သာကေတမြို့နယ် ကားတိုက်ခံရသည့်အတွက် အသက်(၆၀)အရွယ် အမျိုး သားကြီးသေဆုံး၊ အဆိုပါယာဉ်တိုက်မှုမှာ ၎င်းနှင့်မသက်ဆိုင်ကြောင်း သရုပ်ဆောင်ထူးခြားဖြေရှင်း
27262
သန့်ဇင် (NP News) - ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ကားတိုက်ခံရသည့်အတွက် အသက်(၆၀)အရွယ် အမျိုးသားကြီးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကာ ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်၍ အဆိုပါ ယာဉ်တိုက်မှုမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သရုပ်ဆောင်ထူးခြားက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် ဖြေရှင်းရေးသားထားသည်ကို တွေ့မြင်ရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယမန်နေ့(ဇူလိုင်လ ၃၀ ရက်)၊ ည ၇နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ အနော်မာထိပ်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်တွင် တိုက်သည့်ကားပေါ် သရုပ်ဆောင်တစ်ဦး ပါကြောင်း မူလက သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကားပေါ်ပါသော သရုပ်ဆောင်မှာ ထူးခြား ဖြစ်သည်ဟုဆိုကာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် ရေးသားဖော်ပြမှုများရှိနေခြင်း ဖြစ်သည်။
“အဘက အလုပ်ပြန်လာတဲ့သဘောမှာရှိတယ်။ အဲဒီမှာ ကားကတိုက်တယ်ဆိုပြီးအကြောင်းကြားလို့ ထွက်သွားတဲ့အချိန်မှာ အဘကခေါင်းထိ ထားတာပေါ့။ အဲဒီမှာ ဆေးရုံကိုသယ်သွားရင်းနဲ့ ဆုံးသွားတဲ့ သွားတာပေါ့”ဟု သွား ရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အသက်(၆၀)အရွယ် သက်ကြီးပိုင်းအမျိုးသားတွင် ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကကျွန်တော်တို့သွားတဲ့အချိန်မှာမရှိဘူး။ ဘေးနားက တစ်ယောက်က လာပြောတာက သူ့အစတွေနဲ့ ဗန်ဘာပြုတ်ကျကျန်ခဲ့တာပဲရှိတယ်။ Alphard တစ်စီးတဲ့ ရှေ့နားက တစ်မှတ်တိုင် ကျော်ကျော်လောက်မှာရပ်ထားတာ။ အဲဒါလားမသိဘူးဆိုပြီး သွားကြည့်တော့ (အဲဒီကားက တိုက်တာ အဲဒါဖြစ်နေတာ)” ဟု အထက်ပါသတင်းအရင်းမြစ်က ပြောသည်။
သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ဒို့ညီနောင်လူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများအပေါ် သရုပ်ဆောင်ထူးခြားက ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရှင်းလင်းချက်ရေးသားထားသည်ကို တွေ့မြင်ရသည်။ “မနေ့ညကဖြစ်တဲ့ ယာဉ်တိုက်မှုမှာ ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်ပါကြောင်း။ အဲဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျွန်တော် အနီးအနားမှာရှိပါသည်။ လူအများရဲ့ထုံးစံအတိုင်း ကျွန်တော်လဲသွား ကြည့်ခဲ့မိပါသည်။ ထို့အတွက်ကြောင့်ကျွန်တော်စွပ်စွဲခံရပါသည်။ အခုလဲအဲဒီကိစ္စကို တရားဥပဒေအရဖြေရှင်းနေသည်လို့ကြား သိရပါသည်။ ကျွန်တော့်ကိုစွပ်စွဲပြောဆိုနေကြတဲ့ Acc၊ Page များကိုကျတော် ss ရိုက်ထားပါသည်/ ထို့အတွက်ကြောင့် ကျတော် တရားဥပဒေနဲ့ဖြေရှင်းသွားပါမည်။ စိတ်ပူပန်ပေးကြတဲ့သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများကိုလဲကျေးဇူးတင်ပါသည်” ဟု သရုပ်ဆောင် ထူးခြားက ရေးသားထားသည်ကို တွေ့ရသည်။
zawgyi version
သာေကတၿမိဳ႕နယ္ ကားတိုက္ခံရသည့္အတြက္ အသက္(၆၀)အ႐ြယ္ အမ်ိဳး သားႀကီးေသဆုံး၊ အဆိုပါယာဥ္တိုက္မႈမွာ ၎ႏွင့္မသက္ဆိုင္ေၾကာင္း သ႐ုပ္ေဆာင္ထူးျခားေျဖရွင္း
သန႔္ဇင္ (NP News) - ဇူလိုင္ ၃၁
ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္တြင္ ကားတိုက္ခံရသည့္အတြက္ အသက္(၆၀)အ႐ြယ္ အမ်ိဳးသားႀကီးေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ကာ ထြက္ေပၚေနေသာ သတင္းမ်ားႏွင့္ပတ္သက္၍ အဆိုပါ ယာဥ္တိုက္မႈမွာ ၎ႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း သ႐ုပ္ေဆာင္ထူးျခားက လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွတဆင့္ ေျဖရွင္းေရးသားထားသည္ကို ေတြ႕ျမင္ရသည္။
အဆိုပါ ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇူလိုင္လ ၃၀ ရက္)၊ ည ၇နာရီအခ်ိန္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ ဧရာဝဏ္လမ္းမႀကီး၊ အေနာ္မာထိပ္မွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈ ျဖစ္စဥ္တြင္ တိုက္သည့္ကားေပၚ သ႐ုပ္ေဆာင္တစ္ဦး ပါေၾကာင္း မူလက သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ကားေပၚပါေသာ သ႐ုပ္ေဆာင္မွာ ထူးျခား ျဖစ္သည္ဟုဆိုကာ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားထက္တြင္ ေရးသားေဖာ္ျပမႈမ်ားရွိေနျခင္း ျဖစ္သည္။
“အဘက အလုပ္ျပန္လာတဲ့သေဘာမွာရွိတယ္။ အဲဒီမွာ ကားကတိုက္တယ္ဆိုၿပီးအေၾကာင္းၾကားလို႔ ထြက္သြားတဲ့အခ်ိန္မွာ အဘကေခါင္းထိ ထားတာေပါ့။ အဲဒီမွာ ေဆး႐ုံကိုသယ္သြားရင္းနဲ႔ ဆုံးသြားတဲ့ သြားတာေပါ့”ဟု သြား ေရာက္ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယာဥ္တိုက္မႈေၾကာင့္ အသက္(၆၀)အ႐ြယ္ သက္ႀကီးပိုင္းအမ်ိဳးသားတြင္ ဦးေခါင္းထိခိုက္ဒဏ္ရာမ်ားရရွိကာ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကားကကြၽန္ေတာ္တို႔သြားတဲ့အခ်ိန္မွာမရွိဘူး။ ေဘးနားက တစ္ေယာက္က လာေျပာတာက သူ႔အစေတြနဲ႔ ဗန္ဘာျပဳတ္က်က်န္ခဲ့တာပဲရွိတယ္။ Alphard တစ္စီးတဲ့ ေရွ႕နားက တစ္မွတ္တိုင္ ေက်ာ္ေက်ာ္ေလာက္မွာရပ္ထားတာ။ အဲဒါလားမသိဘူးဆိုၿပီး သြားၾကည့္ေတာ့ (အဲဒီကားက တိုက္တာ အဲဒါျဖစ္ေနတာ)” ဟု အထက္ပါသတင္းအရင္းျမစ္က ေျပာသည္။
ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ဒို႔ညီေနာင္လူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ထြက္ေပၚေနေသာ သတင္းမ်ားအေပၚ သ႐ုပ္ေဆာင္ထူးျခားက ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ရွင္းလင္းခ်က္ေရးသားထားသည္ကို ေတြ႕ျမင္ရသည္။ “မေန႔ညကျဖစ္တဲ့ ယာဥ္တိုက္မႈမွာ ကြၽန္ေတာ္နဲ႔ လုံးဝမသက္ဆိုင္ပါေၾကာင္း။ အဲဒီျဖစ္စဥ္ျဖစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ အနီးအနားမွာရွိပါသည္။ လူအမ်ားရဲ႕ထုံးစံအတိုင္း ကြၽန္ေတာ္လဲသြား ၾကည့္ခဲ့မိပါသည္။ ထို႔အတြက္ေၾကာင့္ကြၽန္ေတာ္စြပ္စြဲခံရပါသည္။ အခုလဲအဲဒီကိစၥကို တရားဥပေဒအရေျဖရွင္းေနသည္လို႔ၾကား သိရပါသည္။ ကြၽန္ေတာ့္ကိုစြပ္စြဲေျပာဆိုေနၾကတဲ့ Acc၊ Page မ်ားကိုက်ေတာ္ ss ႐ိုက္ထားပါသည္/ ထို႔အတြက္ေၾကာင့္ က်ေတာ္ တရားဥပေဒနဲ႔ေျဖရွင္းသြားပါမည္။ စိတ္ပူပန္ေပးၾကတဲ့သူငယ္ခ်င္း မိတ္ေဆြအေပါင္းအသင္းမ်ားကိုလဲေက်းဇူးတင္ပါသည္” ဟု သ႐ုပ္ေဆာင္ ထူးျခားက ေရးသားထားသည္ကို ေတြ႕ရသည္။