မလေးရှားသီချင်းနှင့်ရုပ်ရှင် icon နိုနာအာဆာယာ အသက်(၉၄)နှစ်အရွယ်ဖြင့် ကွယ်လွန်
491
Pika (NP News) - ဩဂုတ် ၁
မလေးရှားသီချင်းနှင့် ရုပ်ရှင် icon တစ်ဦးဖြစ်သူ နိုနာအာဆာယာသည် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်အစောပိုင်းတွင် အသက်(၉၄)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အမည်ရင်း အာဆာယာအာမန်ဟုခေါ်သော ဂန္တဝင်အဆိုတော်သည် မလေးရှားရုပ်ရှင်သရုပ်ဆောင် P Ramlee ဇာတ်ကားများခေတ်အတွင်း ၎င်း၏ အသံကြောင့် နာမည်ကြီးကြောင်းလည်း သိရသည်။ နိုနာအာဆာယာ၏ သေဆုံးမှုကို ၎င်း၏သားအငယ်ဆုံးဖြစ်သူနှင့် သီချင်းနှင့်ရုပ်ရှင်ထုတ်လုပ်သူ Indra Shahrir Ismail တို့က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နိုနာအာဆာယာသည် ကျောက်ကပ်၊အဆုတ်နှင့်နှလုံးဆိုင်ရာ ပြဿနာများအတွက် ပြီးခဲ့သည့်(၂)လခန့်တည်းက ဆေးရုံတွင် ဆေးကုသမှုများခံယူနေခဲ့ခြင်းဖြစ်ကြောင်း Indra Shahrir Ismail ကပြောကြားခဲ့သည်။ ထို့ပြင် နိုနာအာဆာယာသည် အဆိုပါကျန်းမာရေးအခြေအနေများဖြင့်ပင် ဆေးရုံတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဈာပနကို ဇူလိုင်လ(၃၁)ရက်နေ့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ နိုနာအာဆာယာသည် ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်များအတွင်း Cathay-Keris Malay Films နှင့် Shaw Brothers’ Malay Film Productionတို့က ထုတ်လုပ်သော ရုပ်ရှင်များစွာတွင် နောက်ခံအဆိုတော်အဖြစ် အောင်မြင်ခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် ၎င်းသည် ၁၉၄၈ ခုနှစ်ရုပ်ရှင် Chinta တွင် ရုပ်ရှင်သရုပ်ဆောင် Siput Sarawak အတွက် သီဆိုမှုများကို လုပ်ဆောင်ပေးခဲ့ဖူးကြောင်းလည်းသိရသည်။ နိုနာအာဆာယာသည် ၁၉၇၀ ခုနှစ်တွင် ဖျော်ဖြေခြင်းလုပ်ငန်းမှ အနားယူခဲ့ကြောင်း သိရသည်။ နိုနာအာဆာယာသည် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်သော Singapore Women’s Hall of Fame တွင် ထည့်သွင်းဖော်ပြခံခဲ့ရကြောင်းလည်း သိရသည်။ နိုနာအာဆာယာကို နှစ်ပေါင်းများစွာသိလာခဲ့သူ ဝါရင့်တေးရေးဆရာ Yusnor Ef က 'နိုနာအာဆာယာရဲ့ နာမည်ကိုပြောလိုက်ရုံနဲ့ ၎င်းကအလုပ်အရမ်းကြိုးစားပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ဆိုတာ လူတိုင်းကသိပါတယ်။ ၎င်းယူဆောင်လာခဲ့တဲ့ အနုပညာဟာ မျိုးဆက်သစ်လူငယ်တွေအတွက် လေ့လာသင်ယူမှုလုပ်ဆောင်နိုင်မယ့်အရာတစ်ခုပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
zawgyi version
မေလးရွားသီခ်င္းႏွင့္႐ုပ္ရွင္ icon ႏိုနာအာဆာယာ အသက္(၉၄)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္
Pika (NP News) - ဩဂုတ္ ၁
မေလးရွားသီခ်င္းႏွင့္ ႐ုပ္ရွင္ icon တစ္ဦးျဖစ္သူ ႏိုနာအာဆာယာသည္ ဇူလိုင္လ(၃၀)ရက္ေန႔ နံနက္အေစာပိုင္းတြင္ အသက္(၉၄)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
အမည္ရင္း အာဆာယာအာမန္ဟုေခၚေသာ ဂႏၲဝင္အဆိုေတာ္သည္ မေလးရွား႐ုပ္ရွင္သ႐ုပ္ေဆာင္ P Ramlee ဇာတ္ကားမ်ားေခတ္အတြင္း ၎၏ အသံေၾကာင့္ နာမည္ႀကီးေၾကာင္းလည္း သိရသည္။ ႏိုနာအာဆာယာ၏ ေသဆုံးမႈကို ၎၏သားအငယ္ဆုံးျဖစ္သူႏွင့္ သီခ်င္းႏွင့္႐ုပ္ရွင္ထုတ္လုပ္သူ Indra Shahrir Ismail တို႔က အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ႏိုနာအာဆာယာသည္ ေက်ာက္ကပ္၊အဆုတ္ႏွင့္ႏွလုံးဆိုင္ရာ ျပႆနာမ်ားအတြက္ ၿပီးခဲ့သည့္(၂)လခန႔္တည္းက ေဆး႐ုံတြင္ ေဆးကုသမႈမ်ားခံယူေနခဲ့ျခင္းျဖစ္ေၾကာင္း Indra Shahrir Ismail ကေျပာၾကားခဲ့သည္။ ထို႔ျပင္ ႏိုနာအာဆာယာသည္ အဆိုပါက်န္းမာေရးအေျခအေနမ်ားျဖင့္ပင္ ေဆး႐ုံတြင္ေသဆုံးသြားခဲ့ျခင္းျဖစ္ၿပီး ၎၏ဈာပနကို ဇူလိုင္လ(၃၁)ရက္ေန႔တြင္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္းသိရသည္။ ႏိုနာအာဆာယာသည္ ၁၉၅၀ ခုႏွစ္ႏွင့္ ၁၉၆၀ ခုႏွစ္မ်ားအတြင္း Cathay-Keris Malay Films ႏွင့္ Shaw Brothers’ Malay Film Productionတို႔က ထုတ္လုပ္ေသာ ႐ုပ္ရွင္မ်ားစြာတြင္ ေနာက္ခံအဆိုေတာ္အျဖစ္ ေအာင္ျမင္ခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ၎သည္ ၁၉၄၈ ခုႏွစ္႐ုပ္ရွင္ Chinta တြင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Siput Sarawak အတြက္ သီဆိုမႈမ်ားကို လုပ္ေဆာင္ေပးခဲ့ဖူးေၾကာင္းလည္းသိရသည္။ ႏိုနာအာဆာယာသည္ ၁၉၇၀ ခုႏွစ္တြင္ ေဖ်ာ္ေျဖျခင္းလုပ္ငန္းမွ အနားယူခဲ့ေၾကာင္း သိရသည္။ ႏိုနာအာဆာယာသည္ ၂၀၂၂ ခုႏွစ္တြင္ ျပဳလုပ္ေသာ Singapore Women’s Hall of Fame တြင္ ထည့္သြင္းေဖာ္ျပခံခဲ့ရေၾကာင္းလည္း သိရသည္။ ႏိုနာအာဆာယာကို ႏွစ္ေပါင္းမ်ားစြာသိလာခဲ့သူ ဝါရင့္ေတးေရးဆရာ Yusnor Ef က 'ႏိုနာအာဆာယာရဲ႕ နာမည္ကိုေျပာလိုက္႐ုံနဲ႔ ၎ကအလုပ္အရမ္းႀကိဳးစားၿပီး အရည္အခ်င္းရွိတဲ့ လူတစ္ေယာက္ဆိုတာ လူတိုင္းကသိပါတယ္။ ၎ယူေဆာင္လာခဲ့တဲ့ အႏုပညာဟာ မ်ိဳးဆက္သစ္လူငယ္ေတြအတြက္ ေလ့လာသင္ယူမႈလုပ္ေဆာင္ႏိုင္မယ့္အရာတစ္ခုပဲျဖစ္ပါတယ္"ဟု ေျပာဆိုခဲ့သည္။