ယူကရိန်းက F-16 တိုက်လေယာဉ် ပထမဆုံးအသုတ်ကို လက်ခံရရှိ
2143
Pika (NP News) - သြဂုတ် ၁
နှစ်ရှည်လများစောင့်ဆိုင်းခဲ့ရတဲ့ F-16 တိုက်လေယာဉ် ပထမအသုတ်ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိသွားပြီဖြစ် တယ်လို့ လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်အရာရှိတစ်ဦးတို့က ဇူလိုင်လ(၃၁)ရက်မှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ ရောက်ရှိလာမှုဟာ ယူကရိန်းလေတပ်ကို များစွာ အကူအညီ ထောက်ကူဖြစ်စေလိမ့်မယ်လို့ ယူကရိန်းအစိုးရက ပြောကြားခဲ့ပါတယ်။
Lockheed Martin ကုမ္ပဏီက တည်ဆောက်ထားတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဖက် က လပေါင်းများစွာကြာအောင် တောင်းဆိုခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ယခုလိုလက်ခံရရှိခဲ့တာလည်း ဖြစ်ပါတယ်။ F-16 တိုက်လေယာဉ်တွေဟာ (၂၀)မီလီမီတာအမြောက်တွေ တပ်ဆင်ထားပြီး ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ ရော့ကတ်တွေကို သယ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။
လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis က “F-16 တိုက်လေယာဉ်တွေဟာ ယူကရိန်းကို ရောက်ရှိနေပါပြီ။ မဖြစ်နိုင်တဲ့အရာတစ်ခုက ယခုအချိန်မှာတော့ ဖြစ်နိုင်တဲ့အရာတစ်ခုကို ပြောင်းလဲသွားပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ အောင်အောင်မြင်မြင်နဲ့ပေးပို့ပြီးသွားပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုတာကို ယူကရိန်းလေတပ်က ချက်ချင်းပြန်လည်တုံ့ပြန် ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒိန်းမတ်က ယူကရိန်းကို တိုက်လေယာဉ်(၁၉)စီး ပေးပို့မယ်လို့ ကတိပြုထားပြီး နယ်သာလန်နိုင်ငံက ယူကရိန်းကို တိုက်လေယာဉ်(၂၄)စီး ပေးပို့ပေးမယ်လို့ ကတိပြုထားကြတာ လည်း ဖြစ်ပါတယ်။
နော်ဝေးနိုင်ငံကလည်း ယူကရိန်းကို F-16 တိုက်လေယာဉ်(၆)စီး ပေးပို့ပေးမယ်လို့ ယခင်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းလေယာဉ်မှူးတွေကို အနောက်အုပ်စုနိုင်ငံတွေမှာ လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ပေးပြီးတဲ့နောက် ယခုလိုပေးပို့မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
Zawgyi Version;
ယူကရိန္းက F-16 တိုက္ေလယာဥ္ ပထမဆုံးအသုတ္ကို လက္ခံရရွိ
Pika (NP News) - ၾသဂုတ္ ၁
ႏွစ္ရွည္လမ်ားေစာင့္ဆိုင္းခဲ့ရတဲ့ F-16 တိုက္ေလယာဥ္ ပထမအသုတ္ဟာ ယူကရိန္းႏိုင္ငံကို ေရာက္ရွိသြားၿပီျဖစ္ တယ္လို႔ လစ္သူေယးနီးယားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အေမရိကန္အရာရွိတစ္ဦးတို႔က ဇူလိုင္လ(၃၁)ရက္မွာ ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ F-16 တိုက္ေလယာဥ္ေတြ ေရာက္ရွိလာမႈဟာ ယူကရိန္းေလတပ္ကို မ်ားစြာ အကူအညီ ေထာက္ကူျဖစ္ေစလိမ့္မယ္လို႔ ယူကရိန္းအစိုးရက ေျပာၾကားခဲ့ပါတယ္။
Lockheed Martin ကုမၸဏီက တည္ေဆာက္ထားတဲ့ အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္ေတြကို ယူကရိန္းဖက္ က လေပါင္းမ်ားစြာၾကာေအာင္ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ယခုလိုလက္ခံရရွိခဲ့တာလည္း ျဖစ္ပါတယ္။ F-16 တိုက္ေလယာဥ္ေတြဟာ (၂၀)မီလီမီတာအေျမာက္ေတြ တပ္ဆင္ထားၿပီး ဗုံးေတြ၊ ဒုံးက်ည္ေတြနဲ႔ ေရာ့ကတ္ေတြကို သယ္ေဆာင္ႏိုင္တယ္လို႔လည္း သိရပါတယ္။
လစ္သူေယးနီးယားႏိုင္ငံျခားေရးဝန္ႀကီး Gabrielius Landsbergis က “F-16 တိုက္ေလယာဥ္ေတြဟာ ယူကရိန္းကို ေရာက္ရွိေနပါၿပီ။ မျဖစ္ႏိုင္တဲ့အရာတစ္ခုက ယခုအခ်ိန္မွာေတာ့ ျဖစ္ႏိုင္တဲ့အရာတစ္ခုကို ေျပာင္းလဲသြားပါၿပီ” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းကို F-16 တိုက္ေလယာဥ္ေတြ ေအာင္ေအာင္ျမင္ျမင္နဲ႔ေပးပို႔ၿပီးသြားၿပီလို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုတာကို ယူကရိန္းေလတပ္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒိန္းမတ္က ယူကရိန္းကို တိုက္ေလယာဥ္(၁၉)စီး ေပးပို႔မယ္လို႔ ကတိျပဳထားၿပီး နယ္သာလန္ႏိုင္ငံက ယူကရိန္းကို တိုက္ေလယာဥ္(၂၄)စီး ေပးပို႔ေပးမယ္လို႔ ကတိျပဳထားၾကတာ လည္း ျဖစ္ပါတယ္။
ေနာ္ေဝးႏိုင္ငံကလည္း ယူကရိန္းကို F-16 တိုက္ေလယာဥ္(၆)စီး ေပးပို႔ေပးမယ္လို႔ ယခင္က ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းေလယာဥ္မႉးေတြကို အေနာက္အုပ္စုႏိုင္ငံေတြမွာ ေလ့က်င့္သင္ၾကားမႈေတြ လုပ္ေဆာင္ေပးၿပီးတဲ့ေနာက္ ယခုလိုေပးပို႔မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။