အစ္စရေးရဲ့တည်ရှိမှုက အန္တရာယ်ရှိနေတယ်လို့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် သတိပေး

 1149

Pika (NP News) - သြဂုတ် ၁

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမယ့်နိုဝင်ဘာလရွေးကောက်ပွဲမှာ ၎င်းကိုမဲပေးကြဖို့ အမေရိကန်မှာနေထိုင်တဲ့ ဂျူးလူမျိုးတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်မှာရှိတဲ့ ဂျူးလူမျိုး တွေအနေနဲ့ အဲဒီလိုမလုပ်ခဲ့ဘူးဆိုရင် အစ္စရေးနိုင်ငံဟာ ၎င်းရဲ့ရန်သူတွေရဲ့ဖျက်ဆီးခြင်းကို ခံရနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ(၂၈)ရက်နေ့က ဒေါ်နယ်ထရမ့်ဟာ ဂျူးလူဦးရေများပြားတဲ့နယူးဂျာစီပြည်နယ်မှာရှိတဲ့ မြူနီစီပယ်တစ်ခု မှာ ရန်ပုံငွေဟောပြောပွဲတစ်ခုအတွင်း ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒီမိုကရက်တစ် တွေဟာ အစ္စရေးကို မုန်းတီးကြပြီး ဂျူးလူမျိုးတွေကို အလွန်မုန်းတီးနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါ တယ်။

ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ ဒီရွေးကောက်ပွဲကို နိုင်မှဖြစ်မှာပါ။ ဂျူးလူမျိုးတွေအနေနဲ့ ကျွန်တော့်ကို မဲပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဂျူးလူမျိုးတွေအနေနဲ့ အစ္စရေးနိုင်ငံက နောက်ထပ်ကြာကြာရှည်ရှည် ရှိတော့မှာ မဟုတ်တာကို တွေ့မြင်ရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် အစ္စရေး-ဟားမက်စစ်ပွဲမှာ အစ္စရေးဖက်က အနိုင်ရရှိအောင် ကူညီပေးမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ၎င်းအနေနဲ့ သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမက်စစ်ပွဲလည်း ပေါ်ပေါက်လာမှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါ တယ်။ ဝါရှင်တန်မြို့အခြေစိုက် တွေးခေါ်ပညာရှင် Pew Research Center ရဲ့ စစ်တမ်းတွေအရ အမေရိကန်မှာရှိတဲ့ ဂျူးလူမျိုးအများစုဟာ ဒီမိုကရက်တစ်ပါတီကိုပဲ မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မကြာသေးခင်ကာလအတွင်း ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံသူ ဂျူးလူမျိုးအရေအတွက် တိုးလာတယ်လို့ Voice of Americaက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက နယူးယောက် မဲဆန္ဒရှင်တွေကို ကောက်ယူခဲ့တဲ့စစ်တမ်းအရ ဂျူးမဲဆန္ဒရှင်တွေရဲ့(၅၃)ရာခိုင်နှုန်းဟာ လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို မဲပေးဖို့ ရည်ရွယ်ထားကြတယ်လို့ Pittsburg Jewish Chronicle သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version;
အစၥေရးရဲ႕တည္ရွိမႈက အႏၲရာယ္ရွိေနတယ္လို႔ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ သတိေပး
Pika (NP News) - ၾသဂုတ္ ၁

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က လာမယ့္ႏိုဝင္ဘာလေ႐ြးေကာက္ပြဲမွာ ၎ကိုမဲေပးၾကဖို႔ အေမရိကန္မွာေနထိုင္တဲ့ ဂ်ဴးလူမ်ိဳးေတြကို တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္မွာရွိတဲ့ ဂ်ဴးလူမ်ိဳး ေတြအေနနဲ႔ အဲဒီလိုမလုပ္ခဲ့ဘူးဆိုရင္ အစၥေရးႏိုင္ငံဟာ ၎ရဲ႕ရန္သူေတြရဲ႕ဖ်က္ဆီးျခင္းကို ခံရႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္က သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ဇူလိုင္လ(၂၈)ရက္ေန႔က ေဒၚနယ္ထရမ့္ဟာ ဂ်ဴးလူဦးေရမ်ားျပားတဲ့နယူးဂ်ာစီျပည္နယ္မွာရွိတဲ့ ျမဴနီစီပယ္တစ္ခု မွာ ရန္ပုံေငြေဟာေျပာပြဲတစ္ခုအတြင္း ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဒီမိုကရက္တစ္ ေတြဟာ အစၥေရးကို မုန္းတီးၾကၿပီး ဂ်ဴးလူမ်ိဳးေတြကို အလြန္မုန္းတီးေနတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါ တယ္။

ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ ဒီေ႐ြးေကာက္ပြဲကို ႏိုင္မွျဖစ္မွာပါ။ ဂ်ဴးလူမ်ိဳးေတြအေနနဲ႔ ကြၽန္ေတာ့္ကို မဲေပးဖို႔ လိုအပ္ပါတယ္။ အဲဒီလိုမလုပ္ခဲ့ဘူးဆိုရင္ ဂ်ဴးလူမ်ိဳးေတြအေနနဲ႔ အစၥေရးႏိုင္ငံက ေနာက္ထပ္ၾကာၾကာရွည္ရွည္ ရွိေတာ့မွာ မဟုတ္တာကို ေတြ႕ျမင္ရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ အစၥေရး-ဟားမက္စစ္ပြဲမွာ အစၥေရးဖက္က အႏိုင္ရရွိေအာင္ ကူညီေပးမယ္လို႔ ေဒၚနယ္ထရမ့္က ကတိျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၎အေနနဲ႔ သမၼတအျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့မယ္ဆိုရင္ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္က စတင္ျဖစ္ပြားခဲ့တဲ့ အစၥေရး-ဟားမက္စစ္ပြဲလည္း ေပၚေပါက္လာမွာ မဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါ တယ္။ ဝါရွင္တန္ၿမိဳ႕အေျခစိုက္ ေတြးေခၚပညာရွင္ Pew Research Center ရဲ႕ စစ္တမ္းေတြအရ အေမရိကန္မွာရွိတဲ့ ဂ်ဴးလူမ်ိဳးအမ်ားစုဟာ ဒီမိုကရက္တစ္ပါတီကိုပဲ မဲေပးခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း မၾကာေသးခင္ကာလအတြင္း ရီပတ္ဘလစ္ကန္ပါတီကို ေထာက္ခံသူ ဂ်ဴးလူမ်ိဳးအေရအတြက္ တိုးလာတယ္လို႔ Voice of Americaက မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက နယူးေယာက္ မဲဆႏၵရွင္ေတြကို ေကာက္ယူခဲ့တဲ့စစ္တမ္းအရ ဂ်ဴးမဲဆႏၵရွင္ေတြရဲ႕(၅၃)ရာခိုင္ႏႈန္းဟာ လာမယ့္ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ကို မဲေပးဖို႔ ရည္႐ြယ္ထားၾကတယ္လို႔ Pittsburg Jewish Chronicle သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.