ဒေါ်နယ်ထရမ့်က အမေရိကန်ဒုတိယသမ္မတထက် လူကြိုက်ပိုမိုများပြားနေ

 1283

Zawgyi Version;
ဒေါ်နယ်ထရမ့်က အမေရိကန်ဒုတိယသမ္မတထက် လူကြိုက်ပိုမိုများပြားနေ
ဂျန်ဇက် (NP News) - ဇူလိုင် ၂၈

အမေရိကန်သမ္မတရွေးကောက်ပွဲနီးလာချိန်မှာ အမေရိကန်နိုင်ငံအတွင်းရှိ သတင်းဌာနတွေနဲ့အဖွဲ့အစည်းတွေဟာ စစ်တမ်းတွေကောက်ယူလျက်ရှိနေရာ နောက်ဆုံးကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ထဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းဖြစ်လာဖွယ်ရှိနေတဲ့ ကာမာလာဟာရစ်ထက် လူကြိုက် ပိုမိုများနေတယ်လို့ သိရပါတယ်။

Reuters သတင်းဌာနနဲ့ Ipsos အဖွဲ့တို့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့စစ်တမ်းထဲမှာ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်ထက် လူကြိုက်များမှုပိုင်းမှာ ၂ ရာခိုင်နှုန်း အသာရရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန် Wall Street Journal က နောက်ဆုံးပြုလုပ်ခဲ့တဲ့စစ်တမ်းထဲမှာ ဒေါ်နယ်ထရမ့်ဟာ ဟာာရစ်ထက် ၂ ရာခိုင်နှုန်း ပိုမိုလူကြိုက်များနေပြီး ဒေါ်နယ်ထရမ့်အပေါ် လူကြိုက်များမှု ၄၉ ရာခိုင်နှုန်းရှိနေကာ ဟာရစ်ကို လူကြိုက်များမှု ၄၇ ရာခိုင်နှုန်း ရှိနေကြောင်း သိရပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမယ့်ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ သမ္မတလောင်းအဖြစ်က နှုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန် နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့ကြောင်း သိရပါတယ်။

စစ်တမ်းကောက်ယူရေးအဖွဲ့က " ဟာရစ်ဟာ အာဖရိကန် အမေရိကန်အမျိုးသားတွေကြားမှာတော့ လူကြိုက်များမှု အားနည်းခဲ့တယ်။ ဒေါ်နယ်ထရမ့်ဟာ မဲပေးခွင့်ရှိသူတွေထဲတော့ လူကြိုက်များနေဆဲဖြစ်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
ေဒၚနယ္ထရမ့္က အေမရိကန္ဒုတိယသမၼတထက္ လူႀကိဳက္ပိုမိုမ်ားျပားေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၈

အေမရိကန္သမၼတေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ အေမရိကန္ႏိုင္ငံအတြင္းရွိ သတင္းဌာနေတြနဲ႔အဖြဲ႕အစည္းေတြဟာ စစ္တမ္းေတြေကာက္ယူလ်က္ရွိေနရာ ေနာက္ဆုံးေကာက္ယူခဲ့တဲ့ စစ္တမ္းတစ္ရပ္ထဲမွာ သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ ဒီမိုကရက္တစ္ပါတီရဲ႕သမၼတေလာင္းျဖစ္လာဖြယ္ရွိေနတဲ့ ကာမာလာဟာရစ္ထက္ လူႀကိဳက္ ပိုမိုမ်ားေနတယ္လို႔ သိရပါတယ္။

Reuters သတင္းဌာနနဲ႔ Ipsos အဖြဲ႕တို႔ ပူးေပါင္းလုပ္ကိုင္ခဲ့တဲ့စစ္တမ္းထဲမွာ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ ဒုတိယသမၼတျဖစ္သူ ကာမာလာဟာရစ္ထက္ လူႀကိဳက္မ်ားမႈပိုင္းမွာ ၂ ရာခိုင္ႏႈန္း အသာရရွိေနတယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ အေမရိကန္ Wall Street Journal က ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့စစ္တမ္းထဲမွာ ေဒၚနယ္ထရမ့္ဟာ ဟာာရစ္ထက္ ၂ ရာခိုင္ႏႈန္း ပိုမိုလူႀကိဳက္မ်ားေနၿပီး ေဒၚနယ္ထရမ့္အေပၚ လူႀကိဳက္မ်ားမႈ ၄၉ ရာခိုင္ႏႈန္းရွိေနကာ ဟာရစ္ကို လူႀကိဳက္မ်ားမႈ ၄၇ ရာခိုင္ႏႈန္း ရွိေနေၾကာင္း သိရပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ႏိုဝင္ဘာလအတြင္း က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီ ကိုယ္စားျပဳပါဝင္ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့ေပမယ့္ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္ခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သမၼတေလာင္းအျဖစ္က ႏႈတ္ထြက္သြားခဲ့ေၾကာင္း သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ ႏႈတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း ဒုတိယသမၼတျဖစ္သူ ကာမာလာဟာရစ္ဟာ ဒီမိုကရက္တစ္ပါတီရဲ႕သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ ေရပန္းအစားဆုံးျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

စစ္တမ္းေကာက္ယူေရးအဖြဲ႕က " ဟာရစ္ဟာ အာဖရိကန္ အေမရိကန္အမ်ိဳးသားေတြၾကားမွာေတာ့ လူႀကိဳက္မ်ားမႈ အားနည္းခဲ့တယ္။ ေဒၚနယ္ထရမ့္ဟာ မဲေပးခြင့္ရွိသူေတြထဲေတာ့ လူႀကိဳက္မ်ားေနဆဲျဖစ္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.