ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြုလုပ်တဲ့ အိုလံပစ်ဖွင့်ပွဲအခမ်းအနားက အမေရိကန်ကြည့်ရှုသူ ၂၈ ဒသမ ၆ သန်းထိ ဆွဲဆောင်နိုင်

 493

ရောင်နီ (NP News) - ဇူလိုင် ၂၉

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြုလုပ်တဲ့ အိုလံပစ်ဖွင့်ပွဲအခမ်းအနားဟာ Comcast CMCSA.O) ရဲ့ ပဏာမအချက် အလက်များအရ NBC နဲ့ streaming ဝန်ဆောင်မှု Peacock တို့ကနေ အမေရိကန်ကြည့်ရှုသူ အရေအတွက် ၂၈.၆ သန်းကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကြည့်ရှုမှုနှုန်းဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ကျင်းပတဲ့ နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ လူကြည့် အများဆုံးဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ သောကြာနေ့ (ဇူလိုင် ၂၆ ရက်) က ကျင်းပတဲ့ အိုလံပစ် ဖွင့်ပွဲ အခမ်းအနားမှာ ပရိသတ်ရှေ့ မထွက်တာကြာပြီဖြစ်တဲ့ အဆိုတော် ပေါ့စ်ဘုရင်မ စီလင်ဒီအွန်၊ လေဒီဂါဂါတို့လို ထင်ရှားကျော်ကြားတဲ့ နာမည်ကျော်တွေလည်း ပါဝင်ခဲ့တာကြောင့် ကြည့်ရှုမှုနှုန်းထား ပိုမြင့်သွားတယ်လို့ ယူဆ ရပါတယ်။ ဒါဟာ ၂၀၃၂ ခုနှစ်အထိ အမေရိကန်မှာ အိုလံပစ် အာကစားပြိုင်ပွဲတွေကို ထုတ်လွှင့်ပြသဖို့ NBC Universal ရဲ့ Olympics media ကို ဒေါ်လာ ၇.၆၅ ဘီလီယံ ပေးဆောင်ထားရတဲ့ NBCUniversal အတွက် အရေးပါ တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

NBC နဲ့ streaming ဝန်ဆောင်မှု Peacock တို့ကနေ အိုလံပစ်ဖွင့်ပွဲကို ကြည့်ရှုသူအရေအတွက်ဟာ ၂၀၂၁ ခုနှစ်၊ တိုကျိုအိုလံပစ်ပွဲတုန်းက ကြည့်ရှုသူ ၁၇ သန်းမျှသာ ရှိတဲ့ ရုပ်သံလွှင့်ဌာနအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်ခဲ့ပါတယ်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ ျပဳလုပ္တဲ့ အိုလံပစ္ဖြင့္ပြဲအခမ္းအနားက အေမရိကန္ၾကည့္ရႈသူ ၂၈ ဒသမ ၆ သန္းထိ ဆြဲေဆာင္ႏိုင္
ေရာင္နီ (NP News) - ဇူလိုင္ ၂၉

ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ ျပဳလုပ္တဲ့ အိုလံပစ္ဖြင့္ပြဲအခမ္းအနားဟာ Comcast CMCSA.O) ရဲ႕ ပဏာမအခ်က္ အလက္မ်ားအရ NBC နဲ႔ streaming ဝန္ေဆာင္မႈ Peacock တို႔ကေန အေမရိကန္ၾကည့္ရႈသူ အေရအတြက္ ၂၈.၆ သန္းကို ဆြဲေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါၾကည့္ရႈမႈႏႈန္းဟာ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္း က်င္းပတဲ့ ေႏြရာသီ အိုလံပစ္အားကစားၿပိဳင္ပြဲေတြမွာ လူၾကည့္ အမ်ားဆုံးျဖစ္တယ္လို႔ ကုမၸဏီက ဆိုပါတယ္။ ေသာၾကာေန႔ (ဇူလိုင္ ၂၆ ရက္) က က်င္းပတဲ့ အိုလံပစ္ ဖြင့္ပြဲ အခမ္းအနားမွာ ပရိသတ္ေရွ႕ မထြက္တာၾကာၿပီျဖစ္တဲ့ အဆိုေတာ္ ေပါ့စ္ဘုရင္မ စီလင္ဒီအြန္၊ ေလဒီဂါဂါတို႔လို ထင္ရွားေက်ာ္ၾကားတဲ့ နာမည္ေက်ာ္ေတြလည္း ပါဝင္ခဲ့တာေၾကာင့္ ၾကည့္ရႈမႈႏႈန္းထား ပိုျမင့္သြားတယ္လို႔ ယူဆ ရပါတယ္။ ဒါဟာ ၂၀၃၂ ခုႏွစ္အထိ အေမရိကန္မွာ အိုလံပစ္ အာကစားၿပိဳင္ပြဲေတြကို ထုတ္လႊင့္ျပသဖို႔ NBC Universal ရဲ႕ Olympics media ကို ေဒၚလာ ၇.၆၅ ဘီလီယံ ေပးေဆာင္ထားရတဲ့ NBCUniversal အတြက္ အေရးပါ တဲ့ ပြဲတစ္ခုျဖစ္ပါတယ္။

NBC နဲ႔ streaming ဝန္ေဆာင္မႈ Peacock တို႔ကေန အိုလံပစ္ဖြင့္ပြဲကို ၾကည့္ရႈသူအေရအတြက္ဟာ ၂၀၂၁ ခုႏွစ္၊ တိုက်ိဳအိုလံပစ္ပြဲတုန္းက ၾကည့္ရႈသူ ၁၇ သန္းမွ်သာ ရွိတဲ့ ႐ုပ္သံလႊင့္ဌာနအတြက္ ႀကီးမားတဲ့ အက်ိဳးေက်းဇူးတစ္ခု ျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.