(၇၅)နာရီကြာ ဆက်တိုက်ဂိမ်းကစားပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ နိုင်ဂျီးရီးယားအမျိုးသား
932
Pika (NP News) - ဇူလိုင် ၃ဝ
နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးသည် Dream League Soccer ၂၀၂၃ မိုဘိုင်းဂိမ်းကို အချိန် (၇၅)နာရီ ဆက်တိုက်ကစားခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အသက်(၂၄)နှစ်အရွယ် Oside ''Khoded" Oluwole ဆိုသည့် နိုင်ဂျီးရီးယားအမျိုးသားသည် ဘောလုံးဂိမ်းကို အချိန်အကြာဆုံးကစားပြနိုင်ခဲ့သည့် ဂင်းနစ်စံချိန်ကိုချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့များကပြောကြားခဲ့သည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင် ဆောင်ထားသူမှာ အင်္ဂလိပ်လူမျိုး ဒေးဗစ်ဝှိုက်ဖုဒ် ဖြစ်ပြီး (၂၀၂၂) ခုနှစ်တွင် ဘောလုံးဂိမ်းကို အချိန် နာရီ(၅၀)ကြာ ဆက်တိုက်ကစားပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခင်ကိုင်ဆောင်ထားသူများသည် FIFA သို့မဟုတ် Pro Evolution Soccer တို့ကို ရွေးချယ်ကစားခဲ့သောကြောင့် Oside ''Khoded'' Oluwole သည်Dream League Soccer ကို ကစားခဲ့သည့် ပထမဆုံးသော ဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားသူဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့များက ပြောကြားခဲ့သည်။ Oside "Khoded" Oluwole သည် ၎င်း၏ iPhone ကို တီဗီနှင့်ချိတ်ဆက်ကာ ကစားပြခဲ့ခြင်းဖြစ်ပြီး အချိန်တစ်နာရီတိုင်းတွင် ၎င်းကို အနားယူချိန်(၅) မိနစ်ပေးထားကြောင်းသိရသည်။
Oside "Khoded" Oluwole က 'ဒါကလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပေမယ့် တကယ်ပျော်ဖို့ ကောင်းပါတယ်။ ဒါကအရမ်းကိုကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုပါ။ ဒါက အရမ်းကိုစိတ်ဝင်စား ဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ပြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တဲ့အတွက် ဘုရားကိုကျေးဇူးတင်ပါတယ်'ဟု ပြောဆိုခဲ့သည်။
zawgyi version
(၇၅)နာရီၾကာ ဆက္တိုက္ဂိမ္းကစားျပခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့တဲ့ ႏိုင္ဂ်ီးရီးယားအမ်ိဳးသား
Pika (NP News) - ဇူလိုင္ ၃ဝ
ႏိုင္ဂ်ီးရီးယားအမ်ိဳးသားတစ္ဦးသည္ Dream League Soccer ၂၀၂၃ မိုဘိုင္းဂိမ္းကို အခ်ိန္ (၇၅)နာရီ ဆက္တိုက္ကစားခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အသက္(၂၄)ႏွစ္အ႐ြယ္ Oside ''Khoded" Oluwole ဆိုသည့္ ႏိုင္ဂ်ီးရီးယားအမ်ိဳးသားသည္ ေဘာလုံးဂိမ္းကို အခ်ိန္အၾကာဆုံးကစားျပႏိုင္ခဲ့သည့္ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း ဂင္းနစ္မွတ္တမ္းအဖြဲ႕မ်ားကေျပာၾကားခဲ့သည္။
အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ ေဆာင္ထားသူမွာ အဂၤလိပ္လူမ်ိဳး ေဒးဗစ္ဝႈိက္ဖုဒ္ ျဖစ္ၿပီး (၂၀၂၂) ခုႏွစ္တြင္ ေဘာလုံးဂိမ္းကို အခ်ိန္ နာရီ(၅၀)ၾကာ ဆက္တိုက္ကစားျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ယခင္ကိုင္ေဆာင္ထားသူမ်ားသည္ FIFA သို႔မဟုတ္ Pro Evolution Soccer တို႔ကို ေ႐ြးခ်ယ္ကစားခဲ့ေသာေၾကာင့္ Oside ''Khoded'' Oluwole သည္Dream League Soccer ကို ကစားခဲ့သည့္ ပထမဆုံးေသာ ဂင္းနစ္စံခ်ိန္ကို ကိုင္ေဆာင္ထားသူျဖစ္ေၾကာင္း ဂင္းနစ္မွတ္တမ္းအဖြဲ႕မ်ားက ေျပာၾကားခဲ့သည္။ Oside "Khoded" Oluwole သည္ ၎၏ iPhone ကို တီဗီႏွင့္ခ်ိတ္ဆက္ကာ ကစားျပခဲ့ျခင္းျဖစ္ၿပီး အခ်ိန္တစ္နာရီတိုင္းတြင္ ၎ကို အနားယူခ်ိန္(၅) မိနစ္ေပးထားေၾကာင္းသိရသည္။
Oside "Khoded" Oluwole က 'ဒါကလြယ္ကူတဲ့အရာတစ္ခုေတာ့မဟုတ္ေပမယ့္ တကယ္ေပ်ာ္ဖို႔ ေကာင္းပါတယ္။ ဒါကအရမ္းကိုေကာင္းမြန္တဲ့ အခိုက္အတန႔္တစ္ခုပါ။ ဒါက အရမ္းကိုစိတ္ဝင္စား ဖို႔ေကာင္းတဲ့ပြဲတစ္ပြဲျဖစ္ၿပီး ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးဆုံးသြားခဲ့တဲ့အတြက္ ဘုရားကိုေက်းဇူးတင္ပါတယ္'ဟု ေျပာဆိုခဲ့သည္။