အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပါက မြန်မာ့အရေးတွင် အမေရိကန်ဖိအား လျော့ကျနိုင်ဖွယ်ရှိကြောင်း မျှော်လင့်
1177
သန့်ဇင် (NP News) - ဩဂုတ် ၁
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့် သမ္မတအဖြစ်အနိုင်ရပါက မြန်မာ့အရေးတွင် အမေရိကန်ဖိအား လျော့ ကျနိုင်ဖွယ်ရှိကြောင်း သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက NP News မှတစ်ဆင့် သုံးသပ်ပြောကြားသည်။
လက်ရှိတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်ထားပြီး အချို့ပိတ်ဆို့မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများက ဝေဖန်မှုများလည်းရှိနေ သည်။ အမေရိကန်နိုင်ငံတွင် ဒီမိုကရက်ပါတီမှ သမ္မတများတက်လာပါက မြန် မာ့အရေးနှင့်ပတ်သက်၍ နှိပ်ကွပ်မှုများစွာရှိကြောင်းလည်း ဦးသိန်းထွန်းဦးကဆိုသည်။
“ဒီမိုကရက်ဆိုတာနဲ့ ဘာလဲဆိုတော့ လစ်ဘရယ်တွေ၊ လူ့အခွင့်အရေးတွေ ထုံးစံအတိုင်းပေါ့လေ။ အနောက်ဘက်ကလုပ်နေကြဟာတွေ အကုန်လုံးနဲ့ ပိတ်တာများတော့ ဒီမိုကရက်တွေက အနိုင်ရသွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပိတ်ဆို့မှုတွေထပ်တိုးတာတွေ လာလိမ့်မယ်။ ဒီမိုကရက်တစ်ရဲ့လုပ်ပုံလုပ်နည်းက ဘာလဲဆိုတော့ သူတို့ပြောတဲ့ ဒီမိုကရေစီပေါ့နော်။ သူတို့စိတ်တိုင်းကျ ဒီမိုကရေစီဆိုရင်တော့ သူတို့ဆီကအခွင့်အရေးရမယ်။ သူတို့စိတ်တိုင်းကျဒီမိုကရေစီ မဟုတ်ဘူးဆိုရင်တော့ အခွင့်အရေးမပေးဘူး။ ဒါမျိုးနဲ့သွားတာပေါ့”ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
ရီပတ်ဘလစ်ကန်ပါတီဘက်မှ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်သမ္မတဖြစ်လာပါက မြန်မာ့နိုင်ငံရေးတွင် သက်သာဖွယ်ရှိကြောင်းလည်း ၎င်းကသုံးသပ်ပြောကြားသည်။ “ထရမ့်က တရုတ်နဲ့ပတ်သက်ပြီး Trade war လည်းဆင်ခဲ့ဘူးတာဆိုတော့ သူဘယ်လိုပုံစံမျိုးနဲ့လုပ်ဦးမလဲပေါ့လေ။ Trade war ကိုမသုံးတော့ပဲနဲ့ နိုင်ငံရေးအရ ညှိမယ်ဆိုရင်တော့ မြန်မာနိုင်ငံကို Point တစ်ခုအနေနဲ့များထပ်သုံးမလား။ အဲဒီတစ်ချက်တော့ စဉ်းစားစရာရှိတယ်။ သို့သော်ယေဘုယျအားဖြင့်တော့ ဒီမိုကရက်တစ်တက်လာရင်တော့ သေချာတယ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူတို့ရဲ့ပိတ်ဆို့မှုတို့ ဘာတို့ အမြဲတမ်း နိုင်ငံရေးအရဖိနှိပ်မှုတို့ ဖိအားပေးမှုတို့ဒါတွေက လာနေဦးမှာပဲ။ ထရမ့် တက်လာတဲ့အချိန်မှာတော့ တရုတ်နဲ့ ပတ်သက်လို့ သူတို့ရဲ့ မူဝါဒက ပူးပေါင်းဆောင်ရွက်ရေးပုံစံမျိုးကိုသွားမယ်ဆိုရင်တော့ သေချာတယ်မြန်မာကတော်တော်လေး သက်သာသွားပါလိမ့်မယ်”ဟု ၎င်းက ဆက်လက်ပြော သည်။
အမေရိကန်အနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ စိတ်ဝင်စားမှုလျော့ကျသွားပါက နိုင်ငံအတွင်းစည်းလုံးမှုပြန်လည် တည်ဆောက်ရာတွင် ပိုမိုအဆင် ပြေနိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။
zawgyi version
အေမရိကန္ေ႐ြးေကာက္ပြဲတြင္ ေဒၚနယ္ထရမ့္အႏိုင္ရပါက ျမန္မာ့အေရးတြင္ အေမရိကန္ဖိအား ေလ်ာ့က်ႏိုင္ဖြယ္ရွိေၾကာင္း ေမွ်ာ္လင့္
သန႔္ဇင္ (NP News) - ဩဂုတ္ ၁
အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲတြင္ ရီပတ္ဘလစ္ကန္ပါတီမွ ေဒၚနယ္ထရမ့္ သမၼတအျဖစ္အႏိုင္ရပါက ျမန္မာ့အေရးတြင္ အေမရိကန္ဖိအား ေလ်ာ့ က်ႏိုင္ဖြယ္ရွိေၾကာင္း ေသနဂၤဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာဦးသိန္းထြန္းဦးက NP News မွတစ္ဆင့္ သုံးသပ္ေျပာၾကားသည္။
လက္ရွိတြင္ အေမရိကန္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ပိတ္ဆို႔အေရးယူမႈမ်ားကို ေဆာင္႐ြက္ထားၿပီး အခ်ိဳ႕ပိတ္ဆို႔မႈမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးအင္အားစုမ်ားက ေဝဖန္မႈမ်ားလည္းရွိေန သည္။ အေမရိကန္ႏိုင္ငံတြင္ ဒီမိုကရက္ပါတီမွ သမၼတမ်ားတက္လာပါက ျမန္ မာ့အေရးႏွင့္ပတ္သက္၍ ႏွိပ္ကြပ္မႈမ်ားစြာရွိေၾကာင္းလည္း ဦးသိန္းထြန္းဦးကဆိုသည္။
“ဒီမိုကရက္ဆိုတာနဲ႔ ဘာလဲဆိုေတာ့ လစ္ဘရယ္ေတြ၊ လူ႔အခြင့္အေရးေတြ ထုံးစံအတိုင္းေပါ့ေလ။ အေနာက္ဘက္ကလုပ္ေနၾကဟာေတြ အကုန္လုံးနဲ႔ ပိတ္တာမ်ားေတာ့ ဒီမိုကရက္ေတြက အႏိုင္ရသြားမယ္ဆိုရင္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ ပိတ္ဆို႔မႈေတြထပ္တိုးတာေတြ လာလိမ့္မယ္။ ဒီမိုကရက္တစ္ရဲ႕လုပ္ပုံလုပ္နည္းက ဘာလဲဆိုေတာ့ သူတို႔ေျပာတဲ့ ဒီမိုကေရစီေပါ့ေနာ္။ သူတို႔စိတ္တိုင္းက် ဒီမိုကေရစီဆိုရင္ေတာ့ သူတို႔ဆီကအခြင့္အေရးရမယ္။ သူတို႔စိတ္တိုင္းက်ဒီမိုကေရစီ မဟုတ္ဘူးဆိုရင္ေတာ့ အခြင့္အေရးမေပးဘူး။ ဒါမ်ိဳးနဲ႔သြားတာေပါ့”ဟု ဦးသိန္းထြန္းဦးက ဆိုသည္။
ရီပတ္ဘလစ္ကန္ပါတီဘက္မွ ေဒၚနယ္ထရမ့္အေနျဖင့္ အေမရိကန္သမၼတျဖစ္လာပါက ျမန္မာ့ႏိုင္ငံေရးတြင္ သက္သာဖြယ္ရွိေၾကာင္းလည္း ၎ကသုံးသပ္ေျပာၾကားသည္။ “ထရမ့္က တ႐ုတ္နဲ႔ပတ္သက္ၿပီး Trade war လည္းဆင္ခဲ့ဘူးတာဆိုေတာ့ သူဘယ္လိုပုံစံမ်ိဳးနဲ႔လုပ္ဦးမလဲေပါ့ေလ။ Trade war ကိုမသုံးေတာ့ပဲနဲ႔ ႏိုင္ငံေရးအရ ညႇိမယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံကို Point တစ္ခုအေနနဲ႔မ်ားထပ္သုံးမလား။ အဲဒီတစ္ခ်က္ေတာ့ စဥ္းစားစရာရွိတယ္။ သို႔ေသာ္ေယဘုယ်အားျဖင့္ေတာ့ ဒီမိုကရက္တစ္တက္လာရင္ေတာ့ ေသခ်ာတယ္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ သူတို႔ရဲ႕ပိတ္ဆို႔မႈတို႔ ဘာတို႔ အၿမဲတမ္း ႏိုင္ငံေရးအရဖိႏွိပ္မႈတို႔ ဖိအားေပးမႈတို႔ဒါေတြက လာေနဦးမွာပဲ။ ထရမ့္ တက္လာတဲ့အခ်ိန္မွာေတာ့ တ႐ုတ္နဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕ မူဝါဒက ပူးေပါင္းေဆာင္႐ြက္ေရးပုံစံမ်ိဳးကိုသြားမယ္ဆိုရင္ေတာ့ ေသခ်ာတယ္ျမန္မာကေတာ္ေတာ္ေလး သက္သာသြားပါလိမ့္မယ္”ဟု ၎က ဆက္လက္ေျပာ သည္။
အေမရိကန္အေနျဖင့္ ျမန္မာ့အေရးႏွင့္ပတ္သက္၍ စိတ္ဝင္စားမႈေလ်ာ့က်သြားပါက ႏိုင္ငံအတြင္းစည္းလုံးမႈျပန္လည္ တည္ေဆာက္ရာတြင္ ပိုမိုအဆင္ ေျပႏိုင္ဖြယ္ရွိေၾကာင္း ၎ကေျပာသည္။