ထန်းတပင်မြို့နယ်တွင် ပြုံးပန်းတစ်ရာခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦး သေဆုံး

 2562

သန့်ဇင် (NP News) - ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ပြုံးပန်းတစ်ရာခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထန်းတစ်ပင်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၃၀ ရက်)၊ နံနက် ၇နာရီ ၂၁မိနစ်အချိန်ခန့်က ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင် ၁၄ နှင့် ၁၅ ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ရန်ကုန်ကနေ အထောင်-ရှားခဲဘက်ကိုသွားတဲ့ ပြုံးပန်းတစ်ရာယာဉ်လိုင်းက ကားက ရန်ကုန်နေထွက်လာပြီး ဝါးကားကို ရှောင်ရင်းနဲ့ မှောက်သွားတာ။ အဲဒီမှာ ကားကချက်ချင်းချောက်ထဲမကျသေးဘဲ လူတွေကလန့်ပြီးဆင်းကြတော့ လေးဘီးလုံးလွတ်ပြီး မှောက်သွားတယ်လို့ ယူဆရတာပါ”ဟု အထက်ပါမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၂၂)နှစ်အရွယ် အမျိုးသမီးခရီးသည်တစ်ဦးမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အထင်တော့ ကောင်မလေးက ရေမွန်းပြီးဆုံးတဲ့ပုံစံမျိုးပေါ့။ ကားကိုကရိန်းနဲ့ဆွဲတင်တဲ့အချိန်မှာ အင်ဂျင်နောက်ပိုင်း ထောင့်နားလေးမှာ သွားတွေ့တာ။ မြောင်းထဲကရေအနက်က ၆ ပေလောက်ရှိတယ်။ အဲဒီနားက အခုလိုဖြစ်လေ့ဖြစ်ထတော့မရှိဘူး။ အရင်က ပုလဲမှတ်တိုင်မှာ ဟိုက်ဂျက်နဲ့ ကုန်တင်ယာဉ်နဲ့တိုက်မိတဲ့ဖြစ်စဉ်တော့ရှိတယ်။ အကြံပြုချင်တာကတော့ ဘေးကင်းလုံခြုံဖို့က နံပါတ်တစ်ပေါ့။ ယာဉ်မောင်းတွေအနေနဲ့ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်ဆိုတဲ့အတိုင်း။ စိတ်ရှည်ရှည်နဲ့မောင်းကြဖို့ပဲပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံပရဟိတအသင်းများပူးပေါင်း၍ လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ထန္းတပင္ၿမိဳ႕နယ္တြင္ ၿပဳံးပန္းတစ္ရာခရီးသည္တင္ကားတစ္စီး တိမ္းေမွာက္ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္ ၃၀

ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္တြင္ ၿပဳံးပန္းတစ္ရာခရီးသည္တင္ကားတစ္စီး တိမ္းေမွာက္ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ထန္းတစ္ပင္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၃၀ ရက္)၊ နံနက္ ၇နာရီ ၂၁မိနစ္အခ်ိန္ခန႔္က ထန္းတပင္ၿမိဳ႕နယ္၊ ရန္ကုန္-ပုသိမ္ကားလမ္း၊ မိုင္တိုင္ ၁၄ ႏွင့္ ၁၅ ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္ကေတာ့ ရန္ကုန္ကေန အေထာင္-ရွားခဲဘက္ကိုသြားတဲ့ ၿပဳံးပန္းတစ္ရာယာဥ္လိုင္းက ကားက ရန္ကုန္ေနထြက္လာၿပီး ဝါးကားကို ေရွာင္ရင္းနဲ႔ ေမွာက္သြားတာ။ အဲဒီမွာ ကားကခ်က္ခ်င္းေခ်ာက္ထဲမက်ေသးဘဲ လူေတြကလန႔္ၿပီးဆင္းၾကေတာ့ ေလးဘီးလုံးလြတ္ၿပီး ေမွာက္သြားတယ္လို႔ ယူဆရတာပါ”ဟု အထက္ပါမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၂၂)ႏွစ္အ႐ြယ္ အမ်ိဳးသမီးခရီးသည္တစ္ဦးမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ထိခိုက္ဒဏ္ရရွိသူမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အထင္ေတာ့ ေကာင္မေလးက ေရမြန္းၿပီးဆုံးတဲ့ပုံစံမ်ိဳးေပါ့။ ကားကိုကရိန္းနဲ႔ဆြဲတင္တဲ့အခ်ိန္မွာ အင္ဂ်င္ေနာက္ပိုင္း ေထာင့္နားေလးမွာ သြားေတြ႕တာ။ ေျမာင္းထဲကေရအနက္က ၆ ေပေလာက္ရွိတယ္။ အဲဒီနားက အခုလိုျဖစ္ေလ့ျဖစ္ထေတာ့မရွိဘူး။ အရင္က ပုလဲမွတ္တိုင္မွာ ဟိုက္ဂ်က္နဲ႔ ကုန္တင္ယာဥ္နဲ႔တိုက္မိတဲ့ျဖစ္စဥ္ေတာ့ရွိတယ္။ အႀကံျပဳခ်င္တာကေတာ့ ေဘးကင္းလုံၿခဳံဖို႔က နံပါတ္တစ္ေပါ့။ ယာဥ္ေမာင္းေတြအေနနဲ႔ စိတ္ရွည္သည္းခံလမ္းေၾကာင္းမွန္ဆိုတဲ့အတိုင္း။ စိတ္ရွည္ရွည္နဲ႔ေမာင္းၾကဖို႔ပဲေျပာခ်င္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေဒသခံပရဟိတအသင္းမ်ားပူးေပါင္း၍ လႈိင္သာယာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.