ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

 7992

NP News - ဇူလိုင် ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယခု (ဇူလိုင်လ)အတွင်း ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ဦးစီးဌာန၏ စာရင်းအချက်အလက်များ အရ သိရသည်။

အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဥ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများဖြစ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃ဝ (စ) အရ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဇူလိုင်လ ၂ ရက်တွင် ကုမ္ပဏီ (၅ဝဝ)၊ ဇူလိုင် လ ၉ ရက်တွင် ကုမ္ပဏီ (၅ဝဝ)၊ ဇူလိုင်လ ၁၅ ရက်တွင် ကုမ္ပဏီ (၅ဝဝ) နှင့် ဇူလိုင်လ ၂၃ ရက်တွင် ကုမ္ပဏီ (၅ဝဝ) စုစုပေါင်း ကုမ္ပဏီ (၂ဝဝဝ) ကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နှစ်စဉ်အစီရင်ခံစာတင်ပြရမည့်ရက်ထက် (၂၈) ရက် ကျော်လွန်ပြီးပါက အဆိုပါ ကုမ္ပဏီကို ဆိုင်းငံ့ (Suspended) စာရင်းထည့်သွင်းပြီး ဆိုင်းငံ့စာရင်း စတင်ဖော်ပြခံရသည့်နေ့မှ (၆) လအတွင်း နှစ်စဉ်အစီရင်ခံစာမတင်ပါက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုမ္ပဏီစာရင်းမှပယ်ဖျက်ခံရပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့်အမိန့်ဖြင့် ပြန်လည်တင်ပြနိုင်ကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန်ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ပုံရိပ် ကျန်ရှိနေမည်ဖြစ်သည့်အတွက် နှစ်စဉ်အစီရင်ခံစာတင်ပြခြင်းကို အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ကုမ္ပဏီမှတ်ပုံတင်ခြင်းများကို အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) ဖြင့် ဆောင်ရွက် လျက်ရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီစုစုပေါင်း (၇၄၄၂၈)ခုအထိ ရှိကြောင်း စာရင်း အချက်အလက်များအရ သိရသည်။

zawgyi version
ကုမၸဏီေပါင္း (၂ဝဝဝ) ကို ကုမၸဏီမွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္
NP News - ဇူလိုင္ ၂၇

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ယခု (ဇူလိုင္လ)အတြင္း ကုမၸဏီေပါင္း (၂ဝဝဝ) ကို ကုမၸဏီမွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း ဦးစီးဌာန၏ စာရင္းအခ်က္အလက္မ်ား အရ သိရသည္။

အဆိုပါ ကုမၸဏီမ်ားသည္ ျမန္မာႏိုင္ငံ ကုမၸဏီမ်ားဥပေဒ ပုဒ္မ ၉၇ အရ ႏွစ္စဥ္အစီရင္ခံစာ (Annual Return) တင္ျပရန္ ပ်က္ကြက္ခဲ့ေသာ ကုမၸဏီမ်ားျဖစ္ၿပီး ျမန္မာႏိုင္ငံ ကုမၸဏီမ်ားဥပေဒ ပုဒ္မ ၄၃ဝ (စ) အရ ကုမၸဏီမွတ္ပုံတင္စာရင္းမွပယ္ဖ်က္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ဇူလိုင္လ ၂ ရက္တြင္ ကုမၸဏီ (၅ဝဝ)၊ ဇူလိုင္ လ ၉ ရက္တြင္ ကုမၸဏီ (၅ဝဝ)၊ ဇူလိုင္လ ၁၅ ရက္တြင္ ကုမၸဏီ (၅ဝဝ) ႏွင့္ ဇူလိုင္လ ၂၃ ရက္တြင္ ကုမၸဏီ (၅ဝဝ) စုစုေပါင္း ကုမၸဏီ (၂ဝဝဝ) ကို ကုမၸဏီစာရင္းမွ ပယ္ဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ႏွစ္စဥ္အစီရင္ခံစာတင္ျပရမည့္ရက္ထက္ (၂၈) ရက္ ေက်ာ္လြန္ၿပီးပါက အဆိုပါ ကုမၸဏီကို ဆိုင္းငံ့ (Suspended) စာရင္းထည့္သြင္းၿပီး ဆိုင္းငံ့စာရင္း စတင္ေဖာ္ျပခံရသည့္ေန႔မွ (၆) လအတြင္း ႏွစ္စဥ္အစီရင္ခံစာမတင္ပါက မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ကုမၸဏီစာရင္းမွပယ္ဖ်က္ခံရၿပီး ကုမၸဏီအမည္အား ျပန္လည္အသက္သြင္းလိုပါက ကုမၸဏီမွ တရား႐ုံးကင္းလြတ္ခြင့္အမိန႔္ျဖင့္ ျပန္လည္တင္ျပႏိုင္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒပါ လိုက္နာရန္ပ်က္ကြက္ထားေၾကာင္း ကုမၸဏီ၏ပုံရိပ္ က်န္ရွိေနမည္ျဖစ္သည့္အတြက္ ႏွစ္စဥ္အစီရင္ခံစာတင္ျပျခင္းကို အထူးဂ႐ုျပဳလိုက္နာေဆာင္႐ြက္ၾကရန္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားသည္။

ကုမၸဏီမွတ္ပုံတင္ျခင္းမ်ားကို အီလက္ထေရာနစ္ ကုမၸဏီ မွတ္ပုံတင္စနစ္ (MyCO) ျဖင့္ ေဆာင္႐ြက္ လ်က္ရွိၿပီး လက္ရွိအခ်ိန္ထိ မွတ္ပုံတင္ထားသည့္ ကုမၸဏီစုစုေပါင္း (၇၄၄၂၈)ခုအထိ ရွိေၾကာင္း စာရင္း အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.