ထောက်ကြံ့တွင် လမ်းပြောင်းပြန်မောင်းလာသော YBS 35 နှင့် စက်ရုံဖယ်ရီကားတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေဆုံးကာ လူ(၃၀)ကျော် ထိခိုက်ဒဏ်ရာရ

 1445

သန့်ဇင် (NP News) - ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့တွင် လမ်းပြောင်း ပြန်မောင်းလာသော YBS 35 နှင့် စက်ရုံဖယ်ရီကားတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေဆုံးကာ လူ(၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်အား သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတစ်သင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဇူလိုင်လ ၃၁ ရက်)၊ ည ၇နာရီအချိန်ခန့်က ထောက်ကြံ့မြို့နယ်၊ နွယ်ခွေလမ်းမကြီး၊ CNG ဂတ်စ်ဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“YBS 35 ကလမ်းပြောင်းပြန်မောင်းလာတာ။ အထည့်ချုပ်စက်ရုံဖယ်ရီးကားက လမ်းမှန်တယ်။ အဲဒီမှာ အတည့်တိုက်မိတာ။ အရှိန်များတယ်လို့ ယူဆရတယ်။ စက်ရုံဖယ်ရီကားသမားက ဆေးရုံမှာပဲဆုံးသွားတယ်”ဟု အထက်ပါလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦး NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၄၃)နှစ်အရွယ်ရှိ အထည်ချုပ် စက်ရုံဖယ်ရီကား ယာဉ်မောင်းမှာ ကားခေါင်းအတွင်း ညပ်နေသဖြင့် ဆွဲထုပ် ၍ အင်းစိန်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အထည့်ချုပ်စက်ရုံဖယ်ရီကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၀)ဦးအပြင် YBS 35 ကားပေါ်မှ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပုလဲအရန်မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကူညီရေးအသင်းများပူးပေါင်းကာ မေဓါဝီဆေးရုံနှင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေထာက္ႀကံ့တြင္ လမ္းေျပာင္းျပန္ေမာင္းလာေသာ YBS 35 ႏွင့္ စက္႐ုံဖယ္ရီကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသဆုံးကာ လူ(၃၀)ေက်ာ္ ထိခိုက္ဒဏ္ရာရ

သန႔္ဇင္ (NP News) - ဩဂုတ္ ၁

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ႀကံ့ၿမိဳ႕တြင္ လမ္းေျပာင္း ျပန္ေမာင္းလာေသာ YBS 35 ႏွင့္ စက္႐ုံဖယ္ရီကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသဆုံးကာ လူ(၃၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျဖစ္စဥ္အား သြားေရာက္ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းတစ္သင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇူလိုင္လ ၃၁ ရက္)၊ ည ၇နာရီအခ်ိန္ခန႔္က ေထာက္ႀကံ့ၿမိဳ႕နယ္၊ ႏြယ္ေခြလမ္းမႀကီး၊ CNG ဂတ္စ္ဆိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“YBS 35 ကလမ္းေျပာင္းျပန္ေမာင္းလာတာ။ အထည့္ခ်ဳပ္စက္႐ုံဖယ္ရီးကားက လမ္းမွန္တယ္။ အဲဒီမွာ အတည့္တိုက္မိတာ။ အရွိန္မ်ားတယ္လို႔ ယူဆရတယ္။ စက္႐ုံဖယ္ရီကားသမားက ေဆး႐ုံမွာပဲဆုံးသြားတယ္”ဟု အထက္ပါလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦး NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၄၃)ႏွစ္အ႐ြယ္ရွိ အထည္ခ်ဳပ္ စက္႐ုံဖယ္ရီကား ယာဥ္ေမာင္းမွာ ကားေခါင္းအတြင္း ညပ္ေနသျဖင့္ ဆြဲထုပ္ ၍ အင္းစိန္ေဆး႐ုံသို႔ပို႔ေဆာင္ကာ ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အထည့္ခ်ဳပ္စက္႐ုံဖယ္ရီကားေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း (၃၀)ဦးအျပင္ YBS 35 ကားေပၚမွ အမ်ိဳးသမီးတစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ပုလဲအရန္မီးသတ္တပ္ဖြဲ႕အပါအဝင္ လူမႈကူညီေရးအသင္းမ်ားပူးေပါင္းကာ ေမဓါဝီေဆး႐ုံႏွင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.