ချင်ပန်ဇီမျောက်တွေက အမူအရာတွေအသုံးပြုကာ လူသားတွေကဲ့သို့ ဆက်သွယ်နိုင်ကြောင်း လေ့လာမှုတစ်ခုတွင်တွေ့ရှိ
840
Pika (NP News) - ဩဂုတ် ၁
ချင်ပန်ဇီမျောက်များနှင့်လူသားများ၏ ဒီအန်အေသည်(၉၈ ဒသမ ၈) ရာခိုင် နှုန်းတူညီမှုရှိပြီး ချင်ပန်ဇီမျောက်များသည် လူသားများကဲ့သို့ပင် ဟန်ပန် အမူအရာများဖြင့်ဆက်သွယ်ရန် သင်ယူနိုင်စွမ်းရှိကြောင်း သုတေသန အသစ်များအရ သိရသည်။ ချင်ပန်ဇီမျောက်များသည် လူများကဲ့သို့ပင် တစ်ဦးနှင့် တစ်ဦးဆက်သွယ်သည့်အမူအရာများကို လုပ်ဆောင်နိုင်ကြောင်း Current Biology ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုအသစ်များအရသိရသည်။
လေ့လာမှုလုပ်ဆောင်ခဲ့သူ ဂယ်လ်ဘာဒီဟီက ‘‘ချင်ပန်ဇီတွေရဲ့ ဆက်သွယ်တဲ့အမူအရာတွေနဲ့ လူသားတွေရဲ့ စကားပြော ဆိုဆက်သွယ်ပုံတွေဟာ ဆင်တူနေတာ ကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ ဒီလိုဆင့်ကဲဖြစ်စဉ် တွေအရ ချင်ပန်ဇီတွေဟာ ဟန်ပန်အမူအရာတွေ အသုံးပြုပြီး လူသားတွေနဲ့ဆက်သွယ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်” ဟုပြောဆိုခဲ့သည်။ သုတေသီများသည် အရှေ့အာဖရိကရှိ ဒေသ(၅)ခုတွင်နေ ထိုင်သော မျောက်ဝံမျိုးစိတ်များကပြုလုပ်သည့် အမူအရာ (၈၅၀ဝ)ကျော်ကို ခွဲခြမ်းစိတ်ဖြာမှုများလုပ် ဆောင်ခဲ့ကြောင်းသိရသည်။
ထို့နောက် ချင်ပန်ဇီမျောက် နှစ်ကောင်ကြား ဆက်သွယ်ပုံများ၏ (၁၄) ရာခိုင်နှုန်းတွင် ဟန်ပန်အမူအရာများပါဝင်သည်ကို သုတေသီများကတွေ့ရှိခဲ့ကြောင်းသိရ သည်။ ထို့ပြင် ချင်ပန်ဇီ မျောက်နှစ်ကောင်ကြားဆက်သွယ်မှုများအတွင်း (၁၂၀)မီလီစက္ကန့်တွင် လူသားများ၏ စကား ပြောဆို တုံ့ပြန်ပုံနှင့် ဆင်တူနေသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။ သုတေသီများက‘‘ဒီထက်ပိုပြီးသိရှိ နိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ ချင်ပန်ဇီမျောက်တွေနဲ့ ဆက်စပ်တဲ့မျိုးစိတ်တွေမှာ ဘယ်လိုဆက်သွယ်မှု တွေလုပ်ဆောင် ကြလဲဆိုတာကို လေ့လာမှုတွေလုပ် ဆောင်ဖို့လိုအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
zawgyi version
ခ်င္ပန္ဇီေမ်ာက္ေတြက အမူအရာေတြအသုံးျပဳကာ လူသားေတြကဲ့သို႔ ဆက္ သြယ္ႏိုင္ေၾကာင္း ေလ့လာမႈတစ္ခုတြင္ေတြ႕ရွိ
Pika (NP News) - ဩဂုတ္ ၁
ခ်င္ပန္ဇီေမ်ာက္မ်ားႏွင့္လူသားမ်ား၏ ဒီအန္ေအသည္(၉၈ ဒသမ ၈) ရာခိုင္ ႏႈန္းတူညီမႈရွိၿပီး ခ်င္ပန္ဇီေမ်ာက္မ်ားသည္ လူသားမ်ားကဲ့သို႔ပင္ ဟန္ပန္ အမူအရာမ်ားျဖင့္ဆက္သြယ္ရန္ သင္ယူႏိုင္စြမ္းရွိေၾကာင္း သုေတသန အသစ္မ်ားအရ သိရသည္။ ခ်င္ပန္ဇီေမ်ာက္မ်ားသည္ လူမ်ားကဲ့သို႔ပင္ တစ္ဦးႏွင့္ တစ္ဦးဆက္သြယ္သည့္အမူအရာမ်ားကို လုပ္ေဆာင္ႏိုင္ေၾကာင္း Current Biology ဂ်ာနယ္တြင္ ေဖာ္ျပထားေသာ ေလ့လာမႈအသစ္မ်ားအရသိရသည္။
ေလ့လာမႈလုပ္ေဆာင္ခဲ့သူ ဂယ္လ္ဘာဒီဟီက ‘‘ခ်င္ပန္ဇီေတြရဲ႕ ဆက္သြယ္တဲ့အမူအရာေတြနဲ႔ လူသားေတြရဲ႕ စကားေျပာ ဆိုဆက္သြယ္ပုံေတြဟာ ဆင္တူေနတာ ကို ကြၽန္ေတာ္တို႔ေတြ႕ရွိခဲ့ပါတယ္။ ဒီလိုဆင့္ကဲျဖစ္စဥ္ ေတြအရ ခ်င္ပန္ဇီေတြဟာ ဟန္ပန္အမူအရာေတြ အသုံးျပဳၿပီး လူသားေတြနဲ႔ဆက္သြယ္ႏိုင္တယ္ဆိုတာကို ၫႊန္ျပေနပါတယ္” ဟုေျပာဆိုခဲ့သည္။ သုေတသီမ်ားသည္ အေရွ႕အာဖရိကရွိ ေဒသ(၅)ခုတြင္ေန ထိုင္ေသာ ေမ်ာက္ဝံမ်ိဳးစိတ္မ်ားကျပဳလုပ္သည့္ အမူအရာ (၈၅၀ဝ)ေက်ာ္ကို ခြဲျခမ္းစိတ္ျဖာမႈမ်ားလုပ္ ေဆာင္ခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ ခ်င္ပန္ဇီေမ်ာက္ ႏွစ္ေကာင္ၾကား ဆက္သြယ္ပုံမ်ား၏ (၁၄) ရာခိုင္ႏႈန္းတြင္ ဟန္ပန္အမူအရာမ်ားပါဝင္သည္ကို သုေတသီမ်ားကေတြ႕ရွိခဲ့ေၾကာင္းသိရ သည္။ ထို႔ျပင္ ခ်င္ပန္ဇီ ေမ်ာက္ႏွစ္ေကာင္ၾကားဆက္သြယ္မႈမ်ားအတြင္း (၁၂၀)မီလီစကၠန႔္တြင္ လူသားမ်ား၏ စကား ေျပာဆို တုံ႔ျပန္ပုံႏွင့္ ဆင္တူေနသည္ကို သုေတသီမ်ားက ေတြ႕ရွိခဲ့သည္။ သုေတသီမ်ားက‘‘ဒီထက္ပိုၿပီးသိရွိ ႏိုင္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ဟာ ခ်င္ပန္ဇီေမ်ာက္ေတြနဲ႔ ဆက္စပ္တဲ့မ်ိဳးစိတ္ေတြမွာ ဘယ္လိုဆက္သြယ္မႈ ေတြလုပ္ေဆာင္ ၾကလဲဆိုတာကို ေလ့လာမႈေတြလုပ္ ေဆာင္ဖို႔လိုအပ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။