ဒိုရေမွန်ကာတွန်းရုပ်ရှင်ထဲမှနိုဘိတဇာတ်ကောင် အသံသရုပ်ဆောင် အသက်(၈၈)နှစ်အရွယ်တွင် ကွယ်လွန်

 792

Pika (NP News) - ဇူလိုင် ၃ဝ

ကာလရှည်ကြာရေပန်းစားနေသော ဒိုရေမွန် ကာတွန်းရုပ်ရှင်ထဲမှ ဇာတ်ကောင်နိုဘိတ၏ အသံသရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျပန်အသံသရုပ်ဆောင် နိုရီကိုအိုဟာရာသည် အသက်(၈၈)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ နိုရီကို အိုဟာရာ၏သေဆုံးမှုကို ၎င်း၏ အေဂျင်စီ 81 Pro­duce က ဇူလိုင်လ(၂၃)ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အေဂျင်စီက 'ကျွန်တော်တို့ကုမ္ပဏီရဲ့ အသံသရုပ်ဆောင် နိုရီကိုအိုဟာ ရာဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ရက်မှာ အသက် (၈၈)နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ နိုရီကိုအိုဟာရာဟာ နာမကျန်းဖြစ်မှုကြောင့် ကုသမှုတွေခံယူခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မိသားစုရဲ့ဆန္ဒအရ ၎င်းရဲ့ဈာပနကို ဆွေမျိုးတွေနဲ့ပဲလုပ်ဆောင်ခဲ့ပါတယ်။ ၎င်းအသက်ရှင်နေစဉ်အချိန်အတွင်း ကျွန်တော်တို့အပေါ်ထားရှိခဲ့တဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ကြောင်းပြော လိုပါတယ်'ဟု ထုတ်ပြန်ထားသည်။

နိုရီကိုအိုဟာရာ သည် (၁၉၇၉)ခုနှစ်မှ (၂၀ဝ၅)ခုနှစ်အထိ ဒိုရေမွန် ကာတွန်းရုပ်ရှင်မှ နိုဘိတဇာတ်ကောင်၏ အသံသရုပ် ဆောင်အဖြစ်လုပ်ကိုင်ခဲ့ကြောင်းလည်းသိရသည်။ (၂၀၁၇)ခုနှစ်က Cinema Today နှင့်အင်တာဗျူး တစ်ခုအတွင်း နိုရီကိုအိုဟာရာသည် နိုဘိတဇာတ်ကောင်၏ အသံသရုပ် ဆောင်အဖြစ် လုပ်ကိုင်ခဲ့ချိန် အတွင်း ခံစားခဲ့ရသည်များကို ထုတ်ဖော်ပြောဆိုခဲ့ ကြောင်းသိရသည်။ ၎င်းက 'နိုဘိတရဲ့ အသံသရုပ် ဆောင်အဖြစ် လုပ်ကိုင်ရတာဟာ တကယ်ကိုပျော်ဖို့ ကောင်းပါတယ်။ တစ်ချိန်တည်းအတွင်းမှာ (၇)ပိုင်း၊ (၈)ပိုင်းလောက်အထိ ကျွန်မတို့အသံသွင်းခဲ့ကြဖူး ပါတယ်"ဟု ပြောဆိုခဲ့ဖူးသည်။

zawgyi version
ဒိုေရမြန္ကာတြန္း႐ုပ္ရွင္ထဲမွႏိုဘိတဇာတ္ေကာင္ အသံသ႐ုပ္ေဆာင္ အသက္(၈၈)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္
Pika (NP News) - ဇူလိုင္ ၃ဝ

ကာလရွည္ၾကာေရပန္းစားေနေသာ ဒိုေရမြန္ ကာတြန္း႐ုပ္ရွင္ထဲမွ ဇာတ္ေကာင္ႏိုဘိတ၏ အသံသ႐ုပ္ေဆာင္တစ္ဦးျဖစ္သည့္ ဂ်ပန္အသံသ႐ုပ္ေဆာင္ ႏိုရီကိုအိုဟာရာသည္ အသက္(၈၈)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။ ႏိုရီကို အိုဟာရာ၏ေသဆုံးမႈကို ၎၏ ေအဂ်င္စီ 81 Pro­duce က ဇူလိုင္လ(၂၃)ရက္ေန႔တြင္ အတည္ျပဳထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေအဂ်င္စီက 'ကြၽန္ေတာ္တို႔ကုမၸဏီရဲ႕ အသံသ႐ုပ္ေဆာင္ ႏိုရီကိုအိုဟာ ရာဟာ ၂၀၂၄ ခုႏွစ္ ဇူလိုင္လ(၁၂)ရက္ေန႔ရက္မွာ အသက္ (၈၈)ႏွစ္အ႐ြယ္နဲ႔ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ ႏိုရီကိုအိုဟာရာဟာ နာမက်န္းျဖစ္မႈေၾကာင့္ ကုသမႈေတြခံယူခဲ့ၿပီးေနာက္ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ မိသားစုရဲ႕ဆႏၵအရ ၎ရဲ႕ဈာပနကို ေဆြမ်ိဳးေတြနဲ႔ပဲလုပ္ေဆာင္ခဲ့ပါတယ္။ ၎အသက္ရွင္ေနစဥ္အခ်ိန္အတြင္း ကြၽန္ေတာ္တို႔အေပၚထားရွိခဲ့တဲ့ ၾကင္နာမႈေတြအတြက္ ေက်းဇူးတင္ေၾကာင္းေျပာ လိုပါတယ္'ဟု ထုတ္ျပန္ထားသည္။

ႏိုရီကိုအိုဟာရာ သည္ (၁၉၇၉)ခုႏွစ္မွ (၂၀ဝ၅)ခုႏွစ္အထိ ဒိုေရမြန္ ကာတြန္း႐ုပ္ရွင္မွ ႏိုဘိတဇာတ္ေကာင္၏ အသံသ႐ုပ္ ေဆာင္အျဖစ္လုပ္ကိုင္ခဲ့ေၾကာင္းလည္းသိရသည္။ (၂၀၁၇)ခုႏွစ္က Cinema Today ႏွင့္အင္တာဗ်ဴး တစ္ခုအတြင္း ႏိုရီကိုအိုဟာရာသည္ ႏိုဘိတဇာတ္ေကာင္၏ အသံသ႐ုပ္ ေဆာင္အျဖစ္ လုပ္ကိုင္ခဲ့ခ်ိန္ အတြင္း ခံစားခဲ့ရသည္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ ေၾကာင္းသိရသည္။ ၎က 'ႏိုဘိတရဲ႕ အသံသ႐ုပ္ ေဆာင္အျဖစ္ လုပ္ကိုင္ရတာဟာ တကယ္ကိုေပ်ာ္ဖို႔ ေကာင္းပါတယ္။ တစ္ခ်ိန္တည္းအတြင္းမွာ (၇)ပိုင္း၊ (၈)ပိုင္းေလာက္အထိ ကြၽန္မတို႔အသံသြင္းခဲ့ၾကဖူး ပါတယ္"ဟု ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.