ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သွားသည့် မိုးစပါးဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ကူညီဆောင်ရွက်ပေးမည်

 2105

NP News - ဇူလိုင် ၂၇

လတ်တလောတွင် မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မိုးစပါးစိုက်ပျိုးဧရိယာ များ ရေကြီးနစ်မြုပ်မှုများလည်းရှိနေသည့်အတွက် အဆိုပါ စိုက်ပျိုးဧရိယာများအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်က အသိပေးထုတ် ပြန်ထားသည်။

ရေကြီးရေလျှံမှုများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၂ဝ)ထက်မနည်းတွင် ဖြစ်ပေါ်နေပြီး မိုးစပါးစို က်လယ်မြေအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် အချို့နေရာဒေသများတွင် ရေများ ပြန်လည်ကျဆင်းပြီး ဖြစ်သော်လည်း အချို့နေရာဒေသများတွင် ရေနစ်မြုပ်ဆဲဖြစ်ကြောင်း နှင့် ထိခိုက်ပျက်စီးမှု အချို့ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိုးစပါး စိုက်ပျိုးသူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒေသကော်မတီများ နှင့် ညီနောင်အသင်းခွဲများသို့ ဆက်သွယ်၍ ဖြစ်စေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်၍ဖြစ်စေ ဆက်သွယ်ညှိနှိုင်း တင်ပြအသိပေးနိုင်ပြီး အမှန်တကယ် လိုအပ်မှုရှိသော နေရာ‌ဒေသများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဥ်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ထိခိုက်မှုဖြစ်ပေါ်သည့် မိုးစပါးဧရိယာများတွင် အထွက်နှုန်း မကျဆင်းရေးအတွက် သွင်းအားစု မြေသြဇာနှင့် ဆေးများထည့်သွင်းနိုင်ရေးအတွက် လည်းကောင်း၊ ပြန်လည်စိုက်ပျိုးရန် လိုအပ်သော နေရာများတွင် ရာသီချိန်မီပါက စပါးပြန် လည်စိုက်ပျိုးနိုင်ရေးအတွက်လည်းကောင်း လိုအပ်မည့် မျိုးစပါး၊ မြေသြဇာများ နှင့် စိုက်ပျိုးရေး ဆေးများ ကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း(၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်း သန်းပေါင်း(၁၀၈၈)သန်းရှိကြောင်း သိရသည်။

zawgyi version
ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ထိခိုက္သြားသည့္ မိုးစပါးဧရိယာမ်ားအတြက္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ က ကူညီေဆာင္႐ြက္ေပးမည္
NP News - ဇူလိုင္ ၂၇

လတ္တေလာတြင္ ျမန္မာႏိုင္ငံတစ္ဝန္း၌ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ မိုးစပါးစိုက္ပ်ိဳးဧရိယာ မ်ား ေရႀကီးနစ္ျမဳပ္မႈမ်ားလည္းရွိေနသည့္အတြက္ အဆိုပါ စိုက္ပ်ိဳးဧရိယာမ်ားအတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဇူလိုင္လ ၂၆ ရက္က အသိေပးထုတ္ ျပန္ထားသည္။

ေရႀကီးေရလွ်ံမႈမ်ားသည္ ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕ေပါင္း (၂ဝ)ထက္မနည္းတြင္ ျဖစ္ေပၚေနၿပီး မိုးစပါးစို က္လယ္ေျမအခ်ိဳ႕တြင္ ေရႀကီးနစ္ျမဳပ္မႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။ ထို႔ျပင္ အခ်ိဳ႕ေနရာေဒသမ်ားတြင္ ေရမ်ား ျပန္လည္က်ဆင္းၿပီး ျဖစ္ေသာ္လည္း အခ်ိဳ႕ေနရာေဒသမ်ားတြင္ ေရနစ္ျမဳပ္ဆဲျဖစ္ေၾကာင္း ႏွင့္ ထိခိုက္ပ်က္စီးမႈ အခ်ိဳ႕ရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ မိုးစပါး စိုက္ပ်ိဳးသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ေဒသေကာ္မတီမ်ား ႏွင့္ ညီေနာင္အသင္းခြဲမ်ားသို႔ ဆက္သြယ္၍ ျဖစ္ေစ၊ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ ဆက္သြယ္၍ျဖစ္ေစ ဆက္သြယ္ညႇိႏႈိင္း တင္ျပအသိေပးႏိုင္ၿပီး အမွန္တကယ္ လိုအပ္မႈရွိေသာ ေနရာ‌ေဒသမ်ားအတြက္ ကူညီေဆာင္႐ြက္ေပးႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္းလည္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္လည္း ထိခိုက္မႈျဖစ္ေပၚသည့္ မိုးစပါးဧရိယာမ်ားတြင္ အထြက္ႏႈန္း မက်ဆင္းေရးအတြက္ သြင္းအားစု ေျမၾသဇာႏွင့္ ေဆးမ်ားထည့္သြင္းႏိုင္ေရးအတြက္ လည္းေကာင္း၊ ျပန္လည္စိုက္ပ်ိဳးရန္ လိုအပ္ေသာ ေနရာမ်ားတြင္ ရာသီခ်ိန္မီပါက စပါးျပန္ လည္စိုက္ပ်ိဳးႏိုင္ေရးအတြက္လည္းေကာင္း လိုအပ္မည့္ မ်ိဳးစပါး၊ ေျမၾသဇာမ်ား ႏွင့္ စိုက္ပ်ိဳးေရး ေဆးမ်ား ကို တတ္ႏိုင္သမွ် ဝိုင္းဝန္းကူညီ ပံ့ပိုးေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း(၁၅)သန္းခန႔္ရွိခဲ့ၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္း သန္းေပါင္း(၁၀၈၈)သန္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.