စဉ့်ကူးမှ ဒုက္ခများ . . . (အင်တာဗျူး)

 2292

သုတကျော် (NP News) - ဩဂုတ် ၁

စဉ့်ကူးမြို့နယ်အတွင်းနှင့် မြို့ကို ဇွန်လဆန်းပိုင်းမှစတင်ကာ MDY-PDF က စတင် တိုက် ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအများအပြားမှာ စစ်ဘေးကို ရုတ်တရက်တွေ့ကြုံပြီး စစ်ဘေးရှောင်ဘဝကို ရောက်ရှိသွားကြသည့်အပြင် စစ်ဘေးမရှောင်ရသော ပြည်သူများမှာလည်း ကျီးလန့်စာစားဘဝဖြင့် နေထိုင်နေကြရသည်။ ခေါင်းပေါ်ဝဲလာမည့်ကျည်ကိုရှောင်ရင်းရှားရင်ပင် ကုန်ဈေးနှုန်းတက်လာခြင်းကို ကြုံနေရပြီး စီးပွားရေးလုပ်ရန်အတွက်လည်း အခက်အခဲများစွာ ဖြစ်နေကြ ရပါသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ်မှ ဒေသခံတစ်ဦးထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို NP News က ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - စဉ့်ကူးမြို့မှာ တိုက်ပွဲ မဖြစ်ခင်က PDF တပ်ဖွဲ့တွေရဲ့ နေရာယူထားပုံအခြေအနေကို အရင်ဆုံး ပြောပြပေးပါခင်ဗျာ။
ဖြေ - ပြောရမယ်ဆိုရင် ဒီလို။ PDF ပေါ့နော်။ PDF အဖွဲ့တွေက စဉ့်ကူးမြို့နဲ့ဝေးတဲ့ ဧရာဝတီ မြစ် ကြောတစ်လျှောက်၊ ဧရာဝတီအနောက်ဘက်က ဝက် လက်နယ်နဲ့ဆက်တဲ့ ရွာတွေဘက်မှာ ရှိနေကြတယ်၊ နေထိုင်နေကြတယ်ဆိုတာကတော့ လွန်ခဲ့တဲ့ သုံး လေးလတည်းက ကြားနေရတာပါ။ ပြီးတော့ မြို့နဲ့ ၁၅မိုင်လောက်ဝေးတဲ့ နွယ်ရုံရွာဘက်တွေမှာ၊ အ နောက်ဘက်တွေမှာ ရောက်နေကြတယ်ဆိုတာကို သုံးလေးငါးလတည်းက ကြားနေရတာပါ။

မေး- စဉ့်ကူးဘက်ကို လာမယ်လို့ကြိုတင်ပြီး သတင်း ကြားရတာကောရှိပါသလား ခင်ဗျာ။
ဖြေ- ရှိတယ်။ ဒီလိုဖြစ်စဉ်မဖြစ်ခင် နှစ်ရက်လောက်တည်းက ဘယ်နေ့တော့ဝင်တော့မယ်ဆိုတာကို အမှန်တကယ်ဖြစ်တဲ့ ဖြစ်စဉ်မတိုင်ခင် နှစ်ကြိမ်လောက် မှာ ကြားခဲ့ရဖူးတယ်။ ပထမတစ်ကြိမ်က ဒီဖြစ်စဉ် မ တိုင်ခင်က တစ်လကျော်၊ တစ်လခွဲလောက်ပေါ့။ ဒုတိယက ဒီဖြစ်စဉ်မတိုင်ခင်ရဲ့ ရက်နှစ်ဆယ်လောက် မှာ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ ဝင်မယ်ဆိုတာကို ကြား ခဲ့ရဖူးပါတယ်။

မေး- ဖြစ်စဉ် စဖြစ်တုန်းက အခြေအနေကို သိသလောက် ပြန်ပြောပြပေးပါခင်ဗျာ။
ဖြေ- စဉ့်ကူးမြို့ကို Drop bomb တွေ စချတာ။ စချတော့ ပြည်သူကတော့ အင်မတန်ထိတ်လန့် သွား တယ်။ မန္တလေးဘက်ကိုထွက်တဲ့ လက်ပံလှကနေ ငါးမိုင်လောက်ဝေးတဲ့နေရာမှာ သစ်ပင်တွေခုတ်လှဲပြီး ပိတ်သွားတယ်။ စစ်ဘေးရှောင်လို့ မရတော့ဘူး။ အဲဒီ အချိန်မှာတော့ လက်ပံလှကနေ စဉ့်ကူးမြို့ထဲကိုဝင်ပြီး တော့မှ ကျောက်မြောင်း၊ ရတနာသင်္ခ တံတားကို ဖြတ် သွားမယ်ဆိုရင်တော့ တံတားက ဖြတ်ရနေသေးတယ်။ ငွေကြေး ချမ်းသာသူကစထွက်နေပြီ။ ကိုယ်ပိုင်ကား ရှိသူတွေပေါ့။ (၃၀)ရက်လောက်မှာ ထွက်လို့ ရနေ သေးတယ်။ ကားခဈေးနှုန်းကလည်း အဆမတန် မြင့်သွားတာရှိတယ်။ ကားခတွေကလည်း ရွှေ ဘိုဘက်ကထွက်ရလို့ တစ်သောင်းခွဲလောက်၊ နှစ် သောင်း၊ သုံးသောင်းကနေ ရှစ်သောင်း၊ တစ်သိန်း အထိဖြစ်ကုန်တယ်။ ဇူလိုင်(၅)ရက်ကျတော့ ကြား တာတော့ စဉ့်ကူးမြို့ကို င်တဲ့ ကြို့ပင်ရွာတို့ ဘက်မှာ PDF တွေက လမ်းကိုစိုးမိုးပြီး ထွက်ခွင့်မပေးဘူးဆိုပြီး လမ်းပိတ်သွားသေးတယ်။ အဲဒီရက်တွေမှာဖြစ်ခဲ့တာ ပေါ့။ နောက်ပိုင်းတော့ မြို့မှာနေလို့ အဆင်မပြေ က တော့ စဉ့်ကူးမြို့ကလူတွေဟာ နီးစပ်ရာ စဉ့်ကူးမ ဟုတ်တဲ့ ဘေးပတ်ဝန်းကျင်ရွာတွေကို ခိုလှုံနေကြ တယ်လို့ သိရတယ်။

မေး- တိုက်ပွဲမဖြစ်ခင်က စဉ့်ကူးမြို့ အခြေအနေကို သိပါရစေခင်ဗျာ။
ဖြေ - ပုံမှန်လေးပဲ အေးအေးချမ်းချမ်း လည်ပတ်နေ တာပါပဲ။ သိပ်ခက်ခဲကြမ်းတမ်းတာလည်းမရှိ၊ လူ လတ်တန်းစား များပါတယ်။ ပုံမှန်လေး ရောင်းဝယ် ဖောက်ကားပြီး နေကြတာပါပဲ။ စစ်ဖြစ်သွားတော့ အကုန်ပျက်စီးပြီး မြို့ကိုပြန်လည် ထူထောင်ဖို့ တောင် မှ အတော်မလွယ်သလို ဖြစ်သွားပါပြီ။ စစ်ကို ခေါ်ခဲ့ ကြတဲ့ဟာတွေ ရှိတော့ စစ်ရောက်လာတာပေါ့ဗျာ။ စစ် ရောက်လာတော့ အားလုံးအတွက် အကျိုးမရှိဘဲ စစ် ကိုလာခဲ့ပါလာခဲ့ပါ ခေါ်တဲ့သူတွေလည်း ပြေး၊ မလာပါ စေနဲ့ဆိုသူတွေလည်း ပြေးပေါ့။ နောက်ဆုံးတော့ ပြည်သူပဲ ရှုံးတာပါပဲ။

မေး - ကြားဖြတ်ထပ်မေးတာပါ ခင်ဗျာ။ စဉ့်ကူးဟာ အရင်တုန်းကကော မြို့သိမ်းတိုက်ပွဲ ကြီးကြီးမားမား ကြုံဖူးလား။ မြို့ခံတွေကကော ဘယ်လောက်အထိ စိုးရိမ်ထိတ်လန့်မှုတွေ ရှိသွားပါသလဲ။
ဖြေ- ကျွန်တော့် အသက် ၅၅ နှစ် ပတ်ချာလည်မှာ တစ်ခါမှမကြုံဖူးဘူး။ ကိုယ့်ဘာသာကိုယ်တွေးကြည့် ရင် ဒုတိယကမ္ဘာစစ်ဖြစ်တုန်းကတောင် ဒီလောက်အ ထိ ကြုံမှာမဟုတ်ပါဘူး။ ဒီလိုတွေဖြစ်လာတော့ လက်ပံလှဆိုရင်လည်း ရောင်းဝယ်ဖောက်ကားပြီး အရမ်းကို အဆင်ပြေခဲ့တဲ့နေရာပါ။ မိုးကုတ်၊ မတ္တရာ လမ်းမကြီးရဲ့ အရောင်းအဝယ်တွေ ဖောက်ကားတာပါ။ ပိုတောင်မှ စဉ့်ကူးထက် စီးပွားရေးဖွံ့ဖြိုးပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျီးလန့်စာစားနဲ့ ဘယ်အချိန် ဘာ ဖြစ်မလဲ ဆိုတာ စိုးရိမ်နေရတဲ့ အခြေအနေပါပဲ။

မေး- စစ်ရှောင်တဲ့ အခါ ငွေကြေးချမ်းသာသူနဲ့ ချို့ တဲ့သူ ဘယ်လိုတွေ ကွဲခြားတာမြင်ရပါသလဲ။
ဖြေ- ငွေကြေး ချမ်းသာသူတွေကတော့ စစ်ငွေ့သမ်း ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ပိုင်ကားပေါ် ပိုင်ဆိုင်မှု၊ အ တွင်းပစ္စည်းတို့ တင်ပြီးတော့မှလွတ်မယ် ထင်တဲ့ နေ ရာကို သွားလာနိုင်တာပေါ့ဗျာ။ ငွေကြေး မချမ်းသာတဲ့ သူတွေကတော့ ကံအကြောင်းတရားဆိုပြီး ကိုယ့်ဒေ သမှာ ဘုန်းကြီးကျောင်းတို့၊ ကိုယ့်ဆွေမျိုး နီးစပ် လွတ်မယ်ထင်တဲ့နေရာမှာ နေခဲ့ကြရတာပါ။

မေး- စဉ့်ကူးမြို့မှာကော လူရှိပါသေးလား။
ဖြေ- ကျွန်တော်ထင်တယ် ဒီဘက်ကို ပြေးလာသူ တွေနဲ့ သိရသလောက်တော့ မြို့ပေါ်မှာ လူမရှိသ လောက်ပေါ့။ နည်းနည်းတော့ ရှိပါလိမ့်မယ်။ အဲဒီမှာ လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က အပြည့်အဝ မထိန်းချုပ်နိုင်သလို PDF အဖွဲ့တွေကတော့ အများစုထိန်းချုပ်ထားတဲ့ သဘောပါပဲ။ (၂၁) ရက် အထိ ကြားသိနေရတဲ့ အခြေအနေပေါ့။

မေး- တိုက်ပွဲတွေကြောင့် စဉ့်ကူးဒေသဘက်မှာ ဒေသခံတွေရဲ့ လူမှုရေး စီးပွားရေးက ဘယ်လိုဖြစ်နေပါသလဲ။
ဖြေ- စီးပွားရေးကတော့ ဆက်စပ်နေတာဆိုတော့ အကုန်ပျက်တာပေါ့။ လူမှုရေးအရ ပြောမယ်ဆိုရင် အကုန်ဒုက္ခရောက်တာပေါ့ဗျာ။ ပြည်သူတွေရော အကုန်လုံး။ မြို့တင် ဒုက္ခရောက်တာ မဟုတ် ပါဘူး။ တစ်မြို့နယ်လုံး ရွာတွေမှာလည်း ဒုက္ခတွေပါပဲ။ စဉ့်ကူးဆိုတာက မြန်မာနိုင်ငံရဲ့ဗဟိုချက်မလို့ ပြော လို့ရတာပေါ့ဗျာ။ ဧရာဝတီမြစ်ကမ်းဘေးပေါ့။ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ကို တစ်ခါမှလည်း မတွေးဖူးပါဘူး။ ရှမ်းမြောက်မှာဖြစ်တယ်၊ နမ့်ခမ်းမှာ ဖြစ်တယ်၊ မူဆယ်မှာ ဖြစ်တယ်ဆိုတော့ ဒီလောက်ကြီး အထိကွာ ဒီလူတွေ မရောက်လာနိုင်ပါဘူးပေါ့။ ထိုးဖောက်ဝင်ရောက်ပြီး မြို့သိမ်းတာဖြစ်ဖို့ အင်မတန် ခဲယဉ်းတယ်လို့ ထင်ခဲ့တာပါ။ သို့သော် မူလက ပြောခဲ့သလိုမျိုး ဒီလိုအင်အားတွေ မြို့နဲ့ မနီးမဝေးမှာ ရောက်တယ်ဆိုတာ လွန်ခဲ့တဲ့ သုံးလေးလတည်းက ကြားနေတာပေါ့။

မေး- စဉ့်ကူးမြို့က ကြားသလောက်ဆို ဘယ်လောက် အထိ ပျက်စီးသွားပါသလဲ။
ဖြေ- မြို့ကတော့ မီးလောင်တာတွေလည်း ရှိတယ်။ ကြားရတာပေါ့။ မြို့ကတော့ ပြောရမယ်ဆိုရင် ငါး ဆယ်ရာခိုင်နှုန်းအထက် ပျက်စီးသွားတဲ့ သဘောပါပဲ။ ပြန်လည်ထူထောင်ဖို့တောင် တော်တော်လေး ရုန်း ကန်ယူရမှာပါ။ ငါးဆယ်ရာခိုင်နှုန်း အထက်မှာပဲ ရှိ တာပါ။ ဘုံသာချောင်းရဲ့ အနောက်ဘက်မှာ ရှမ်းတော ရပ်ဆိုတာ ရှိတယ်ဗျ။ သူတို့က လူလတ်တန်းစားတွေ များပါတယ်။ အဲဒီဟာတွေအကုန် မီးလောင်သွား တယ်။ ရွှေမုဌောဘုရားရဲ့ မြစ်ကမ်းတစ်လျှောက်၊ ဧရာ ဝတီမြစ်ကြောင်းတစ်လျှောက် တောင်ဘက်ကိုသွားရင် တော့ အခြေခံလူတန်းစား နည်းနည်းများတယ်။ အဲဒီ ဘက်တွေလည်း မီးလောင်ကုန်တယ် ကြားတယ်။ စဉ့် ကူးမြို့လယ် လမ်းလေးခွလေးရှိတယ်။ မြို့လယ်ဆို တာ များသောအားဖြင့် ပိုက်ဆံရှိတဲ့သူတွေနေကြတာ ပေါ့။ အဲဒီဘက်တစ်ကြောလည်း မီးလောင်သွားတယ် ကြားတယ်။ စဉ့်ကူးမြို့က သေးပါတယ်။ မြို့က ရုံး စိုက်တယ်။ စဉ့်ကူးမြို့ရဲ့အကျယ်အဝန်းနဲ့ လောင် သွားတာ၊ မျက်စိနဲကြည့်ရင် ငါးဆယ် ရာခိုင်နှုန်း အထက်တော့ ပျက်စီးသွားပါပြီ။ ဒါတွေကို ပြန်လည် ထူထောင်ဖို့ဆိုရင် ခုနကပြောတဲ့ လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားများပြီး ရုံးစိုက်လို့သာ ဖွံ့ဖြိုးနေတဲ့ မြို့လေးမှာ မလွယ်ပါဘူး။ အိမ်တစ်လုံး ဖြစ်ဖို့ကိုက ပြောရမယ်ဆိုရင် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဖြစ်အောင် တည်ဆောက်ခဲ့ကြရတာဗျာ။

မေး- စဉ့်ကူးမြို့နယ် အခြေအနေပေါ့။ အခု တိုက်ပွဲ တွေကြောင့် ထိခိုက်မှုတွေနဲ့ ဒေသခံတွေဟာ ဘယ် လို အခြေအနေကို ဆိုက်ရောက်နေပါသလဲ။
ဖြေ- ဘယ်တည်ငြိမ်မလဲ။ အခုဆိုရင် လက်ပံလှ နားမှာ တစ်ခါတလေ လက်နက်ကြီးကျတာတွေ ဘာ တွေရှိတယ်။ ရှိတော့ အားလုံးက ထိတ်လန့်နေကြ တာပေါ့။ အရင်လို ပုံမှန်ရောင်းဝယ်၊ ဖောက်ကား စား သောက်နေတဲ့ ပုံစံမဖြစ်တော့ဘဲနဲ့ နောက်ဆုံးစားဝတ် နေရေးအတွက် လူတွေလုပ်ငန်း မလုပ်နိုင်ကြတော့ ဘူး။ ကိုယ့်လုပ်ငန်းခွင်ကို ပုံမှန် မဝင်နိုင်ကြတော့ဘူး။ ပြောရမယ်ဆိုရင် စက်သုံးဆီတို့ စားရေးပြဿနာအ ထိပေါ့။ မိုးကုတ်ဘက်ကလည်း ကျွန်တော်တို့ဆီ ကုန် စည်စီးဆင်းမှု မရှိတော့ဘူး။ ရွှေဘိုဘက်ကလည်း ပိတ်သွားပြီ။ မန္တလေးဘက်ကလည်း ပိတ်သွားတဲ့ ကာ လမှာ စဉ့်ကူးမြို့နယ်ဟာ ကုန်စည်စီးဆင်းမှု ပြတ် တောက်တယ်။ စက်သုံးဆီ ပြတ်တောက်တယ်။ အခု ဆိုရင် ဓာတ်ဆီတစ်လီတာကို တစ်သောင်းကျော် မြင့်သွားပြီ။ ကုန်စည်က ဝယ်လို့ရသေးရင်ကိုကျေးဇူးတင် နေရတယ်။ ဈေးနှုန်းကတော့ ပြောလို့မရတော့ဘူး။

မေး- စဉ့်ကူး၊ ကျောက်မဲ၊ မတ္တရာကဘက်က ပြည် သူတွေ အနေနဲ့ ပုံမှန်နေထိုင်မှုမှာ စားဝတ်နေရေးက လွဲရင် ဘယ်လိုအခက်အခဲကို ကြုံတွေ့နေရပါသလဲ။ ကြားရသမျှပေါ့။
ဖြေ- ကြားရသလောက်ကတော့ နေရ၊ ထိုင်ရ က တော့ ဘယ်လိုမှကို အဆင်မပြေဘူး။ ဥပဒေ စိုးမိုးမှု ဆိုတာ မရှိတော့ဘူး။ ဥပဒေ စိုးမိုးမှု မရှိတော့ ဘယ် PDF ကများ ဥပမာ TNLA / PDF ကများ ငါ့ ကို ဒလန်အဖြစ်နဲ့ စစ်တပ်သတင်းပေးဆိုပြီး လာ ခေါ်ပြီးသတ်မလားပေါ့။ ဘာကြောင့်လဲဆိုတော့ အဲ ဒီလိုမျိုး စိုးရိမ်တာက တပ်နဲ့ရဲနဲ့က မရှိတော့ဘူး။ တပ်နဲ့ရဲနဲ့ကတော့ မသတ်နိုင်တာ သေချာတယ်လေ။ ရှိ တာက ဒီအဖွဲ့တွေ ရှိနေတာ ဆိုတော့ ဥပဒေဆိုတာ မရှိဘူးပေါ့။ ဘာမှ ပြဋ္ဌာန်းချက်မရှိဘူး။ ဒီကောင် ဒလန် ဖမ်းချုပ်တယ်ဆိုရင် လိုက်သွားရမှာ။ လိုက်သွားလို့ သတ်လိုက်တယ်ဆိုတာက ဥပဒေ စိုးမိုးတယ် ဆိုရင် တရားရုံးတွေ ဘာတွေမှာ ချေပခွင့် ရှိပြီးတော့မှ ပြောလို့ ရမှာလေ။ အခုဟာက ချေပခွင့်လည်း မရှိ ဘူး။ သူတို့အမြင်မှာ ဒီကောင်ဒလန်ပဲဆိုပြီး ဖမ်း သွားမယ်၊ ချုပ်ထားမယ်၊ စစ်ကြောရေးလုပ်ရင် ခံရမှာ ပဲလေ။ အရာရာဟာ ကျီးလန့်စာစားပါပဲဗျာ။ ပြည်သူတွေအနေနဲ့ နေရထိုင်ရတာ တော်တော်လေး ချောက်ချားရပါတယ်။ ဒီကိစ္စကြီးကိုလည်း ပြီးသွားစေချင်ပါပြီ။

မေး- လက်ရှိ အခုလိုတိုက်ပွဲဖြစ်ပြီး လူမှုစီးပွား ဘဝ တွေ ထိခိုက်မိသွားတဲ့အခါမှာ ထိခိုက်တာတွေ ပုံမှန် ပြန်ဖြစ်ဖို့ ဘယ်လောက်ကြာမယ်ထင်ပါသလဲ။ စီးပွား ရေး လုပ်ငန်းရှင်တွေကကော ဘယ်လိုတောင့်ခံနေ ကြပါသလဲ။
ဖြေ- ပုံမှန်ဆိုတာကတော့ တည်ငြိမ်တဲ့ အခြေအနေ ဖြစ်ဖို့ နောက်နှစ်အထိမလွယ်ပါဘူး။ အကုန်လုံး ပျက် ကြတာပါပဲ။ ကြီးတဲ့ကောင်ကတော့ နည်းနည်း တောင့်ခံနိုင်မယ်။ ကျွန်တော်တို့လို လူလတ်တန်းစား၊ သာမန်တွေက ပိုပျက်မယ်။ ရှိတဲ့သူတွေက ထွက်ပြေး သွားပြီလေ။ မန္တလေးတို့ ရန်ကုန်တို့ သွားကြပြီလေ။ မပြေးတဲ့သူတွေကတော့ ဒီဒေသမှာပဲပေါ့ဗျာ။ ဒီနယ် မြေမှာပဲ ကံတရားကိုပဲ ဘုရားတရားနဲ့ နေကြမှာပေါ့။ လက်ရှိတော့ အရောင်းအဝယ်တွေက မလွယ်တော့ ဘူးလေ။ လျှပ်စစ်မီးကလည်းမရတာ တစ်လနီးပါး ဖြစ်သွားပြီ။ လုံးလုံးမရတော့တာ။ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်ရခဲ့တုန်းကလည်း ည ဆယ်နာရီ လောက်လာ၊ မနက် ၄ နာရီလောက် ပျက်သွား ဆို တာမျိုးဆိုတော့ အဲဒီအချိန်မှာလည်း စီးပွားရေး ကောင်းကောင်း မလုပ်နိုင်ခဲ့ကြပါဘူး။ စိုက်ပျိုးရေး လေးနဲ့ တခြား ဘာညာနဲ့ပဲ လုပ်ခဲ့ကြတဲ့ နေရာလေးပါ။ အခုအနေအထားကတော့ နောက်ထပ်တစ်နှစ် လောက်အထိ ဒါတောင်မှဘာမှန်းမသိသေးဘူး။ တိုက်ပွဲတွေ ဆယ်နှစ်လောက်အထိ ဖြစ်နေရင် ဆယ် နှစ်လောက် ဖြစ်မှာပဲ။ တိုက်ပွဲတွေ ဖြစ်နေရင် ကိုယ့် အသက်မသေကံကောင်းလို့ ထားရတော့မှာပါပဲ။ စီးပွား ရေးဆိုတာတောင် ခေါင်းထဲ မထည့်နိုင်တော့ပါဘူး။ နံပါတ်တစ် ကိုယ်နဲ့ ကိုယ့် မိသားစု အသက်ရှင်သန်ရေး ဆိုတာကိုပဲ ခေါင်းထဲထည့်နေရတဲ့ ပြည်သူတွေ ဖြစ် နေပါပြီ။

မေး- ကျွန်တော်တို့ ဂျာနယ်ကနေတစ်ဆင့် နိုင်ငံတော် တာဝန်ရှိသူတွေကို သတင်းစကား ဘယ်လို ပါးချင်ပါ သလဲ ခင်ဗျာ။
ဖြေ- ပြောရမယ်ဆိုရင်တော့ဗျာ။ (အစိုးရအနေနဲ့) မမဆောင်း မလုပ်ပါနဲ့လို့နော်။ မမဆောင်းမလုပ်ပါနဲ့။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
စဥ့္ကူးမွ ဒုကၡမ်ား . . . (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဩဂုတ္ ၁

စဥ့္ကူးၿမိဳ႕နယ္အတြင္းႏွင့္ ၿမိဳ႕ကို ဇြန္လဆန္းပိုင္းမွစတင္ကာ MDY-PDF က စတင္ တိုက္ ခိုက္ရာမွ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ေဒသခံျပည္သူအမ်ားအျပားမွာ စစ္ေဘးကို ႐ုတ္တရက္ေတြ႕ႀကဳံၿပီး စစ္ေဘးေရွာင္ဘဝကို ေရာက္ရွိသြားၾကသည့္အျပင္ စစ္ေဘးမေရွာင္ရေသာ ျပည္သူမ်ားမွာလည္း က်ီးလန႔္စာစားဘဝျဖင့္ ေနထိုင္ေနၾကရသည္။ ေခါင္းေပၚဝဲလာမည့္က်ည္ကိုေရွာင္ရင္းရွားရင္ပင္ ကုန္ေဈးႏႈန္းတက္လာျခင္းကို ႀကဳံေနရၿပီး စီးပြားေရးလုပ္ရန္အတြက္လည္း အခက္အခဲမ်ားစြာ ျဖစ္ေနၾက ရပါသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ စဥ့္ကူးၿမိဳ႕နယ္မွ ေဒသခံတစ္ဦးထံ The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို NP News က ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - စဥ့္ကူးၿမိဳ႕မွာ တိုက္ပြဲ မျဖစ္ခင္က PDF တပ္ဖြဲ႕ေတြရဲ႕ ေနရာယူထားပုံအေျခအေနကို အရင္ဆုံး ေျပာျပေပးပါခင္ဗ်ာ။
ေျဖ - ေျပာရမယ္ဆိုရင္ ဒီလို။ PDF ေပါ့ေနာ္။ PDF အဖြဲ႕ေတြက စဥ့္ကူးၿမိဳ႕နဲ႔ေဝးတဲ့ ဧရာဝတီ ျမစ္ ေၾကာတစ္ေလွ်ာက္၊ ဧရာဝတီအေနာက္ဘက္က ဝက္ လက္နယ္နဲ႔ဆက္တဲ့ ႐ြာေတြဘက္မွာ ရွိေနၾကတယ္၊ ေနထိုင္ေနၾကတယ္ဆိုတာကေတာ့ လြန္ခဲ့တဲ့ သုံး ေလးလတည္းက ၾကားေနရတာပါ။ ၿပီးေတာ့ ၿမိဳ႕နဲ႔ ၁၅မိုင္ေလာက္ေဝးတဲ့ ႏြယ္႐ုံ႐ြာဘက္ေတြမွာ၊ အ ေနာက္ဘက္ေတြမွာ ေရာက္ေနၾကတယ္ဆိုတာကို သုံးေလးငါးလတည္းက ၾကားေနရတာပါ။

ေမး- စဥ့္ကူးဘက္ကို လာမယ္လို႔ႀကိဳတင္ၿပီး သတင္း ၾကားရတာေကာရွိပါသလား ခင္ဗ်ာ။
ေျဖ- ရွိတယ္။ ဒီလိုျဖစ္စဥ္မျဖစ္ခင္ ႏွစ္ရက္ေလာက္တည္းက ဘယ္ေန႔ေတာ့ဝင္ေတာ့မယ္ဆိုတာကို အမွန္တကယ္ျဖစ္တဲ့ ျဖစ္စဥ္မတိုင္ခင္ ႏွစ္ႀကိမ္ေလာက္ မွာ ၾကားခဲ့ရဖူးတယ္။ ပထမတစ္ႀကိမ္က ဒီျဖစ္စဥ္ မ တိုင္ခင္က တစ္လေက်ာ္၊ တစ္လခြဲေလာက္ေပါ့။ ဒုတိယက ဒီျဖစ္စဥ္မတိုင္ခင္ရဲ႕ ရက္ႏွစ္ဆယ္ေလာက္ မွာ စဥ့္ကူးၿမိဳ႕သိမ္းတိုက္ပြဲ ဝင္မယ္ဆိုတာကို ၾကား ခဲ့ရဖူးပါတယ္။

ေမး- ျဖစ္စဥ္ စျဖစ္တုန္းက အေျခအေနကို သိသေလာက္ ျပန္ေျပာျပေပးပါခင္ဗ်ာ။
ေျဖ- စဥ့္ကူးၿမိဳ႕ကို Drop bomb ေတြ စခ်တာ။ စခ်ေတာ့ ျပည္သူကေတာ့ အင္မတန္ထိတ္လန႔္ သြား တယ္။ မႏၲေလးဘက္ကိုထြက္တဲ့ လက္ပံလွကေန ငါးမိုင္ေလာက္ေဝးတဲ့ေနရာမွာ သစ္ပင္ေတြခုတ္လွဲၿပီး ပိတ္သြားတယ္။ စစ္ေဘးေရွာင္လို႔ မရေတာ့ဘူး။ အဲဒီ အခ်ိန္မွာေတာ့ လက္ပံလွကေန စဥ့္ကူးၿမိဳ႕ထဲကိုဝင္ၿပီး ေတာ့မွ ေက်ာက္ေျမာင္း၊ ရတနာသခၤ တံတားကို ျဖတ္ သြားမယ္ဆိုရင္ေတာ့ တံတားက ျဖတ္ရေနေသးတယ္။ ေငြေၾကး ခ်မ္းသာသူကစထြက္ေနၿပီ။ ကိုယ္ပိုင္ကား ရွိသူေတြေပါ့။ (၃၀)ရက္ေလာက္မွာ ထြက္လို႔ ရေန ေသးတယ္။ ကားခေဈးႏႈန္းကလည္း အဆမတန္ ျမင့္သြားတာရွိတယ္။ ကားခေတြကလည္း ေ႐ႊ ဘိုဘက္ကထြက္ရလို႔ တစ္ေသာင္းခြဲေလာက္၊ ႏွစ္ ေသာင္း၊ သုံးေသာင္းကေန ရွစ္ေသာင္း၊ တစ္သိန္း အထိျဖစ္ကုန္တယ္။ ဇူလိုင္(၅)ရက္က်ေတာ့ ၾကား တာေတာ့ စဥ့္ကူးၿမိဳ႕ကို င္တဲ့ ႀကိဳ႕ပင္႐ြာတို႔ ဘက္မွာ PDF ေတြက လမ္းကိုစိုးမိုးၿပီး ထြက္ခြင့္မေပးဘူးဆိုၿပီး လမ္းပိတ္သြားေသးတယ္။ အဲဒီရက္ေတြမွာျဖစ္ခဲ့တာ ေပါ့။ ေနာက္ပိုင္းေတာ့ ၿမိဳ႕မွာေနလို႔ အဆင္မေျပ က ေတာ့ စဥ့္ကူးၿမိဳ႕ကလူေတြဟာ နီးစပ္ရာ စဥ့္ကူးမ ဟုတ္တဲ့ ေဘးပတ္ဝန္းက်င္႐ြာေတြကို ခိုလႈံေနၾက တယ္လို႔ သိရတယ္။

ေမး- တိုက္ပြဲမျဖစ္ခင္က စဥ့္ကူးၿမိဳ႕ အေျခအေနကို သိပါရေစခင္ဗ်ာ။
ေျဖ - ပုံမွန္ေလးပဲ ေအးေအးခ်မ္းခ်မ္း လည္ပတ္ေန တာပါပဲ။ သိပ္ခက္ခဲၾကမ္းတမ္းတာလည္းမရွိ၊ လူ လတ္တန္းစား မ်ားပါတယ္။ ပုံမွန္ေလး ေရာင္းဝယ္ ေဖာက္ကားၿပီး ေနၾကတာပါပဲ။ စစ္ျဖစ္သြားေတာ့ အကုန္ပ်က္စီးၿပီး ၿမိဳ႕ကိုျပန္လည္ ထူေထာင္ဖို႔ ေတာင္ မွ အေတာ္မလြယ္သလို ျဖစ္သြားပါၿပီ။ စစ္ကို ေခၚခဲ့ ၾကတဲ့ဟာေတြ ရွိေတာ့ စစ္ေရာက္လာတာေပါ့ဗ်ာ။ စစ္ ေရာက္လာေတာ့ အားလုံးအတြက္ အက်ိဳးမရွိဘဲ စစ္ ကိုလာခဲ့ပါလာခဲ့ပါ ေခၚတဲ့သူေတြလည္း ေျပး၊ မလာပါ ေစနဲ႔ဆိုသူေတြလည္း ေျပးေပါ့။ ေနာက္ဆုံးေတာ့ ျပည္သူပဲ ရႈံးတာပါပဲ။

ေမး - ၾကားျဖတ္ထပ္ေမးတာပါ ခင္ဗ်ာ။ စဥ့္ကူးဟာ အရင္တုန္းကေကာ ၿမိဳ႕သိမ္းတိုက္ပြဲ ႀကီးႀကီးမားမား ႀကဳံဖူးလား။ ၿမိဳ႕ခံေတြကေကာ ဘယ္ေလာက္အထိ စိုးရိမ္ထိတ္လန႔္မႈေတြ ရွိသြားပါသလဲ။
ေျဖ- ကြၽန္ေတာ့္ အသက္ ၅၅ ႏွစ္ ပတ္ခ်ာလည္မွာ တစ္ခါမွမႀကဳံဖူးဘူး။ ကိုယ့္ဘာသာကိုယ္ေတြးၾကည့္ ရင္ ဒုတိယကမာၻစစ္ျဖစ္တုန္းကေတာင္ ဒီေလာက္အ ထိ ႀကဳံမွာမဟုတ္ပါဘူး။ ဒီလိုေတြျဖစ္လာေတာ့ လက္ပံလွဆိုရင္လည္း ေရာင္းဝယ္ေဖာက္ကားၿပီး အရမ္းကို အဆင္ေျပခဲ့တဲ့ေနရာပါ။ မိုးကုတ္၊ မတၱရာ လမ္းမႀကီးရဲ႕ အေရာင္းအဝယ္ေတြ ေဖာက္ကားတာပါ။ ပိုေတာင္မွ စဥ့္ကူးထက္ စီးပြားေရးဖြံ႕ၿဖိဳးပါေသးတယ္။ ဒါေပမဲ့ အခုဆိုရင္ က်ီးလန႔္စာစားနဲ႔ ဘယ္အခ်ိန္ ဘာ ျဖစ္မလဲ ဆိုတာ စိုးရိမ္ေနရတဲ့ အေျခအေနပါပဲ။

ေမး- စစ္ေရွာင္တဲ့ အခါ ေငြေၾကးခ်မ္းသာသူနဲ႔ ခ်ိဳ႕ တဲ့သူ ဘယ္လိုေတြ ကြဲျခားတာျမင္ရပါသလဲ။
ေျဖ- ေငြေၾကး ခ်မ္းသာသူေတြကေတာ့ စစ္ေငြ႕သမ္း ၿပီဆိုတာနဲ႔ ကိုယ့္ကိုယ္ပိုင္ကားေပၚ ပိုင္ဆိုင္မႈ၊ အ တြင္းပစၥည္းတို႔ တင္ၿပီးေတာ့မွလြတ္မယ္ ထင္တဲ့ ေန ရာကို သြားလာႏိုင္တာေပါ့ဗ်ာ။ ေငြေၾကး မခ်မ္းသာတဲ့ သူေတြကေတာ့ ကံအေၾကာင္းတရားဆိုၿပီး ကိုယ့္ေဒ သမွာ ဘုန္းႀကီးေက်ာင္းတို႔၊ ကိုယ့္ေဆြမ်ိဳး နီးစပ္ လြတ္မယ္ထင္တဲ့ေနရာမွာ ေနခဲ့ၾကရတာပါ။

ေမး- စဥ့္ကူးၿမိဳ႕မွာေကာ လူရွိပါေသးလား။
ေျဖ- ကြၽန္ေတာ္ထင္တယ္ ဒီဘက္ကို ေျပးလာသူ ေတြနဲ႔ သိရသေလာက္ေတာ့ ၿမိဳ႕ေပၚမွာ လူမရွိသ ေလာက္ေပါ့။ နည္းနည္းေတာ့ ရွိပါလိမ့္မယ္။ အဲဒီမွာ လည္း သက္ဆိုင္ရာ လုံၿခဳံေရးအဖြဲ႕က အျပည့္အဝ မထိန္းခ်ဳပ္ႏိုင္သလို PDF အဖြဲ႕ေတြကေတာ့ အမ်ားစုထိန္းခ်ဳပ္ထားတဲ့ သေဘာပါပဲ။ (၂၁) ရက္ အထိ ၾကားသိေနရတဲ့ အေျခအေနေပါ့။

ေမး- တိုက္ပြဲေတြေၾကာင့္ စဥ့္ကူးေဒသဘက္မွာ ေဒသခံေတြရဲ႕ လူမႈေရး စီးပြားေရးက ဘယ္လိုျဖစ္ေနပါသလဲ။
ေျဖ- စီးပြားေရးကေတာ့ ဆက္စပ္ေနတာဆိုေတာ့ အကုန္ပ်က္တာေပါ့။ လူမႈေရးအရ ေျပာမယ္ဆိုရင္ အကုန္ဒုကၡေရာက္တာေပါ့ဗ်ာ။ ျပည္သူေတြေရာ အကုန္လုံး။ ၿမိဳ႕တင္ ဒုကၡေရာက္တာ မဟုတ္ ပါဘူး။ တစ္ၿမိဳ႕နယ္လုံး ႐ြာေတြမွာလည္း ဒုကၡေတြပါပဲ။ စဥ့္ကူးဆိုတာက ျမန္မာႏိုင္ငံရဲ႕ဗဟိုခ်က္မလို႔ ေျပာ လို႔ရတာေပါ့ဗ်ာ။ ဧရာဝတီျမစ္ကမ္းေဘးေပါ့။ ဒီလိုေတြ ျဖစ္လာလိမ့္မယ္လို႔ကို တစ္ခါမွလည္း မေတြးဖူးပါဘူး။ ရွမ္းေျမာက္မွာျဖစ္တယ္၊ နမ့္ခမ္းမွာ ျဖစ္တယ္၊ မူဆယ္မွာ ျဖစ္တယ္ဆိုေတာ့ ဒီေလာက္ႀကီး အထိကြာ ဒီလူေတြ မေရာက္လာႏိုင္ပါဘူးေပါ့။ ထိုးေဖာက္ဝင္ေရာက္ၿပီး ၿမိဳ႕သိမ္းတာျဖစ္ဖို႔ အင္မတန္ ခဲယဥ္းတယ္လို႔ ထင္ခဲ့တာပါ။ သို႔ေသာ္ မူလက ေျပာခဲ့သလိုမ်ိဳး ဒီလိုအင္အားေတြ ၿမိဳ႕နဲ႔ မနီးမေဝးမွာ ေရာက္တယ္ဆိုတာ လြန္ခဲ့တဲ့ သုံးေလးလတည္းက ၾကားေနတာေပါ့။

ေမး- စဥ့္ကူးၿမိဳ႕က ၾကားသေလာက္ဆို ဘယ္ေလာက္ အထိ ပ်က္စီးသြားပါသလဲ။
ေျဖ- ၿမိဳ႕ကေတာ့ မီးေလာင္တာေတြလည္း ရွိတယ္။ ၾကားရတာေပါ့။ ၿမိဳ႕ကေတာ့ ေျပာရမယ္ဆိုရင္ ငါး ဆယ္ရာခိုင္ႏႈန္းအထက္ ပ်က္စီးသြားတဲ့ သေဘာပါပဲ။ ျပန္လည္ထူေထာင္ဖို႔ေတာင္ ေတာ္ေတာ္ေလး ႐ုန္း ကန္ယူရမွာပါ။ ငါးဆယ္ရာခိုင္ႏႈန္း အထက္မွာပဲ ရွိ တာပါ။ ဘုံသာေခ်ာင္းရဲ႕ အေနာက္ဘက္မွာ ရွမ္းေတာ ရပ္ဆိုတာ ရွိတယ္ဗ်။ သူတို႔က လူလတ္တန္းစားေတြ မ်ားပါတယ္။ အဲဒီဟာေတြအကုန္ မီးေလာင္သြား တယ္။ ေ႐ႊမုေဌာဘုရားရဲ႕ ျမစ္ကမ္းတစ္ေလွ်ာက္၊ ဧရာ ဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ေတာင္ဘက္ကိုသြားရင္ ေတာ့ အေျခခံလူတန္းစား နည္းနည္းမ်ားတယ္။ အဲဒီ ဘက္ေတြလည္း မီးေလာင္ကုန္တယ္ ၾကားတယ္။ စဥ့္ ကူးၿမိဳ႕လယ္ လမ္းေလးခြေလးရွိတယ္။ ၿမိဳ႕လယ္ဆို တာ မ်ားေသာအားျဖင့္ ပိုက္ဆံရွိတဲ့သူေတြေနၾကတာ ေပါ့။ အဲဒီဘက္တစ္ေၾကာလည္း မီးေလာင္သြားတယ္ ၾကားတယ္။ စဥ့္ကူးၿမိဳ႕က ေသးပါတယ္။ ၿမိဳ႕က ႐ုံး စိုက္တယ္။ စဥ့္ကူးၿမိဳ႕ရဲ႕အက်ယ္အဝန္းနဲ႔ ေလာင္ သြားတာ၊ မ်က္စိနဲၾကည့္ရင္ ငါးဆယ္ ရာခိုင္ႏႈန္း အထက္ေတာ့ ပ်က္စီးသြားပါၿပီ။ ဒါေတြကို ျပန္လည္ ထူေထာင္ဖို႔ဆိုရင္ ခုနကေျပာတဲ့ လူလတ္တန္းစားနဲ႔ အေျခခံ လူတန္းစားမ်ားၿပီး ႐ုံးစိုက္လို႔သာ ဖြံ႕ၿဖိဳးေနတဲ့ ၿမိဳ႕ေလးမွာ မလြယ္ပါဘူး။ အိမ္တစ္လုံး ျဖစ္ဖို႔ကိုက ေျပာရမယ္ဆိုရင္ ဆယ္ႏွစ္၊ ဆယ့္ငါးႏွစ္ျဖစ္ေအာင္ တည္ေဆာက္ခဲ့ၾကရတာဗ်ာ။

ေမး- စဥ့္ကူးၿမိဳ႕နယ္ အေျခအေနေပါ့။ အခု တိုက္ပြဲ ေတြေၾကာင့္ ထိခိုက္မႈေတြနဲ႔ ေဒသခံေတြဟာ ဘယ္ လို အေျခအေနကို ဆိုက္ေရာက္ေနပါသလဲ။
ေျဖ- ဘယ္တည္ၿငိမ္မလဲ။ အခုဆိုရင္ လက္ပံလွ နားမွာ တစ္ခါတေလ လက္နက္ႀကီးက်တာေတြ ဘာ ေတြရွိတယ္။ ရွိေတာ့ အားလုံးက ထိတ္လန႔္ေနၾက တာေပါ့။ အရင္လို ပုံမွန္ေရာင္းဝယ္၊ ေဖာက္ကား စား ေသာက္ေနတဲ့ ပုံစံမျဖစ္ေတာ့ဘဲနဲ႔ ေနာက္ဆုံးစားဝတ္ ေနေရးအတြက္ လူေတြလုပ္ငန္း မလုပ္ႏိုင္ၾကေတာ့ ဘူး။ ကိုယ့္လုပ္ငန္းခြင္ကို ပုံမွန္ မဝင္ႏိုင္ၾကေတာ့ဘူး။ ေျပာရမယ္ဆိုရင္ စက္သုံးဆီတို႔ စားေရးျပႆနာအ ထိေပါ့။ မိုးကုတ္ဘက္ကလည္း ကြၽန္ေတာ္တို႔ဆီ ကုန္ စည္စီးဆင္းမႈ မရွိေတာ့ဘူး။ ေ႐ႊဘိုဘက္ကလည္း ပိတ္သြားၿပီ။ မႏၲေလးဘက္ကလည္း ပိတ္သြားတဲ့ ကာ လမွာ စဥ့္ကူးၿမိဳ႕နယ္ဟာ ကုန္စည္စီးဆင္းမႈ ျပတ္ ေတာက္တယ္။ စက္သုံးဆီ ျပတ္ေတာက္တယ္။ အခု ဆိုရင္ ဓာတ္ဆီတစ္လီတာကို တစ္ေသာင္းေက်ာ္ ျမင့္သြားၿပီ။ ကုန္စည္က ဝယ္လို႔ရေသးရင္ကိုေက်းဇူးတင္ ေနရတယ္။ ေဈးႏႈန္းကေတာ့ ေျပာလို႔မရေတာ့ဘူး။

ေမး- စဥ့္ကူး၊ ေက်ာက္မဲ၊ မတၱရာကဘက္က ျပည္ သူေတြ အေနနဲ႔ ပုံမွန္ေနထိုင္မႈမွာ စားဝတ္ေနေရးက လြဲရင္ ဘယ္လိုအခက္အခဲကို ႀကဳံေတြ႕ေနရပါသလဲ။ ၾကားရသမွ်ေပါ့။
ေျဖ- ၾကားရသေလာက္ကေတာ့ ေနရ၊ ထိုင္ရ က ေတာ့ ဘယ္လိုမွကို အဆင္မေျပဘူး။ ဥပေဒ စိုးမိုးမႈ ဆိုတာ မရွိေတာ့ဘူး။ ဥပေဒ စိုးမိုးမႈ မရွိေတာ့ ဘယ္ PDF ကမ်ား ဥပမာ TNLA / PDF ကမ်ား ငါ့ ကို ဒလန္အျဖစ္နဲ႔ စစ္တပ္သတင္းေပးဆိုၿပီး လာ ေခၚၿပီးသတ္မလားေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ အဲ ဒီလိုမ်ိဳး စိုးရိမ္တာက တပ္နဲ႔ရဲနဲ႔က မရွိေတာ့ဘူး။ တပ္နဲ႔ရဲနဲ႔ကေတာ့ မသတ္ႏိုင္တာ ေသခ်ာတယ္ေလ။ ရွိ တာက ဒီအဖြဲ႕ေတြ ရွိေနတာ ဆိုေတာ့ ဥပေဒဆိုတာ မရွိဘူးေပါ့။ ဘာမွ ျပ႒ာန္းခ်က္မရွိဘူး။ ဒီေကာင္ ဒလန္ ဖမ္းခ်ဳပ္တယ္ဆိုရင္ လိုက္သြားရမွာ။ လိုက္သြားလို႔ သတ္လိုက္တယ္ဆိုတာက ဥပေဒ စိုးမိုးတယ္ ဆိုရင္ တရား႐ုံးေတြ ဘာေတြမွာ ေခ်ပခြင့္ ရွိၿပီးေတာ့မွ ေျပာလို႔ ရမွာေလ။ အခုဟာက ေခ်ပခြင့္လည္း မရွိ ဘူး။ သူတို႔အျမင္မွာ ဒီေကာင္ဒလန္ပဲဆိုၿပီး ဖမ္း သြားမယ္၊ ခ်ဳပ္ထားမယ္၊ စစ္ေၾကာေရးလုပ္ရင္ ခံရမွာ ပဲေလ။ အရာရာဟာ က်ီးလန႔္စာစားပါပဲဗ်ာ။ ျပည္သူေတြအေနနဲ႔ ေနရထိုင္ရတာ ေတာ္ေတာ္ေလး ေခ်ာက္ခ်ားရပါတယ္။ ဒီကိစၥႀကီးကိုလည္း ၿပီးသြားေစခ်င္ပါၿပီ။

ေမး- လက္ရွိ အခုလိုတိုက္ပြဲျဖစ္ၿပီး လူမႈစီးပြား ဘဝ ေတြ ထိခိုက္မိသြားတဲ့အခါမွာ ထိခိုက္တာေတြ ပုံမွန္ ျပန္ျဖစ္ဖို႔ ဘယ္ေလာက္ၾကာမယ္ထင္ပါသလဲ။ စီးပြား ေရး လုပ္ငန္းရွင္ေတြကေကာ ဘယ္လိုေတာင့္ခံေန ၾကပါသလဲ။
ေျဖ- ပုံမွန္ဆိုတာကေတာ့ တည္ၿငိမ္တဲ့ အေျခအေန ျဖစ္ဖို႔ ေနာက္ႏွစ္အထိမလြယ္ပါဘူး။ အကုန္လုံး ပ်က္ ၾကတာပါပဲ။ ႀကီးတဲ့ေကာင္ကေတာ့ နည္းနည္း ေတာင့္ခံႏိုင္မယ္။ ကြၽန္ေတာ္တို႔လို လူလတ္တန္းစား၊ သာမန္ေတြက ပိုပ်က္မယ္။ ရွိတဲ့သူေတြက ထြက္ေျပး သြားၿပီေလ။ မႏၲေလးတို႔ ရန္ကုန္တို႔ သြားၾကၿပီေလ။ မေျပးတဲ့သူေတြကေတာ့ ဒီေဒသမွာပဲေပါ့ဗ်ာ။ ဒီနယ္ ေျမမွာပဲ ကံတရားကိုပဲ ဘုရားတရားနဲ႔ ေနၾကမွာေပါ့။ လက္ရွိေတာ့ အေရာင္းအဝယ္ေတြက မလြယ္ေတာ့ ဘူးေလ။ လွ်ပ္စစ္မီးကလည္းမရတာ တစ္လနီးပါး ျဖစ္သြားၿပီ။ လုံးလုံးမရေတာ့တာ။ လြန္ခဲ့တဲ့ ႏွစ္လ သုံးလေလာက္ရခဲ့တုန္းကလည္း ည ဆယ္နာရီ ေလာက္လာ၊ မနက္ ၄ နာရီေလာက္ ပ်က္သြား ဆို တာမ်ိဳးဆိုေတာ့ အဲဒီအခ်ိန္မွာလည္း စီးပြားေရး ေကာင္းေကာင္း မလုပ္ႏိုင္ခဲ့ၾကပါဘူး။ စိုက္ပ်ိဳးေရး ေလးနဲ႔ တျခား ဘာညာနဲ႔ပဲ လုပ္ခဲ့ၾကတဲ့ ေနရာေလးပါ။ အခုအေနအထားကေတာ့ ေနာက္ထပ္တစ္ႏွစ္ ေလာက္အထိ ဒါေတာင္မွဘာမွန္းမသိေသးဘူး။ တိုက္ပြဲေတြ ဆယ္ႏွစ္ေလာက္အထိ ျဖစ္ေနရင္ ဆယ္ ႏွစ္ေလာက္ ျဖစ္မွာပဲ။ တိုက္ပြဲေတြ ျဖစ္ေနရင္ ကိုယ့္ အသက္မေသကံေကာင္းလို႔ ထားရေတာ့မွာပါပဲ။ စီးပြား ေရးဆိုတာေတာင္ ေခါင္းထဲ မထည့္ႏိုင္ေတာ့ပါဘူး။ နံပါတ္တစ္ ကိုယ္နဲ႔ ကိုယ့္ မိသားစု အသက္ရွင္သန္ေရး ဆိုတာကိုပဲ ေခါင္းထဲထည့္ေနရတဲ့ ျပည္သူေတြ ျဖစ္ ေနပါၿပီ။

ေမး- ကြၽန္ေတာ္တို႔ ဂ်ာနယ္ကေနတစ္ဆင့္ ႏိုင္ငံေတာ္ တာဝန္ရွိသူေတြကို သတင္းစကား ဘယ္လို ပါးခ်င္ပါ သလဲ ခင္ဗ်ာ။
ေျဖ- ေျပာရမယ္ဆိုရင္ေတာ့ဗ်ာ။ (အစိုးရအေနနဲ႔) မမေဆာင္း မလုပ္ပါနဲ႔လို႔ေနာ္။ မမေဆာင္းမလုပ္ပါနဲ႔။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.