ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ

 1483

သန့်ဇင် (NP News) - ဇူလိုင် ၂၇

ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် သံလွင်မြစ်ရေမြင့်တက်နေမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများစွာကို ရေဘေးရှောင်စခန်း (၆)ခုသို့ ပြောင်းရွှေ့ထားရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် သံလွင်မြစ်ရေမြင့်လာနေမှုကြောင့် ဇူလိုင် လ ၂၅ ရက်နေ့မှစတင်ကာ ဘားအံမြို့နှင့်အနီးတစ်ဝိုက်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ဘားအံမြို့က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၅)၊ အမှတ်(၇)(၈)(၉)အဲဒီထိအောင် ရေဝင်နေပြီပေါ့နော်။ အမှတ်(၇)(၈)ကတော့ သံလွင်မြစ်ရေဝင်လို့ လမ်းတွေရေဝင်တာလောက်ပဲရှိပါသေးတယ်။ အဓိကတော့ အမှတ်(၂)(၅)(၉)တို့ကတော့ ရေဝင်နေပြီပေါ့။ ဘားအံမှာဆိုရင် စိုးရိမ်ရေအမှတ်(၇၅၀)အထက်ကို စင်တီမီတာ (၁၅၀) လောက်ထပ်တိုးသွားတယ်ဆိုတော့ (၉၀၀)လောက်ရှိပြီ။ အချိန်မီဆော်ဩနိုင်တဲ့အတွက် ပိတ်မိနေတဲ့လူတွေတော့မရှိပါဘူး” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဘားအံမြို့ရှိ ရေဘေးသင့်ပြည်သူများကို ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုသို့ ပြောင်းရွှေ့နေရာချထားပေးထားကြောင်း သိရသည်။ “ပြောင်းရွှေ့ထားတဲ့လူဦးရေက ခန့်မှန်းချေပြောလို့မရဘူး။ သံလွင်မြစ်ရေကတော့ ဆက်တက်လာနိုင်တဲ့အနေအထားမှာရှိတယ်။ မိုးကလည်း အခုထိရွာနေပါတယ်။ ဘားအံမှာက ရေဘေးသင့်စခန်း(၆)ခုလောက်ဖွင့်ထားရပါတယ်။ စခန်းတစ်ခုကို ခန့်မှန်းချေလူဦးရေ (၁၀၀၀)နီးပါးလောက်ဆံ့ပါတယ်။ ကျွန်တော်တို့ကရင်ပြည်နယ်မှာက စပါးကအဓိကထားစိုက်တာဆိုတော့ စပါးခင်းတွေရေနစ်မြုပ်နေတာတော့ တော်တော်များများတွေ့ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ် နှင့် ဒေသတွင်းမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဒေသခံများစွာကို မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများစုပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။

“လက်ရှိမှာ ဘားအံ-မော်လမြိုင်လမ်းကိုဖြတ်လို့မရဘူးဖြစ်နေတယ်ဗျ။ ဘားအံကစထွက်မယ်ဆို ဆင်လေးကောင်အဝိုင်း၊ အဝိုင်းသစ်နားမှာ ရေကျော်နေတဲ့အတွက် ကားကြီးတွေလောက်ပဲဖြတ်လို့ရတယ်။ နောက်ပြီးတော့ ဘားအံ-မြဝတီအာရှလမ်းပေါ့နော် အဲဒီမှာလည်း ရေကျော်နေတာလည်းရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နယ်အပါအဝင် မြို့နယ်ပေါင်း(၅)ခုထက်မနည်းရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဒေသခံအများကို ရေဘေးကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့ထားရကြောင်း သိရသည်။မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း(၂၀)ထက်မနည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အိမ်ထောင်စုပေါင်းများစွာဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

zawgyi version
ဘားအံၿမိဳ႕တြင္ ေရႀကီးေရႀကီးေရလွ်ံမႈမ်ား‌ေၾကာင့္ ေဒသခံမ်ားစြာကို ေရေဘးေရွာင္စခန္း(၆)ခုသို႔ ေျပာင္းေ႐ႊ႕ထားရ

သန႔္ဇင္ (NP News) - ဇူလိုင္ ၂၇

ဘားအံၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ သံလြင္ျမစ္ေရျမင့္တက္ေနမႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ကာ ေဒသခံမ်ားစြာကို ေရေဘးေရွာင္စခန္း (၆)ခုသို႔ ေျပာင္းေ႐ႊ႕ထားရေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဘားအံၿမိဳ႕ထံမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ သံလြင္ျမစ္ေရျမင့္လာေနမႈေၾကာင့္ ဇူလိုင္ လ ၂၅ ရက္ေန႔မွစတင္ကာ ဘားအံၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။ “ဘားအံၿမိဳ႕က အမွတ္(၁)၊ အမွတ္(၂)၊ အမွတ္(၅)၊ အမွတ္(၇)(၈)(၉)အဲဒီထိေအာင္ ေရဝင္ေနၿပီေပါ့ေနာ္။ အမွတ္(၇)(၈)ကေတာ့ သံလြင္ျမစ္ေရဝင္လို႔ လမ္းေတြေရဝင္တာေလာက္ပဲရွိပါေသးတယ္။ အဓိကေတာ့ အမွတ္(၂)(၅)(၉)တို႔ကေတာ့ ေရဝင္ေနၿပီေပါ့။ ဘားအံမွာဆိုရင္ စိုးရိမ္ေရအမွတ္(၇၅၀)အထက္ကို စင္တီမီတာ (၁၅၀) ေလာက္ထပ္တိုးသြားတယ္ဆိုေတာ့ (၉၀၀)ေလာက္ရွိၿပီ။ အခ်ိန္မီေဆာ္ဩႏိုင္တဲ့အတြက္ ပိတ္မိေနတဲ့လူေတြေတာ့မရွိပါဘူး” ဟု ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ ဘားအံၿမိဳ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ဘားအံၿမိဳ႕ရွိ ေရေဘးသင့္ျပည္သူမ်ားကို ေရေဘးကယ္ဆယ္ေရးစခန္း(၆)ခုသို႔ ေျပာင္းေ႐ႊ႕ေနရာခ်ထားေပးထားေၾကာင္း သိရသည္။ “ေျပာင္းေ႐ႊ႕ထားတဲ့လူဦးေရက ခန႔္မွန္းေခ်ေျပာလို႔မရဘူး။ သံလြင္ျမစ္ေရကေတာ့ ဆက္တက္လာႏိုင္တဲ့အေနအထားမွာရွိတယ္။ မိုးကလည္း အခုထိ႐ြာေနပါတယ္။ ဘားအံမွာက ေရေဘးသင့္စခန္း(၆)ခုေလာက္ဖြင့္ထားရပါတယ္။ စခန္းတစ္ခုကို ခန႔္မွန္းေခ်လူဦးေရ (၁၀၀၀)နီးပါးေလာက္ဆံ့ပါတယ္။ ကြၽန္ေတာ္တို႔ကရင္ျပည္နယ္မွာက စပါးကအဓိကထားစိုက္တာဆိုေတာ့ စပါးခင္းေတြေရနစ္ျမဳပ္ေနတာေတာ့ ေတာ္ေတာ္မ်ားမ်ားေတြ႕ရတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ပိုင္က်ဳံၿမိဳ႕နယ္ ႏွင့္ ေဒသတြင္းၿမိဳ႕နယ္မ်ားတြင္လည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ေဒသခံမ်ားစြာကို မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကူညီေရးအသင္းမ်ားစုေပါင္းကာ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

“လက္ရွိမွာ ဘားအံ-ေမာ္လၿမိဳင္လမ္းကိုျဖတ္လို႔မရဘူးျဖစ္ေနတယ္ဗ်။ ဘားအံကစထြက္မယ္ဆို ဆင္ေလးေကာက္အဝိုင္း၊ အဝိုင္းသစ္နားမွာ ေရေက်ာ္ေနတဲ့အတြက္ ကားႀကီးေတြေလာက္ပဲျဖတ္လို႔ရတယ္။ ေနာက္ၿပီးေတာ့ ဘားအံ-ျမဝတီအာရွလမ္းေပါ့ေနာ္ အဲဒီမွာလည္း ေရေက်ာ္ေနတာလည္းရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ကရင္ျပည္နယ္အတြင္းရွိ ဘားအံၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ေပါင္း(၅)ခုထက္မနည္းေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ေဒသခံအမ်ားကို ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ေျပာင္းေ႐ႊ႕ထားရေၾကာင္း သိရသည္။ျမန္မာႏိုင္ငံတြင္ ၿမိဳ႕နယ္ေပါင္း(၂၀)ထက္မနည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး အိမ္ေထာင္စုေပါင္းမ်ားစြာေဘးလြတ္ရာသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.