မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ Quad အဖွဲ့ဝင်နိုင်ငံတွေ ထပ်မံတောင်းဆို

 1662

Pika (NP News) - ဇူလိုင် ၃၁

Quad အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင်လ(၂၉)ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တွေ့ဆုံစဉ် အချိန်အတွင်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုတို့ဟာ တိုကျို့မှာ တွေ့ဆုံစဉ်အချိန် အတွင်း ယခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေရှိစေခဲ့ကြောင်း လည်း ၎င်းတို့က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဟာ ဆိုက်ဘာရာဇဝတ်မှု၊ လူကုန်ကူးမှုတွေ နဲ့ မူးယစ်ဆေးဝါးမှောင်ခိုကုန်သွယ်မှုတွေလိုမျိုး ပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့လည်း ၎င်းတို့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ “ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအခြေအနေတွေ ဆိုးရွားလာတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ်ကို စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့မတည်ငြိမ်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု တွေကို အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီတွေ ဘေးကင်းကင်းနဲ့ အဟန့်အတားမရှိ ဝင်ရောက်နိုင်ဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုလိုက် ပါတယ်” လို့ ရေးသားထားပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ Quad အဖြဲ႕ဝင္ႏိုင္ငံေတြ ထပ္မံေတာင္းဆို
Pika (NP News) - ဇူလိုင္ ၃၁

Quad အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ ဇူလိုင္လ(၂၉)ရက္က ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ ေတြ႕ဆုံစဥ္ အခ်ိန္အတြင္း ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့အၾကမ္းဖက္မႈေတြကို အဆုံးသတ္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar၊ ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး ပန္နီေဝါင္၊ အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီး အန္တိုနီဘလင္ကန္နဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ကာမီကာဝါယိုကိုတို႔ဟာ တိုက်ိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္ အတြင္း ယခုလိုေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့အၾကမ္းဖက္မႈေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြအေပၚ သက္ေရာက္မႈေတြရွိေစခဲ့ေၾကာင္း လည္း ၎တို႔က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြဟာ ဆိုက္ဘာရာဇဝတ္မႈ၊ လူကုန္ကူးမႈေတြ နဲ႔ မူးယစ္ေဆးဝါးေမွာင္ခိုကုန္သြယ္မႈေတြလိုမ်ိဳး ျပႆနာေတြကို ရင္ဆိုင္ေနရတယ္လို႔လည္း ၎တို႔ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ “ရခိုင္ျပည္နယ္ အပါအဝင္ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး၊ လုံၿခဳံေရးနဲ႔ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအေျခအေနေတြ ဆိုး႐ြားလာတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ တကယ္ကို စိုးရိမ္မိပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡနဲ႔မတည္ၿငိမ္မႈေတြဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအေပၚ ဆိုး႐ြားတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္မလို႔ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈ ေတြကို အဆုံးသတ္ဖို႔၊ မတရားဖမ္းဆီးခံထားရသူေတြအားလုံးကို ျပန္လႊတ္ေပးဖို႔နဲ႔ လူသားခ်င္းစာနာေထာက္ထား မႈဆိုင္ရာအကူအညီေတြ ေဘးကင္းကင္းနဲ႔ အဟန႔္အတားမရွိ ဝင္ေရာက္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ထပ္မံေတာင္းဆိုလိုက္ ပါတယ္” လို႔ ေရးသားထားပါတယ္။

Related news

© 2021. All rights reserved.