စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှဆီတင်သင်္ဘောများဝင်ရောက်ရန် ရှိဟုဆို
5904
ယွန်း(NP News) - သြဂုတ် ၁
စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်မှစက်သုံးဆီတင်သင်္ဘောများဝင်ရောက်ရန် ဆောင်ရွက်ထားခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့(သြဂုတ် ၁ ရက်)တွင် မီဒီယာများကို အသိပေးထားသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်စခန်းများတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဖြင့်လည်း စဥ်ဆက်မပြတ် ဝင်ရောက်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
နိုင်ငံအနှံ့အပြားတွင် ဇူလိုင်လလယ်ခန့်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် သီလဝါဆိပ် ကမ်းရှိ Terminal များ၌ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ်နှောင့် နှေးကြန့်ကြာခြင်း၊ ဆီတင်ယာဥ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရာ တွင် လမ်းခရီးအခြေအနေများအရ နှောင့်နှေးကြန့်ကြားမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဥ်မရောက်မီ စက်သုံးဆီအချို့ ယာယီပြတ်လပ်မှုမဖြစ်စေရေးအတွက် ထိန်းသိမ်းရောင်းချစေလျက်ရှိပြီး လိုအပ်ပါက Urgent အစီအစဥ်ဖြင့် ဖြည့်တင်းပေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသည့် အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများကို လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီ စဥ် ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်မှုများဖြင့် စက်သုံးဆီများကို လိုအပ်သည်ထက် ပိုဝယ်ခြင်း၊ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများမပြုရန် ထည့်သွင်းအသိပေးထားသည်။
အလားတူ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုးမပြုလုပ်စေရန် စိစစ်ကြပ်မတ်နေခြင်းကြောင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်မှု မရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။
zawgyi version
စက္သုံးဆီဖူလုံစြာသုံးစြဲႏိုင္ေရးအတြက္ သိုေလွာင္ျဖန႔္ျဖဴးလ်က္ရွိသည့္အျပင္ ျပည္ပမွဆီတင္သေဘၤာမ်ားဝင္ေရာက္ရန္ ရွိဟုဆို
ယြန္း(NP News) - ၾသဂုတ္ ၁
စက္သုံးဆီဖူလုံစြာသုံးစြဲႏိုင္ေရးအတြက္ သိုေလွာင္ျဖန႔္ျဖဴးလ်က္ရွိသည့္အျပင္ ျပည္မွစက္သုံးဆီတင္သေဘၤာမ်ားဝင္ေရာက္ရန္ ေဆာင္႐ြက္ထားျခင္းေၾကာင့္ စက္သုံးဆီျပတ္လပ္မႈမရွိႏိုင္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနက ယေန႔(ၾသဂုတ္ ၁ ရက္)တြင္ မီဒီယာမ်ားကို အသိေပးထားသည္။
စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးေရာင္းခ်ျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္ သီလဝါဆိပ္ကမ္းေဒသရွိ သိုေလွာင္စခန္းမ်ားတြင္ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ဒုတိယပတ္ကုန္အထိ စက္သုံးဆီဖူလုံစြာသုံးစြဲႏိုင္ေရးအတြက္ ႀကိဳတင္သိုေလွာင္ျဖန႔္ျဖဴးလ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္ပမွစက္သုံးဆီတင္သေဘၤာမ်ားျဖင့္လည္း စဥ္ဆက္မျပတ္ ဝင္ေရာက္ရန္ စီမံေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။
ႏိုင္ငံအႏွံ႔အျပားတြင္ ဇူလိုင္လလယ္ခန႔္မွစ၍ မိုးအဆက္မျပတ္႐ြာသြန္းၿပီး ေနရာအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ သီလဝါဆိပ္ ကမ္းရွိ Terminal မ်ား၌ ပုံမွန္လုပ္ငန္းေဆာင္႐ြက္မႈမ်ား အနည္းငယ္ေႏွာင့္ ေႏွးၾကန႔္ၾကာျခင္း၊ ဆီတင္ယာဥ္မ်ားျဖင့္ ေဒသအႏွံ႔အျပားသို႔ ပို႔ေဆာင္ရာ တြင္ လမ္းခရီးအေျခအေနမ်ားအရ ေႏွာင့္ေႏွးၾကန႔္ၾကားမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အေရာင္းဆိုင္အခ်ိဳ႕တြင္ ဆီတင္ယာဥ္မေရာက္မီ စက္သုံးဆီအခ်ိဳ႕ ယာယီျပတ္လပ္မႈမျဖစ္ေစေရးအတြက္ ထိန္းသိမ္းေရာင္းခ်ေစလ်က္ရွိၿပီး လိုအပ္ပါက Urgent အစီအစဥ္ျဖင့္ ျဖည့္တင္းေပးျခင္းမ်ားကို ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ယာယီပိတ္သိမ္းထားသည့္ အေရာင္းဆိုင္မ်ားသို႔ ေပးပို႔ေနသည့္ စက္သုံးဆီမ်ားကို လိုအပ္သည့္ အေရာင္းဆိုင္မ်ားသို႔ ေ႐ႊ႕ေျပာင္းခ်ယူေစျခင္းမ်ားကိုလည္း စီ စဥ္ ေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။
သို႔ျဖစ္၍ ျပည္သူမ်ားအေနျဖင့္ မၾကာမီစက္သုံးဆီျပတ္လပ္မည္ဆိုသည့္ ေကာလာဟလသတင္းမ်ားေၾကာင့္ စိုးရိမ္မႈမ်ားျဖင့္ စက္သုံးဆီမ်ားကို လိုအပ္သည္ထက္ ပိုဝယ္ျခင္း၊ သိုေလွာင္ျခင္း၊ ေဈးႏႈန္းျမႇင့္တင္၍ တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္းမ်ားမျပဳရန္ ထည့္သြင္းအသိေပးထားသည္။
အလားတူ အေရာင္းဆိုင္မ်ားကိုလည္း စက္သုံးဆီရွိလ်က္ ေရာင္းခ်မေပးျခင္းမ်ိဳးမျပဳလုပ္ေစရန္ စိစစ္ၾကပ္မတ္ေနျခင္းေၾကာင့္ လက္ရွိအေျခအေနမ်ားအရ စက္သုံးဆီျပတ္လပ္ႏိုင္မႈ မရွိေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။