အင်ဒိုနီးရှားမှာ "ကြက်နဲ့ ကြက်ဥ"အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားရင်း ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

 3215

ရောင်နီ(NP News) - ဇူလိုင် ၃ဝ

အင်ဒိုနီးရှားမှာ "ကြက်ဥနဲ့ ကြက်" အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားရင်း ဓားထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီ အရှေ့တောင်ပိုင်း၊ တန်ကူနို ခရိုင်ရှိ ရွာတစ်ရွာမှာ အမျိုးသား(၂)ဦးအရက်သောက်ပြီး မူးနေချိန် "ကြက်ဥနဲ့ ကြက် ဘာအရင်ဖြစ်သလဲ"ဆိုတာ အငြင်းပွားရင်း အသက် ၄၇ နှစ်အရွယ် ကာဒါမာကပ် အမည်ရှိ အမျိုးသား တစ်ဦးဟာ ဓားနဲ့ (၁၅)ချက် ထိုးသတ်ခံခဲ့ရပါတယ်။ အတိုကောက် D.R. လို့ အမည်တပ်ထားတဲ့ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။ ၄င်းဟာ မစ္စတာကာဒါနဲ့ အငြင်းပွားပြီး ဒေါသဖြစ်ကာ အိမ်ကို ဓားပြန်ယူကာ ထိုးသတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ သံသယရှိသူကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး ပြစ်မှုထင် ရှားရင် ထောင်ဒဏ် (၁၈)နှစ်အထိ ကျခံရနိုင်မှာဖြစ်တယ်လို့ အင်ဒိုနီးရှား မီဒီယာမှ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version
အင္ဒိုနီးရွားမွာ "ၾကက္နဲ႔ ၾကက္ဥ"အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး အျငင္းပြားရင္း ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား
ေရာင္နီ(NP News) - ဇူလိုင္ ၃ဝ

အင္ဒိုနီးရွားမွာ "ၾကက္ဥနဲ႔ ၾကက္" အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး အျငင္းပြားရင္း ဓားထိုးသတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ အင္ဒိုနီးရွားရဲတပ္ဖြဲ႕က ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ၊ ဆူလာေဝစီ အေရွ႕ေတာင္ပိုင္း၊ တန္ကူႏို ခ႐ိုင္ရွိ ႐ြာတစ္႐ြာမွာ အမ်ိဳးသား(၂)ဦးအရက္ေသာက္ၿပီး မူးေနခ်ိန္ "ၾကက္ဥနဲ႔ ၾကက္ ဘာအရင္ျဖစ္သလဲ"ဆိုတာ အျငင္းပြားရင္း အသက္ ၄၇ ႏွစ္အ႐ြယ္ ကာဒါမာကပ္ အမည္ရွိ အမ်ိဳးသား တစ္ဦးဟာ ဓားနဲ႔ (၁၅)ခ်က္ ထိုးသတ္ခံခဲ့ရပါတယ္။ အတိုေကာက္ D.R. လို႔ အမည္တပ္ထားတဲ့ ျပစ္မႈက်ဴးလြန္သူကိုလည္း ဖမ္းဆီးရမိထားၿပီ ျဖစ္ပါတယ္။ ၄င္းဟာ မစၥတာကာဒါနဲ႔ အျငင္းပြားၿပီး ေဒါသျဖစ္ကာ အိမ္ကို ဓားျပန္ယူကာ ထိုးသတ္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

အခုေတာ့ သံသယရွိသူကို လူသတ္မႈနဲ႔ စြဲခ်က္တင္ထားၿပီး ျပစ္မႈထင္ ရွားရင္ ေထာင္ဒဏ္ (၁၈)ႏွစ္အထိ က်ခံရႏိုင္မွာျဖစ္တယ္လို႔ အင္ဒိုနီးရွား မီဒီယာမွ ေဖာ္ျပခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.