အိမ်အရောက်ပို့စနစ်ဖြင့် ဆန်အိတ်ရောင်းချပေးခြင်းကို စိတ်ဝင်စားမှုများနေပြီး နေ့စဉ်အိမ်ထောင်စု(၂၀ဝ)နီးပါးကို ပို့ဆောင်လျက်ရှိ

 3070

ယွန်း (NP News) - ဇူလိုင် ၃ဝ

အိမ်အရောက်ပို့စနစ်ဖြင့် ဆန်အိတ်များရောင်းချပေးခြင်းကို လူစိတ်ဝင်စားမှုများနေပြီး နေ့စဉ် အိမ်ထောင်စု(၂ဝဝ)နီးပါးကို ပို့ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံ ဆက်သွယ်မေး မြန်းချက်များအရ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်(၁၀)ရက်နေ့မှစ၍ ရန်ကုန်တိုင်း‌ဒေ သကြီးအတွင်း ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်အိတ်များကို ပစ္စည်းရောက်ငွေချေ(Cash on Delivery) စနစ်ဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဈေးကွက်အတွင်း ဆန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ အခြေအနေတစ်ရပ်ကြောင့် ဆန်စပါးအသင်းချုပ်က အထက်ပါစနစ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစနစ်ကို စိတ်ဝင်စားသူ များပြားလျက်ရှိကြောင်း သိရသည်။ “စိတ်ဝင်စားတဲ့သူလည်း များပါတယ်။ နေ့တိုင်း ရန်ကုန်မှာဆို အိမ်ထောင်စု(၁၀ဝ)ကျော်၊ (၂၀ဝ)နီးပါးကို ပို့ရပါတယ်။ နေပြည်တော်နဲ့ မန္တလေးကတော့ နည်းတယ်။ ဆန်စပါးအသင်းချုပ်ကတော့ ဆန်ရောင်း ချတဲ့အလုပ်ကိုလုပ်တာမဟုတ်ဘူး။ တကယ်တမ်း ဈေးကွက်ထဲမှာလိုအပ်တဲ့ အခြေအနေတစ်ရပ် ကြောင့်သာ ဝင်ပြီးထိန်းလိုက်တာ”ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ရွှေ ဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းဈေးနှုန်းများ တည်ငြိမ် စေရေးနှင့် စားသုံးသူများထံ နေအိမ်အရောက် ဆန် အိတ်များ ဖြန့်ဖြူးနိုင်ရေးအတွက် နေပြည်တော်၊ ရန် ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဇူလိုင်လ (၁) ရက်နေ့ မှစတင်ကာ အိမ်ထောင်စု (၃၉၁) စုထံ အရောက်ပို့ ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ မသမာသူများက မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ပုံစံဖြင့် Facebook Page အတုများဖွင့်လှစ်၍ ဖုန်းနံပါတ်များပြောင်းလဲပြီး ငွေကြေးလိမ်လည်မှု (၆)ခုအထိကြုံတွေခဲ့ရသဖြင့် အမှုဖွင့်အရေးယူခဲ့မှုများလည်းရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ဆန်များ၏ အရည်အသွေးပိုင်းဆိုင်ရာများ တွင်လည်း မမှန်မကန်လုပ်ဆောင်မှုများကိုလည်း ထိန်းကျောင်းမှုများရှိနေကြောင်း ၎င်းကဆက်လက် ပြောသည်။

“တစ်ဖက်မှာဈေးနှုန်းကျဆင်းဖို့ကို တွန်းအား ပေးဆောင်ရွက်တဲ့အခါမှာ အရည်အသွေးပိုင်းဆိုင် ရာမှာ မမှန်မကန်လုပ်တာတွေမဖြစ်အောင် ထိန်း ကျောင်းရတယ်။ စားသုံးသူတွေဘက်ကလည်း အ ရည်အသွေးမကောင်းတဲ့ဆန်တွေရောင်းချလာရင် မဝယ်ဖို့နဲ့ အရည်အသွေးမကောင်းတဲ့အနေအထား ဖြစ်လာရင် သတင်းပို့ရမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိတွင် အိမ်အရောက်ပို့စနစ်ကို ပစ္စည်း ရောက်ငွေချေစနစ်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လှိုင် သာယာမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် စမ်း ချောင်းမြို့ နယ်အပါအဝင် မြို့နယ်ပေါင်း (၃၃) မြို့နယ်ရှိ လက် လီဆိုင်များတွင် ရောင်းချပေးနေကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် လျှင် (၁၅၂ဝဝဝ) ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် (၁၃၀ဝဝဝ) ကျပ်တို့ဖြင့် ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးတို့တွင် ရောင်းချနေကြောင်း သိရသည်။

zawgyi version
အိမ္အေရာက္ပို႔စနစ္ျဖင့္ ဆန္အိတ္ေရာင္းခ်ေပးျခင္းကို စိတ္ဝင္စားမႈမ်ားေနၿပီး ေန႔စဥ္အိမ္ေထာင္စု(၂၀ဝ)နီးပါးကို ပို႔ေဆာင္လ်က္ရွိ
ယြန္း (NP News) - ဇူလိုင္ ၃ဝ

အိမ္အေရာက္ပို႔စနစ္ျဖင့္ ဆန္အိတ္မ်ားေရာင္းခ်ေပးျခင္းကို လူစိတ္ဝင္စားမႈမ်ားေနၿပီး ေန႔စဥ္ အိမ္ေထာင္စု(၂ဝဝ)နီးပါးကို ပို႔ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ထံ ဆက္သြယ္ေမး ျမန္းခ်က္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ၿပီးခဲ့သည့္ ဇူလိုင္(၁၀)ရက္ေန႔မွစ၍ ရန္ကုန္တိုင္း‌ေဒ သႀကီးအတြင္း ေ႐ႊဘိုေပၚဆန္းႏွင့္ ဧရာဝတီေပၚဆန္း ဆန္အိတ္မ်ားကို ပစၥည္းေရာက္ေငြေခ်(Cash on Delivery) စနစ္ျဖင့္ အိမ္အေရာက္ပို႔ဝန္ေဆာင္မႈကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ေဈးကြက္အတြင္း ဆန္ေဈးႏႈန္းႀကီးျမင့္မႈႏွင့္အတူ အေျခအေနတစ္ရပ္ေၾကာင့္ ဆန္စပါးအသင္းခ်ဳပ္က အထက္ပါစနစ္ကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါစနစ္ကို စိတ္ဝင္စားသူ မ်ားျပားလ်က္ရွိေၾကာင္း သိရသည္။ “စိတ္ဝင္စားတဲ့သူလည္း မ်ားပါတယ္။ ေန႔တိုင္း ရန္ကုန္မွာဆို အိမ္ေထာင္စု(၁၀ဝ)ေက်ာ္၊ (၂၀ဝ)နီးပါးကို ပို႔ရပါတယ္။ ေနျပည္ေတာ္နဲ႔ မႏၲေလးကေတာ့ နည္းတယ္။ ဆန္စပါးအသင္းခ်ဳပ္ကေတာ့ ဆန္ေရာင္း ခ်တဲ့အလုပ္ကိုလုပ္တာမဟုတ္ဘူး။ တကယ္တမ္း ေဈးကြက္ထဲမွာလိုအပ္တဲ့ အေျခအေနတစ္ရပ္ ေၾကာင့္သာ ဝင္ၿပီးထိန္းလိုက္တာ”ဟု ျမန္မာႏိုင္ငံဆန္ စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ေ႐ႊ ဘိုေပၚဆန္း၊ ဧရာဝတီေပၚဆန္းေဈးႏႈန္းမ်ား တည္ၿငိမ္ ေစေရးႏွင့္ စားသုံးသူမ်ားထံ ေနအိမ္အေရာက္ ဆန္ အိတ္မ်ား ျဖန႔္ျဖဴးႏိုင္ေရးအတြက္ ေနျပည္ေတာ္၊ ရန္ ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ဇူလိုင္လ (၁) ရက္ေန႔ မွစတင္ကာ အိမ္ေထာင္စု (၃၉၁) စုထံ အေရာက္ပို႔ ေပးခဲ့ေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ခဲ့ရာ မသမာသူမ်ားက ျမန္မာ ႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ပုံစံျဖင့္ Facebook Page အတုမ်ားဖြင့္လွစ္၍ ဖုန္းနံပါတ္မ်ားေျပာင္းလဲၿပီး ေငြေၾကးလိမ္လည္မႈ (၆)ခုအထိႀကဳံေတြခဲ့ရသျဖင့္ အမႈဖြင့္အေရးယူခဲ့မႈမ်ားလည္းရွိခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ဆန္မ်ား၏ အရည္အေသြးပိုင္းဆိုင္ရာမ်ား တြင္လည္း မမွန္မကန္လုပ္ေဆာင္မႈမ်ားကိုလည္း ထိန္းေက်ာင္းမႈမ်ားရွိေနေၾကာင္း ၎ကဆက္လက္ ေျပာသည္။

“တစ္ဖက္မွာေဈးႏႈန္းက်ဆင္းဖို႔ကို တြန္းအား ေပးေဆာင္႐ြက္တဲ့အခါမွာ အရည္အေသြးပိုင္းဆိုင္ ရာမွာ မမွန္မကန္လုပ္တာေတြမျဖစ္ေအာင္ ထိန္း ေက်ာင္းရတယ္။ စားသုံးသူေတြဘက္ကလည္း အ ရည္အေသြးမေကာင္းတဲ့ဆန္ေတြေရာင္းခ်လာရင္ မဝယ္ဖို႔နဲ႔ အရည္အေသြးမေကာင္းတဲ့အေနအထား ျဖစ္လာရင္ သတင္းပို႔ရမွာေပါ့” ဟု ဦးရဲမင္းေအာင္က ေျပာသည္။

လက္ရွိတြင္ အိမ္အေရာက္ပို႔စနစ္ကို ပစၥည္း ေရာက္ေငြေခ်စနစ္ျဖင့္ ရန္ကုန္တိုင္းအတြင္းရွိ လႈိင္ သာယာၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္ႏွင့္ စမ္း ေခ်ာင္းၿမိဳ႕ နယ္အပါအဝင္ ၿမိဳ႕နယ္ေပါင္း (၃၃) ၿမိဳ႕နယ္ရွိ လက္ လီဆိုင္မ်ားတြင္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။ ထိုသို႔ေရာင္းခ်ရာတြင္ ေ႐ႊဘိုေပၚဆန္းတစ္အိတ္ လွ်င္ (၁၅၂ဝဝဝ) က်ပ္၊ ဧရာဝတီေပၚဆန္း တစ္အိတ္လွ်င္ (၁၃၀ဝဝဝ) က်ပ္တို႔ျဖင့္ ရန္ကုန္အပါအဝင္ ေနျပည္ေတာ္၊ မႏၲေလး၊ ေမာ္လၿမိဳင္ႏွင့္ ေတာင္ႀကီးတို႔တြင္ ေရာင္းခ်ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.