သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်

 25443

ယွန်း (NP News) - ဇူလိုင် ၂၆

လာမည့် သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင်လ ၂၆ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

နစကအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ်(၃၀၀၀၀)ကို လစဥ်ခံစားခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိ လစဥ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ်(၃၀၀၀၀) အပြင် ထပ်မံ၍ ကျပ်(၃၀၀၀၀) ကို အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဥ်ခံစားခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ်(၃၀၀၀၀)ကို လစဥ်ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ထောက်ပံ့ကြေးပေးလိုက်ခြင်းကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ပြည်သူလူထုကြားတွင် ပြောဆိုမှုများလည်းရှိနေ သည်။ အဆိုပါ ထောက်ပံ့ကြေးများကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှစတင်၍ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသည်။

zawgyi version
ၾသဂုတ္လမွစ၍ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကးမ်ား ခံစားခြင့္ျပဳမည္

ယြန္း (NP News) - ဇူလိုင္ ၂၆

လာမည့္ ၾသဂုတ္လမွစ၍ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကးမ်ား ခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာ‌ေရးဝန္ႀကီးဌာနက ယေန႔ (ဇူလိုင္လ ၂၆ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

နစကအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလမွစတင္၍ ႏိုင္ငံ့ဝန္ထမ္းမ်ားအား လက္ရွိလစာအျပင္ အပိုေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးလွ်င္ က်ပ္(၃၀၀၀၀)ကို လစဥ္ခံစားခြင့္ျပဳခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ယခုအခါ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ လက္ရွိ လစဥ္ေထာက္ပံ့လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကး က်ပ္(၃၀၀၀၀) အျပင္ ထပ္မံ၍ က်ပ္(၃၀၀၀၀) ကို အပိုေထာက္ပံ့ေၾကးအျဖစ္ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လမွစ၍ လစဥ္ခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အလားတူ ႏိုင္ငံေတာ္တာဝန္ကို ထမ္းေဆာင္ခဲ့ၿပီး လက္ရွိပင္စင္ခံစားေနၾကသည့္ ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားအတြက္လည္း အပိုေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးလွ်င္ တစ္လ က်ပ္(၃၀၀၀၀)ကို လစဥ္ခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ ေထာက္ပံ့ေၾကးေပးလိုက္ျခင္းေၾကာင့္ ျပည္တြင္း ကုန္ေဈးႏႈန္းမ်ား ျမင့္တက္လာႏိုင္ေၾကာင္း ျပည္သူလူထုၾကားတြင္ ေျပာဆိုမႈမ်ားလည္းရွိေန သည္။ အဆိုပါ ေထာက္ပံ့ေၾကးမ်ားကို ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ၁ ရက္မွစတင္၍ ခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.