လားရှိုးမြို့ကို မည်သည့်အဖွဲ့ကမျှ အပြည့်အဝ မထိန်းချုပ်နိုင်သေး (ရမခ)အနေဖြင့် ကျူးကျော်စစ်များကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့သော အစဉ်အလာရှိဟု နစက ကြုံးဝါး
6241
မြူနစ် (NP News) - ဇူလိုင် ၂၉
ကောလာဟလ သတင်းပေါင်းစုံပျံ့နေ သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ကို မည်သည့် အဖွဲ့ကမျှ အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ဇူလိုင်လ(၂၆)ရက်အထိ အပြန်အလှန် တိုက်ခိုက်နေကြဆဲဖြစ်ကြောင်း လားရှိုးမြို့ခံများက NP News ကို ပြောသည်။
ကိုးကန့်လက်နက်ကိုင် MNDAA ပူး ပေါင်းအဖွဲ့များသည် ပြီးခဲ့သော ဇူလိုင် (၃) ရက်နေ့မှ စတင် ကာ လားရှိုးမြို့နှင့်အနီးတစ်ဝိုက်တွင် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။ ထိုသို့ တိုက်ပွဲစတင်ဖော်ဆောင်စဉ် MNDAA အဖွဲ့ သည် လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် ကာ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သကဲ့သို့ တပ်မတော်ဘက်ကလည်း လေယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် ပြန်လည်ခုခံတိုက်ခိုက်မှုများရှိခဲ့သည်။
MNDAA အဖွဲ့ဖော်ဆောင်သည့် လားရှိုးမြို့တိုက်ပွဲသည် (၂၃)ရက်ခန့်ကြာမြင့်လာချိန် ဇူလိုင် (၂၅) ရက်နေ့တွင် လားရှိုးမြို့သည် လုံးဝလွတ် မြောက်ပြီဖြစ်ကြောင်းနှင့် လားရှိုးမြို့၏ အုပ်ချုပ်ရေး ယန္တရားကို MNDAA အဖွဲ့က ဆက်ခံလိုက်ပြီးဟု သတင်းထုတ်လွှင့်ခဲ့သည်။
ယင်းကဲ့သို့ သတင်းထုတ်လွှင့်မှုအပေါ် ပြည်ပြေးမီဒီယာများအပါအဝင် လက်နက်ကိုင်အဖွဲ့အ စည်းများကို ထောက်ခံသူများနှင့် နစကအစိုးရကို ဆန့်ကျင်သူများက ဝမ်းသာအားရ ပြန်လည်ဖြန့်ဝေမှု များရှိခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ သို့သော် ယင်းကဲ့သို့ MNDAA အဖွဲ့၏ သတင်းထုတ်လွှင့်မှုအပေါ် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယင်းသတင်းသည် မှန်ကန်မှုမရှိဘဲ လုပ်ကြံဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။
MNDAA ပူးပေါင်းအဖွဲ့အနေဖြင့် ဇူလိုင်လအတွင်းဖော်ဆောင်ခဲ့သည့် တိုက်ပွဲများ၌ သေဆုံး ဒဏ်ရာရရှိသူ၊ ပျောက်ဆုံးနေသူ၊ ထွက်ပြေး သူ များပြားခဲ့သောအခြေအနေအပါအဝင် ကလေးသူ ငယ်နှင့် သက်ကြီးရွယ်အိုများကို တိုက်ပွဲဝင်ခိုင်းခဲ့သည့် အခြေအနေများကို ဖုံးကွယ်ရန်နှင့် စိတ်ဓာတ် ရေးရာထိခိုက်နေမှုအခြေအနေများကို ဖုံးကွယ်ရန်အတွက် အထက်ပါကဲ့သို့ သတင်းထုတ်လွှင့် ဆောင် ရွက်ရခြင်းဖြစ်သည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဇူလိုင် ၂၆ ရက်တွင် ဖြေရှင်းထားသည်။
“ ဒီကနေ့မှာလည်း လားရှိုးမြို့တချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ်တချို့နေရာတွေမှာ မော်တော်ယာဉ်နဲ့ လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်တာတွေကို ဆောင်ရွက်နေတာ တွေ့ရမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇူလိုင် ၂၆ ရက် ညနေပိုင်းအထိ လားရှိုး မြို့ကို တပ်မတော်နှင့် MNDAA တို့အကြား မည်သူကမျှ အပြည့်အဝထိန်းချုပ်နိုင်သည့် အခြေအနေမရှိသေးကြောင်း လားရှိုးမြို့ခံများထံမှ သိရသည်။
“ မြို့မဈေးနဲ့ ဆေးရုံရှေ့မှာ MNDAA တွေ လမ်းလျှောက်နေတာမျိုးတွေ့ရတယ်။ အခုအချိန် ကတော့ MNDAA ကလည်း အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုးမရှိဘူး။ တပ်ကလည်း မရှိဘူး။ နှစ်ဖက်စလုံး အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးပေါ့။ တပ်ဘက်ကတော့ အဓိကနေရာတွေမှာ ပွိုင့် အ နေနဲ့ ထောက်ထာမျိုးရှိတယ်။ ဟိုကောင်တွေ (MNDAA)က မြို့ထဲမှာ ဖြန့်ထားတဲ့ အနေအထားရှိတယ်။ တပ်ကတော့ စုစုစည်းစည်းနဲ့ သူ့နယ်မြေတစ်ဝိုက်ကို ဖြန့်ထားတာ” ဟု လားရှိုးမြို့ခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် လားရှိုးမြို့၌ တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့တို့ကြား အပြန်အလှန် ထောက်လှမ်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သေးကြောင်း မြို့ခံများက ဆိုသည်။ တပ်မတော်တွင် စစ်တိုင်းဒေသကြီး(၁၄)ခုရှိပြီး လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ လေယာဉ် ကွင်းအနီးတွင်တည်ရှိသော အရှေ့ မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ၎င်းတိုင်းစစ်ဌာနချုပ်သည် ကျူးကျော် စစ်များကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့သော အစဉ်အလာရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ အစဉ်အလာကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်ပါတယ်။ ပြည်ပ ကူမင်တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ပါတယ်။ ဗကပ တွေရဲ့ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ်ရိုက်ချိုး ခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားပြည်သူလူထုကို ဓားပြသာသာ စစ်ဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်ကလွတ် မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းကြီး တစ်ခု ဖြစ်ခဲ့ပါတယ်” ဟု နစကပြောခွင့်ရကဆိုသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့်ပတ်သက်၍ လားရှိုးမြို့ခံတစ်ဦးကလည်း တိုင်းစစ်ဌာန ချုပ်သည် အေးဆေးတည်ငြိမ်လျက်ရှိနေသည်ဟု ဆိုသည်။ “တိုင်းစစ်ချုပ်ဌာနချုပ်ကတော့ အေးဆေးပါပဲ။ အစားအသောက်တောင် မပျက်ဘူး။ အဲဒီက လူ တွေက။ အဲဒီမှာ ကျွန်တော် အသိမိတ်ဆွေတွေရှိတယ်။ တိုင်းစစ်ဌာနချုပ်နားကို MNDAA အဖွဲ့တွေ ကပ် နိုင်ဖို့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနားမှာ ထောက်ထားတာတွေ အများကြီးပဲ။ တပ်ကလည်း တိုင်းစစ်ဌာနချုပ်မြို့ဖြစ်တော့ တော်တော်လေး ကင်း ထောက်တဲ့ ပုံစံမျိုးရှိတယ်။ ဒရုန်းတွေ၊ ဘာတွေပျံ တယ်လို့ ပြောတယ်။ စနိုက်ပါတွေလည်း တော်တော် ထောက်ထားတယ်” ဟု လားရှိုးမြို့ခံက ပြော သည်။
ထို့ပြင် လက်ရှိအခြေအနေ၌ ဓားပြသာ သာစစ်ဘုရင်ဝါဒသည် ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေး မိုင်းအမျိုးမျိုးဖြင့် ခေါင်းထောင်လာသည်ကို တွေ့ရှိ ရသော်လည်း အဆုံးသတ်ခါနီးအချိန်ကို ရောက်ရှိနေပြီဟုလည်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုထားသည်။ ၎င်းက “ဒီနေ့ဒီအချိန်ခါမှာ အခြေအနေအချိန်အခါတွေအရ ဓားပြသာသာ စစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှုအမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေး မိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရ မှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ဒီပြည်သူလူထုအပေါ်မှာ အ ဖျက်စိတ် ဓာတ်ရှိတဲ့ သစ္စာမဲ့တဲ့လောက်ကောင် တွေရဲ့ အဖွဲ့အစည်းတွေရဲ့ ယုတ်မာသောကြံစည်မှု၊ ဓားပြသာသာစစ်ဘုရင်ဝါဒကို ပံ့ပိုးနေမှုတွေကို လည်း တွေ့ ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ်ခါနီး၊ ငြိမ်းခါနီးမီးဖြစ်နေပါပြီ။ ငြိမ်းခါနီးမီး ထတောက် အောင် မဟုတ်မမှန်ဝါဒဖြန့်ဆောင်ရွက်နေတာ၊ ပြည် သူလူထုအပေါ်မှာ ဖိနှိပ်ပြီး စစ်သား စုဆောင်းတိုက် ပွဲဝင်ခိုင်းနေတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
နစကအနေဖြင့် အထက်ပါကဲ့သို့ ပြော ဆိုကြုံးဝါးသော်လည်း ထောက် ခံသူပြည်သူများက ၎င်းတို့ ၏ စစ်ရေးဆောင်ရွက်ချက်များအပေါ် မေးခွန်း ထုတ်မှုများရှိနေသကဲ့သို့ MNDAA ပူးပေါင်းအဖွဲ့ ဝင်များ ကလည်း လားရှိုးမြို့အတွင်းသို့ စိမ့်ဝင်လာနိုင်သည့် အနေအထားမျိုးရှိနေသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဖော်ဆောင်သည့် လားရှိုးမြို့တိုက်ပွဲအတွင်း၌ ကလေးငယ် (၅)ဦးအပါအဝင် ပြည်သူ (၃၀)ဦးထက်မ နည်း သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ပြင် လားရှိုးမြို့ပြည်သူ (၈၀)ရာခိုင်နှုန်းခန့်သည်လည်း အ နှစ်နှစ်အလလ စုဆောင်းခဲ့ရသည့် အိုးအိမ်စည်းစိမ် များကို စွန့်ခွာကာ စစ်ဘေးရှောင်နေရလျက်ရှိသည်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက် နက်ကိုင်အဖွဲ့ AA တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကို စတင်ဖော် ဆောင်ခဲ့ဖူးသည်။ စစ်ဆင်ရေးအတွင်း၌ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များက မြို့တချို့ကို ထိန်းချုပ် နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး ၎င်းတို့ထိန်းချုပ် နေသည့်ကာလအတွင်း၌ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ် ကြောက်လန့်မှုများစွာ ရှိနေသကဲ့သို့ စီးပွားရေးလုပ်ငန်းများသည်လည်း ပြန်လည် ဦးမော့လာ နိုင်သည့် အခြေအနေမရှိကြောင်း တွေ့ရှိရသည်။
လက်နက်ကိုင်အဖွဲ့များ မတရားကျူးကျော် ထားသည့် နယ်မြေများရှိ ဒေသခံပြည်သူလူထု၏ လူ မှုစီးပွား တိုးတက်လုံခြုံနေသလားဆိုသည်ကို မေးခွန်းထုတ်ချင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “MNDAA၊ TNLA အကြမ်းဖက် ဓားပြအဖွဲ့တွေဟာ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံတိုင်းရင်း သားပြည်သူလူထုတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ သူတို့ မတရားကျူးကျော်ထားတဲ့ နယ် မြေတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ၊ မတရားသိမ်းပိုက် တာတွေ၊ အတင်းအဓမ္မ စစ်သားစုဆောင်း အသေခံခိုင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ သူတို့ အချင်းချင်းတောင် နယ်မြေလုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ မတရားကျူးကျော်ထား တဲ့ ဘယ်နယ်မြေတွေမှာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်နေသလဲ။ လုံခြုံနေသလဲ ဆိုတာ ကို မေးခွန်းထုတ်ချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လားရှိုးမြို့ခံများသည် စစ်ပွဲ များကို ရပ်တန့်ကာ ငြိမ်းချမ်းချင်သည့်ဆန္ဒရှိနေသကဲ့ သို့ တပ်မတော်ကိုလည်း အနိုင်ရစေချင်သည့် ဆန္ဒမျိုးရှိနေကြသည်။ လက်နက်ကိုင်အဖွဲ့များ၏ အုပ်ချုပ် မှုအောက်တွင် နေထိုင်လိုသည့် စိတ်ဆန္ဒမျိုး မရှိကြောင်းလည်း ပြောဆိုကြနေသည်။
စစ်ပွဲများကြားတွင် ပြေးလွှားနေရသည့် လားရှိုးမြို့ခံက “ အဓိကတော့ ငြိမ်းချမ်းချင်တယ်။ စစ် တပ်ကို နိုင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကောင်တွေ မအုပ်ချုပ်ခင်တုန်းကတောင်မှ ဆက် ကြေး တွေကို အရမ်းပေးနေရတာ။ တပ်က ၁၀ဝ ရာခိုင်နှုန်း အုပ်စီးထားတဲ့အချိန်မှာတောင်မှ ဒီကောင် တွေကို ဆက်ကြေးပေးရတယ်ဗျ။ ကျွန်တော်တို့ မြို့မဈေးထဲကို အရပ်ဝတ်နဲ့လာပြီးတော့ စာပေးတယ်။ ဒါမှမဟုတ် ဖုန်းကို ဆက်သွယ်ပြီး စာပို့တယ်။ ဆက်ကြေးပေးပေါ့။ ကျွန်တော်တို့ ရွှေဆိုင်တွေဆိုရင် အသေးလေးတွေဆိုရင် အနည်းဆုံးက တစ်လကို သိန်း (၅၀)လောက် ပေးရတယ်။ သူတို့သာ တကယ်လို့ အုပ်ချုပ်ခွင့်ရသွားရင် ကျွန်တော်တို့ ဘယ်လိုမှမလွယ်နိုင်ဘူး။ နေလို့တောင် ရမှာမဟုတ်ဘူး။ အဲဒီလို တွေကြောင့် ကျွန်တော်တို့ ပြည်သူတွေက အခုအချိန်မှာတပ်ကို နိုင်စေချင်တယ်။ မြန်မြန်လည်း အေးချမ်းချင်တယ်” ဟု ပြောသည်။
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်သည် ကျူးကျော်စစ်များကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့ သော အစဉ်အလာရှိကြောင်း နစကဘက်က ထုတ် ဖော်ပြောဆိုပြီး လက်ရှိဆင်နွှဲခံနေရသည့် ကျူးကျော် စစ်ကိုလည်း ဆက်လက်ရိုက်ချိုးနိုင်မည်လားဆို သည်ကို စောင့်ကြည့်သွားရဖွယ်ရှိနေသည်။ အထူးသဖြင့် လားရှိုးတိုက်ပွဲများသည် မကြာခင်ကမှ ပြီးစီးသွားခဲ့သော လွိုင်ကျော်၊ ကော့ကရိတ် ဖြစ်စဉ်များနှင့် အလားသဏ္ဌာန်တူသွားနိုင်ပြီး အချိန်တစ်ခုယူ၍ နစကဘက်က ပြန်လည်အနိုင်ယူသွားနိုင်ခြေရှိကြောင်း ခန့်မှန်းရမည်ဖြစ်သည်။
zawgyi version
လားရႈိးၿမိဳ႕ကို မည္သည့္အဖြဲ႕ကမွ် အျပည့္အဝ မထိန္းခ်ဳပ္ႏိုင္ေသး (ရမခ)အေနျဖင့္ က်ဴးေက်ာ္စစ္မ်ားကို အႀကိမ္ႀကိမ္ ႐ိုက္ခ်ိဳးခဲ့ေသာ အစဥ္အလာရွိဟု နစက ႀကဳံးဝါး
ျမဴနစ္ (NP News) - ဇူလိုင္ ၂၉
ေကာလာဟလ သတင္းေပါင္းစုံပ်ံ႕ေန သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕ကို မည္သည့္ အဖြဲ႕ကမွ် အျပည့္အဝထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးဘဲ ဇူလိုင္လ(၂၆)ရက္အထိ အျပန္အလွန္ တိုက္ခိုက္ေနၾကဆဲျဖစ္ေၾကာင္း လားရႈိးၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။
ကိုးကန႔္လက္နက္ကိုင္ MNDAA ပူး ေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ဇူလိုင္ (၃) ရက္ေန႔မွ စတင္ ကာ လားရႈိးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့သည္။ ထိုသို႔ တိုက္ပြဲစတင္ေဖာ္ေဆာင္စဥ္ MNDAA အဖြဲ႕ သည္ လားရႈိးၿမိဳ႕အတြင္းသို႔ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္ ကာ တိုက္ပြဲစတင္ခဲ့ျခင္းျဖစ္သကဲ့သို႔ တပ္မေတာ္ဘက္ကလည္း ေလယာဥ္အပါအဝင္ လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ခုခံတိုက္ခိုက္မႈမ်ားရွိခဲ့သည္။
MNDAA အဖြဲ႕ေဖာ္ေဆာင္သည့္ လားရႈိးၿမိဳ႕တိုက္ပြဲသည္ (၂၃)ရက္ခန႔္ၾကာျမင့္လာခ်ိန္ ဇူလိုင္ (၂၅) ရက္ေန႔တြင္ လားရႈိးၿမိဳ႕သည္ လုံးဝလြတ္ ေျမာက္ၿပီျဖစ္ေၾကာင္းႏွင့္ လားရႈိးၿမိဳ႕၏ အုပ္ခ်ဳပ္ေရး ယႏၲရားကို MNDAA အဖြဲ႕က ဆက္ခံလိုက္ၿပီးဟု သတင္းထုတ္လႊင့္ခဲ့သည္။
ယင္းကဲ့သို႔ သတင္းထုတ္လႊင့္မႈအေပၚ ျပည္ေျပးမီဒီယာမ်ားအပါအဝင္ လက္နက္ကိုင္အဖြဲ႕အ စည္းမ်ားကို ေထာက္ခံသူမ်ားႏွင့္ နစကအစိုးရကို ဆန႔္က်င္သူမ်ားက ဝမ္းသာအားရ ျပန္လည္ျဖန႔္ေဝမႈ မ်ားရွိခဲ့သည္ကို ေတြ႕ျမင္ခဲ့ရသည္။ သို႔ေသာ္ ယင္းကဲ့သို႔ MNDAA အဖြဲ႕၏ သတင္းထုတ္လႊင့္မႈအေပၚ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က ယင္းသတင္းသည္ မွန္ကန္မႈမရွိဘဲ လုပ္ႀကံဝါဒျဖန႔္မႈသာျဖစ္ေၾကာင္း ျပန္လည္တုံ႔ျပန္ခဲ့သည္ကိုလည္း ေတြ႕ရသည္။
MNDAA ပူးေပါင္းအဖြဲ႕အေနျဖင့္ ဇူလိုင္လအတြင္းေဖာ္ေဆာင္ခဲ့သည့္ တိုက္ပြဲမ်ား၌ ေသဆုံး ဒဏ္ရာရရွိသူ၊ ေပ်ာက္ဆုံးေနသူ၊ ထြက္ေျပး သူ မ်ားျပားခဲ့ေသာအေျခအေနအပါအဝင္ ကေလးသူ ငယ္ႏွင့္ သက္ႀကီး႐ြယ္အိုမ်ားကို တိုက္ပြဲဝင္ခိုင္းခဲ့သည့္ အေျခအေနမ်ားကို ဖုံးကြယ္ရန္ႏွင့္ စိတ္ဓာတ္ ေရးရာထိခိုက္ေနမႈအေျခအေနမ်ားကို ဖုံးကြယ္ရန္အတြက္ အထက္ပါကဲ့သို႔ သတင္းထုတ္လႊင့္ ေဆာင္ ႐ြက္ရျခင္းျဖစ္သည္ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းက ဇူလိုင္ ၂၆ ရက္တြင္ ေျဖရွင္းထားသည္။
“ ဒီကေန႔မွာလည္း လားရႈိးၿမိဳ႕တခ်ိဳ႕ေနရာေတြမွာ အရပ္ဝတ္ေတြနဲ႔ ဝင္ေရာက္ေနရာယူၿပီးမွ ယူနီေဖာင္းလဲၿပီး လမ္းေလွ်ာက္ျပတာေတြ၊ အလံလႊင့္ျပတာေတြ၊ လားရႈိးၿမိဳ႕ေပၚတခ်ိဳ႕ေနရာေတြမွာ ေမာ္ေတာ္ယာဥ္နဲ႔ ေလွ်ာက္သြားၿပီး ဓာတ္ပုံ႐ိုက္၊ ဗီဒီယို႐ိုက္ၿပီး ဝါဒျဖန႔္တာေတြကို ေဆာင္႐ြက္ေနတာ ေတြ႕ရမွာျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဇူလိုင္ ၂၆ ရက္ ညေနပိုင္းအထိ လားရႈိး ၿမိဳ႕ကို တပ္မေတာ္ႏွင့္ MNDAA တို႔အၾကား မည္သူကမွ် အျပည့္အဝထိန္းခ်ဳပ္ႏိုင္သည့္ အေျခအေနမရွိေသးေၾကာင္း လားရႈိးၿမိဳ႕ခံမ်ားထံမွ သိရသည္။
“ ၿမိဳ႕မေဈးနဲ႔ ေဆး႐ုံေရွ႕မွာ MNDAA ေတြ လမ္းေလွ်ာက္ေနတာမ်ိဳးေတြ႕ရတယ္။ အခုအခ်ိန္ ကေတာ့ MNDAA ကလည္း အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္တာမ်ိဳးမရွိဘူး။ တပ္ကလည္း မရွိဘူး။ ႏွစ္ဖက္စလုံး အျပည့္အဝမထိန္းခ်ဳပ္ႏိုင္ေသးဘူးေပါ့။ တပ္ဘက္ကေတာ့ အဓိကေနရာေတြမွာ ပြိဳင့္ အ ေနနဲ႔ ေထာက္ထာမ်ိဳးရွိတယ္။ ဟိုေကာင္ေတြ (MNDAA)က ၿမိဳ႕ထဲမွာ ျဖန႔္ထားတဲ့ အေနအထားရွိတယ္။ တပ္ကေတာ့ စုစုစည္းစည္းနဲ႔ သူ႔နယ္ေျမတစ္ဝိုက္ကို ျဖန႔္ထားတာ” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ လားရႈိးၿမိဳ႕၌ တပ္မေတာ္ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕တို႔ၾကား အျပန္အလွန္ ေထာက္လွမ္းမႈမ်ား ရွိေနသည့္အတြက္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ႏိုင္ေသးေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။ တပ္မေတာ္တြင္ စစ္တိုင္းေဒသႀကီး(၁၄)ခုရွိၿပီး လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)၊ ေလယာဥ္ ကြင္းအနီးတြင္တည္ရွိေသာ အေရွ႕ ေျမာက္တိုင္းစစ္ဌာန ခ်ဳပ္(ရမခ)သည္လည္း တစ္ခုအပါအဝင္ ျဖစ္သည္။ ၎တိုင္းစစ္ဌာနခ်ဳပ္သည္ က်ဴးေက်ာ္ စစ္မ်ားကို အႀကိမ္ႀကိမ္ ႐ိုက္ခ်ိဳးခဲ့ေသာ အစဥ္အလာရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
“ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဟာ အစဥ္အလာႀကီးမားတဲ့ စစ္တိုင္းႀကီးျဖစ္ပါတယ္။ ျပည္ပ ကူမင္တန္က်ဴးေက်ာ္စစ္ကို ႐ိုက္ခ်ိဳးခဲ့ပါတယ္။ ဗကပ ေတြရဲ႕ က်ဴးေက်ာ္စစ္ေတြကို အႀကိမ္ႀကိမ္႐ိုက္ခ်ိဳး ခဲ့ပါတယ္။ ေဒသခံတိုင္းရင္းသားျပည္သူလူထုကို ဓားျပသာသာ စစ္ဘုရင္ေတြရဲ႕ ဖိႏွိပ္မႈေအာက္ကလြတ္ ေျမာက္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ စစ္တိုင္းႀကီး တစ္ခု ျဖစ္ခဲ့ပါတယ္” ဟု နစကေျပာခြင့္ရကဆိုသည္။
အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ပတ္သက္၍ လားရႈိးၿမိဳ႕ခံတစ္ဦးကလည္း တိုင္းစစ္ဌာန ခ်ဳပ္သည္ ေအးေဆးတည္ၿငိမ္လ်က္ရွိေနသည္ဟု ဆိုသည္။ “တိုင္းစစ္ခ်ဳပ္ဌာနခ်ဳပ္ကေတာ့ ေအးေဆးပါပဲ။ အစားအေသာက္ေတာင္ မပ်က္ဘူး။ အဲဒီက လူ ေတြက။ အဲဒီမွာ ကြၽန္ေတာ္ အသိမိတ္ေဆြေတြရွိတယ္။ တိုင္းစစ္ဌာနခ်ဳပ္နားကို MNDAA အဖြဲ႕ေတြ ကပ္ ႏိုင္ဖို႔ မလြယ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အနားမွာ ေထာက္ထားတာေတြ အမ်ားႀကီးပဲ။ တပ္ကလည္း တိုင္းစစ္ဌာနခ်ဳပ္ၿမိဳ႕ျဖစ္ေတာ့ ေတာ္ေတာ္ေလး ကင္း ေထာက္တဲ့ ပုံစံမ်ိဳးရွိတယ္။ ဒ႐ုန္းေတြ၊ ဘာေတြပ်ံ တယ္လို႔ ေျပာတယ္။ စႏိုက္ပါေတြလည္း ေတာ္ေတာ္ ေထာက္ထားတယ္” ဟု လားရႈိးၿမိဳ႕ခံက ေျပာ သည္။
ထို႔ျပင္ လက္ရွိအေျခအေန၌ ဓားျပသာ သာစစ္ဘုရင္ဝါဒသည္ ဝါဒျဖန႔္မႈအမ်ိဳးမ်ိဳး၊ လူမ်ိဳးေရး မိုင္းအမ်ိဳးမ်ိဳးျဖင့္ ေခါင္းေထာင္လာသည္ကို ေတြ႕ရွိ ရေသာ္လည္း အဆုံးသတ္ခါနီးအခ်ိန္ကို ေရာက္ရွိေနၿပီဟုလည္း နစကေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာဆိုထားသည္။ ၎က “ဒီေန႔ဒီအခ်ိန္ခါမွာ အေျခအေနအခ်ိန္အခါေတြအရ ဓားျပသာသာ စစ္ဘုရင္ဝါဒဟာ ဖုံးကြယ္မႈအမ်ိဳးမ်ိဳး၊ ဝါဒျဖန႔္မႈအမ်ိဳးမ်ိဳး၊ လူမ်ိဳးေရး မိုင္းအမ်ိဳးမ်ိဳးနဲ႔ ေခါင္းေထာင္ထလာတာကို ေတြ႕ရ မွာျဖစ္ပါတယ္။ ဒီႏိုင္ငံ၊ဒီျပည္သူလူထုအေပၚမွာ အ ဖ်က္စိတ္ ဓာတ္ရွိတဲ့ သစၥာမဲ့တဲ့ေလာက္ေကာင္ ေတြရဲ႕ အဖြဲ႕အစည္းေတြရဲ႕ ယုတ္မာေသာႀကံစည္မႈ၊ ဓားျပသာသာစစ္ဘုရင္ဝါဒကို ပံ့ပိုးေနမႈေတြကို လည္း ေတြ႕ ရမွာျဖစ္ပါတယ္။ ဒီကိစၥေတြဟာ အဆုံးသတ္ခါနီး၊ ၿငိမ္းခါနီးမီးျဖစ္ေနပါၿပီ။ ၿငိမ္းခါနီးမီး ထေတာက္ ေအာင္ မဟုတ္မမွန္ဝါဒျဖန႔္ေဆာင္႐ြက္ေနတာ၊ ျပည္ သူလူထုအေပၚမွာ ဖိႏွိပ္ၿပီး စစ္သား စုေဆာင္းတိုက္ ပြဲဝင္ခိုင္းေနတာေတြ ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေတြကို သတိရွိဖို႔ လိုအပ္ပါတယ္” ဟု ေျပာသည္။
နစကအေနျဖင့္ အထက္ပါကဲ့သို႔ ေျပာ ဆိုႀကဳံးဝါးေသာ္လည္း ေထာက္ ခံသူျပည္သူမ်ားက ၎တို႔ ၏ စစ္ေရးေဆာင္႐ြက္ခ်က္မ်ားအေပၚ ေမးခြန္း ထုတ္မႈမ်ားရွိေနသကဲ့သို႔ MNDAA ပူးေပါင္းအဖြဲ႕ ဝင္မ်ား ကလည္း လားရႈိးၿမိဳ႕အတြင္းသို႔ စိမ့္ဝင္လာႏိုင္သည့္ အေနအထားမ်ိဳးရွိေနသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ေဖာ္ေဆာင္သည့္ လားရႈိးၿမိဳ႕တိုက္ပြဲအတြင္း၌ ကေလးငယ္ (၅)ဦးအပါအဝင္ ျပည္သူ (၃၀)ဦးထက္မ နည္း ေသဆုံးခဲ့ရၿပီး ေနအိမ္အေဆာက္အအုံမ်ားစြာလည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသည္။ ထို႔ျပင္ လားရႈိးၿမိဳ႕ျပည္သူ (၈၀)ရာခိုင္ႏႈန္းခန႔္သည္လည္း အ ႏွစ္ႏွစ္အလလ စုေဆာင္းခဲ့ရသည့္ အိုးအိမ္စည္းစိမ္ မ်ားကို စြန႔္ခြာကာ စစ္ေဘးေရွာင္ေနရလ်က္ရွိသည္။
ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕ ျဖစ္ေသာ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA၊ ရခိုင္လက္ နက္ကိုင္အဖြဲ႕ AA တို႔သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္တြင္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားကို စတင္ေဖာ္ ေဆာင္ခဲ့ဖူးသည္။ စစ္ဆင္ေရးအတြင္း၌ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕မ်ားက ၿမိဳ႕တခ်ိဳ႕ကို ထိန္းခ်ဳပ္ ႏိုင္ခဲ့ေၾကာင္း ေတြ႕ရွိရၿပီး ၎တို႔ထိန္းခ်ဳပ္ ေနသည့္ကာလအတြင္း၌ ေဒသခံျပည္သူမ်ားအေနျဖင့္ စိုးရိမ္ ေၾကာက္လန႔္မႈမ်ားစြာ ရွိေနသကဲ့သို႔ စီးပြားေရးလုပ္ငန္းမ်ားသည္လည္း ျပန္လည္ ဦးေမာ့လာ ႏိုင္သည့္ အေျခအေနမရွိေၾကာင္း ေတြ႕ရွိရသည္။
လက္နက္ကိုင္အဖြဲ႕မ်ား မတရားက်ဴးေက်ာ္ ထားသည့္ နယ္ေျမမ်ားရွိ ေဒသခံျပည္သူလူထု၏ လူ မႈစီးပြား တိုးတက္လုံၿခဳံေနသလားဆိုသည္ကို ေမးခြန္းထုတ္ခ်င္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ “MNDAA၊ TNLA အၾကမ္းဖက္ ဓားျပအဖြဲ႕ေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေဒသခံတိုင္းရင္း သားျပည္သူလူထုေတြရဲ႕ ပိုင္ဆိုင္မႈေတြ၊ အသက္အိုးအိမ္စည္းစိမ္ေတြကို တိုက္ခိုက္ေနတာပဲ ျဖစ္ပါတယ္။ သူတို႔ မတရားက်ဴးေက်ာ္ထားတဲ့ နယ္ ေျမေတြမွာ လူမ်ိဳးေရးခြဲျခားဆက္ဆံတာေတြ၊ မတရားသိမ္းပိုက္ တာေတြ၊ အတင္းအဓမၼ စစ္သားစုေဆာင္း အေသခံခိုင္းတာေတြ လုပ္ေဆာင္လ်က္ရွိပါတယ္။ သူတို႔ အခ်င္းခ်င္းေတာင္ နယ္ေျမလုေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ သူတို႔ မတရားက်ဴးေက်ာ္ထား တဲ့ ဘယ္နယ္ေျမေတြမွာ ေဒသခံျပည္သူလူထုရဲ႕ လူမႈစီးပြားဘဝ တိုးတက္ေနသလဲ။ လုံၿခဳံေနသလဲ ဆိုတာ ကို ေမးခြန္းထုတ္ခ်င္ပါတယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ လားရႈိးၿမိဳ႕ခံမ်ားသည္ စစ္ပြဲ မ်ားကို ရပ္တန႔္ကာ ၿငိမ္းခ်မ္းခ်င္သည့္ဆႏၵရွိေနသကဲ့ သို႔ တပ္မေတာ္ကိုလည္း အႏိုင္ရေစခ်င္သည့္ ဆႏၵမ်ိဳးရွိေနၾကသည္။ လက္နက္ကိုင္အဖြဲ႕မ်ား၏ အုပ္ခ်ဳပ္ မႈေအာက္တြင္ ေနထိုင္လိုသည့္ စိတ္ဆႏၵမ်ိဳး မရွိေၾကာင္းလည္း ေျပာဆိုၾကေနသည္။
စစ္ပြဲမ်ားၾကားတြင္ ေျပးလႊားေနရသည့္ လားရႈိးၿမိဳ႕ခံက “ အဓိကေတာ့ ၿငိမ္းခ်မ္းခ်င္တယ္။ စစ္ တပ္ကို ႏိုင္ေစခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ ေကာင္ေတြ မအုပ္ခ်ဳပ္ခင္တုန္းကေတာင္မွ ဆက္ ေၾကး ေတြကို အရမ္းေပးေနရတာ။ တပ္က ၁၀ဝ ရာခိုင္ႏႈန္း အုပ္စီးထားတဲ့အခ်ိန္မွာေတာင္မွ ဒီေကာင္ ေတြကို ဆက္ေၾကးေပးရတယ္ဗ်။ ကြၽန္ေတာ္တို႔ ၿမိဳ႕မေဈးထဲကို အရပ္ဝတ္နဲ႔လာၿပီးေတာ့ စာေပးတယ္။ ဒါမွမဟုတ္ ဖုန္းကို ဆက္သြယ္ၿပီး စာပို႔တယ္။ ဆက္ေၾကးေပးေပါ့။ ကြၽန္ေတာ္တို႔ ေ႐ႊဆိုင္ေတြဆိုရင္ အေသးေလးေတြဆိုရင္ အနည္းဆုံးက တစ္လကို သိန္း (၅၀)ေလာက္ ေပးရတယ္။ သူတို႔သာ တကယ္လို႔ အုပ္ခ်ဳပ္ခြင့္ရသြားရင္ ကြၽန္ေတာ္တို႔ ဘယ္လိုမွမလြယ္ႏိုင္ဘူး။ ေနလို႔ေတာင္ ရမွာမဟုတ္ဘူး။ အဲဒီလို ေတြေၾကာင့္ ကြၽန္ေတာ္တို႔ ျပည္သူေတြက အခုအခ်ိန္မွာတပ္ကို ႏိုင္ေစခ်င္တယ္။ ျမန္ျမန္လည္း ေအးခ်မ္းခ်င္တယ္” ဟု ေျပာသည္။
လားရႈိးၿမိဳ႕ရွိ အေရွ႕ေျမာက္တိုင္းစစ္ဌာန ခ်ဳပ္သည္ က်ဴးေက်ာ္စစ္မ်ားကို အႀကိမ္ႀကိမ္႐ိုက္ခ်ိဳးခဲ့ ေသာ အစဥ္အလာရွိေၾကာင္း နစကဘက္က ထုတ္ ေဖာ္ေျပာဆိုၿပီး လက္ရွိဆင္ႏႊဲခံေနရသည့္ က်ဴးေက်ာ္ စစ္ကိုလည္း ဆက္လက္႐ိုက္ခ်ိဳးႏိုင္မည္လားဆို သည္ကို ေစာင့္ၾကည့္သြားရဖြယ္ရွိေနသည္။ အထူးသျဖင့္ လားရႈိးတိုက္ပြဲမ်ားသည္ မၾကာခင္ကမွ ၿပီးစီးသြားခဲ့ေသာ လြိဳင္ေက်ာ္၊ ေကာ့ကရိတ္ ျဖစ္စဥ္မ်ားႏွင့္ အလားသဏၭာန္တူသြားႏိုင္ၿပီး အခ်ိန္တစ္ခုယူ၍ နစကဘက္က ျပန္လည္အႏိုင္ယူသြားႏိုင္ေျခရွိေၾကာင္း ခန႔္မွန္းရမည္ျဖစ္သည္။