သည္ မိန္းကေလးအေယာက္ ၁ဝဝ ကို လိင္ဆက္ဆံမလားဟု ေမးသည့္ Prunk ဗြီဒီယို တစ္ခုကို ျပဳလုပ္ကာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ တင္ခဲ့ျခင္းျဖစ္ၿပီး ထိုသို႔တင္ၿပီးေနာက္ မၾကာမီ ၎၏ အေကာင့္မွ ျပန္လည္ျဖဳတ္ခ်ခဲ့ေသာ္လည္း အခ်ိဳ႕က ျပန္တင္ခဲ့ၾကသည္။

အဆိုပါ ဗြီဒီယိုႏွင့္ပတ္သက္၍ အြန္လိုင္းထက္တြင္ ေဝဖန္မႈမ်ားလည္း ထြက္ေပၚခဲ့ၿပီးေနာက္ အဆိုပါဗြီဒီယို ႏွင့္ ပတ္သက္၍ လိင္ဆက္ဆံမႈဆိုင္ရာ ညစ္ညမ္းေမးခြန္းမ်ားကို အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားအား လိုက္လံေမးျမန္း၍ အီလက္ထေရာနစ္ဆက္သြယ္ေရးနည္းပညာ အသုံးျပဳကာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ႐ိုက္ကူးထုတ္လႊင့္ ျပသခဲ့သည့္ Nyein Chan Htet Aung အပါအဝင္ သက္ဆိုင္သူမ်ားကို အီလက္ထေရာနစ္ ဆက္သြယ္ ေဆာင္႐ြက္ ေရးဥပေဒပုဒ္မ ၃၃ (က)ျဖင့္ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္း ၿမိဳ႕မရဲစခန္း၌ သက္ဆိုင္ရာက အမႈဖြင့္လွစ္ထားရွိၿပီးျဖစ္ ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနက အသိေပးထားသည္။

႐ုပ္ရွင္ႏွင့္ ဗီဒီယိုကားမ်ား၊ ေတးသီခ်င္းဗီဒီယိုမ်ား ႐ိုက္ကူးထုတ္လႊင့္ရာတြင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာ ဆန႔္က်င္ၿပီး ဟီရိဩတၱပၸတရားကင္းမဲ့သည့္ ေျပာဆိုမႈမ်ား၊ ႐ိုက္ကူး ထုတ္လႊင့္မႈမ်ား မျပဳၾကပါရန္ႏွင့္ လိုက္နာ ေဆာင္႐ြက္ျခင္းမရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.